မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×






Credit: ဘီဘီစီမြန်မာ

# Unicode Version #
အသစ်တွေ့လာရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သဲလွန်စတွေ အရ ဆင့်ကဲ တိုးတက်မှု ဖြစ်စဉ်မှာ ကမ္ဘာဦးငှက်တွေ လေပေါ် ပျံတက် နိုင်ခဲ့တဲ့ အရေးကြီးတဲ့ အဆင့်ကို ပိုသိ လာရပါတယ်။



လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁၂ဝ ၊ ဒိုင်နိုဆောတွေ ကြီးစိုးနေချိန်မှာ အဲဒီ့ အချိန်က ငှက်တွေရဲ့ အရိုး ဖွဲ့စည်းပုံ ပြောင်းလဲ လာပုံကို ဖော်ပြနေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို တရုတ် နိုင်ငံမှာ တွေ့လာ ရပါတယ်။



နောက်ပိုင်းကျတဲ့ ငှက်တွေမှာမှ ရှိနိုင်တယ်လို့ တွေးထင်ထားတဲ့ ပင်မကျောရိုး အပါအဝင် အရိုးဖွဲ့စည်းပုံကို အဲဒီ ရှေးဦးငှက်မျိုးမှာ ရှိနေတာကို သိခဲ့ရတာ ဖြစ်ပါတယ်။

လေပေါ် ပျံသန်းနိုင်ဖို့ လိုအပ်တဲ့ သန်စွမ်းသလို တပြိုင်တည်းမှာပဲ ပေါ့ပါးတဲ့ အရိုးစု ဖွဲ့စည်းပုံဟာ ဒိုင်နိုဆော မျိုးမတုံးခင် ကတည်းက ငှက်တွေဆီမှာ ရှိနေခဲ့ပါတယ်။

ဒီတွေ့ရှိမှုကြောင့် ငှက်တွေ လေပေါ် ပျံနိုင်ခဲ့တဲ့ အစောဆုံးကာလကို နှစ်သန်း ၄ဝ လောက်ထိ ပိုစောပြီး သတ်မှတ် လာနိုင်ခဲ့တယ်လို့ ဘေဂျင်းမြို့တော် တရုတ်သိပ္ပံ အကယ်ဒမီက သုတေသီ မင်ဝမ်က ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဘီဘီစီမြန်မာ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top