Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ ရွိ ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုး ေစတီေတာ္ မွာ ဘုရားဖူး လာ ခရီးသြား ျပည္သူ ေတြကို အစားအေသာက္ နဲ႔ အသံုးအေဆာင္ ပစၥည္း ေတြ လိမ္လည္ေရာင္းခ်ေနတဲ့ ေဈးသည္ေတြကို အေရးယူ ေဆာင္ရြက္သြားမယ္လို႔ က်ိဳက္ထီး႐ိုး ေဂါပက အဖြဲ႔က ေျပာပါတယ္။
က်ိဳက္ထီး႐ိုး ေစတီေတာ္ အနီးတဝိုက္မွာ ေရာင္းခ်ေနတဲ့ ေဈးသည္ အမ်ားစုဟာ အေၾကာ္အေလွာ္ေတြ၊ ခ်ိဳခ်ဥ္ငန္စပ္နဲ႔ တုတ္ထိုးေတြကို အႀကိမ္ႀကိမ္ ျပန္ေၾကာ္ထာားတာေတြ အျပင္ ယင္နားစာေတြေၾကာင့္ ဘုရားဖူးေတြ က်န္းမာေရးကို ထိခိုက္ေစတဲ့အတြက္ အေရးယူမွာ ျဖစ္တယ္လို႔ က်ိဳက္ထီး႐ိုးေဂါပကအဖြဲ႔ဝင္ ဦးေအးျမင့္သိန္းက ေျပာပါတယ္။
“ဘုရားဖူးေတြ မနက္ ဘုရားဖူးတဲ့အခ်ိန္ ဝမ္းေလၽွာတာေတြ ရွိတယ္။ ရင္ျပင္ေတာ္မွာ ေရာင္းတာေတြက ယင္ေကာင္နားနား ဘာနားနား အဖံုးမရွိဘဲ ေရာင္းေနတယ္။ သူတို႔ ေနာက္တခါ အဲဒီလိုေတြေရာင္းရင္ တည္ဆဲဥပေဒအရ တရားစြဲမယ္။ ဘုရားဖူး လာတဲ့သူေတြက သူတို႔ ေရာင္းတာေတြစားၿပီး တခုခုျဖစ္သြားရင္ က်ိဳက္ထီး႐ိုးလည္း နာမည္ပ်က္ပါတယ္။ ေနာက္ မေရာင္းဖို႔အတြက္ ခံဝန္ကတိေတြနဲ႔ေတာ့ လုပ္ထားတယ္။”
က်ိဳက္ထီး႐ိုးေဂါပက အသစ္လက္ထက္မွာ အခုလို က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အစားအစာေတြနဲ႔ လိမ္လည္ေရာင္းခ်တာေတြကို လံုးဝ ပေပ်ာက္သြားေအာင္ ေဆာင္ရြက္သြားမွာ ျဖစ္ကာ နံ႔သာျဖဴ ကရမက္ဆိုၿပီး လိမ္ေရာင္းေနသူေတြကိုလည္း သတိေပးခဲ့တယ္လို႔ ဥိီးေအးျမင့္သိန္းက ေျပာပါတယ္။
“သစ္တံုးေပၚမွာ နံ႔သာျဖဴ အဆီေလး သုတ္လိုက္ၿပီး အပိုင္းပိုင္းတုံးၿပီး ျပဳတ္လိိုက္တယ္။ ျပဳတ္ၿပီးလို႔ ေနလွန္းၿပီးသြားရင္ အနံ႔က စြဲေနေတာ့ အဲဒါကို ဘုရားဖူး ေတြဆီ လိမ္ေရာင္းေနတာ။ ဦးတို႔ ေဂါပကအသစ္ လက္ထက္မွာေတာ့ ဒါမ်ိဳးေတြ လံုးဝပေပ်ာက္ေအာင္ ႀကိဳးစားေနတယ္။”
ဒါ့အျပင္ လာေရာက္ေရာင္းခ်ေနတဲ့ ေဈးသည္ ေတြရဲ႕ ပစၥည္း ေတြဟာ က်န္းမာေရး နဲ႔ မညီညြတ္ တားျမစ္အေရးယူရတာ ျဖစ္ၿပီး ၄င္းတို႔ကို မည္သည့္ အခြန္ မွ ေကာက္ထားျခင္း မရွိေၾကာင္း က်ိဳက္ထီး႐ိုးေစတီေတာ္ သာသနာမႉး ဦးေဝႏိုင္ က ေျပာပါတယ္။
“အေရးယူ ေနတာေတြကေတာ့ သတ္မွတ္ထားတဲ့ စည္းမ်ဥ္း စည္းကမ္း နဲ႔ မညီလို႔၊ ေဈးမေရာင္းရတဲ့ ေနရာေတြမွာ ေရာင္းလို႔၊ ပ်ံက်ေဈးသည္ေတြကို ဘာ အခြန္ မွ မေကာက္ဘူး။ အခြန္ဆိုတာလည္း မရွိဘူး။ ဘုရားအလႉေငြပဲ ရွိတယ္။ ဘုရား အလႉေငြ လည္း သူတို႔ဆီမွ ဘာမွ မေကာက္ခံထားဘူး။”
ပ်ံက်ေဈးသည္ ၂၂ ဦးရဲ႕ အစားအေသာက္ ေတြကို က်န္းမာေရး နဲ႔ မညီညြတ္တဲ့အတြက္ ေအာက္တိုဘာလ ၂၁ ရက္ေန႔က ဖ်က္ဆီးခဲ့ၿပီး ေအာက္တိုဘာလ ၁၄ ရက္ေန႔ကလည္း နံ႔သာျဖဴ ကရမက္ လိမ္လည္ေရာင္းခ်သူ ၂ ဦး က်ိဳက္ထီး ဘုရားေပၚက ခ်ိဳခ်ဥ္သည္ ၆ ဦး၊ ဗယာေၾကာ္သည္ ၃ ဦး၊ ၾကက္ေၾကာ္သည္ ၆ ဦး၊ စုစုေပါင္း ေဈးသည္ ၁၅ ဦးတို႔ကို ခံဝန္ကတိ လက္မွတ္ထိုးေစခဲ့ၿပီး ၄င္းတို႔ ေရာင္းခ်ေနတဲ့ အစားအေသာက္နဲ႔ အသံုးအေဆာင္ေတြကို ဖ်က္ဆီးခဲ့ပါတယ္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwinpyin
#Unicode Version#
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် မှာ ဘုရားဖူး လာ ခရီးသွား ပြည်သူ တွေကို အစားအသောက် နဲ့ အသုံးအဆောင် ပစ္စည်း တွေ လိမ်လည်ရောင်းချနေတဲ့ ဈေးသည်တွေကို အရေးယူ ဆောင်ရွက်သွားမယ်လို့ ကျိုက်ထီးရိုး ဂေါပက အဖွဲ့က ပြောပါတယ်။

ကျိုက်ထီးရိုး စေတီတော် အနီးတဝိုက်မှာ ရောင်းချနေတဲ့ ဈေးသည် အများစုဟာ အကြော်အလှော်တွေ၊ ချိုချဉ်ငန်စပ်နဲ့ တုတ်ထိုးတွေကို အကြိမ်ကြိမ် ပြန်ကြော်ထာားတာတွေ အပြင် ယင်နားစာတွေကြောင့် ဘုရားဖူးတွေ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် အရေးယူမှာ ဖြစ်တယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောပါတယ်။

“ဘုရားဖူးတွေ မနက် ဘုရားဖူးတဲ့အချိန် ဝမ်းလျှောတာတွေ ရှိတယ်။ ရင်ပြင်တော်မှာ ရောင်းတာတွေက ယင်ကောင်နားနား ဘာနားနား အဖုံးမရှိဘဲ ရောင်းနေတယ်။ သူတို့ နောက်တခါ အဲဒီလိုတွေရောင်းရင် တည်ဆဲဥပဒေအရ တရားစွဲမယ်။ ဘုရားဖူး လာတဲ့သူတွေက သူတို့ ရောင်းတာတွေစားပြီး တခုခုဖြစ်သွားရင် ကျိုက်ထီးရိုးလည်း နာမည်ပျက်ပါတယ်။ နောက် မရောင်းဖို့အတွက် ခံဝန်ကတိတွေနဲ့တော့ လုပ်ထားတယ်။”

ကျိုက်ထီးရိုးဂေါပက အသစ်လက်ထက်မှာ အခုလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေနဲ့ လိမ်လည်ရောင်းချတာတွေကို လုံးဝ ပပျောက်သွားအောင် ဆောင်ရွက်သွားမှာ ဖြစ်ကာ နံ့သာဖြူ ကရမက်ဆိုပြီး လိမ်ရောင်းနေသူတွေကိုလည်း သတိပေးခဲ့တယ်လို့ ဦးအေးမြင့်သိန်းက ပြောပါတယ်။

“သစ်တုံးပေါ်မှာ နံ့သာဖြူ အဆီလေး သုတ်လိုက်ပြီး အပိုင်းပိုင်းတုံးပြီး ပြုတ်လိုက်တယ်။ ပြုတ်ပြီးလို့ နေလှန်းပြီးသွားရင် အနံ့က စွဲနေတော့ အဲဒါကို ဘုရားဖူး တွေဆီ လိမ်ရောင်းနေတာ။ ဦးတို့ ဂေါပကအသစ် လက်ထက်မှာတော့ ဒါမျိုးတွေ လုံးဝပပျောက်အောင် ကြိုးစားနေတယ်။”

ဒါ့အပြင် လာရောက်ရောင်းချနေတဲ့ ဈေးသည် တွေရဲ့ ပစ္စည်း တွေဟာ ကျန်းမာရေး နဲ့ မညီညွတ် တားမြစ်အရေးယူရတာ ဖြစ်ပြီး ၎င်းတို့ကို မည်သည့် အခွန် မှ ကောက်ထားခြင်း မရှိကြောင်း ကျိုက်ထီးရိုးစေတီတော် သာသနာမှူး ဦးဝေနိုင် က ပြောပါတယ်။

“အရေးယူ နေတာတွေကတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း နဲ့ မညီလို့၊ ဈေးမရောင်းရတဲ့ နေရာတွေမှာ ရောင်းလို့၊ ပျံကျဈေးသည်တွေကို ဘာ အခွန် မှ မကောက်ဘူး။ အခွန်ဆိုတာလည်း မရှိဘူး။ ဘုရားအလှူငွေပဲ ရှိတယ်။ ဘုရား အလှူငွေ လည်း သူတို့ဆီမှ ဘာမှ မကောက်ခံထားဘူး။”

ပျံကျဈေးသည် ၂၂ ဦးရဲ့ အစားအသောက် တွေကို ကျန်းမာရေး နဲ့ မညီညွတ်တဲ့အတွက် အောက်တိုဘာလ ၂၁ ရက်နေ့က ဖျက်ဆီးခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း နံ့သာဖြူ ကရမက် လိမ်လည်ရောင်းချသူ ၂ ဦး ကျိုက်ထီး ဘုရားပေါ်က ချိုချဉ်သည် ၆ ဦး၊ ဗယာကြော်သည် ၃ ဦး၊ ကြက်ကြော်သည် ၆ ဦး၊ စုစုပေါင်း ဈေးသည် ၁၅ ဦးတို့ကို ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့ပြီး ၎င်းတို့ ရောင်းချနေတဲ့ အစားအသောက်နဲ့ အသုံးအဆောင်တွေကို ဖျက်ဆီးခဲ့ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:Lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top