မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

 တောင်တရုတ်ပင်လယ် တွင် မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ် နေပြီး ယင်းမုန်တိုင်းငယ်အရှိန် ကြောင့် မြန်မာနိုင်ငံဒေသအနှံ့ မိုးရွာကာ အလယ်ပိုင်းနှင့်အထက် ပိုင်းဒေသများတွင် လေပြင်းနှင့် နေရာကွက်မိုးကြီးမည်ဟု မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၅ ရက်မှစ ၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းသည် အောက်တိုဘာ ၈ ရက်ညနေတွင် မုန်တိုင်းငယ်အ ဆင့်သို့ရောက်ပြီး ညဘက်တွင် အိန္ဒိယနိုင်ငံကမ်းခြေသို့ ၀င် ရောက်ခဲ့သည်။ မုန်တိုင်းငယ်ဖြစ် ပြီး နာရီပိုင်းအတွင်း ကမ်းခြေကို ၀င်ရောက်ကာ အားပျော့ပျက်ပြယ် သွားခြင်းဖြစ်သည်။ တစ်ချိန် တည်းတွင် တောင်တရုတ်ပင် လယ်၌ မုန်တိုင်းငယ်တစ်လုံးထပ် မံဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးကျော်မိုးဦးက ပြောသည်။


‘‘မိုးနဲ့လေပြင်းအန္တရာယ်က ရှိနေသေးတယ်။ အောက်ပိုင်းဒေ သကနေ အခုဆိုရင် အလယ်ပိုင်း နဲ့အထက်ပိုင်းဒေသတွေမှာပါ သ တိထားဖို့လိုမယ်’’ ဟု ဦးကျော်မိုး ဦးက ပြောသည်။ ထူးခြားမိုးလေ ၀သအခြေအနေအဖြစ် မိုးဇလဌာ န၏ အောက်တိုဘာ ၉ ရက်သတိ ပေးချက်တွင် တောင်တရုတ်ပင် လယ်ပြင်၌ အပူပိုင်းမုန်တိုင်း ငယ်တစ်လုံးဖြစ်နေပြီး ဗီယက်နမ် နိုင်ငံ ဗင်မြို့၏အရှေ့တောင်ဘက် ၂၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေကာ အနောက်- အနောက်မြောက်ဘက်(ထိုင်းနှင့် မြန်မာနိုင်ငံဘက်)သို့ ဆက်လက် ရွေ့လျားမည်ဟု သတင်းထုတ် ပြန်ထားသည်။

 တောင်တရုတ်ပင်လယ်ပြင် အတွင်းမှ အပူပိုင်းမုန်တိုင်းများ သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားပါက မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် မိုးကောင်းကာ လေပြင်းကျလေ့ရှိ သည်။ စက်တင်ဘာအတွင်းက တောင်တရုတ်ပင်လယ်ပြင်မှ အပူပိုင်းမုန်တိုင်းများ၏ အရှိန်ကြောင့် မြန်မာနိုင်ငံအလယ် ပိုင်းနှင့် အထက်ပိုင်းဒေသအချို့ ရေကြီးနစ်မြုပ်မှု  ဖြစ်ပေါ်ခဲ့သည်။

 အပူပိုင်းမုန်တိုင်းငယ်အရှိန် ကြောင့် အောက်တိုဘာ ၁၀ ရက် မှ ၁၂ ရက်အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်း၊ ကယား၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့မိုးရွာ ကာ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ် ပေါ်နိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။ ကုန်းမြင့် ဒေသအနီးတွင် မြေပြိုမှုအန္တရာယ် နှင့် မြစ်ငယ်ချောင်းငယ်များအနီး နေထိုင်ကြသူများအနေဖြင့် မြစ်ရေရုတ်တရက်မြင့်တက်လာနိုင်ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ် ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ကြိုတင်သတိပြုရန်လိုကြောင်း သတင်းထုတ်ပြန်ထားသည်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top