၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

ႏြားႏို႔ေလးနည္းနည္းေလာက္ထည့္ၾကည့္ပါဦး။

ၾကက္ဥေမႊေၾကာ္ဆုိရင္ ေထြေထြထူးထူးေတာင္ ေျပာဖုိ႔ လိုမွာမဟုတ္ေတာ့ဘူးေနာ္။ လြယ္လြယ္ကူကူ ျမန္ျမန္ဆန္ဆန္နဲ႔ ျပင္ဆင္လို႔ရသလို မနက္စာ၊ ေန႔လယ္စာ၊ ညစာ အကုန္စားလို႔ရတယ္။ အာဟာရလည္းျပည့္ဝတယ္။  

ၾကက္ဥထဲကို ခရမ္းခ်ဥ္သီး၊ နံနံပင္၊ င႐ုတ္သီးစိမ္းေလးေတြထည့္ၿပီး ျငဳပ္ေကာင္းမႈန္႔ထည့္၊ သမေအာင္ ခေလာက္၊ ၿပီးရင္ ဆီအိုးထဲထည့္ေၾကာ္စားၾကတာပဲ။ အႏွစ္မက်က္တဲ့ half fried ကို မႀကိဳက္တာမို႔ ၾကက္ဥဆုိေမႊေၾကာ္ေလးပဲ စားျဖစ္တာ။ ခုေတာ့ ၾကက္ဥေမႊေၾကာ္ကို ဒယ္အိုးမလိုဘဲ လုပ္စားလို႔ရတာ သိလိုက္ရတယ္။

ဒီနည္းမွာ ဒယ္အိုးအစား မိုက္ခ႐ိုေဝ့ဗ္မီးဖုိကို သံုးမွာပါ။ ပန္းကန္လံုးတစ္ခုထဲမွာ ၾကက္ဥကိုထည့္ၿပီးခေလာက္ရပါမယ္။ အရင္အတိုင္း ၾကက္ဥေမႊေၾကာ္ဖုိ႔ ျပင္ဆင္သလို ျပင္ဆင္ၿပီးရင္ ႏြားႏို႔ေလးနည္းနည္းေလာက္ထည့္ၾကည့္ပါဦး။ ၿပီးရင္ မိုက္ခ႐ိုေဝ့ဗ္ထဲမွာ တစ္မိနစ္ခြဲ ထည့္ထားလိုက္႐ံုပါပဲ။

တစ္မိနစ္ခြဲ ျပည့္ၿပီဆုိရင္ မိုက္ခ႐ိုေဝ့ဗ္ထဲကေန ၾကက္ဥပန္းကန္ကို ထုတ္ၾကည့္လိုက္။ ၾကက္ဥေမႊေၾကာ္အရသာနဲ႔ ၾကက္ဥေပါင္းေလးက ပိုၿပီးစားေကာင္း့မယ့္ပံုပါ။ ဆီလည္းမလို၊ ဒယ္အိုးလည္းမလိုဘဲနဲ႔ ပိုၿပီးစားေကာင္းမွာမို႔ လုပ္စားၾကည့္ပါေနာ္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
နွားနို့လေးနည်းနည်းလောက်ထည့်ကြည့်ပါဦး။

ကြက်ဥမွှေကြော်ဆိုရင် ထွေထွေထူးထူးတောင် ပြောဖို့ လိုမှာမဟုတ်တော့ဘူးနော်။ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့ ပြင်ဆင်လို့ရသလို မနက်စာ၊ နေ့လယ်စာ၊ ညစာ အကုန်စားလို့ရတယ်။ အာဟာရလည်းပြည့်ဝတယ်။
ကြက်ဥထဲကို ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုတ်သီးစိမ်းလေးတွေထည့်ပြီး ငြုပ်ကောင်းမှုန့်ထည့်၊ သမအောင် ခလောက်၊ ပြီးရင် ဆီအိုးထဲထည့်ကြော်စားကြတာပဲ။ အနှစ်မကျက်တဲ့ half fried ကို မကြိုက်တာမို့ ကြက်ဥဆိုမွှေကြော်လေးပဲ စားဖြစ်တာ။ ခုတော့ ကြက်ဥမွှေကြော်ကို ဒယ်အိုးမလိုဘဲ လုပ်စားလို့ရတာ သိလိုက်ရတယ်။

ဒီနည်းမှာ ဒယ်အိုးအစား မိုက်ခရိုဝေ့ဗ်မီးဖိုကို သုံးမှာပါ။ ပန်းကန်လုံးတစ်ခုထဲမှာ ကြက်ဥကိုထည့်ပြီးခလောက်ရပါမယ်။ အရင်အတိုင်း ကြက်ဥမွှေကြော်ဖို့ ပြင်ဆင်သလို ပြင်ဆင်ပြီးရင် နွားနို့လေးနည်းနည်းလောက်ထည့်ကြည့်ပါဦး။ ပြီးရင် မိုက်ခရိုဝေ့ဗ်ထဲမှာ တစ်မိနစ်ခွဲ ထည့်ထားလိုက်ရုံပါပဲ။

တစ်မိနစ်ခွဲ ပြည့်ပြီဆိုရင် မိုက်ခရိုဝေ့ဗ်ထဲကနေ ကြက်ဥပန်းကန်ကို ထုတ်ကြည့်လိုက်။ ကြက်ဥမွှေကြော်အရသာနဲ့ ကြက်ဥပေါင်းလေးက ပိုပြီးစားကောင်း့မယ့်ပုံပါ။ ဆီလည်းမလို၊ ဒယ်အိုးလည်းမလိုဘဲနဲ့ ပိုပြီးစားကောင်းမှာမို့ လုပ်စားကြည့်ပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top