Golden City Promotion
×

အိႏၵိယ မွာ ကေလး သူငယ္ သန္း ၄၀ဝ ရွိေနၿပီး ကေလး အ႐ြယ္ နဲ႔ အိမ္ေထာင္ ခ်ေပးတာ ခံရတာေတြလည္း ရွိေနဆဲ
အမ်ိဳးသား ေတြကို သူတို႔ရဲ႕ အသက္မျပည့္ေသးတဲ့ ဇနီး မယား ေတြနဲ႔ တရားဝင္ ကာမ ဆက္ဆံခြင့္ ရေစတဲ့ ဥပေဒ တခုကို အိႏၵိယ ဗဟို တရား႐ုံး က ပယ္ဖ်က္လိုက္ပါတယ္။
အဓမၼျပဳက်င့္ မႈနဲ႔ ဆက္စပ္တဲ့ အဲဒီ ဥပေဒ အပိုဒ္ခြဲ မွာ ဇနီး ျဖစ္သူဟာ အသက္ ၁၅ ႏွစ္ အထက္ ဆိုရင္ လိင္ဆက္ဆံခြင့္ ရွိတယ္ ဆိုၿပီး အရင္ ပါခဲ့တာပါ။
အိႏၵိယ မွာ တရားဝင္ ႏွစ္ဦးသေဘာတူ လက္ထပ္ နိုင္ခြင့္ အသက္ က ၁၈ ႏွစ္ ျဖစ္ေပမယ့္ အိမ္ေထာင္ တြင္း အဓမၼျပဳက်င့္မႈ ကို ရာဇဝတ္မႈ အျဖစ္ သတ္မွတ္ မထားခဲ့ပါဘူး။
အခု တရား႐ုံး ရဲ႕ ဆုံးျဖတ္ခ်က္ကို အမ်ိဳးသမီး အခြင့္အေရး လႈပ္ရွားသူေတြက ႀကိဳဆို ၾကေပမယ့္ ဒါကို လက္ေတြ႕မွာ တကယ္ က်င့္သုံးဖို႔က ခက္ခဲလိမ့္မယ္လို႔ သတင္းေထာက္ ေတြက သုံးသပ္ပါတယ္။
အခု ဥပေဒသစ္မွာ အသက္ ၁၈ ႏွစ္ ေအာက္ ဇနီးသည္ ေတြဟာ သူတို႔ အလိုဆႏၵမပါဘဲ အိမ္ေထာက္ဖက္ နဲ႔ လိင္ဆက္ဆံ ရရင္ အဓမၼမႈ အျဖစ္ ေယာက္်ား ကို တရားစြဲ နိုင္ခြင့္ ရသြားပါၿပီ။ ဒါေပမယ့္ အသက္ မျပည့္ေသးတဲ့ ဇနီးသည္ ေတြအေနနဲ႔ လိင္ပိုင္းဆိုင္ရာ စပ္ယွက္ခံရၿပီး တႏွစ္အတြင္းမွာ တိုင္ၾကားဖို႔ေတာ့ လိုပါတယ္။
ဒါဟာ မိန္းကေလးငယ္ ေတြအေပၚ သမိုင္း နဲ႔ခ်ီ မွားယြင္းက်င့္ႀကံေနခဲ့တာကို ျပန္လည္ ျပဳျပင္ႏိုင္ခဲ့တဲ့ ဥပေဒ ဆုံးျဖတ္ခ်က္လို႔ အမ်ိဳးသမီး အေရး တက္ႂကြသူ ဗစ္ခရမ္ ရွရီဗာစတာဗ္က ေျပာပါတယ္။ သူက ဒီကိစၥမွာ ျပဳျပင္ေျပာင္းလဲဖို႔ ေဆာ္ၾသေတာင္းဆိုလာခဲ့တဲ့ အဖြဲ႕ေတြထဲက တခု ျဖစ္တဲ့ လြတ္လပ္တဲ့ အေတြးအေခၚ အဖြဲ႕ကို ထူေထာင္သူ တဦးလည္း ျဖစ္ပါတယ္။
ဒါေပမယ့္ ေဒလီ အေျခစိုက္ ဘီဘီစီ သတင္းေထာက္ ဂီတာပန္ေဒး ကေတာ့ ကေလးသူငယ္ ထိမ္းျမား လက္ထပ္ တာေတြ အစစ္အေဆးမရွိ ျဖစ္ပ်က္ေနေသးတဲ့ တိုင္းျပည္ မွာ ဒီ ဥပေဒ က လက္ေတြ႕က်င့္သုံးႏိုင္ဖို႔ ခက္ခဲမယ္လို႔ ဆိုပါတယ္။
ကေလး သူငယ္ အ႐ြယ္ နဲ႔ အိမ္ေထာင္ ခ်ေပးတဲ့ ဓေလ့ဟာ ဖြံ႕ၿဖိဳးတိုးတက္ေရး ပန္းတိုင္ေတြ၊ ဆင္းရဲမြဲေတမႈ ေလွ်ာ့ခ်ေရး၊ ကမာၻလုံးဆိုင္ရာ ရည္မွန္းခ်က္ မူလတန္းပညာေရး မျဖစ္မေန သင္ယူခြင့္ရေရး၊ က်ား-မ တန္းတူ ညီမွ်မႈရွိေရး၊ ကေလးငယ္ဘဝ ျဖတ္သန္းခြင့္ကို ထိန္းသိမ္းေစာင့္ေရွာက္ေရးနဲ႔ အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရး အဆင့္အတန္းကို ျမႇင့္တင္ေရးေတြမွာ ေႏွာင့္ယွက္တားဆီးေနတယ္လို႔လည္း အိႏၵိယ အစိုးရ က ေျပာထားတာရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC

#Unicode Version#
အိန္ဒိယ မှာ ကလေး သူငယ် သန်း ၄၀ဝ ရှိနေပြီး ကလေး အရွယ် နဲ့ အိမ်ထောင် ချပေးတာ ခံရတာတွေလည်း ရှိနေဆဲ
အမျိုးသား တွေကို သူတို့ရဲ့ အသက်မပြည့်သေးတဲ့ ဇနီး မယား တွေနဲ့ တရားဝင် ကာမ ဆက်ဆံခွင့် ရစေတဲ့ ဥပဒေ တခုကို အိန္ဒိယ ဗဟို တရားရုံး က ပယ်ဖျက်လိုက်ပါတယ်။
အဓမ္မပြုကျင့် မှုနဲ့ ဆက်စပ်တဲ့ အဲဒီ ဥပဒေ အပိုဒ်ခွဲ မှာ ဇနီး ဖြစ်သူဟာ အသက် ၁၅ နှစ် အထက် ဆိုရင် လိင်ဆက်ဆံခွင့် ရှိတယ် ဆိုပြီး အရင် ပါခဲ့တာပါ။
အိန္ဒိယ မှာ တရားဝင် နှစ်ဦးသဘောတူ လက်ထပ် နိုင်ခွင့် အသက် က ၁၈ နှစ် ဖြစ်ပေမယ့် အိမ်ထောင် တွင်း အဓမ္မပြုကျင့်မှု ကို ရာဇဝတ်မှု အဖြစ် သတ်မှတ် မထားခဲ့ပါဘူး။
အခု တရားရုံး ရဲ့ ဆုံးဖြတ်ချက်ကို အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆို ကြပေမယ့် ဒါကို လက်တွေ့မှာ တကယ် ကျင့်သုံးဖို့က ခက်ခဲလိမ့်မယ်လို့ သတင်းထောက် တွေက သုံးသပ်ပါတယ်။
အခု ဥပဒေသစ်မှာ အသက် ၁၈ နှစ် အောက် ဇနီးသည် တွေဟာ သူတို့ အလိုဆန္ဒမပါဘဲ အိမ်ထောက်ဖက် နဲ့ လိင်ဆက်ဆံ ရရင် အဓမ္မမှု အဖြစ် ယောက်ျား ကို တရားစွဲ နိုင်ခွင့် ရသွားပါပြီ။ ဒါပေမယ့် အသက် မပြည့်သေးတဲ့ ဇနီးသည် တွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ စပ်ယှက်ခံရပြီး တနှစ်အတွင်းမှာ တိုင်ကြားဖို့တော့ လိုပါတယ်။
ဒါဟာ မိန်းကလေးငယ် တွေအပေါ် သမိုင်း နဲ့ချီ မှားယွင်းကျင့်ကြံနေခဲ့တာကို ပြန်လည် ပြုပြင်နိုင်ခဲ့တဲ့ ဥပဒေ ဆုံးဖြတ်ချက်လို့ အမျိုးသမီး အရေး တက်ကြွသူ ဗစ်ခရမ် ရှရီဗာစတာဗ်က ပြောပါတယ်။ သူက ဒီကိစ္စမှာ ပြုပြင်ပြောင်းလဲဖို့ ဆော်သြတောင်းဆိုလာခဲ့တဲ့ အဖွဲ့တွေထဲက တခု ဖြစ်တဲ့ လွတ်လပ်တဲ့ အတွေးအခေါ် အဖွဲ့ကို ထူထောင်သူ တဦးလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒေလီ အခြေစိုက် ဘီဘီစီ သတင်းထောက် ဂီတာပန်ဒေး ကတော့ ကလေးသူငယ် ထိမ်းမြား လက်ထပ် တာတွေ အစစ်အဆေးမရှိ ဖြစ်ပျက်နေသေးတဲ့ တိုင်းပြည် မှာ ဒီ ဥပဒေ က လက်တွေ့ကျင့်သုံးနိုင်ဖို့ ခက်ခဲမယ်လို့ ဆိုပါတယ်။
ကလေး သူငယ် အရွယ် နဲ့ အိမ်ထောင် ချပေးတဲ့ ဓလေ့ဟာ ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေ၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် မူလတန်းပညာရေး မဖြစ်မနေ သင်ယူခွင့်ရရေး၊ ကျား-မ တန်းတူ ညီမျှမှုရှိရေး၊ ကလေးငယ်ဘဝ ဖြတ်သန်းခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အဆင့်အတန်းကို မြှင့်တင်ရေးတွေမှာ နှောင့်ယှက်တားဆီးနေတယ်လို့လည်း အိန္ဒိယ အစိုးရ က ပြောထားတာရှိပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top