ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အခုေဖာ္ျပမယ့္ နည္းလမ္းဟာ ကေနဒါႏိုင္ငံမွ ထိပ္တန္း ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ႏုိင္တဲ့ နည္းလမ္းေတြျဖစ္ၿပီး သၾကားစြဲလမ္းတဲ့ အေျခအေနကို အႏုိင္ယူကာ ဆီးခ်ဳိေရာဂါ ျဖစ္ႏိုင္ေျခကိုလည္း ေလွ်ာ့ခ်ႏုိင္တဲ့အတြက္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်လုိသူေတြ လိုက္နာသင့္ပါတယ္။ သၾကားဓာတ္ေတြ ခႏၶာကိုယ္အတြင္း ေနရာအႏွံ႔မွာ ရွိေနရင္ ခႏၶာကိုယ္ရဲ႕ ဓာတုလုပ္ငန္းေတြ ေျပာင္းလဲသြားၿပီး ကိုယ္တြင္းအဂၤါထဲ အဆီေတြ တြယ္ကပ္ေနသလုိ ျဖစ္သြားပါတယ္။ ဒါေၾကာင့္ ကိုယ္တြင္းမွာ သၾကားေတြ စုေဆာင္းမႈ မရွိေအာင္ Detox လုပ္ရပါမယ္။ Detox လုပ္တာေၾကာင့္ တစ္ပတ္အတြင္း ကိုယ္အေလးခ်ိန္ ၁၅ ေပါင္အထိ ေလ်ာ့က်သြားႏုိင္ပါတယ္။၁။ သန္႔ရွင္းတဲ့ အစာနဲ႔ စတင္ပါ

ဆုိလုိတာက သဘာဝအတုိင္းျဖစ္တဲ့ အစာေတြျဖစ္ၿပီး ဘာမွ မျပဳျပင္ထားတဲ့ အစာေတြပါ။ ဥပမာအားျဖင့္ ၾကက္ဥ၊ ငါး၊ ၾကက္သား၊ ျမက္စားႏြား၊ အခြံမာသီး၊ ပဲအမ်ဳိးမ်ဳိးနဲ႔ ဟင္းသီးဟင္းရြက္တုိ႔ ျဖစ္ၾကပါတယ္။

ဘယ္လိုအလုပ္လုပ္သလဲ

သစ္သီးေတြမွ သဘာဝအခ်ဳိဓာတ္ေတြ ရေပမယ့္ သၾကားနဲ႔ အခ်ဳိပါဝင္တယ္လုိ႔ စာတန္းကပ္ထားတဲ့ အစားအေသာက္ ထုတ္ကုန္ေတြေလာက္ ကယ္လုိရီ မမ်ားတဲ့အတြက္ အဲဒါေတြကုိ ေရွာင္ၾကဥ္တာေၾကာင့္ ခႏၶာကိုယ္တြင္း သၾကားဓာတ္ရရွိမႈ နည္းသြားႏုိင္ပါတယ္။

၂။ တစ္ႀကိမ္ကို နည္းနည္းနဲ့ ခဏခဏစားပါ

တစ္ေန႔တာလံုးအတြက္ အစာႀကီးသံုးႀကိမ္နဲ႔ အဆာေျပအစာ သံုးႀကိမ္စားပါ။

ဘယ္လုိအလုပ္လုပ္သလဲ

သၾကားပါဝင္မႈနည္းတဲ့ အစာမ်ဳိးစံုျဖစ္ေပမယ့္ အဲဒီအစာေတြကုိ ပမာဏမ်ားမ်ား စားလုိက္တာေၾကာင့္ ေသြးတြင္း သၾကားဓာတ္ ျမင့္တက္သြားႏုိင္ပါတယ္။ မၾကာခဏ သၾကားဓာတ္ျမင့္တက္တာေၾကာင့္ Insulin အဆင့္ေတြ ျမင့္သြားတယ္လုိ႔ ကယ္လီဖုိးနီးယား တကၠသိုလ္မွ ကၽြမ္းက်င္သူေတြက ဆုိပါတယ္။ Insulin ဆုိတာ အဆီေလာင္ကၽြမ္းမႈကို ပိတ္ပင္ၿပီး အဆီစုေဆာင္းမႈကုိ အားေပးတဲ့ေဟာ္မုန္းပါ။ အစာပမာဏ အနည္းငယ္ကို မၾကာခဏ စားလိုက္တာေၾကာင့္ ခႏၶာကိုယ္က Relax ရရွိသြားၿပီး လေပါင္းမ်ားစြာ သၾကားစုေဆာင္းမႈ မ်ားတဲ့အတြက္ ပ်က္စီးမႈျဖစ္စဥ္ေတြကုိ မျဖစ္ေအာင္ကာကြယ္ႏုိင္ပါတယ္။

၃။ ကစီဓာတ္အစား ပ႐ုိတင္း စားေပးပါ

ကာဗုိဟုိက္ဒရိတ္ေခၚတဲ့ ကစီဓာတ္ပါဝင္တဲ့ ဆန္၊ ေပါင္မုန္႔၊ ေခါက္ဆြဲ အစရွိတာေတြကို တစ္ေန႔ ႏွစ္ႀကိမ္ထက္ ပုိမစားပါနဲ႔။ သင္အစာစားတဲ့ အခ်ိန္တုိင္း ပ႐ိုတင္းပါဝင္ေအာင္ စားေပးပါ။

ဘယ္လိုအလုပ္လုပ္သလဲ

ကစီဓာတ္ကုိ ကန္႔သတ္ၿပီးစားကာ ပ႐ုိတင္း ပုိမုိစားသံုးတာေၾကာင့္ ေသြးတြင္း သၾကားဓာတ္ျမင့္တက္မႈကို ကာကြယ္ႏိုင္ပါတယ္။ ဒါ့အျပင္ ပ႐ုိတင္း မ်ားမ်ားစားတာေၾကာင့္ အခ်ိန္အၾကာႀကီး ဗိုက္ျပည့္တင္းမႈ ရရွိေစႏိုင္ပါတယ္။

၄။ သၾကားဓာတ္ကို ၿဖိဳခဲြႏုိင္တဲ့ အစာစားပါ

သစ္ႀကံပုိးေခါက္နဲ႔ ပန္းသီးဝုိင္ရွာလကာရည္ (Apple Cider Vinegar) ေတြပါဝင္ေအာင္ စားပါ။

ဘယ္လုိအလုပ္လုပ္သလဲ

အစာမစားခင္ Vinegar အနည္းငယ္ေသာက္လိုက္တာေၾကာင့္ ေသြးတြင္း သၾကားအဆင့္ျမင့္တက္မႈ ၈၁ ရာခုိင္ႏႈန္းခန္႔ ေလွ်ာ့ခ်ႏိုင္ပါတယ္။ သစ္ႀကံပုိးေခါက္မွာပါဝင္တဲ့ ဓာတ္တုိးဆန္႔က်င္ ပစၥည္းေတြဟာ ဆဲလ္ေတြမွ သၾကားဓာတ္ကုိ ေလာင္ကၽြမ္းႏႈန္း ပံုမွန္ထက္အဆ ၂၀ ပိုျမန္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာခင္မုိးမိုး

#Unicode Version#
အခုဖော်ပြမယ့် နည်းလမ်းဟာ ကနေဒါနိုင်ငံမှ ထိပ်တန်း ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွေဖြစ်ပြီး သကြားစွဲလမ်းတဲ့ အခြေအနေကို အနိုင်ယူကာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချလိုသူတွေ လိုက်နာသင့်ပါတယ်။ သကြားဓာတ်တွေ ခန္ဓာကိုယ်အတွင်း နေရာအနှံ့မှာ ရှိနေရင် ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းတွေ ပြောင်းလဲသွားပြီး ကိုယ်တွင်းအင်္ဂါထဲ အဆီတွေ တွယ်ကပ်နေသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သကြားတွေ စုဆောင်းမှု မရှိအောင် Detox လုပ်ရပါမယ်။ Detox လုပ်တာကြောင့် တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ လျော့ကျသွားနိုင်ပါတယ်။၁။ သန့်ရှင်းတဲ့ အစာနဲ့ စတင်ပါ

ဆိုလိုတာက သဘာဝအတိုင်းဖြစ်တဲ့ အစာတွေဖြစ်ပြီး ဘာမှ မပြုပြင်ထားတဲ့ အစာတွေပါ။ ဥပမာအားဖြင့် ကြက်ဥ၊ ငါး၊ ကြက်သား၊ မြက်စားနွား၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တို့ ဖြစ်ကြပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ

သစ်သီးတွေမှ သဘာဝအချိုဓာတ်တွေ ရပေမယ့် သကြားနဲ့ အချိုပါဝင်တယ်လို့ စာတန်းကပ်ထားတဲ့ အစားအသောက် ထုတ်ကုန်တွေလောက် ကယ်လိုရီ မများတဲ့အတွက် အဲဒါတွေကို ရှောင်ကြဉ်တာကြောင့် ခန္ဓာကိုယ်တွင်း သကြားဓာတ်ရရှိမှု နည်းသွားနိုင်ပါတယ်။

၂။ တစ်ကြိမ်ကို နည်းနည်းနဲ့ ခဏခဏစားပါ

တစ်နေ့တာလုံးအတွက် အစာကြီးသုံးကြိမ်နဲ့ အဆာပြေအစာ သုံးကြိမ်စားပါ။

ဘယ်လိုအလုပ်လုပ်သလဲ

သကြားပါဝင်မှုနည်းတဲ့ အစာမျိုးစုံဖြစ်ပေမယ့် အဲဒီအစာတွေကို ပမာဏများများ စားလိုက်တာကြောင့် သွေးတွင်း သကြားဓာတ် မြင့်တက်သွားနိုင်ပါတယ်။ မကြာခဏ သကြားဓာတ်မြင့်တက်တာကြောင့် Insulin အဆင့်တွေ မြင့်သွားတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ Insulin ဆိုတာ အဆီလောင်ကျွမ်းမှုကို ပိတ်ပင်ပြီး အဆီစုဆောင်းမှုကို အားပေးတဲ့ဟော်မုန်းပါ။ အစာပမာဏ အနည်းငယ်ကို မကြာခဏ စားလိုက်တာကြောင့် ခန္ဓာကိုယ်က Relax ရရှိသွားပြီး လပေါင်းများစွာ သကြားစုဆောင်းမှု များတဲ့အတွက် ပျက်စီးမှုဖြစ်စဉ်တွေကို မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

၃။ ကစီဓာတ်အစား ပရိုတင်း စားပေးပါ

ကာဗိုဟိုက်ဒရိတ်ခေါ်တဲ့ ကစီဓာတ်ပါဝင်တဲ့ ဆန်၊ ပေါင်မုန့်၊ ခေါက်ဆွဲ အစရှိတာတွေကို တစ်နေ့ နှစ်ကြိမ်ထက် ပိုမစားပါနဲ့။ သင်အစာစားတဲ့ အချိန်တိုင်း ပရိုတင်းပါဝင်အောင် စားပေးပါ။

ဘယ်လိုအလုပ်လုပ်သလဲ

ကစီဓာတ်ကို ကန့်သတ်ပြီးစားကာ ပရိုတင်း ပိုမိုစားသုံးတာကြောင့် သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ပရိုတင်း များများစားတာကြောင့် အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိစေနိုင်ပါတယ်။

၄။ သကြားဓာတ်ကို ဖြိုခွဲနိုင်တဲ့ အစာစားပါ

သစ်ကြံပိုးခေါက်နဲ့ ပန်းသီးဝိုင်ရှာလကာရည် (Apple Cider Vinegar) တွေပါဝင်အောင် စားပါ။

ဘယ်လိုအလုပ်လုပ်သလဲ

အစာမစားခင် Vinegar အနည်းငယ်သောက်လိုက်တာကြောင့် သွေးတွင်း သကြားအဆင့်မြင့်တက်မှု ၈၁ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ဆဲလ်တွေမှ သကြားဓာတ်ကို လောင်ကျွမ်းနှုန်း ပုံမှန်ထက်အဆ ၂၀ ပိုမြန်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာခင်မိုးမိုး


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top