Golden City Promotion
×

မေလးရွားႏုိင္ငံက ဒါရုိက္တာရုိက္တာပါ။
သရုပ္ေဆာင္ အိေခ်ာပုိကေတာ့ အခုလက္ရွိမွာ သရုပ္ေဆာင္ျမင့္ျမတ္နဲ႔အတူ ရုပ္ရွင္ဇာတ္ကားရုိက္ကူးေနရတာျဖစ္ၿပီး သရဲအေၾကာင္းေတြကုိ လုိက္စပ္စုတတ္တဲ့ သတင္းေထာက္ ေကာင္မေလးတစ္ေယာက္ကာရိုက္တာအျဖစ္ပါဝင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားအေၾကာင္းကုိ Duwun media ကေနတဆင့္ေျပာျပခဲ့ပါတယ္။
'' ဒါရုိက္တာကေတာ့ မေလးရွား ဒါရုိက္တာက ရုိက္တာပါ။ သရဲကားေတာ့ သရဲကားပဲ ဒါေပမယ့္ အက္ရွင္ဆန္တယ္ေပါ့ေနာ္။ အိေခ်ာက  အဲ့ဒီဇာတ္ကားထဲမွာ သရဲေတြ၊ ဝိညာဥ္ေတြအေၾကာင္းကုိ လုိက္ၿပီးေတာ့ စပ္စုတဲ့ သတင္းေထာက္မေလးပုံစံေပါ့။ သူက သရဲအေၾကာင္း ေတြကုိ သိခ်င္လုိ႔ လုိက္စပ္စုတယ္။ အဲ့ဒီမွာ သရဲေတြကုိ ျမင္ႏုိင္တယ္၊ ၾကားႏုိင္တယ္ဆုိတဲ့ ဆရာျဖစ္တဲ့ ကုိျမင့္ျမတ္နဲ႔ ဆုံတယ္ေပါ့ေနာ္။ အဲ့ဒီလုိပုံစံေလးပါပဲ၊ ဇာတ္ကားနာမည္ကေတာ့ တေစၦမ်ားနဲ႔ေပ်ာ္ျမဴးျခင္းပါ'' လုိ႔သူကဆုိပါတယ္။
မၾကာခင္ရုံတင္ျပသေတာ့မယ့္ ေအာ္တုိဘုရင္ ရုပ္ရွင္ဇာတ္ကားကလည္း သူ႔အတြက္ေတာ့ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ နန္းဝတ္နန္းစားနဲ႔ ရုိက္ရတဲ့ ဇာတ္ကားတစ္ကားျဖစ္တဲ့အေၾကာင္းကုိလည္း အခုလုိေျပာျပခဲ့ပါတယ္။ '' ဒီဇာတ္ကားေလးကေတာ့ အဓိကအေနနဲ႔ ပေလာ့ဂ်္ေလးေတြေပါ့ေနာ္ အဆန္းေလးေတြၾကားရမယ္။ ၿပီးေတာ့ ေဖ့စ္ဘြတ္မွာ ေခတ္စားေနတဲ့ စကားအသုံးအႏႈန္းေတြေပါ့ေနာ္ အဲ့ဒါေလးေတြလည္း အျပည့္အဝပါတယ္။ ပရိသတ္ေတြႀကိဳက္မယ္လုိ႔ထင္တယ္။ အိေခ်ာတုိ႔ ရုိက္ထားတဲ့ အျပင္အဆင္ေလးေတြကလည္း အရင္ေခတ္ပုံစံျမင္ရမွာပါ။ အိေခ်ာအတြက္ကေတာ့ ရုပ္ရွင္ဇာတ္ကားႀကီး ထဲမွာ နန္းဝတ္ နန္းစားနဲ႔ ရုိက္တာဆုိလုိ႔ ဒီတစ္ကားရွိတာေပါ့'' လုိ႔လည္း ေျပာျပခဲ့ပါေသးတယ္။
သရုပ္ေဆာင္အိေခ်ာပုိအေနနဲ႔ ေအာ္တုိဘုရင္ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း မိဘုရားဝါစာနီအျဖစ္ပါဝင္သရုပ္ေဆာင္ထားတာ ျဖစ္ၿပီး အႏုပညာလႈပ္ရွားမႈအေနနဲ႔ တေစၦမ်ားနဲ႔ေပ်ာ္ျမဴးျခင္းရုပ္ရွင္ဇာတ္ကားႀကီးကိုလည္း ရုိက္ကူးလ်ွက္ရွိတယ္လုိ႔သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
မလေးရှားနိုင်ငံက ဒါရိုက်တာရိုက်တာပါ။
သရုပ်ဆောင် အိချောပိုကတော့ အခုလက်ရှိမှာ သရုပ်ဆောင်မြင့်မြတ်နဲ့အတူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေရတာဖြစ်ပြီး သရဲအကြောင်းတွေကို လိုက်စပ်စုတတ်တဲ့ သတင်းထောက် ကောင်မလေးတစ်ယောက်ကာရိုက်တာအဖြစ်ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းကို Duwun media ကနေတဆင့်ပြောပြခဲ့ပါတယ်။
'' ဒါရိုက်တာကတော့ မလေးရှား ဒါရိုက်တာက ရိုက်တာပါ။ သရဲကားတော့ သရဲကားပဲ ဒါပေမယ့် အက်ရှင်ဆန်တယ်ပေါ့နော်။ အိချောက  အဲ့ဒီဇာတ်ကားထဲမှာ သရဲတွေ၊ ဝိညာဉ်တွေအကြောင်းကို လိုက်ပြီးတော့ စပ်စုတဲ့ သတင်းထောက်မလေးပုံစံပေါ့။ သူက သရဲအကြောင်း တွေကို သိချင်လို့ လိုက်စပ်စုတယ်။ အဲ့ဒီမှာ သရဲတွေကို မြင်နိုင်တယ်၊ ကြားနိုင်တယ်ဆိုတဲ့ ဆရာဖြစ်တဲ့ ကိုမြင့်မြတ်နဲ့ ဆုံတယ်ပေါ့နော်။ အဲ့ဒီလိုပုံစံလေးပါပဲ၊ ဇာတ်ကားနာမည်ကတော့ တစ္ဆေများနဲ့ပျော်မြူးခြင်းပါ'' လို့သူကဆိုပါတယ်။
မကြာခင်ရုံတင်ပြသတော့မယ့် အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားကလည်း သူ့အတွက်တော့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နန်းဝတ်နန်းစားနဲ့ ရိုက်ရတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ '' ဒီဇာတ်ကားလေးကတော့ အဓိကအနေနဲ့ ပလော့ဂျ်လေးတွေပေါ့နော် အဆန်းလေးတွေကြားရမယ်။ ပြီးတော့ ဖေ့စ်ဘွတ်မှာ ခေတ်စားနေတဲ့ စကားအသုံးအနှုန်းတွေပေါ့နော် အဲ့ဒါလေးတွေလည်း အပြည့်အဝပါတယ်။ ပရိသတ်တွေကြိုက်မယ်လို့ထင်တယ်။ အိချောတို့ ရိုက်ထားတဲ့ အပြင်အဆင်လေးတွေကလည်း အရင်ခေတ်ပုံစံမြင်ရမှာပါ။ အိချောအတွက်ကတော့ ရုပ်ရှင်ဇာတ်ကားကြီး ထဲမှာ နန်းဝတ် နန်းစားနဲ့ ရိုက်တာဆိုလို့ ဒီတစ်ကားရှိတာပေါ့'' လို့လည်း ပြောပြခဲ့ပါသေးတယ်။
သရုပ်ဆောင်အိချောပိုအနေနဲ့ အော်တိုဘုရင်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း မိဘုရားဝါစာနီအဖြစ်ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး အနုပညာလှုပ်ရှားမှုအနေနဲ့ တစ္ဆေများနဲ့ပျော်မြူးခြင်းရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးလျှက်ရှိတယ်လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top