ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

ျမန္မာလူမ်ိဳးေတြမွာ ယံုၾကည္မႈေတြ အမ်ားၾကီး ရွိၾကတဲ့ အထဲမွာ ခႏၷာကိုယ္ေပၚမွာ
ေပါက္တဲ့ မွဲ႔နဲ႔ ပတ္သတ္တဲ့ အေၾကာင္းေလးေတြ လဲပါတယ္ေနာ္...။

ဘယ္ေနရာမွာ မွဲ႔ ေပါက္ရင္ ဘာျဖစ္တတ္တယ္ ဆိုလား...ဘာဆိုလားေပါ့...ဟဲ

အခု ဖိုးသူေတာ္ ပရိတ္သတ္ၾကီးကို ေျပာျပမွာကေတာ့ မိန္းကေလးေတြမွာ ဒီေနရာ ၇ ခုမွာ မွည့္ေပါက္ေနတယ္ဆိုရင္ ဘာျဖစ္တတ္တယ္ဆိုတာကို ေျပာျပမွာပါေနာ္........


ရတနာဆံက်စ္လို႔ ေခၚတဲ့မွဲ႔ရယ္

ရတနာဆီမီီီးထြန္းဆိုတဲ့ မွဲ႔ရယ္

မ်က္ရည္ခံမွဲ႔ရယ္ (ဘယ္ဘက္)

မ်က္ရည္ခံမွဲ႔ (ညာရယ္)

ႏႈတ္တဆိတ္ဆိုတဲ့ မွဲ႔ရယ္။

ေရႊပိတုန္းစုပ္ဆိုတဲ့ မွဲ႔ရယ္။

စံပယ္တင္(ညာဘက္) မွဲ႔ရယ္ဆိုၿပီး အမ်ိဳး သမီးေတြအတြက္ အထင္ကရ မွဲ႔ (၇)မ်ိဳး ရွိ တယ္။

အဲဒီမွာ ရင္ဘတ္အလယ္မွာ ထင္ထင္ရွား ရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေန တယ္္ဆိုရင္ အဲဒီမွဲ႔ကို ၇တနာေရႊအိုးလို႔ ေခၚ တယ္။ အဲဒီမွဲ႔ ရွိတဲ့ အမ်ိဳးသမီးေတြဟာ မ်ား ေသာအားျဖင့္ ႀကြယ္၀ခ်မ္းသာေလ့ရွိတယ္။ နာမည္ဂုဏ္သတင္းေက်ာ္ၾကားတတ္တယ္။ေနာက္ၿပီး သူတို႔ေတြဟာ အလုပ္ဌာနေတြ မွာ အႀကီးအကဲ ေခါင္းေဆာာင္ျဖစ္ေလ့ရွိ တယ္။ သူတို႔ေတြဟာ ဆင္းရဲရင္လဲ ခနပဲ။ ဆင္းရဲတြင္းတဲ က်ေနရင္လည္း ခနပဲ။ မုခ် ႀကီးပြားခ်မ္းသာမယ့္သူေတြ ျဖစ္တယ္။ အဲဒီလို ရတနာေရႊအိုး မွဲ႔ပါေနတဲ့ အမ်ိဳးသမီး ေတြဟာ ေက်ာက္နီ ၊ ပတၱျမား၊ စိန္ႏွစ္သက္ ရာ တစ္ခုခုကို လက္သူၾကြယ္မွာ ၀တ္ဆင္ ထားရင္ ထူးထူးျခားျခား ကံျမင့္မားမယ္။

ေနာက္တစ္ခုက နဖူးရဲ့ ဘယ္ဘက္မွာ ထင္ ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနတယ္္ဆိုရင္ အဲဒီမွဲ႔ကိုက်ေတာ့ ရတနာ ဆီမီးထြန္းလို႔ေခၚတယ္။ အဲဒီလို မွဲ႔ရွိတဲ့ အမ်ိဳး သမီးေတြၾကေတာ့ ပစၥည္းဥစၥာ ၾကြယ္၀ခ်မ္း သာၾကတယ္။ အိမ္ေထာင္ဘက္ေကာင္းနဲ႔ ဆံုေတြ႕ႏိုင္ၾကတယ္။ေနာက္ၿပီးသား ေကာင္း ၊သမီးေကာင္းေတြ ထြန္းကားၾက တယ္။ ေျပာရရင္ေတာ့ မိဘထက္ျမတ္တဲ့ သားသမီးေတြ ေနာက္ ထင္ေပၚေက်ာ္ ၾကား တဲ့ သားသမီးရတနာေတြကို ဖြားျမင္ႏိုင္ ၾကတယ္။ ဘာသာေရးဆိုရင္လည္း အရမ္း စိတ္၀င္စားေလ့ရွိတယ္။ တစိုက္မတ္မတ္ လုပ္ေလ့ရွိတယ္။ ဒီဘ၀တြင္ ဘာသာတရား လိုက္စားမယ္ဆိုရင္ တရားထူးတရားျမတ္ ေတာင္ရႏိုင္တယ္လို႔ ဆိုတယ္။

ေနာက္တစ္မ်ိဳးက ဘယ္ဘက္မ်က္ခန္းနဲ႔ အ ထက္ႏႈတ္ခမ္းၾကား ထင္ထင္ရွားရွား မွဲ႔တစ္ လံုးတည္း ထင္းထင္းႀကီး ရွိေနတယ္္ဆိုရင္ အဲဒီမွဲ႔ကို မ်က္ရည္ခံမွဲ႔လို႔ ေခၚတယ္။ ဘယ္ ေလာက္ပဲ ေငြေၾကးေတြ စီးစိမ္ဥစၥာေတြ ျပည့္စံုေနေပမယ့္ စိတ္ဆင္းရဲရတတ္တယ္။ ေသာကမ်ားမယ္။ ငယ္စဥ္ကေလးဘ၀ က တည္းက ၾကမန္းတမ္းတဲ့ ဘ၀ခရီးကို အ ေကြ႕ အေကာက္မ်ားစြာနဲ႔ ျဖတ္သန္းရတတ္ တယ္။ ေနာက္ၿပီး အိမ္ေထာင္ဆက္လဲ မ်ား တတ္တယ္။ သူတို႔ေတြဟာ အနက္ေရာင္ဆို ရင္ လံုး၀မ၀တ္သင့္ဘူး။ ေရွာင္သင့္တယ္။ ေက်ာက္စိမ္းကိုလည္း မ၀တ္သင့္ဘူး။ စိန္၊ ဥႆဖယား ၊ ပုလဲစတဲ့ ရတနာတစ္ခုခုကို ကိုယ္နဲ႔မကြာ ၀တ္ထားသင့္တယ္။

ေနာက္မွဲ႔တစ္မ်ိဳးကိုၾကေတာ့ ညာဘက္ ေအာက္မ်က္ခမ္းနဲ႔ အထက္ႏႈတ္ခမ္းၾကား မွာ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္း ထင္းႀကီး ရွိေနတယ္္ဆိုရင္ မ်က္ရည္ခံႀကီး လို႔ ေခၚတယ္။ သူတို႔ရဲ့ ဘ၀တစ္ေလွ်ာက္ဆံုး ႐ႈံးမႈ႔ႀကီးမ်ားစြာနဲ႔ ႀကံဳေတြ႕ရတတ္ၿပီးအသက္ ႀကီးတဲ့အခ်ိန္မွာ ဆင္းရဲဒုကၡေရာက္ရတတ္ တယ္။ မေမွ်ာ္လင့္ပဲ ခင္ပြန္းသည္ ေသဆံုး တတ္ၿပီး ငယ္ငယ္ရြယ္ရြယ္နဲ႔ မုဆိုးမျဖစ္ တတ္တယ္။ အဲဒီမ်က္ရည္ခံမွဲ႔ႀကီး ရွိတဲ့ အ မ်ိဳးသမီးေတြဟာ ဘာသာတရားကို အထူး လိုက္စားၿပီး ကိုယ္က်င့္တရားအထူး ေကာင္းမြန္ေအာင္ ေနထိုင္ရမယ္။ ကုသိုလ္ ေကာင္းမႈ႔ တရစပ္ျပဳလုပ္ ေဆာင္ရြက္ရ မယ္။ အက်င့္သီလကို အေကာင္းဆံုး ျဖစ္ ေအာင္ ေနထိုင္ရမယ္။ ေမြးေန႔တိုင္း ပန္း၊ ဆီမီး ေရခ်မ္း ကပ္လွဴပူေဇာ္သင့္တယ္။ စိန္၊ ဥႆဖယား လက္၀တ္ရတနာတို႔ကို ၀တ္ ဆင္ေဆာင္ထားသင့္တယ္။

ေနာက္မွဲ႔တစ္မ်ိဳးကိုၾကေတာ့ ႏႈတ္တဆိတ္ လို႔ ေခၚတယ္။ ဘယ္ဘက္ပါးျပင္ ပါးစပ္နား မွာ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္း ထင္းႀကီး ရွိေနတယ္္ဆိုရင္ အဲဒီမွဲ႔ကို ႏႈတ္တ ဆိတ္ လို႔ေခၚတယ္။ အဲဒီမွဲ႔ ပိုင္ရွင္ေတြဟာ စကားေျပာအေတာ္ ေျပျပစ္တယ္ၾကတယ္။ ခ်ိဳသာၾကတယ္။ စကားေျပာပရိယာယ္ ၾကြယ္ ၀တယ္။ မူယာမာယာ မ်ားတတ္ၾက တယ္။ အသိသာဆံုးက ေယာက္်ားမ်ား၏ ခ်စ္ခင္မႈ႔ စြဲလန္းမႈ႔မ်ား ရေလ့ရွိတယ္။ အဲဒီမွဲ႔ ပိုင္းရွင္မ်ားဟာ စိန္ရယ္ ျမရယ္ေျပာင္ေခါင္း စိမ္းရတနာတို႔ကို ၀တ္ဆင္သင့္တယ္။ အနီ ေရာင္ပန္းပြင့္မ်ားကို မၾကာခဏဆိုသလို ဘုရားကို ကပ္လွဴေပးရင္ ကံဇာတာပိုၿပီး ျမင့္မားေစတယ္။

ေနာက္မွဲ႔တစ္မ်ိဳးက ေရႊပိတုန္းစုပ္ လို႔ ေခၚ တယ္။ ညာဘက္ပါးျပင္ ပါးစပ္နားတြင္ ထင္ ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနတဲ့ မွဲ႔ေပါ့။ ခ်စ္ခင္ႏွစ္သက္သူမ်ား ၀န္းရံ ေနတယ္။ မာယာပရိယာယ္ ၾကြယ္၀ၿပီး ေတာ့ လူခ်စ္လူခင္ အားႀကီးမ်ားတယ္။ စန္း ပြင့္တယ္။ အိမ္ေထာင္ဘက္ အမ်ိဳးသား၏ အက်ိဳးေက်းဇူးကို ခံစားရတယ္။ အျဖဴ ေရာင္ အစိမ္းေရာင္ ရတနာမွန္သမွ် ၀တ္ ဆင္သင့္တယ္။ ပုလဲတစ္မ်ိဳးကို ေတာ့ လံုး၀ ေရွာင္ထားသင့္တယ္။

ေနာက္ဆံုးတစ္မ်ိဳးကေတာ့ စံပယ္တင္မွဲ႔လို႔ ေခၚတယ္။ ဘယ္ဘက္ ပါးျပင္မို႔မို႔မွာ ထင္ ထင္ ရွားရွား မွဲ႔တစ္လံုးတည္းထင္းထင္းႀကီး ရွိေနတဲ့ မွဲ႔ကို ေခၚတယ္။ သူတို႔ေတြဟာ နာ မည္ေက်ာ္ၾကားထင္ရွားမယ္။ လူတစ္ဦးကို အလြယ္တကူ ႏွစ္သက္တတ္တယ္။ ကိုယ့္ အေပၚကို အိမ္ေထာင္ဘက္ကခ်စ္ခင္ ေအာင္ စြဲလန္းေအာင္ အမ်ိဳးမ်ိဳး ေဆာင္ရြက္ ေလ့ရွိတယ္။ သူတို႔ေတြရဲ့ အခ်စ္ေရးေတြမွာ ေတာ့ အၿမဲတမ္းဆိုသလို ႏွစ္မ်ိဳးႏွစ္ခြ ႀကံဳရ ေလ့ရွိတယ္။ သူတို႔ေတြအတြက္ အေကာင္း ဆံုး အေဆာင္ကေတာ့ ပန္းပြင့္ပံုလည္ဆြဲ တန္ဆာ ကို ေရႊနဲ႔ လုပ္ၿပီး ေဆာင္ထားသင့္ တယ္။ အျဖဴေရာင္ ေက်ာက္မ်က္ရတနာမ်ိဳး စံုနဲ႔ သင့္ျမတ္တယ္။

(ဆရာဟိန္းတင့္ေဇာ္) ေရးသားေသာ ေဆာင္းပါးကို မွီျငမ္းထားပါသည္

ဖိုးသူေတာ္ (www.phothutaw.com)

# Zawgyi Version ျဖင့္ ဖတ္ပါ #
မြန်မာလူမျိုးတွေမှာ ယုံကြည်မှုတွေ အများကြီး ရှိကြတဲ့ အထဲမှာ ခန္နာကိုယ်ပေါ်မှာ
ပေါက်တဲ့ မှဲ့နဲ့ ပတ်သတ်တဲ့ အကြောင်းလေးတွေ လဲပါတယ်နော်...။

ဘယ်နေရာမှာ မှဲ့ ပေါက်ရင် ဘာဖြစ်တတ်တယ် ဆိုလား...ဘာဆိုလားပေါ့...ဟဲ

အခု ဖိုးသူတော် ပရိတ်သတ်ကြီးကို ပြောပြမှာကတော့ မိန်းကလေးတွေမှာ ဒီနေရာ ၇ ခုမှာ မှည့်ပေါက်နေတယ်ဆိုရင် ဘာဖြစ်တတ်တယ်ဆိုတာကို ပြောပြမှာပါနော်........


ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်

ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်

မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)

မျက်ရည်ခံမှဲ့ (ညာရယ်)

နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။

ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။

စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုး သမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုး ရှိ တယ်။

အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှား ရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေ တယ်ဆိုရင် အဲဒီမှဲ့ကို ၇တနာရွှေအိုးလို့ ခေါ် တယ်။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များ သောအားဖြင့် ကြွယ်ဝချမ်းသာလေ့ရှိတယ်။ နာမည်ဂုဏ်သတင်းကျော်ကြားတတ်တယ်။နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေ မှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိ တယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခနပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ရတနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီး တွေဟာ ကျောက်နီ ၊ ပတ္တမြား၊ စိန်နှစ်သက် ရာ တစ်ခုခုကို လက်သူကြွယ်မှာ ဝတ်ဆင် ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင် ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာ ဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုး သမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်း သာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။နောက်ပြီးသား ကောင်း ၊သမီးကောင်းတွေ ထွန်းကားကြ တယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော် ကြား တဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင် ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘဝတွင် ဘာသာတရား လိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အ ထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ် လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ် လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ က တည်းက ကြမန်းတမ်းတဲ့ ဘဝခရီးကို အ ကွေ့ အကောက်များစွာနဲ့ ဖြတ်သန်းရတတ် တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များ တတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆို ရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မဝတ်သင့်ဘူး။ စိန်၊ ဥဿဖယား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ဝတ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက် အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြား မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်း ထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘဝတစ်လျှောက်ဆုံး ရှုံးမှု့ကြီးများစွာနဲ့ ကြုံတွေ့ရတတ်ပြီးအသက် ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ် တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံး တတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ် တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အ မျိုးသမီးတွေဟာ ဘာသာတရားကို အထူး လိုက်စားပြီး ကိုယ်ကျင့်တရားအထူး ကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ် ကောင်းမှု့ တရစပ်ပြုလုပ် ဆောင်ရွက်ရ မယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ် အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်း၊ ဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ဝတ် ဆင်ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နား မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်း ထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တ ဆိတ် လို့ခေါ်တယ်။ အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ် ဝတယ်။ မူယာမာယာ များတတ်ကြ တယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ်ပြောင်ခေါင်း စိမ်းရတနာတို့ကို ဝတ်ဆင်သင့်တယ်။ အနီ ရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ် တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင် ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများ ဝန်းရံ နေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီး တော့ လူချစ်လူခင် အားကြီးများတယ်။ စန်း ပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူ ရောင် အစိမ်းရောင် ရတနာမှန်သမျှ ဝတ် ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံး၀ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင် ထင် ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာ မည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့် အပေါ်ကို အိမ်ထောင်ဘက်ကချစ်ခင် အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက် လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာ တော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရ လေ့ရှိတယ်။ သူတို့တွေအတွက် အကောင်း ဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲ တန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့် တယ်။ အဖြူရောင် ကျောက်မျက်ရတနာမျိုး စုံနဲ့ သင့်မြတ်တယ်။

(ဆရာဟိန်းတင့်ဇော်) ရေးသားသော ဆောင်းပါးကို မှီငြမ်းထားပါသည်

ဖိုးသူတော် (www.phothutaw.com)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top