Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

“ဗုဒၶ”သည္ ကမာၻေပၚ႐ွိ မည္သည့္ဘာသာအယူ၀ါဒထူေထာင္ဖြဲ႔စည္းသူမွ် မျပဳလုပ္၀ံ့၊
မျပဳလုပ္ႏိုင္ေသာ“ထူးျခားအံ့ဖြယ္ ကမာၻေက်ာ္မိန္႔ခြန္းတစ္ရပ္”ကို ရဲ၀ံ႔ျပတ္သားစြာေဟာၾကားခဲ႔
ပါသည္။

အိႏိၵယႏိုင္ငံ၊ေကာသလတိုင္း၊ေကသမုတၱိ႐ြာသား၊ကာလာမလူမ်ိဳးတို႔ကိုေဟာၾကား
ေသာ“ကာလာမသုတၱန္”သည္“အမွန္တရားကို႐ွာေဖြသူတစ္ဦးထံသို႔ ဗုဒၶ၏လက္ေဆာင္လမ္း
ၫႊန္ခ်က္”တရားတို႔ပင္ျဖစ္သည္။

ဤ သုတၱန္တရားေတာ္ မွ ဗုဒၶ၏မိန္႔ခြန္းသံသည္ အေတြးအျမင္မႈန္၀ါးေနသူကို အလင္း
ေရာင္ျခည္ရေစေသာ“မီး႐ႈးတန္ေဆာင္ပမာ”ျဖစ္ပါသည္။ဘာသာေရးထံုးတမ္းစဥ္လာၾကားတြင္
ေတြေ၀ေငးေမာေနသူမ်ားကို သစၥာတရားလမ္းမွန္ဆီသို႔ တက္တက္ၾကြၾကြ ေလွ်ာက္လွမ္းႏိုင္
ေအာင္ လမ္းဖြင့္ေပးလိုက္ေသာ ၾကည္လင္ခ်ိဳျမသည့္“ဓမၼေခါင္းေလာင္းသံ”လည္းျဖစ္ေပသည္။
ဗုဒၶ ၏ ထို မိန္႔ဆိုခ်က္မွာ……

“အို….ကာလာမလူမ်ိဳး အမ်ိဳးေကာင္းသားတို႔…၊
သင္တို႔သည္ လက္ခံက်င့္သံုးအပ္ေသာ အမွန္တရားဓမၼတို႔ကို ဤ အခ်က္(၁၀)ခ်က္
ျဖင့္ ဆင္ျခင္စိစစ္၍ ဆံုးျဖတ္အားထုတ္ၾကကုန္ေလာ့…။

(၁) ဤတရားေတာ္သည္ မိ႐ိုးဖလာ ေ႐ွးအစဥ္အဆက္က ေျပာၾကားသိမွတ္လာခဲ႔တာပဲ
လို႔“ေ႐ွးစကား”ျဖစ္႐ံုနဲ႔လည္း အယူ၀ါဒတစ္ခုကို လက္မခံလိုက္ပါနဲ႔ဦး။

(၂) ဘိုးစဥ္ေဘာင္ဆက္ က်င့္သံုးလာခဲ႔တဲ႔ “ဓေလ့ထံုးစံ”ျဖစ္႐ံုနဲ႔ပဲ အားလံုးကို အမွန္ျဖစ္
တယ္ လို႔ယူဆၿပီး လက္မခံလိုက္ပါနဲ႔ဦး။

(၃) လူအမ်ားကေျပာေနၾကတာပဲ ဆိုၿပီးေတာ့ လူသိထင္႐ွား“နာမည္ေက်ာ္ၾကား႐ံု”နဲ႔
မစံုစမ္းမဆင္ျခင္ဘဲ အဲဒီ အယူ၀ါဒကို လက္မခံလိုက္ပါနဲ႔ဦး။

(၄) “ေ႐ွးေဟာင္းစာေပက်မ္းဂန္”ေတြထဲမွာ ေရးထားတာပဲ ဆိုၿပီးေတာ့လည္း အလြယ္
တကူ လက္မခံလိုက္ပါနဲ႔ဦး။

(၅) မိမိဥာဏ္႐ွိသမွ် ေတြးေခၚႀကံဆထားတဲ႔ “အယူအဆ”ကိုလည္းပဲ မွန္လွၿပီ လို႔မသတ္
မွတ္ လိုက္ပါနဲ႔ဦး။

(၆) အဲဒီတရားအယူအဆဟာျဖင့္ ေထာက္ပံ့အမွီျပဳအပ္တဲ႔ “နည္းနာနိႆယ”ေတြ၊
အေၾကာင္းျပခ်က္ေတြ႐ွိေနတာဘဲ ဆိုၿပီးေတာ့လည္း အလြယ္တကူ လက္မခံလိုက္
ပါနဲ႔ဦး။

(၇) မိမိဘာသာ“ေတြးေခၚႀကံစည္ဆင္ျခင္ၿပီး”။ဟုတ္လွၿပီ လို႔ သေဘာက်ႏွစ္ၿခိဳက္႐ံုနဲ႔လဲ
မွန္လွၿပီ လို႔ မယူဆလိုက္ပါနဲ႔ဦး။

(၈) ဒီတရားအယူအဆေတြဟာျဖင့္ မိမိစဥ္းစားေတြးေတာထားတာေတြနဲ႔“တူညီတာပဲ”
ဟု ဆို႐ံုမွ်နဲ႔ လည္း အမွန္ေတြဘဲ လို႔ လက္မခံလိုက္ပါနဲ႔ဦး။

(၉) အမ်ားက“ေလးစား႐ိုေသအပ္တဲ႔ ပုဂၢိဳလ္ႀကီး”ရဲ႕ ေျပာတဲ႔စကားပဲ ဆိုၿပီးေတာ့လည္း
မဆင္မျခင္ ပဲ မယံုၾကည္လိုက္ပါနဲ႔ဦး။

(၁၀) ငါတို႔ ရင္းႏွီးကၽြမ္း၀င္ခ်စ္ခင္တဲ႔“ငါတို႔ဆရာသမား”ေျပာၾကားတဲ႔စကားပဲ ဆိုၿပီေတာ့
လည္း အၿပီးသတ္ လက္ခံ ယံုၾကည္မႈကို မျပဳလိုက္ပါနဲ႔ဦး။

“ကာလာမ လူမ်ိဳးတို႔……

သင္၏ကိုယ္ပိုင္ဥာဏ္ျဖင့္ ဦးစြာဆင္ျခင္သံုးသပ္ကာ…..
ဤတရားတို႔ကား..မေကာင္းမႈ တရားတို႔ေပတည္း။
ဤတရားတို႔ကား..အက်ိဳးမဲ႔အျပစ္ကိုသာျဖစ္ေစေသာတရားတို႔တည္း။
ဤတရားတို႔ကား..ပညာ႐ွိတို႔ကဲ႔ရဲ႕အပ္ေသာ တရားတို႔တည္း။
ဤတရားတို႔ကား..ဆင္းရဲဒုကၡအေပါင္းမွ လြတ္ေျမာက္ေၾကာင္းမဟုတ္ေသာတရား
တို႕ေပတည္း……ဟု
ေ႐ွာင္႐ွားပယ္စြန္႔သင့္သည္တို႔ကုိစြန္႔ပစ္ကာ လက္ငင္းအက်ိဳးေက်းဇူးအမွန္တကယ္
ျပဳႏိုင္ေသာ တရားတို႔ကိုသာ လက္ေတြ႕က်င့္သံုးၿပီးမွ ယံုၾကည္လက္ခံၾကပါ….ဟု
ပြင့္လင္းစြာ မိန္႔ၾကားခဲ႔ပါသည္။
“ဘာသာအယူ၀ါဒဂိုဏ္းဂဏ ထူေထာင္သူတို႔သည္…
ငါ့ကိုသာယံုၾကည္ကိုးကြယ္ၾကရမည္။
ငါေျပာသည့္အတိုင္းသာျပဳလုပ္ၾကရမည္။
ငါ့ကိုမယံုၾကည္လွ်င္ အျပစ္႐ွိသည္။ငရဲ သို႔က်ေရာက္ေစရမည္။”…ဟုၿခိမ္းေျခာက္ေဟာေျပာ၍
လူစုေနခ်ိန္တြင္……”

“ဗုဒၶ” က…
“ငါေျပာတာကိုလည္းရမ္းၿပီးမယံုလိုက္ပါနဲ႔ဦး။
ဆင္းရဲဒုကၡၿငိမ္းေအးၿပီး ခ်မ္းသာသုခကိုျဖစ္ေစတဲ႔ ….
သစၥာ(၄)ပါး၊မဂၢင္(၈)ပါး..တရားဓမၼကို ဦးစြာက်င့္သံုးၿပီး ကိုယ္တိုင္ ပစၥဳပၸန္မွာ လက္ေတြ႕
သဘာ၀က်က် အက်ိဳးခံစားရမွ ယံုယံုၾကည္ၾကည္နဲ႔လက္ခံၾကပါ”…ဟု..
ေဟာၾကားရဲျခင္းသည္…
ဓမၼ၏ျမင့္ျမတ္မွန္ကန္ေသာ..ဂုဏ္ေတာ္တစ္ရပ္ပင္ျဖစ္ၿပီး၊ကမာၻေပၚ႐ွိဘာသာအယူ၀ါဒမ်ိဳးစံုတို႔
အတြက္ “အံ့ၾသတုန္လႈပ္ဖြယ္ မိန္႔ခြန္းေတာ္တစ္ရပ္ ” ပင္ျဖစ္ေပေတာ့သည္။

က်မ္းကိုး- I.D.F မွထုတ္ေ၀သည့္“-“ဓမၼရသ စာစုမ်ား”အမွတ္(၂)၊(စာ-၁၄)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: maungmaungkachinlay.

# Unicode Version ျဖင့္ ဖတ္ပါ #

“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့်ဘာသာအယူဝါဒထူထောင်ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊
မပြုလုပ်နိုင်သော“ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်”ကို ရဲဝံ့ပြတ်သားစွာဟောကြားခဲ့
ပါသည်။

အိန္ဒိယနိုင်ငံ၊ကောသလတိုင်း၊ကေသမုတ္တိရွာသား၊ကာလာမလူမျိုးတို့ကိုဟောကြား
သော“ကာလာမသုတ္တန်”သည်“အမှန်တရားကိုရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏လက်ဆောင်လမ်း
ညွှန်ချက်”တရားတို့ပင်ဖြစ်သည်။

ဤ သုတ္တန်တရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင်မှုန်ဝါးနေသူကို အလင်း
ရောင်ခြည်ရစေသော“မီးရှုးတန်ဆောင်ပမာ”ဖြစ်ပါသည်။ဘာသာရေးထုံးတမ်းစဉ်လာကြားတွင်
တွေဝေငေးမောနေသူများကို သစ္စာတရားလမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင်
အောင် လမ်းဖွင့်ပေးလိုက်သော ကြည်လင်ချိုမြသည့်“ဓမ္မခေါင်းလောင်းသံ”လည်းဖြစ်ပေသည်။
ဗုဒ္ဓ ၏ ထို မိန့်ဆိုချက်မှာ……

“အို….ကာလာမလူမျိုး အမျိုးကောင်းသားတို့…၊
သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက်
ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ်အားထုတ်ကြကုန်လော့…။

(၁) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြားသိမှတ်လာခဲ့တာပဲ
လို့“ရှေးစကား”ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။

(၂) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ”ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်
တယ် လို့ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။

(၃) လူအများကပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား“နာမည်ကျော်ကြားရုံ”နဲ့
မစုံစမ်းမဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။

(၄) “ရှေးဟောင်းစာပေကျမ်းဂန်”တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ်
တကူ လက်မခံလိုက်ပါနဲ့ဦး။

(၅) မိမိဉာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ”ကိုလည်းပဲ မှန်လှပြီ လို့မသတ်
မှတ် လိုက်ပါနဲ့ဦး။

(၆) အဲဒီတရားအယူအဆဟာဖြင့် ထောက်ပံ့အမှီပြုအပ်တဲ့ “နည်းနာနိဿယ”တွေ၊
အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်
ပါနဲ့ဦး။

(၇) မိမိဘာသာ“တွေးခေါ်ကြံစည်ဆင်ခြင်ပြီး”။ဟုတ်လှပြီ လို့ သဘောကျနှစ်ခြိုက်ရုံနဲ့လဲ
မှန်လှပြီ လို့ မယူဆလိုက်ပါနဲ့ဦး။

(၈) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစားတွေးတောထားတာတွေနဲ့“တူညီတာပဲ”
ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက်ပါနဲ့ဦး။

(၉) အများက“လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး”ရဲ့ ပြောတဲ့စကားပဲ ဆိုပြီးတော့လည်း
မဆင်မခြင် ပဲ မယုံကြည်လိုက်ပါနဲ့ဦး။

(၁၀) ငါတို့ ရင်းနှီးကျွမ်းဝင်ချစ်ခင်တဲ့“ငါတို့ဆရာသမား”ပြောကြားတဲ့စကားပဲ ဆိုပြီတော့
လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။

“ကာလာမ လူမျိုးတို့……

သင်၏ကိုယ်ပိုင်ဉာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ…..
ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား..အကျိုးမဲ့အပြစ်ကိုသာဖြစ်စေသောတရားတို့တည်း။
ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား..ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်းမဟုတ်သောတရား
တို့ပေတည်း……ဟု
ရှောင်ရှားပယ်စွန့်သင့်သည်တို့ကိုစွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူးအမှန်တကယ်
ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ….ဟု
ပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။
“ဘာသာအယူဝါဒဂိုဏ်းဂဏ ထူထောင်သူတို့သည်…
ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။
ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။
ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ငရဲ သို့ကျရောက်စေရမည်။”…ဟုခြိမ်းခြောက်ဟောပြော၍
လူစုနေချိန်တွင်……”

“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။
ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ ….
သစ္စာ(၄)ပါး၊မဂ္ဂင်(၈)ပါး..တရားဓမ္မကို ဦးစွာကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့
သဘာဝကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ”…ဟု..
ဟောကြားရဲခြင်းသည်…
ဓမ္မ၏မြင့်မြတ်မှန်ကန်သော..ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ကမ္ဘာပေါ်ရှိဘာသာအယူဝါဒမျိုးစုံတို့
အတွက် “အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။

ကျမ်းကိုး- I.D.F မှထုတ်ဝေသည့်“-“ဓမ္မရသ စာစုများ”အမှတ်(၂)၊(စာ-၁၄)

ဖိုးသူတော် (www.phothutaw.com)
Credit: maungmaungkachinlay.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top