Golden City Promotion
×

                    မီးေလာင္ကြၽမ္းမႈေၾကာင့္ ပ်က္စီးသြားသည့္ ဆုိင္ကယ္မ်ားကို ေတြ႕ရစဥ္
လမ္းသြားလမ္းလာမ်ားက စည္းကမ္းမဲ့ ေဆးလိပ္မီးစြန္႔႔ပစ္ခဲ့ သျဖင့္ ျပည္ၿမိဳ႕ ကမ္းနားလမ္းရွိ ၿမိဳ႕နယ္တရား႐ံုးဝင္းအတြင္း သက္ေသခံအျဖစ္ သိမ္းဆည္း ထားသည့္ ဆိုင္ကယ္ငါးစီး မီး ေလာင္ဆံုး႐ႈံးခဲ့သည္။
ေအာက္တုိဘာ ၁၁ ရက္ နံနက္ ၅ နာရီခန္႔တြင္ မီးေလာင္ ကြၽမ္းခဲ့ၿပီး စည္းကမ္းမဲ့ စြန္႔ပစ္ သည့္ ေဆးလိပ္မီးမွ သစ္ရြက္ေျခာက္မ်ားကို ေလာင္ကြၽမ္းရာ ကတစ္ဆင့္ ဆုိင္ကယ္မ်ားကို မီး ကူးစက္ေလာင္ကြၽမ္းခဲ့ၿပီး ကာလ တန္ဖိုးက်ပ္တစ္သိန္းခြဲခန္႔ ဆံုး႐ႈံးခဲ့ ေၾကာင္း ျပည္ခ႐ိုင္မီးသတ္တပ္ဖြဲ႕ မွ ဦးစီးအရာရွိ ဦးမိုးေက်ာ္က ေျပာသည္။ အဆိုပါတရား႐ံုးဝင္းရွိ ဆုိင္ ကယ္မ်ားသိမ္းဆည္းထားရာ ေန ရာႏွင့္ ကမ္းနားလမ္းသည္ အုတ္နံရံတစ္ခုသာ ျခားထားၿပီး မီးေလာင္ ကြၽမ္းမႈကို ေစာစီးစြာ သိရွိျခင္း ေၾကာင့္သာ ဆိုင္ကယ္မ်ား ဆံုး႐ႈံးမႈနည္းပါးရေၾကာင္း ကမ္းနားလမ္း ေန ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။

  ‘‘မီးေလာင္ခ်ိန္ကေတာ့ ဆယ္မိနစ္ေလာက္ပဲ ရွိမယ္။ ၿမိဳ႕ တြင္းလည္းျဖစ္ လမ္းေဘးမွာ ဆိုေတာ့ မီးသတ္ကားေတြ အခ်ိန္ မီေရာက္ၿပီး လြယ္ကူစြာၿငိႇမ္းသတ္ ႏုိင္ခဲ့တယ္။ မီးစတင္ေလာင္တာ ကို လမ္းထဲက ျမင္ေတြ႕သူက အ ခ်ိန္မီ သတင္းေပးခဲ့လို႔သာေပါ့။ ဆိုင္ကယ္ေတြထဲက ဆီက်န္ေတြ နဲ႔ အခ်ိန္သာမမီရင္ အကုန္ေျပာင္သြားမယ္’’ဟု​ ၎က ဆိုသည္။

မီးေလာင္ကြၽမ္းဆံုး႐ႈံးသြား သည့္ ဆုိင္ကယ္မ်ားတြင္ လက္ရွိ အမႈရင္ဆုိင္ေနရေသာ သက္ေသ ခံပစၥည္းဆိုင္ကယ္မ်ားအပါအဝင္ အစီးေရ ၃၀ ေက်ာ္ စုေပါင္းသိမ္းဆည္းထားေၾကာင္း ျပည္ၿမိဳ႕နယ္တရား႐ံုးမွ ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးက ေျပာသည္။

အထက္ပါ မီးေလာင္မႈႏွင့္ ပတ္သက္ၿပီး စည္းကမ္းမဲ့ေဆး လိပ္စြန္႔ပစ္သူကို မီးေပါ့ဆမႈပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထား ကာ ဖမ္းမိႏိုင္ေရး ေဆာင္ရြက္ေန သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
လမ်းသွားလမ်းလာများက စည်းကမ်းမဲ့ ဆေးလိပ်မီးစွန့့်ပစ်ခဲ့ သဖြင့် ပြည်မြို့ ကမ်းနားလမ်းရှိ မြို့နယ်တရားရုံးဝင်းအတွင်း သက်သေခံအဖြစ် သိမ်းဆည်း ထားသည့် ဆိုင်ကယ်ငါးစီး မီး လောင်ဆုံးရှုံးခဲ့သည်။
အောက်တိုဘာ ၁၁ ရက် နံနက် ၅ နာရီခန့်တွင် မီးလောင် ကျွမ်းခဲ့ပြီး စည်းကမ်းမဲ့ စွန့်ပစ် သည့် ဆေးလိပ်မီးမှ သစ်ရွက်ခြောက်များကို လောင်ကျွမ်းရာ ကတစ်ဆင့် ဆိုင်ကယ်များကို မီး ကူးစက်လောင်ကျွမ်းခဲ့ပြီး ကာလ တန်ဖိုးကျပ်တစ်သိန်းခွဲခန့် ဆုံးရှုံးခဲ့ ကြောင်း ပြည်ခရိုင်မီးသတ်တပ်ဖွဲ့ မှ ဦးစီးအရာရှိ ဦးမိုးကျော်က ပြောသည်။ အဆိုပါတရားရုံးဝင်းရှိ ဆိုင် ကယ်များသိမ်းဆည်းထားရာ နေ ရာနှင့် ကမ်းနားလမ်းသည် အုတ်နံရံတစ်ခုသာ ခြားထားပြီး မီးလောင် ကျွမ်းမှုကို စောစီးစွာ သိရှိခြင်း ကြောင့်သာ ဆိုင်ကယ်များ ဆုံးရှုံးမှုနည်းပါးရကြောင်း ကမ်းနားလမ်း နေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

  ‘‘မီးလောင်ချိန်ကတော့ ဆယ်မိနစ်လောက်ပဲ ရှိမယ်။ မြို့ တွင်းလည်းဖြစ် လမ်းဘေးမှာ ဆိုတော့ မီးသတ်ကားတွေ အချိန် မီရောက်ပြီး လွယ်ကူစွာငြှိမ်းသတ် နိုင်ခဲ့တယ်။ မီးစတင်လောင်တာ ကို လမ်းထဲက မြင်တွေ့သူက အ ချိန်မီ သတင်းပေးခဲ့လို့သာပေါ့။ ဆိုင်ကယ်တွေထဲက ဆီကျန်တွေ နဲ့ အချိန်သာမမီရင် အကုန်ပြောင်သွားမယ်’’ဟု ၎င်းက ဆိုသည်။

မီးလောင်ကျွမ်းဆုံးရှုံးသွား သည့် ဆိုင်ကယ်များတွင် လက်ရှိ အမှုရင်ဆိုင်နေရသော သက်သေ ခံပစ္စည်းဆိုင်ကယ်များအပါအဝင် အစီးရေ ၃၀ ကျော် စုပေါင်းသိမ်းဆည်းထားကြောင်း ပြည်မြို့နယ်တရားရုံးမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

အထက်ပါ မီးလောင်မှုနှင့် ပတ်သက်ပြီး စည်းကမ်းမဲ့ဆေး လိပ်စွန့်ပစ်သူကို မီးပေါ့ဆမှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား ကာ ဖမ်းမိနိုင်ရေး ဆောင်ရွက်နေ သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top