Golden City Promotion
×

ၿပီးခဲ့သည့္ သီတင္းပတ္မ်ားအတြင္း ကုလသမဂၢ၏ လံုၿခံဳေရး ေကာင္စီအစည္းအေဝးမ်ားတြင္ ရခုိင္ျပည္နယ္ပဋိပကၡက အဓိကအက်ဆံုးေဆြးေႏြးမႈအေၾကာင္းအရာတစ္ခုအျဖစ္ ရပ္တည္ခဲ့သည္။ ျမန္မာႏုိင္ငံ အေနာက္ဖ်ားေဒသ တြင္ လူမ်ိဳးေရး သုတ္သင္ရွင္း လင္းမႈမ်ားရွိေနၿပီး အေရအတြက္အားျဖင့္ သိန္းခ်ီမ်ားျပားသည့္ ဘဂၤါလီဒုကၡသည္မ်ားက ျမန္မာႏုိင္ငံကို စြန္႔ခြာကာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္သို႔ ခိုလံႈထြက္ေျပးေနေၾကာင္း စြပ္စြဲမႈမ်ားလည္း ျပင္းထန္ခဲ့သည္။
    သို႔ေသာ္ ရခုိင္ျပည္နယ္ကိစၥအေပၚ အလြန္အမင္း အာ႐ံုစိုက္ေနျခင္းသည္ ပိုမိုက်ယ္ျပန္႔သည့္ ျမန္မာႏုိင္ငံတစ္ခုလံုး၏ ေနာက္ခံ အေျခအေနမ်ားကို ေဝဝါးေပ်ာက္ ကြယ္သြားေစသည္။ အဆိုပါ ေနာက္ခံအေျခအေနမ်ားကသာ ဒုကၡသည္မ်ား ေနရပ္ျပန္လာႏုိင္ေရးအတြက္ ေရြးခ်ယ္ခြင့္မ်ားအ ျပင္ ေဒသတြင္း တည္ၿငိမ္ေရးႏွင့္တစ္ႏုိင္ငံလံုးမွ ျပည္သူမ်ားအ တြက္ ပိုမိုေကာင္းမြန္သည့္ လူမႈဘဝမ်ား ပိုင္ဆိုင္လာေရး ရည္မွန္း ခ်က္မ်ားကို လက္ေတြ႕ဖန္တီးပံု ေဖာ္ေပးႏုိင္မည္ျဖစ္သည္။

ျမန္မာႏုိင္ငံတြင္ ရခိုင္ျပည္နယ္သာမဟုတ္ဘဲ အျခားေသာ ေဒသအသီးသီး၌ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသည့္ ဒုကၡသည္ ငါးသိန္းေက်ာ္မွ် ရွိေနသည္။ တိုင္း ရင္းသား မ်ိဳးႏြယ္စုအေျချပဳေသာ လက္နက္ကိုင္ အဖြဲ႕အစည္း ၂၀ ဝန္းက်င္ (အင္အားအႀကီးဆံုး အစု အဖြဲ႕တြင္ လက္နက္ကိုင္ဦးေရ ႏွစ္ေသာင္းေက်ာ္ရွိ)ႏွင့္ ႏိုင္ငံအႏွံ႔အ ျပားတြင္ ျပည္သူ႔စစ္အဖြဲ႕အစည္း ရာႏွင့္ခ်ီ ပ်ံ႕ႏွံ႔တည္ရွိေနသည္။ ယင္းသည္ ျပည္တြင္း၌ ၿငိမ္းခ်မ္းေရး စစ္စစ္မွန္မွန္ မေဖာ္ေဆာင္ႏုိင္ေသးေၾကာင္း ထပ္ဟပ္ေစသည္။ ထို႔အျပင္ စီးပြားေရး က႑မွာ က်န္းမာအားေကာင္းသည့္အဆင့္မ်ိဳးမဟုတ္ေသးေခ်။ ဘဏ္လုပ္ ငန္း၏ အေျခခံခုိင္မာ တည္ၿငိမ္မႈ ႏွင့္ပတ္သက္၍လည္း ေမးခြန္း ထုတ္စရာမ်ား ရွိေနဆဲျဖစ္သည္။ ထိုအေတာတြင္း တ႐ုတ္အစိုးရက လည္း ၎တို႔၏ အတြင္းပိုင္း ျပည္နယ္မ်ားႏွင့္ ျမန္မာႏုိင္ငံၾကား ခ်ိတ္ဆက္မႈကို ပိုမိုျမႇင့္တင္ႏုိင္မည့္ အ ေျခခံအေဆာက္အအံု စီမံကိန္းသစ္မ်ား ေဖာ္ေဆာင္ရန္ ကမ္းလွမ္းခ်ဥ္းကပ္ေနသည္။ ထိုအစီအစဥ္ မ်ားက ျမန္မာႏုိင္ငံကို တ႐ုတ္၏ အိႏၵိယသမုဒၵရာ ထြက္ေပါက္စႀကႍသဖြယ္ ပိုမို႐ုပ္လံုးေပၚလာေစမည္ ျဖစ္သည္။ ျမန္မာႏုိ္င္ငံ၏ လက္ရွိ အေျခခံဥပေဒအရ အရပ္သားအစိုးရအတြက္ စီးပြားေရးႏွင့္ ႏုိင္ငံတကာ ဆက္ဆံေရးက႑မ်ားတြင္ လြတ္လပ္စြာကိုင္တြယ္စီမံခြင့္ျပဳထားသည့္တိုင္ အေရးပါေသာ လံုၿခံဳေရးဆိုင္ရာလုပ္ပိုင္ခြင့္ အာဏာမ်ားကိုမူ တပ္မေတာ္ကသာ ထိန္းခ်ဳပ္ထားသည္။ ထိုအေျခအေနက ႏွစ္ဦးႏွစ္ဖက္ အေနက်ပ္ေစမည့္ တင္းမာမႈတစ္ခု ျဖစ္တည္ေနေစသလို ၂၀၂၀ ျပည့္ႏွစ္တြင္ က်င္းပမည့္ေရြးေကာက္ပြဲမ်ား၏ ေအာင္ျမင္မႈအေျခအေနႏွင့္ အနာဂတ္ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲမႈ အလားအလာမ်ားအတြက္လည္း အာမခံခ်က္မရွိေသးေခ်။

ျမန္မာျပည္သူမ်ားအတြက္ မူ လက္ရွိကာလကို စိုးရိမ္ေၾကာင့္ ၾကမႈမ်ားႏွင့္ ျဖတ္သန္းေနရသည္။ ေျပာင္းလဲမႈမ်ား အရွိန္အဟုန္ျမန္ ဆန္စြာ ျဖစ္ေပၚေနျခင္းေၾကာင့္ ေနာက္က်က်န္ခဲ့ၿပီး ၎တို႔ကိုယ္တိုင္ေရာ ၎တို႔၏ မိသားစုမ်ားပါက်ပ္တည္းမႈမ်ား ႀကံဳလာႏိုင္သည္ဟု ေတြးေတာပူပန္ေနသူ သန္း ႏွင့္ခ်ီရွိေနသည္။ ထိုသန္းႏွင့္ခ်ီ ေသာသူမ်ားသည္ ယခုအခါ အင္တာနက္ေပၚ ေရာက္လာၾကသည္။ ၿပီးခဲ့သည့္ ငါးႏွစ္တာကို ျပန္ၾကည့္ပါက မိုဘုိင္းဖုန္းသံုးစြဲသူအေရအ တြက္သည္ ရာခိုင္ႏႈန္းအနည္းငယ္မွ်သာရွိခဲ့သည့္ အေျခအေနမွ ၇၀ ရာခုိင္ႏႈန္းအထက္ မ်ားျပားသည့္အဆင့္သို႔ ႐ုတ္ခ်ည္းေျပာင္းလဲလာ သည္။ လွ်ပ္စစ္မီး၊ သန္႔ရွင္းေသာေသာက္ သံုးေရႏွင့္ ထိေရာက္သည့္က်န္းမာေရးေစာင့္ေရွာက္မႈမ်ား မရေသးသည့္ လူတန္းစားတစ္ရပ္ သည္ ယခုအခါ ေဖ့စ္ဘြတ္ခ္ေပၚ ေရာက္ေနၿပီျဖစ္သည္။ ေဖ့စ္ ဘြတ္ခ္သည္ ျမန္မာႏုိင္ငံ၏ အေန အထားအရ တစ္ခုတည္းေသာ လူမႈကြန္ရက္ မီဒီယာပလက္ေဖာင္း သဖြယ္ သတ္မွတ္ခံထားရသည္။

ေမွာင္မုိက္ေသာ ေရစီးေၾကာင္း အသစ္မ်ား

စိုးရိမ္ေၾကာင့္ၾကမႈ ႀကီးစိုးေနေသာ လက္ရွိကာလတြင္ အမ်ိဳးသားေရးဝါဒသစ္ ပံုစံတစ္ခုက လည္း ေပၚေပါက္လာသည္။ ကုလသမဂၢႏွင့္ အေနာက္အုပ္စုအပါ အဝင္ ျပင္ပကမၻာ့ႏုိင္ငံမ်ားသည္ ရခိုင္ျပည္နယ္ပဋိပကၡမ်ားႏွင့္ပတ္ သက္ပါက ျမန္မာႏုိင္ငံအေပၚ လုပ္ႀကံမည့္ ရန္သူမ်ားႏွင့္ ယွဥ္တြဲရပ္တည္ေနသည္ဆိုကာ သေဘာ တရားမ်ိဳးကို လူမႈကြန္ရက္ မီဒီယာ မ်ားမွတစ္ဆင့္ အဆိုပါ ဝါဒက တြင္တြင္က်ယ္က်ယ္ ျဖန္႔ေဝၿပီး ေလာင္စာ ျမႇင့္ေပးလ်က္ရွိသည္။

ႏိုင္ငံတကာ အျမင္က ဘဂၤလားေဒ့ရွ္ႏွင့္ နယ္စပ္တစ္ေလွ်ာက္ ရွိ ဘဂၤါလီမ်ား၏ ေၾကကြဲစရာ ဇာတ္ေၾကာင္းမ်ား၊ လူနည္းစုျဖစ္ သည့္ ဘဂၤါလီမ်ားအေပၚ က်ဴး လြန္ေနသည့္ လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈ စြပ္စြဲခ်က္မ်ားအေပၚ စူးစိုက္က်ေရာက္ေနခ်ိန္၌ ျပည္တြင္းတြင္မူ ယင္းအျမင္ႏွင့္ ကြဲျပား စြာ တည္ရွိေနသည္။ ကြဲျပား႐ံုမွ် မကဘဲ ေျဖာင့္ေျဖာင့္ႀကီး ဆန္႔ က်င္ေနသည္ဟုပင္ ဆိုႏုိင္သည္။

ျမန္မာႏုိင္ငံတြင္ အစိုးရသာ မကဘဲ ျပည္သူအမ်ားစုကပါ ARSA အၾကမ္းဖက္အုပ္စု၏ ၿခိမ္းေျခာက္မႈႏွင့္ အစြန္းေရာက္ အစၥလာမ္မစ္ဝါဒအေပၚ အေလးအ နက္ ထိတ္လန္႔စိုးရိမ္လ်က္ရွိ သည္။ ဩဂုတ္ ၂၅ ရက္က ARSA၏ တိုက္ခုိက္မႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏုိင္ငံ၏ လူမႈကြန္ရက္ မီဒီယာသံုးစြဲသူမ်ားၾကားတြင္ ARSA အၾကမ္းဖက္အုပ္စုက ဗုဒၶ ဘာသာဝင္မ်ားႏွင့္ လူနည္းစု ဟိႏၵဴဘာသာဝင္မ်ားကို လူမဆန္စြာ က်ဴးလြန္ခဲ့သည့္ လုပ္ရပ္မ်ား၊ မြတ္စလင္ အမ်ားစုေနထုိင္ရာ ဧရိယာမ်ားကို စြန္႔ခြာကာ ေတာင္ဘက္ ေဒသသို႔ တိမ္းေရွာင္လာရသည့္ ေထာင္ေသာင္းခ်ီေသာ ျပည္သူမ်ားႏွင့္ပတ္သက္၍ ေရးသားထား မႈမ်ား ျပည့္ႏွက္ခဲ့သည္။

စက္တင္ဘာလ ေႏွာင္းပိုင္း တြင္ အယ္လ္ကိုင္ဒါႏွင့္ အုိင္ အက္စ္ကဲ့သို႔ ကမၻာေက်ာ္ စစ္ေသြးႂကြ အုပ္စုႀကီးမ်ားက ျမန္မာႏုိင္ငံ အတြင္း အေရးယူတံု႔ျပန္တုိက္ခုိက္မႈမ်ား ျပဳလုပ္ရန္ ႏိႈးေဆာ္လုိက္ သည့္ေနာက္ ရန္ကုန္ႏွင့္ မႏၲေလးကဲ့သို႔ ၿမိဳ႕ႀကီးမ်ားတြင္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ေပၚေပါက္လာ မည္ကို စိုးရိမ္မႈမ်ား ျမင့္တက္လာသည္။ ဒုကၡသည္မ်ားႏွင့္ပတ္သက္ ၍ မ်က္ျမင္အေျခအေနမ်ားကို လုပ္ႀကံဖန္တီးထားမႈမ်ားအျဖစ္ ယူဆၾကသည္။ အထူးသျဖင့္ ရခုိင္ဗုဒၶဘာသာဝင္မ်ားက ဘဂၤါလီအ ေရးကို ျပည္ပႏုိင္ငံမ်ား၏ အျမင္အတုိင္း ေၾကကြဲစရာ လူ႔အခြင့္အ ေရး ျပႆနာတစ္ခုအျဖစ္ လက္မခံဘဲ တရားမဝင္ေရႊ႕ေျပာင္း ဝင္ေရာက္လာၿပီး အၾကမ္းဖက္သမား မ်ားအသြင္ ေျပာင္းလဲသြားသည့္ ႏိုင္ငံရပ္ျခားမွ က်ဴးေက်ာ္သူမ်ား အျဖစ္သာ ႐ႈျမင္ၾကသည္။

အမ်ိဳးသားေရး ဝါဒတစ္ရပ္ျပန္လည္ ေခါင္းေထာင္လာေသာ္ လည္း ႏိုင္ငံအတြင္းရွိ မ်ားျပား စံုလင္လွသည့္ လူနည္းစု တိုင္း ရင္းသားမ်ားႏွင့္ပတ္သက္ေသာ အျမင္မ်ား၊ အေနာက္အုပ္စုႏွင့္ တ႐ုတ္တို႔အေပၚ ဆက္ဆံေရး ဆိုင္ရာ အျမင္မ်ားသာမက ျမန္မာ့ ဒီမိုကေရစီႏွင့္ ပတ္သက္ေသာ အျမင္မ်ားကမူ ထင္ထင္ရွားရွား ႐ုပ္လံုးေပၚမလာေသးေခ်။

အပစ္ပယ္ခံရခုိင္

ရခုိင္ျပည္နယ္ ေျမာက္ပိုင္းေဒသသည္ ကမၻာေပၚတြင္ သဘာဝတရား၏ ေဖာ္ေရြမႈ အနည္းဆံုးေဒသတစ္ခုဟုပင္ ၫႊန္းဆိုႏုိင္ သည္။ ငလ်င္ရပ္ဝန္းတစ္ခုျဖစ္ သလုိ ဖ်က္ဆီးအားျပင္းထန္လြန္းသည့္ ဆိုင္ကလုန္း မုန္တိုင္းႀကီးမ်ား ျဖတ္သန္းရာ လမ္းေၾကာင္းတြင္လည္း က်ေရာက္ေနသည္။ မုတ္သံုရာသီ က်ေရာက္ခ်ိန္တြင္ တစ္လတာ မိုးေရခ်ိန္သည္ တစ္မီ တာမွ်အထိ မ်ားျပားတတ္သည္။ ၁၉၄၄ ေဖေဖာ္ဝါရီက အိႏိၵယ၊ ေဂၚရခါး၊ အဂၤလိပ္ႏွင့္ အေနာက္အာဖရိက မဟာမိတ္တပ္မ်ား သည္ Admin Box တိုက္ပြဲတြင္ ဂ်ပန္တပ္မ်ားကို ရင္ဆုိင္တိုက္ ခုိက္ခဲ့ဖူးသည္။ ယဥ္ေက်းမႈ ဆင့္ကဲတိုးတက္လာသည့္ အေျခအေန မ်ားႏွင့္လည္း ကာလရွည္ၾကာ ကင္းကြာေနခဲ့ျပန္သည္။ သမုိင္းမွတ္တမ္းမ်ား၌ အဆိုပါ ရခုိင္ျပည္နယ္ေျမာက္ပိုင္းတြင္ လူသားႏွင့္ ဘီလူးမ်ား ထိပ္တိုက္ရင္ဆိုင္ဖူး သည္ဆိုေသာ ေဖာ္ျပခ်က္မ်ားပင္ ရွိေနသည္။ ေရွးေခတ္ အိႏၵိယအ ႏြယ္မ်ားက ဘဂၤလားေဒ့ရွ္ရွိ မက္ဂ္ နာျမစ္အလြန္ နယ္ေျမသည္ ရက္စက္ၾကမ္းၾကဳတ္ေသာ လူ႐ိုင္းမ်ားက်က္စားရာေဒသဟု သတ္မွတ္ထားၿပီး မိမိကိုယ္ကိုယ္ တန္ဖိုးထား သည့္ ဟိႏၵဴဘာသာဝင္မ်ား မသြားအပ္သည့္ေနရာဟု သတ္မွတ္ထား ၾကသည္။

အဆိုပါ ေဒသတြင္ပင္ ၁၈၂၄ ၌ ၿဗိတိသွ် အေရွ႕အိႏၵိယေဒသကေရွးပေဒသရာဇ္ ျမန္မာႏုိင္ငံကို က်ဴးေက်ာ္ခဲ့ရာမွ ကြဲျပားသည့္ ထႂကြမႈမ်ား၊ ဒုကၡသည္အက်ပ္အတည္းမ်ား ဆုိက္ေရာက္ခဲ့ဖူး သည္။ ျမန္မာႏုိင္ငံတြင္ေတာ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းကို အေနာက္ တံခါးဆိုေသာ ဝိေသသျဖင့္ တင္ စား ေခၚေဝၚေလ့ရွိသည္။

အာရကန္ေခၚ ရခုိင္ျပည္နယ္၏ အေစာပိုင္းသမိုင္းျဖစ္စဉ္မ်ား ႏွင့္ပတ္သက္၍ အလြန္လူသိနည္း ေနဆဲ ျဖစ္သည္။ သို႔ေသာ္ ၁၄၀၀ ျပည့္လြန္ႏွစ္မ်ား၌ ယေန႔ေခတ္ စစ္တေကာင္းေဒသအလြန္ ကပၸလီ ပင္လယ္ျခားသည့္ေနရာ၌ စည္း လံုးညီၫြတ္ေသာ ဘုရင့္ႏုိင္ငံငယ္ တစ္ခု တည္ရွိေနၿပီျဖစ္ေၾကာင္း မွတ္တမ္းတင္ထားႏုိင္ခဲ့သည္။ ထိုႏုိင္ငံမွ ဘုရင္အဆက္ဆက္သည္ ဗမာစကားမွ ကြဲျပားဆင္းသက္ လာသည့္ ရခုိင္ဘာသာျဖင့္ ေျပာ ဆိုၾကသည္။ ဗုဒၶဘာသာကို သက္ဝင္ယံုၾကည္ၿပီး တင့္တယ္သပၸာယ္ လွသည့္ ေစတီပုထိုးမ်ားကို တည္ထားခဲ့ၾကသည္။ သို႔ေသာ္ ထိုစဥ္ကတည္းက လူမ်ိဳးေပါင္းစံု ကြဲျပားစြာ ထိေတြ႕ဆက္ဆံမႈမ်ိဳးရွိခဲ့ၿပီး အခ်ိဳ႕ေသာဘုရင္မ်ားသည္ ဗုဒၶ၏ပါဠိဘာသာျဖင့္ေရာ ဘဂၤါလီမြတ္ စလင္ ဘြဲ႕အမည္မ်ားကိုပါ ခံယူခဲ့သလို ဒတ္ခ်္မ်ိဳးႏြယ္ ကုန္သည္မ်ားကိုလည္း လက္ခံႀကိဳဆိုခဲ့သည္။ ရခုိင္ဘုရင္မ်ား၏ ကိုယ္ရံေတာ္တပ္ဖြဲ႕မ်ားတြင္ အာဖဂန္မ်ိဳးႏြယ္ဝင္ေလးသည္ေတာ္မ်ား၊ သင္းကြဲဂ်ပန္ဆာမူ႐ိုင္းမ်ားပင္ ပါဝင္ခဲ့ၾက သည္။

ေပၚတူဂီ ပင္လယ္ဓားျပမ်ားႏွင့္ တစ္ပါတည္း ဖမ္းဆီးရမိ လာသည့္ ဘဂၤါလီေက်းကြၽန္မ်ား အေျခခ်ရာမွ ယေန႔ေခတ္ နယ္ျခားေဒသျဖစ္ လာေသာေနရာတြင္ လူဦးေရတိုး ပြားက်ယ္ျပန္႔လာသည္။

၁၇၈၅ တြင္မူ ဧရာဝတီျမစ္ ဝွမ္းေဒသမွ ခ်ီတက္လာသည့္ ဗမာတပ္မ်ားေၾကာင့္ ရခုိင္ဘုရင့္ႏုိင္ငံ ပ်က္သုဥ္းသြားခဲ့သည္။ ထို႔ေနာက္ တြင္ ယင္းေဒသသို႔ ၿဗိတိသွ်မ်ား ေရာက္ရွိလာၾကသည္။ ၿဗိတိသွ်မ်ားက အက်ိဳးအျမတ္တစ္ခုတည္း ကိုသာၾကည့္ၿပီး စစ္တေကာင္းမွ ဘဂၤါလီမ်ား အလံုးအရင္း ေျပာင္း ေရႊ႕လာႏုိင္ေအာင္ တြန္းအားေပး လုပ္ေဆာင္ခဲ့သည္။ ထိုစဥ္က ၿဗိတိသွ်ကိုလိုနီအရာရွိမ်ားက ၎တို႔ကို စစ္တေကာင္းေဒသမွ ၿခံဳးၿခံ ေခြၽတာၿပီး အလုပ္ႀကိဳးစားသည့္ ဘဂၤါလီမြတ္စလင္မ်ားဟု သံုးႏႈန္းေခၚေဝၚခဲ့သည္။ ၁၉၁၀ ျပည့္ႏွစ္ေနာက္ပိုင္းတြင္ အေရွ႕ဘက္မွ ဗမာတိုင္းရင္းသား အေျခခ်ေနထိုင္သူမ်ားပါ စတင္ေရာက္ရွိလာ သည္။ ထို႔ေနာက္တြင္မူ ရခုိင္တို႔သည္ ၎တုိ႔၏ ကိုယ္ပိုင္နယ္ေျမတြင္ လူနည္းစု တိုင္းရင္းသား သဖြယ္ ျဖစ္လာခဲ့သည္။

ယေန႔ေခတ္တြင္ ဂလိုဘယ္လုိက္ေဇးရွင္း ဆန္႔က်င္ျခင္းႏွင့္ ေရႊ႕ေျပာင္းအေျခခ်မႈ ဆန္႔က်င္ ျခင္း လႈပ္ရွားမႈမ်ားအျဖစ္ သံုးႏႈန္း ၫႊန္းဆိုသည့္ ဗမာအမ်ိဳးသားေရး ဝါဒသည္ ထိုစဥ္ကာလမ်ားက တည္းက စတင္အေျခတည္ေမြး ဖြားလာျခင္းျဖစ္သည္။ ၁၉ ရာစုေႏွာင္းပိုင္းႏွင့္ ၂၀ ရာစု အေစာပိုင္း တြင္ ဘဂၤါလီမ်ားသည္ ကုန္းလမ္း မွတစ္ဆင့္ ရခုိင္သို႔ ဝင္ေရာက္လာ ၾကသည္။ ထိုအခ်ိန္တြင္ ပင္လယ္ျပင္ကို ျဖတ္ေက်ာ္ကာ အိႏၵိယ တိုက္ငယ္ဘက္မွ လူသန္းႏွင့္ခ်ီၿပီးေရလမ္းခရီးျဖင့္ ဆိုက္ေရာက္လာ ၾကသည္။ ကိုလိုနီစီးပြားေရးသည္ အရွိန္ေကာင္းေကာင္းျဖင့္ ခုန္ပ်ံေက်ာ္လႊားတိုးတက္လာသည့္တိုင္ လူေနမႈ ပိရမစ္ကားခ်ပ္တြင္ ေနရာခ်ၾကည့္ပါက ဗမာတို႔၏ အေျခအ ေနသည္ ေအာက္ေျခနားတြင္သာ ရွိေနခဲ့သည္။ ရခုိင္အမ်ိဳးသားေရးဝါဒသည္ ဗမာအမ်ိဳးသားေရးဝါဒႏွင့္ ဆင္တူသည္။ ႏွစ္မ်ိဳးစလံုးသည္ ေထရဝါဒဗုဒၶဘာသာႏွင့္ ဆက္ႏႊယ္မႈရွိသလို ေခတ္အလုိက္ ေျပာင္း လဲျခင္းႏွင့္ ျပည္ပမွ ေရာက္ရွိလာ သူမ်ား၏ လႊမ္းမိုးမႈတို႔အေပၚ မလိုလားဘဲ စိုးရိမ္သည့္ သေဘာထားမ်ိဳးရွိၾကသည္။၁၉၄၂ တြင္ ဂ်ပန္တို႔ က်ဴးေက်ာ္လာသည့္ေနာက္ အရပ္ဘက္စီမံအုပ္ခ်ဳပ္မႈစနစ္ ၿပိဳကြဲခဲ့ သည္။ ေခတ္ပ်က္အတြင္း ဗုဒၶဘာသာႏွင့္ မြတ္စလင္မ်ားၾကား ပဋိပကၡမ်ား ေပၚေပါက္ခဲ့ၿပီး လူေပါင္းေထာင္ေသာင္းခ်ီ ရက္စက္စြာ သတ္ျဖတ္ခံခဲ့ရသည္။ ဂ်ပန္တို႔က ရခုိင္ဗုဒၶဘာသာဝင္မ်ားကို လက္နက္တပ္ဆင္ေပးၿပီး ၿဗိတိသွ်တို႔က ၎တို႔၏ V တပ္ဖြဲ႕ အစိတ္အပိုင္းအေနျဖင့္ မြတ္စလင္မ်ားကို ကင္းေထာက္ျခင္းႏွင့္ ေျပာက္က်ားစစ္ဆင္ေရးမ်ားတြင္ အသံုးျပဳရန္ လက္နက္တပ္ဆင္ေပးခဲ့ၾက သည္။

စစ္ၿပီးေသာအခါ ေဒသခံမြတ္စလင္ အသိုက္အဝန္း၏ ေခါင္း ေဆာင္မ်ားက ရခုိင္ျပည္နယ္ ေျမာက္ပိုင္းကို ပါကစၥတန္ႏွင့္ ေပါင္းစည္းေရး စိတ္ကူးတစ္ခုကို ခ်ျပလာသည္။ ေနာက္ပိုင္းတြင္မူ ျမန္မာႏုိင္ငံပိုင္နက္၌ ၎တုိ႔၏ ကိုယ္ပိုင္နယ္ေျမတစ္ခုရွိသင့္ ေၾကာင္း အေရးဆိုလာသည္။ ထို႔ ေနာက္ပိုင္း ဆယ္စုႏွစ္မ်ားအတြင္း မူဂ်ာဟစ္ဒင္အဖြဲ႕မ်ားႏွင့္ အျခား ေသာ ေဒသခံစစ္ေသြးႂကြမ်ား၏ ေသာင္းက်န္းမႈမ်ား အရွိန္အဟုန္ အနိမ့္အျမင့္ အတက္အက်အမ်ိဳးမ်ိဳးျဖင့္ ဆက္လက္ျဖစ္ပြားေနခဲ့ သည္။ ၁၉၇၈ ႏွင့္ ၁၉၉၀ ျပည့္ႏွစ္မ်ားအတြင္း တပ္မေတာ္၏ ဖိဖိစီးစီး အေကာင္အထည္ေဖာ္ခဲ့ေသာ စစ္ ဆင္ေရးမ်ားေၾကာင့္ သိန္းဂဏန္း မွ်ရွိသည့္ မြတ္စလင္ ဒုကၡသည္မ်ား ဘဂၤလားေဒ့ရွ္သို႔ ထြက္ေျပးသြားၾကသည္။ ၁၉၉၀ ျပည့္လြန္ႏွစ္မ်ားတြင္ ရခုိင္သည္ အလြန္ဆင္းရဲ ၿပီး တသီးတျခားရပ္တည္ေနသည့္ ႏုိင္ငံတစ္ခုတြင္ပင္ အဆင္းရဲဆံုး ႏွင့္ တသီးတျခားအဆန္ဆံုး အစိတ္အပိုင္းတစ္ခု ျဖစ္လာေတာ့သည္။

မ်ိဳးႏြယ္စု သတ္မွတ္ခ်က္ဆိုင္ရာ ေမးခြန္းတစ္ခု

၎တို႔ မတိုင္မီ ၿဗိတိသွ်တို႔၏ လူမ်ိဳးေရးႏွင့္ ယဥ္ေက်းမႈ သ႐ုပ္ခြဲ ေလ့လာခဲ့သူမ်ားနည္းတူ ဗမာ  အမ်ိဳးသားေရးဝါဒီမ်ားသည္ လူမ်ိဳးေရး ပိုင္းျခားသတ္မွတ္မႈကို အေရး အႀကီးဆံုး က႑တစ္ရပ္အျဖစ္ ႐ႈျမင္ၾကသည္။ (ယေန႔ေခတ္ ႏုိင္ငံျခား သတင္းမီဒီယာသံုးသပ္သူ အားလံုးနီးပါးလည္း အလားတူ ျမင္ေနၾကသည္မွာ စိတ္မေကာင္းစရာျဖစ္သည္) ဗမာအမ်ိဳးသားေရး ဝါဒီမ်ားက ႏုိင္ငံတြင္းမွ မ်ိဳးႏြယ္စုမ်ား ကို တိုင္းရင္းႏြယ္ဖြားႏွင့္ ျပည္ပမွ ကူးလူးေရာက္ရွိလာသူမ်ားအျဖစ္ ပိုင္းျခားသတ္မွတ္လုိက္သည္။ ျမန္မာႏုိင္ငံသည္ တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ားအျဖစ္ တရားဝင္အ သိအမွတ္ ျပဳထားသူမ်ားႏွင့္သာ အလံုးစံုသက္ဆိုင္သည္ဆိုေသာ အယူအဆသည္ ဗမာအမ်ိဳးသားေရးဝါဒ၏ ဗဟိုခ်က္သဖြယ္ ျဖစ္ေန သည္။ က်န္မ်ိဳးႏြယ္မ်ားသည္ ဧည့္သည္သေဘာသာ ျဖစ္သည္။ ဥပမာအားျဖင့္ ရွမ္းႏွင့္ ကခ်င္တို႔သည္ တိုင္းရင္းသား သတ္မွတ္ခ်က္တြင္ အက်ံဳးဝင္သည္။ ထို႔အျပင္ ၁၇ ရာစုအတြင္း မန္ခ်ဴးတို႔၏က်ဴးေက်ာ္မႈေၾကာင့္ တိမ္းေရွာင္လာသည့္ တ႐ုတ္ဓားျပမ်ားမွ ဆင္းသက္ေပါက္ဖြားလာသည့္ ကိုးကန္႔မ်ား၊ ဘဂၤလားနယ္စားေဟာင္း မဂိုမင္းသားရွား႐ွဴဂ်ာႏွင့္ တစ္ခ်ိန္တည္းလိုလို ေရာက္ရွိလာၿပီး အာဖဂန္နစၥတန္ ဘိုးေဘးဘီဘင္မ်ားကို မ်ိဳး႐ိုး အေျခခံခဲ့သည့္ ကမန္မ်ိဳးႏြယ္ မြတ္စလင္မ်ားကိုလည္း တိုင္းရင္း သားအျဖစ္ လက္ခံထားသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၎တို႔သည္ၿဗိတိသွ် အုပ္စိုးမႈမတုိင္မီကတည္း က ေရာက္ရွိေနေသာေၾကာင့္ ျမန္မာျပည္သူတိုင္းရင္းသား အႏြယ္မ်ားအျဖစ္ သတ္မွတ္ထားျခင္းျဖစ္သည္။ ေနာက္ပိုင္းမွ ေရာက္ရွိလာသည့္ ခရစ္ယာန္ဘာသာဝင္ တမီလ္မ်ား၊ နီေပါႏုိင္ငံဘက္မွ ဟိႏၵဴမ်ား၊ ယူနန္မွ မြတ္စလင္မ်ားႏွင့္ အျခားေသာမ်ိဳးႏြယ္စုအမ်ားအျပားကိုမူ လာေရာက္ေနထုိင္ရန္ ႀကိဳဆိုႏိုင္ေသာ္လည္း ၎တို႔၏ ယဥ္ေက်းမႈမ်ားကိုမူ တန္းတူလက္ခံေပးရန္ မည္သို႔မွ် မျဖစ္ႏုိင္ေၾကာင္းအမ်ိဳးသားေရးဝါဒီမ်ားက ဆိုသည္။

သို႔ေသာ္ ထိုကိစၥသည္ ႏုိင္ငံ သား ခံယူခြင့္ႏွင့္ပတ္သက္၍ အ မွန္တကယ္ အေရးမပါလွေခ်။ ၁၉၈၂ က ျပ႒ာန္းခဲ့ၿပီး ယေန႔တိုင္က်င့္သံုးေနသည့္ ႏုိင္ငံသားျဖစ္မႈဥပေဒအရ ေရႊ႕ေျပာင္းေနထုိင္သူ မ်ား၊ ၎တုိ႔၏ မ်ိဳးဆက္ကေလး ငယ္မ်ားကို ႏိုင္ငံသားျဖစ္ႏုိင္ေျခ ရွိသည္ (သို႔မဟုတ္) ဆက္စပ္ႏုိင္ငံသားအဆင့္တြင္ သတ္မွတ္ထားႏုိင္သည္ဟုပါရွိၿပီး ႏုိင္ငံေရးဆိုင္ ရာ အခြင့္အေရးမ်ားကို ကန္႔သတ္ ထားသည္။ သို႔ေသာ္ ၎တို႔မွ ေပါက္ဖြားလာသည့္ တတိယမ်ိဳး ဆက္မ်ားကိုမူ မည္သည့္မ်ိဳးႏြယ္စု ေနာက္ခံမွျဖစ္ေစ၊ ဥပမာအားျဖင့္ ၂၀ ရာစု အေစာပိုင္းက ေရာက္ရွိ လာသည့္ ဘဂၤါလီမြတ္စလင္ ေရႊ႕ေျပာင္း အေျခခ်သူမ်ားက ေျမးမ်ား ပင္ျဖစ္ေစ ႏုိင္ငံသားအျဖစ္ အ ျပည့္အဝ ခံယူခြင့္ေပးရမည္ဟု ေဖာ္ျပထားသည္။

ထုိ႔ေၾကာင့္ အဆုိပါကိစၥသည္ အျမင္ကြာဟေသာ သမုိင္းေၾကာင္းျဖတ္သန္းမႈ၊ ခြဲျခားဆက္ဆံမႈမ်ား ႏွင့္သာ ပိုမိုသက္ဆိုင္လာသည္။ ယေန႔ေခတ္တြင္ ျမန္မာႏုိင္ငံသား အားလံုးလိုလိုက ဘဂၤလားေဒ့ရွ္ သည္ တရားမဝင္ေရႊ႕ေျပာင္းေန ထုိင္သူမ်ား အလံုးအရင္း ဝင္ေရာက္လာေစသည့္ ပင္မရင္းျမစ္သဖြယ္ ယံုၾကည္႐ႈျမင္ေနၾက သည္။ နယ္ျခားေစာင့္ အရာရွိမ်ား၏ အဂတိလုိက္စားမႈ၊ အက်င့္ပ်က္မႈမ်ားႏွင့္ ေစ်းေပါသည့္ လုပ္အား ရင္းျမစ္ကို ရွာေဖြေနသည့္ စီးပြား

ေရးသမားမ်ား၏ အလိုေလာဘကို အျပစ္တင္႐ႈတ္ခ်ၾကသည္။ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းတြင္မၾကာေသးမီ အခ်ိန္မ်ားအတြင္းက မွ ေလာေလာလတ္လတ္ ေရာက္ရွိလာသည့္ တရားမဝင္ အေျခခ်ေနထုိင္သူ အမ်ားအျပားရွိေနသည္ဟု စြပ္စြဲၾကသည္။ ထို႔အျပင္ ရခုိင္ျပည္နယ္ေျမာက္ပိုင္းရွိ မြတ္စလင္မ်ားသည္ ၿဗိတိသွ်ေခတ္ မြတ္စလင္ေရႊ႕ေျပာင္း အေျခခ်သူမ်ားမွ ဆင္းသက္လာေၾကာင္းႏွင့္ ႏုိင္ငံသားခံယူခြင့္ရွိေၾကာင္း ျဖစ္ႏုိင္ေျခမ်ား ကို လက္ခံေပးသည့္တိုင္ ႐ိုဟင္ ဂ်ာဆိုေသာ ေဝါဟာရျဖင့္ ဝိေသသျပဳ သတ္မွတ္ျခင္းကို အျပင္းအ ထန္ ဆန္႔က်င္ၾကသည္။

႐ိုဟင္ဂ်ာဆိုေသာ ေဝါဟာရ သည္ ျမန္မာ့လူ႔အဖြဲ႕အစည္းအတြက္ ရြံရွာစက္ဆုပ္စရာ အသံုးအႏႈန္းတစ္ခုသဖြယ္ တည္ရွိေနသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အဆုိပါေဝါဟာရကို အသိအမွတ္ျပဳလုိက္ျခင္းသည္ ဘဂၤါလီမ်ားကို တိုင္းရင္း သားအႏြယ္ထဲတြင္ ထည့္သြင္းရန္ သေဘာတူလုိက္သည့္ အဓိပၸာယ္မ်ိဳး သက္ေရာက္ႏိုင္ျခင္းေၾကာင့္ ျဖစ္သည္။ ၁၇ ရာစု ကဗ်ာစာဆို ရွားေအလိုလ္၊ မိန္းမဆိုးႏွင့္ စစ္မက္ေရးရာဝန္ႀကီး အက္ရွ္ရက္ဖ္ ခန္ကဲ့သို႔ မြတ္စလင္မ်ား ေရွး ေဟာင္းရခုိင္ႏုိင္ငံ ေျမာက္ဦး၏နန္းေဆာင္ထဲတြင္ အထင္အရွား အမႈထမ္းခဲ့သည္ဆိုေသာ အခ်က္အလက္မ်ားကို ကိုးကားၿပီး ျငင္းခံု ေနရန္ မျဖစ္ႏိုင္ေခ်။ ရခုိင္တြင္ ၿဗိတိသွ်မ်ား ေရာက္မလာမီ အခ်ိန္က တည္းက ေက်းကြၽန္အျဖစ္ ဖမ္းဆီး ေခၚေဆာင္လာသည့္ ဘဂၤါလီမြတ္စလင္အေရအတြက္ အတုိင္းအ တာတစ္ခုအထိ ရွိခဲ့ေၾကာင္း ထင္ရွားေနသည္။ သို႔ေသာ္ မရွင္းလင္းသည့္ကိစၥမွာ မည္သူက မည္သူ႔ ထံမွ ဆင္းသက္လာသည္ဆိုေသာ ေမးခြန္းျဖစ္သည္။ ၿဗိတိသွ်တို႔ ကိုယ္တုိင္လည္း အဆိုပါေဒသရွိမြတ္စလင္အႏြယ္မ်ားႏွင့္ ပတ္ သက္ၿပီး ရခုိင္မဟာေမဒင္မ်ား၊ စစ္တေကာင္းနယ္သားမ်ား၊ ေဇယဘဒီမ်ား၊ ကမန္မ်ား၊ ဘဂၤါလီမြတ္စလင္မ်ား စသည္ျဖင့္ အမ်ိဳးမ်ိဳးေရာေႏွာသံုးႏႈန္းေခၚဆိုခဲ့ၾကသည္။

၁၉၅၀ ျပည့္လြန္ႏွစ္မ်ားတြင္ ေဒသခံမြတ္စလင္ ႏုိင္ငံေရးသမားမ်ားက ကမန္ မြတ္စလင္မ်ားမွအပ အျခားမ်ိဳးႏြယ္စု အားလံုးႏွင့္ အ က်ံဳးဝင္ေစမည့္၊ တိုင္းရင္းသားအ မည္သညာတစ္ခုအျဖစ္ သတ္မွတ္ရန္ ရည္ရြယ္သည့္ ႐ိုဟင္ဂ်ာဆို ေသာ စကားလံုးကို စတင္ေဖာ္ ထုတ္လာခဲ့သည္။ ၿပီးခဲ့သည့္ ဆယ္စုႏွစ္အကုန္တြင္ အနည္းဆံုးအ တိုင္းအတာအေနျဖင့္ ႐ိုဟင္ဂ်ာဆိုသည္မွာ ရခုိင္ျပည္နယ္ေျမာက္ ပိုင္းရွိ မြတ္စလင္မ်ားက ၎တို႔ကိုယ္ကို ၫႊန္းဆိုသံုးႏႈန္းသည့္ ေဝါဟာရျဖစ္လာသည္။ တစ္နည္းအားျဖင့္ ျမန္မာတုိ႔ဘက္က တူးတူးခါးခါး ျငင္းဆိုေနသည့္ တိုင္းရင္းသားျဖစ္ခြင့္ကို အခုိင္အမာ စတင္ေတာင္းဆိုလာသည့္ အဓိပၸာယ္ လည္း ျဖစ္သည္။

ေနာက္ဆံုးအခြင့္အေရး

လြန္ခဲ့ေသာ ငါးႏွစ္က အေမရိကန္သမၼတ(ေဟာင္း) ဘာရက္အိုဘားမားက ရန္ကုန္တကၠသိုလ္တြင္ မိန္႔ခြန္းေျပာၾကားရာ၌ ျမန္မာႏုိင္ငံအတြင္းရွိ တိုင္းရင္းသား လူမ်ိဳးေပါင္းစံု ကြဲျပားမႈကို ခြန္အားတစ္ရပ္အျဖစ္ ႐ႈျမင္ရန္ အေရးႀကီးေၾကာင္းႏွင့္ ယင္းသည္ ျမန္မာႏုိင္ငံ၏ သက္တမ္းႏုနယ္ေသး ေသာ အသြင္ကူးေျပာင္းမႈမ်ား၊ လစ္ဘရယ္အျမင္ ေပါင္းစပ္မႈမ်ား၊ ၿငိမ္းခ်မ္းေရးအတြက္ အားထုတ္မႈမ်ား၊ ေစ်းကြက္လြတ္လပ္မႈ ႏွင့္ ဒီမိုကေရစီဝါဒတို႔ ယွဥ္တြဲေပၚထြန္းလာေစရန္ ေမွ်ာ္လင့္ခ်က္တစ္ခုအျဖစ္ ၫႊန္းဆိုသြားခဲ့သည္။ သို႔ေသာ္ လူမ်ိဳးေရးကို အေျခခံသည့္ ဗမာအမ်ိဳးသားေရးဝါဒ ျပန္လည္ရွင္သန္ဦးေမာ့လာႏုိင္ေျခကို ေရာ၊ ရာစုႏွစ္ႏွင့္ခ်ီ ၾကာျမင့္ေနခဲ့ ၿပီးျဖစ္သည့္ အရင္းရွင္ဝါဒႏွင့္ ျပင္ပကမၻာအေပၚ သံသယႀကီးမႈမ်ားကို ထိုအခ်ိန္က သာမန္ကာလွ်ံကာမွ်သေဘာျဖင့္ သတိမမူခဲ့မိ ေခ်။ ထို႔အျပင္ ဆယ္စုႏွစ္ႏွင့္ခ်ီ ၾကာျမင့္ခဲ့သည့္ စစ္ပြဲမ်ားမွ ရရွိခဲ့ေသာ စိတ္ဒဏ္ရာမ်ား၊ အေနာက္အုပ္စု၏ အေရးယူပိတ္ဆို႔မႈမ်ား ေၾကာင့္ အထီးက်န္ရပ္တည္ခဲ့ရမႈ မ်ား၊ ျပည္သူကိုထိေရာက္စြာ အ က်ိဳးျပဳႏုိင္ရန္ ေဖာ္ေဆာင္ထားျခင္း မဟုတ္သည့္ အစိုးရျပ႒ာန္းခ်က္ သေဘာသဘာဝမ်ားကလည္း ထိုအေျခအေနႏွင့္ ဆက္စပ္ပါဝင္ေန ျပန္သည္။

ထို႔အျပင္ ခံယူက်င့္သံုးမႈ အ ေတြးအေခၚပိုင္းအရ ျပင္ဆင္ျဖည့္ဆည္းရန္ လိုအပ္ေသာ ဟာကြက္ႀကီးတစ္ခုကလည္း ရွိေနျပန္သည္။၂၀၁၂ က ရခုိင္ျပည္နယ္ရွိ လူ႔အသိုက္အဝန္းမ်ားအၾကား အၾကမ္း ဖက္ ရန္လိုတိုက္ခုိက္မႈမ်ား ေပၚေပါက္ခဲ့ၿပီး ရခိုင္တိုင္းရင္းသားမ်ား ႏွင့္ ဘဂၤါလီမ်ားေရာ ႏွစ္ဖက္စလံုးမွ ရာႏွင့္ခ်ီၿပီး အသက္ဆံုး႐ံႈးခဲ့ၾကရသည္။ လူေပါင္းတစ္သိန္းမွ် ေနရပ္စြန္႔ခြာ ထြက္ေျပးခဲ့ရသည္။ အဓိက႐ုဏ္းပံုရိပ္မ်ားသည္ အြန္လိုင္းေပၚေရာက္လာၿပီး ကမၻာတစ္လႊားမွ အစြန္းေရာက္ အစၥလာမ္မစ္အဖဲြ႕အစည္းမ်ား၏ ဓာတ္ပံုမ်ားႏွင့္ ေရာေႏွာ ေပါင္းစည္းသြားသည္။ ရခိုင္ရွိ မြတ္စလင္ ေသာင္းႏွင့္သိန္းႏွင့္ခ်ီမွ် ခိုလံႈေရးစခန္းမ်ားတြင္ ပိတ္မိေနၿပီး ေလွစီးကာ ထြက္ေျပးရန္ တြန္းအားေပးသည့္ အေျခအေနမ်ားလည္း ေပၚေပါက္လာသည္။ ေနာက္ဆက္တြဲအျဖစ္ ARSA ၏ အၾကမ္းဖက္မႈႏွင့္ လက္ရွိ ျဖစ္ေပၚေနေသာ ေၾကကြဲစရာ အေျခအေနဆိုးမ်ားကို ႀကံဳေတြ႕လာ ရျခင္းျဖစ္သည္။

လာမည့္ သီတင္းပတ္မ်ား တြင္ ျမန္မာႏုိင္ငံအေရးႏွင့္ပတ္ သက္၍ ကုလသမဂၢလံုၿခံဳေရး ေကာင္စီညီလာခံတြင္ ေတြ႕ဆံုေဆြးေႏြးမႈမ်ား ဆက္ရွိေနဦးမည္ ျဖစ္သည္။ ရခုိင္ျပည္နယ္တြင္ ေပၚေပါက္လ်က္ရွိသည့္ ရန္လုိအၾကမ္းဖက္မႈမ်ား ခ်ဳပ္ၿငိမ္းေစေရး၊လူသားခ်င္း စာနာေထာက္ထားမႈ ဆိုင္ရာ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းရန္ အျမန္ဆံုးတံု႔ျပန္လုပ္ ေဆာင္ေရးတို႔ကို အဓိကထား အာ႐ံုစိုက္ေနျခင္းမွာ လံုၿခံဳေရးေကာင္ စီ၏ မွန္ကန္ေသာ လုပ္ေဆာင္ခ်က္ မ်ား ျဖစ္သည္။ သို႔ေသာ္ ျမန္မာ ႏုိင္ငံ၏ အေနအထားသည္ အတိမ္းအေစာင္းမခံႏုိင္ေသာ ေနရာ တြင္ ရွိေနသည္ကိုလည္း လံုၿခံဳေရး ေကာင္စီဘက္က သတိမူရန္ အ ထူးအေရးႀကီးသည္။

ျမန္မာႏုိင္ငံသည္ လစ္ဘရယ္ဒီမိုကေရစီထြန္းကားၿပီး ၿငိမ္းခ်မ္း ေသာ၊ ႂကြယ္ဝတိုးတက္ေသာ ဆံု မွတ္တစ္ေနရာအျဖစ္ အာရွ၏ ဗဟိုခ်က္တြင္ ပါဝင္လာႏုိင္ေျခ ရွိေနဆဲ ျဖစ္သည္။ တစ္ခ်ိန္တည္းတြင္ ေနာက္ထပ္လားရာတစ္ခုလည္း အေျပာင္းအလဲအျဖစ္ ရွိေနႏုိင္ သည္။ အကယ္၍ အသစ္တစ္ဖန္ ႏိုးၾကားလာသည့္ အမ်ိဳးသားေရး ဝါဒက လစ္ဘရယ္ဆန္မႈမွ ရွင္းရွင္းလင္းလင္း ဆန္႔က်င္လာ ေအာင္၊ ႏိုင္ငံျခားသားမ်ားအေပၚ မလိုလားသည့္ စိတ္အစြဲမ်ိဳးထံ ဦးတည္သြားေအာင္၊ လူ႔အဖြဲ႕အ စည္းမ်ားၾကား တင္းမာမႈမ်ား ေပၚေပါက္လာေအာင္ လုပ္ေဆာင္ႏုိင္ခဲ့မည္ဆိုပါက ရခုိင္တြင္သာမက ဘဲ အျခားေဒသအသီးသီးသို႔ပါ အၾကမ္းဖက္ရန္လိုမႈမ်ား ကူးစက္ သြားႏုိင္သည္။ ျမန္မာႏုိင္ငံ၏ အျခားနယ္စပ္တစ္ခုျဖစ္သည့္ တ႐ုတ္ႏွင့္ ဆက္စပ္ေနေသာ ေနရာမ်ားတြင္ တိုက္ခုိက္မႈမ်ား ပိုမိုဆိုးရြားလာၿပီး ၿငိမ္းခ်မ္းေရးေဖာ္ ေဆာင္မႈ လမ္းေၾကာင္းမ်ားပါ အံ ေခ်ာ္ပ်က္ျပယ္သြားႏုိင္သည္။ တစ္ခ်ိန္တည္းတြင္ ႏုိင္ငံ၏ စီးပြားေရးကလည္း က်ဆင္းေနၿပီး ျပည္သူ လူထုဘဝ သာယာဝေျပာရန္ မည္သည့္ အေထာက္အပံ့မွ် မေပးႏုိင္ ေတာ့သည့္အခါ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရး၏ ေကာင္းက်ိဳးသက္ေရာက္မႈႏွင့္ ဆြဲေဆာင္ႏုိင္စြမ္းအေပၚ သံသယမ်ား ေသခ်ာ ေပါက္ ႀကီးထြားလာမည္သာ။

ျမန္မာႏုိင္ငံ၏ မိတ္ေဆြရင္း ခ်ာမ်ားအေနျဖင့္ ႏုိင္ငံ၏ သမုိင္း ေၾကာင္း၊ ေဒသခံမ်ား ျပည္သူမ်ား၏ ခံယူခ်က္ႏွင့္ သေဘာထားမ်ား ကို နားလည္ေပးႏုိင္ရန္ ယခုမ်က္ ေမွာက္ကာလတြင္ အေရးအႀကီး ဆံုး လိုအပ္လာၿပီျဖစ္သည္။ မ်ိဳးႏြယ္စုႏွင့္ တိုင္းရင္းသားခြဲျခား သတ္မွတ္ခ်က္ကို မရွိမျဖစ္ အေရးပါေသာ ပဓာနစံႏႈန္းတစ္ခုအျဖစ္ ဆြဲကိုင္ထားသည့္ အျမင္မ်ိဳးကို ကူညီဖယ္ရွားၿပီး ျမန္မာ့ႏိုင္ငံေရး ေနာက္ခံကားခ်ပ္၏ ႐ႈပ္ေထြးမႈ သေဘာထားကို အရွိအတိုင္း လက္ခံ အသိအမွတ္ျပဳရမည္ျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကုလသမဂ္ဂ၏ လုံခြုံရေး ကောင်စီအစည်းအဝေးများတွင် ရခိုင်ပြည်နယ်ပဋိပက္ခက အဓိကအကျဆုံးဆွေးနွေးမှုအကြောင်းအရာတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံ အနောက်ဖျားဒေသ တွင် လူမျိုးရေး သုတ်သင်ရှင်း လင်းမှုများရှိနေပြီး အရေအတွက်အားဖြင့် သိန်းချီများပြားသည့် ဘင်္ဂါလီဒုက္ခသည်များက မြန်မာနိုင်ငံကို စွန့်ခွာကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ခိုလှုံထွက်ပြေးနေကြောင်း စွပ်စွဲမှုများလည်း ပြင်းထန်ခဲ့သည်။
    သို့သော် ရခိုင်ပြည်နယ်ကိစ္စအပေါ် အလွန်အမင်း အာရုံစိုက်နေခြင်းသည် ပိုမိုကျယ်ပြန့်သည့် မြန်မာနိုင်ငံတစ်ခုလုံး၏ နောက်ခံ အခြေအနေများကို ဝေဝါးပျောက် ကွယ်သွားစေသည်။ အဆိုပါ နောက်ခံအခြေအနေများကသာ ဒုက္ခသည်များ နေရပ်ပြန်လာနိုင်ရေးအတွက် ရွေးချယ်ခွင့်များအ ပြင် ဒေသတွင်း တည်ငြိမ်ရေးနှင့်တစ်နိုင်ငံလုံးမှ ပြည်သူများအ တွက် ပိုမိုကောင်းမွန်သည့် လူမှုဘဝများ ပိုင်ဆိုင်လာရေး ရည်မှန်း ချက်များကို လက်တွေ့ဖန်တီးပုံ ဖော်ပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သာမဟုတ်ဘဲ အခြားသော ဒေသအသီးသီး၌ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒုက္ခသည် ငါးသိန်းကျော်မျှ ရှိနေသည်။ တိုင်း ရင်းသား မျိုးနွယ်စုအခြေပြုသော လက်နက်ကိုင် အဖွဲ့အစည်း ၂၀ ဝန်းကျင် (အင်အားအကြီးဆုံး အစု အဖွဲ့တွင် လက်နက်ကိုင်ဦးရေ နှစ်သောင်းကျော်ရှိ)နှင့် နိုင်ငံအနှံ့အ ပြားတွင် ပြည်သူ့စစ်အဖွဲ့အစည်း ရာနှင့်ချီ ပျံ့နှံ့တည်ရှိနေသည်။ ယင်းသည် ပြည်တွင်း၌ ငြိမ်းချမ်းရေး စစ်စစ်မှန်မှန် မဖော်ဆောင်နိုင်သေးကြောင်း ထပ်ဟပ်စေသည်။ ထို့အပြင် စီးပွားရေး ကဏ္ဍမှာ ကျန်းမာအားကောင်းသည့်အဆင့်မျိုးမဟုတ်သေးချေ။ ဘဏ်လုပ် ငန်း၏ အခြေခံခိုင်မာ တည်ငြိမ်မှု နှင့်ပတ်သက်၍လည်း မေးခွန်း ထုတ်စရာများ ရှိနေဆဲဖြစ်သည်။ ထိုအတောတွင်း တရုတ်အစိုးရက လည်း ၎င်းတို့၏ အတွင်းပိုင်း ပြည်နယ်များနှင့် မြန်မာနိုင်ငံကြား ချိတ်ဆက်မှုကို ပိုမိုမြှင့်တင်နိုင်မည့် အ ခြေခံအဆောက်အအုံ စီမံကိန်းသစ်များ ဖော်ဆောင်ရန် ကမ်းလှမ်းချဉ်းကပ်နေသည်။ ထိုအစီအစဉ် များက မြန်မာနိုင်ငံကို တရုတ်၏ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်စင်္ကြံသဖွယ် ပိုမိုရုပ်လုံးပေါ်လာစေမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေခံဥပဒေအရ အရပ်သားအစိုးရအတွက် စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍများတွင် လွတ်လပ်စွာကိုင်တွယ်စီမံခွင့်ပြုထားသည့်တိုင် အရေးပါသော လုံခြုံရေးဆိုင်ရာလုပ်ပိုင်ခွင့် အာဏာများကိုမူ တပ်မတော်ကသာ ထိန်းချုပ်ထားသည်။ ထိုအခြေအနေက နှစ်ဦးနှစ်ဖက် အနေကျပ်စေမည့် တင်းမာမှုတစ်ခု ဖြစ်တည်နေစေသလို ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲများ၏ အောင်မြင်မှုအခြေအနေနှင့် အနာဂတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အလားအလာများအတွက်လည်း အာမခံချက်မရှိသေးချေ။

မြန်မာပြည်သူများအတွက် မူ လက်ရှိကာလကို စိုးရိမ်ကြောင့် ကြမှုများနှင့် ဖြတ်သန်းနေရသည်။ ပြောင်းလဲမှုများ အရှိန်အဟုန်မြန် ဆန်စွာ ဖြစ်ပေါ်နေခြင်းကြောင့် နောက်ကျကျန်ခဲ့ပြီး ၎င်းတို့ကိုယ်တိုင်ရော ၎င်းတို့၏ မိသားစုများပါကျပ်တည်းမှုများ ကြုံလာနိုင်သည်ဟု တွေးတောပူပန်နေသူ သန်း နှင့်ချီရှိနေသည်။ ထိုသန်းနှင့်ချီ သောသူများသည် ယခုအခါ အင်တာနက်ပေါ် ရောက်လာကြသည်။ ပြီးခဲ့သည့် ငါးနှစ်တာကို ပြန်ကြည့်ပါက မိုဘိုင်းဖုန်းသုံးစွဲသူအရေအ တွက်သည် ရာခိုင်နှုန်းအနည်းငယ်မျှသာရှိခဲ့သည့် အခြေအနေမှ ၇၀ ရာခိုင်နှုန်းအထက် များပြားသည့်အဆင့်သို့ ရုတ်ချည်းပြောင်းလဲလာ သည်။ လျှပ်စစ်မီး၊ သန့်ရှင်းသောသောက် သုံးရေနှင့် ထိရောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ မရသေးသည့် လူတန်းစားတစ်ရပ် သည် ယခုအခါ ဖေ့စ်ဘွတ်ခ်ပေါ် ရောက်နေပြီဖြစ်သည်။ ဖေ့စ် ဘွတ်ခ်သည် မြန်မာနိုင်ငံ၏ အနေ အထားအရ တစ်ခုတည်းသော လူမှုကွန်ရက် မီဒီယာပလက်ဖောင်း သဖွယ် သတ်မှတ်ခံထားရသည်။

မှောင်မိုက်သော ရေစီးကြောင်း အသစ်များ

စိုးရိမ်ကြောင့်ကြမှု ကြီးစိုးနေသော လက်ရှိကာလတွင် အမျိုးသားရေးဝါဒသစ် ပုံစံတစ်ခုက လည်း ပေါ်ပေါက်လာသည်။ ကုလသမဂ္ဂနှင့် အနောက်အုပ်စုအပါ အဝင် ပြင်ပကမ္ဘာ့နိုင်ငံများသည် ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်ပတ် သက်ပါက မြန်မာနိုင်ငံအပေါ် လုပ်ကြံမည့် ရန်သူများနှင့် ယှဉ်တွဲရပ်တည်နေသည်ဆိုကာ သဘော တရားမျိုးကို လူမှုကွန်ရက် မီဒီယာ များမှတစ်ဆင့် အဆိုပါ ဝါဒက တွင်တွင်ကျယ်ကျယ် ဖြန့်ဝေပြီး လောင်စာ မြှင့်ပေးလျက်ရှိသည်။

နိုင်ငံတကာ အမြင်က ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တစ်လျှောက် ရှိ ဘင်္ဂါလီများ၏ ကြေကွဲစရာ ဇာတ်ကြောင်းများ၊ လူနည်းစုဖြစ် သည့် ဘင်္ဂါလီများအပေါ် ကျူး လွန်နေသည့် လူ့အခွင့်အရေးချိုး ဖောက်မှု စွပ်စွဲချက်များအပေါ် စူးစိုက်ကျရောက်နေချိန်၌ ပြည်တွင်းတွင်မူ ယင်းအမြင်နှင့် ကွဲပြား စွာ တည်ရှိနေသည်။ ကွဲပြားရုံမျှ မကဘဲ ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေသည်ဟုပင် ဆိုနိုင်သည်။

မြန်မာနိုင်ငံတွင် အစိုးရသာ မကဘဲ ပြည်သူအများစုကပါ ARSA အကြမ်းဖက်အုပ်စု၏ ခြိမ်းခြောက်မှုနှင့် အစွန်းရောက် အစ္စလာမ်မစ်ဝါဒအပေါ် အလေးအ နက် ထိတ်လန့်စိုးရိမ်လျက်ရှိ သည်။ ဩဂုတ် ၂၅ ရက်က ARSA၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ လူမှုကွန်ရက် မီဒီယာသုံးစွဲသူများကြားတွင် ARSA အကြမ်းဖက်အုပ်စုက ဗုဒ္ဓ ဘာသာဝင်များနှင့် လူနည်းစု ဟိန္ဒူဘာသာဝင်များကို လူမဆန်စွာ ကျူးလွန်ခဲ့သည့် လုပ်ရပ်များ၊ မွတ်စလင် အများစုနေထိုင်ရာ ဧရိယာများကို စွန့်ခွာကာ တောင်ဘက် ဒေသသို့ တိမ်းရှောင်လာရသည့် ထောင်သောင်းချီသော ပြည်သူများနှင့်ပတ်သက်၍ ရေးသားထား မှုများ ပြည့်နှက်ခဲ့သည်။

စက်တင်ဘာလ နှောင်းပိုင်း တွင် အယ်လ်ကိုင်ဒါနှင့် အိုင် အက်စ်ကဲ့သို့ ကမ္ဘာကျော် စစ်သွေးကြွ အုပ်စုကြီးများက မြန်မာနိုင်ငံ အတွင်း အရေးယူတုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ရန် နှိုးဆော်လိုက် သည့်နောက် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်လာ မည်ကို စိုးရိမ်မှုများ မြင့်တက်လာသည်။ ဒုက္ခသည်များနှင့်ပတ်သက် ၍ မျက်မြင်အခြေအနေများကို လုပ်ကြံဖန်တီးထားမှုများအဖြစ် ယူဆကြသည်။ အထူးသဖြင့် ရခိုင်ဗုဒ္ဓဘာသာဝင်များက ဘင်္ဂါလီအ ရေးကို ပြည်ပနိုင်ငံများ၏ အမြင်အတိုင်း ကြေကွဲစရာ လူ့အခွင့်အ ရေး ပြဿနာတစ်ခုအဖြစ် လက်မခံဘဲ တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်လာပြီး အကြမ်းဖက်သမား များအသွင် ပြောင်းလဲသွားသည့် နိုင်ငံရပ်ခြားမှ ကျူးကျော်သူများ အဖြစ်သာ ရှုမြင်ကြသည်။

အမျိုးသားရေး ဝါဒတစ်ရပ်ပြန်လည် ခေါင်းထောင်လာသော် လည်း နိုင်ငံအတွင်းရှိ များပြား စုံလင်လှသည့် လူနည်းစု တိုင်း ရင်းသားများနှင့်ပတ်သက်သော အမြင်များ၊ အနောက်အုပ်စုနှင့် တရုတ်တို့အပေါ် ဆက်ဆံရေး ဆိုင်ရာ အမြင်များသာမက မြန်မာ့ ဒီမိုကရေစီနှင့် ပတ်သက်သော အမြင်များကမူ ထင်ထင်ရှားရှား ရုပ်လုံးပေါ်မလာသေးချေ။

အပစ်ပယ်ခံရခိုင်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသည် ကမ္ဘာပေါ်တွင် သဘာဝတရား၏ ဖော်ရွေမှု အနည်းဆုံးဒေသတစ်ခုဟုပင် ညွှန်းဆိုနိုင် သည်။ ငလျင်ရပ်ဝန်းတစ်ခုဖြစ် သလို ဖျက်ဆီးအားပြင်းထန်လွန်းသည့် ဆိုင်ကလုန်း မုန်တိုင်းကြီးများ ဖြတ်သန်းရာ လမ်းကြောင်းတွင်လည်း ကျရောက်နေသည်။ မုတ်သုံရာသီ ကျရောက်ချိန်တွင် တစ်လတာ မိုးရေချိန်သည် တစ်မီ တာမျှအထိ များပြားတတ်သည်။ ၁၉၄၄ ဖေဖော်ဝါရီက အိန္ဒိယ၊ ဂေါ်ရခါး၊ အင်္ဂလိပ်နှင့် အနောက်အာဖရိက မဟာမိတ်တပ်များ သည် Admin Box တိုက်ပွဲတွင် ဂျပန်တပ်များကို ရင်ဆိုင်တိုက် ခိုက်ခဲ့ဖူးသည်။ ယဉ်ကျေးမှု ဆင့်ကဲတိုးတက်လာသည့် အခြေအနေ များနှင့်လည်း ကာလရှည်ကြာ ကင်းကွာနေခဲ့ပြန်သည်။ သမိုင်းမှတ်တမ်းများ၌ အဆိုပါ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားနှင့် ဘီလူးများ ထိပ်တိုက်ရင်ဆိုင်ဖူး သည်ဆိုသော ဖော်ပြချက်များပင် ရှိနေသည်။ ရှေးခေတ် အိန္ဒိယအ နွယ်များက ဘင်္ဂလားဒေ့ရှ်ရှိ မက်ဂ် နာမြစ်အလွန် နယ်မြေသည် ရက်စက်ကြမ်းကြုတ်သော လူရိုင်းများကျက်စားရာဒေသဟု သတ်မှတ်ထားပြီး မိမိကိုယ်ကိုယ် တန်ဖိုးထား သည့် ဟိန္ဒူဘာသာဝင်များ မသွားအပ်သည့်နေရာဟု သတ်မှတ်ထား ကြသည်။

အဆိုပါ ဒေသတွင်ပင် ၁၈၂၄ ၌ ဗြိတိသျှ အရှေ့အိန္ဒိယဒေသကရှေးပဒေသရာဇ် မြန်မာနိုင်ငံကို ကျူးကျော်ခဲ့ရာမှ ကွဲပြားသည့် ထကြွမှုများ၊ ဒုက္ခသည်အကျပ်အတည်းများ ဆိုက်ရောက်ခဲ့ဖူး သည်။ မြန်မာနိုင်ငံတွင်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို အနောက် တံခါးဆိုသော ဝိသေသဖြင့် တင် စား ခေါ်ဝေါ်လေ့ရှိသည်။

အာရကန်ခေါ် ရခိုင်ပြည်နယ်၏ အစောပိုင်းသမိုင်းဖြစ်စဉ်များ နှင့်ပတ်သက်၍ အလွန်လူသိနည်း နေဆဲ ဖြစ်သည်။ သို့သော် ၁၄၀၀ ပြည့်လွန်နှစ်များ၌ ယနေ့ခေတ် စစ်တကောင်းဒေသအလွန် ကပ္ပလီ ပင်လယ်ခြားသည့်နေရာ၌ စည်း လုံးညီညွတ်သော ဘုရင့်နိုင်ငံငယ် တစ်ခု တည်ရှိနေပြီဖြစ်ကြောင်း မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ထိုနိုင်ငံမှ ဘုရင်အဆက်ဆက်သည် ဗမာစကားမှ ကွဲပြားဆင်းသက် လာသည့် ရခိုင်ဘာသာဖြင့် ပြော ဆိုကြသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး တင့်တယ်သပ္ပာယ် လှသည့် စေတီပုထိုးများကို တည်ထားခဲ့ကြသည်။ သို့သော် ထိုစဉ်ကတည်းက လူမျိုးပေါင်းစုံ ကွဲပြားစွာ ထိတွေ့ဆက်ဆံမှုမျိုးရှိခဲ့ပြီး အချို့သောဘုရင်များသည် ဗုဒ္ဓ၏ပါဠိဘာသာဖြင့်ရော ဘင်္ဂါလီမွတ် စလင် ဘွဲ့အမည်များကိုပါ ခံယူခဲ့သလို ဒတ်ချ်မျိုးနွယ် ကုန်သည်များကိုလည်း လက်ခံကြိုဆိုခဲ့သည်။ ရခိုင်ဘုရင်များ၏ ကိုယ်ရံတော်တပ်ဖွဲ့များတွင် အာဖဂန်မျိုးနွယ်ဝင်လေးသည်တော်များ၊ သင်းကွဲဂျပန်ဆာမူရိုင်းများပင် ပါဝင်ခဲ့ကြ သည်။

ပေါ်တူဂီ ပင်လယ်ဓားပြများနှင့် တစ်ပါတည်း ဖမ်းဆီးရမိ လာသည့် ဘင်္ဂါလီကျေးကျွန်များ အခြေချရာမှ ယနေ့ခေတ် နယ်ခြားဒေသဖြစ် လာသောနေရာတွင် လူဦးရေတိုး ပွားကျယ်ပြန့်လာသည်။

၁၇၈၅ တွင်မူ ဧရာဝတီမြစ် ဝှမ်းဒေသမှ ချီတက်လာသည့် ဗမာတပ်များကြောင့် ရခိုင်ဘုရင့်နိုင်ငံ ပျက်သုဉ်းသွားခဲ့သည်။ ထို့နောက် တွင် ယင်းဒေသသို့ ဗြိတိသျှများ ရောက်ရှိလာကြသည်။ ဗြိတိသျှများက အကျိုးအမြတ်တစ်ခုတည်း ကိုသာကြည့်ပြီး စစ်တကောင်းမှ ဘင်္ဂါလီများ အလုံးအရင်း ပြောင်း ရွှေ့လာနိုင်အောင် တွန်းအားပေး လုပ်ဆောင်ခဲ့သည်။ ထိုစဉ်က ဗြိတိသျှကိုလိုနီအရာရှိများက ၎င်းတို့ကို စစ်တကောင်းဒေသမှ ခြုံးခြံ ချွေတာပြီး အလုပ်ကြိုးစားသည့် ဘင်္ဂါလီမွတ်စလင်များဟု သုံးနှုန်းခေါ်ဝေါ်ခဲ့သည်။ ၁၉၁၀ ပြည့်နှစ်နောက်ပိုင်းတွင် အရှေ့ဘက်မှ ဗမာတိုင်းရင်းသား အခြေချနေထိုင်သူများပါ စတင်ရောက်ရှိလာ သည်။ ထို့နောက်တွင်မူ ရခိုင်တို့သည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေတွင် လူနည်းစု တိုင်းရင်းသား သဖွယ် ဖြစ်လာခဲ့သည်။

ယနေ့ခေတ်တွင် ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ခြင်းနှင့် ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင် ခြင်း လှုပ်ရှားမှုများအဖြစ် သုံးနှုန်း ညွှန်းဆိုသည့် ဗမာအမျိုးသားရေး ဝါဒသည် ထိုစဉ်ကာလများက တည်းက စတင်အခြေတည်မွေး ဖွားလာခြင်းဖြစ်သည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်း တွင် ဘင်္ဂါလီများသည် ကုန်းလမ်း မှတစ်ဆင့် ရခိုင်သို့ ဝင်ရောက်လာ ကြသည်။ ထိုအချိန်တွင် ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ အိန္ဒိယ တိုက်ငယ်ဘက်မှ လူသန်းနှင့်ချီပြီးရေလမ်းခရီးဖြင့် ဆိုက်ရောက်လာ ကြသည်။ ကိုလိုနီစီးပွားရေးသည် အရှိန်ကောင်းကောင်းဖြင့် ခုန်ပျံကျော်လွှားတိုးတက်လာသည့်တိုင် လူနေမှု ပိရမစ်ကားချပ်တွင် နေရာချကြည့်ပါက ဗမာတို့၏ အခြေအ နေသည် အောက်ခြေနားတွင်သာ ရှိနေခဲ့သည်။ ရခိုင်အမျိုးသားရေးဝါဒသည် ဗမာအမျိုးသားရေးဝါဒနှင့် ဆင်တူသည်။ နှစ်မျိုးစလုံးသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် ဆက်နွှယ်မှုရှိသလို ခေတ်အလိုက် ပြောင်း လဲခြင်းနှင့် ပြည်ပမှ ရောက်ရှိလာ သူများ၏ လွှမ်းမိုးမှုတို့အပေါ် မလိုလားဘဲ စိုးရိမ်သည့် သဘောထားမျိုးရှိကြသည်။၁၉၄၂ တွင် ဂျပန်တို့ ကျူးကျော်လာသည့်နောက် အရပ်ဘက်စီမံအုပ်ချုပ်မှုစနစ် ပြိုကွဲခဲ့ သည်။ ခေတ်ပျက်အတွင်း ဗုဒ္ဓဘာသာနှင့် မွတ်စလင်များကြား ပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီး လူပေါင်းထောင်သောင်းချီ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ ဂျပန်တို့က ရခိုင်ဗုဒ္ဓဘာသာဝင်များကို လက်နက်တပ်ဆင်ပေးပြီး ဗြိတိသျှတို့က ၎င်းတို့၏ V တပ်ဖွဲ့ အစိတ်အပိုင်းအနေဖြင့် မွတ်စလင်များကို ကင်းထောက်ခြင်းနှင့် ပြောက်ကျားစစ်ဆင်ရေးများတွင် အသုံးပြုရန် လက်နက်တပ်ဆင်ပေးခဲ့ကြ သည်။

စစ်ပြီးသောအခါ ဒေသခံမွတ်စလင် အသိုက်အဝန်း၏ ခေါင်း ဆောင်များက ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပါကစ္စတန်နှင့် ပေါင်းစည်းရေး စိတ်ကူးတစ်ခုကို ချပြလာသည်။ နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံပိုင်နက်၌ ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေတစ်ခုရှိသင့် ကြောင်း အရေးဆိုလာသည်။ ထို့ နောက်ပိုင်း ဆယ်စုနှစ်များအတွင်း မူဂျာဟစ်ဒင်အဖွဲ့များနှင့် အခြား သော ဒေသခံစစ်သွေးကြွများ၏ သောင်းကျန်းမှုများ အရှိန်အဟုန် အနိမ့်အမြင့် အတက်အကျအမျိုးမျိုးဖြင့် ဆက်လက်ဖြစ်ပွားနေခဲ့ သည်။ ၁၉၇၈ နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်း တပ်မတော်၏ ဖိဖိစီးစီး အကောင်အထည်ဖော်ခဲ့သော စစ် ဆင်ရေးများကြောင့် သိန်းဂဏန်း မျှရှိသည့် မွတ်စလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရခိုင်သည် အလွန်ဆင်းရဲ ပြီး တသီးတခြားရပ်တည်နေသည့် နိုင်ငံတစ်ခုတွင်ပင် အဆင်းရဲဆုံး နှင့် တသီးတခြားအဆန်ဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့သည်။

မျိုးနွယ်စု သတ်မှတ်ချက်ဆိုင်ရာ မေးခွန်းတစ်ခု

၎င်းတို့ မတိုင်မီ ဗြိတိသျှတို့၏ လူမျိုးရေးနှင့် ယဉ်ကျေးမှု သရုပ်ခွဲ လေ့လာခဲ့သူများနည်းတူ ဗမာ  အမျိုးသားရေးဝါဒီများသည် လူမျိုးရေး ပိုင်းခြားသတ်မှတ်မှုကို အရေး အကြီးဆုံး ကဏ္ဍတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ (ယနေ့ခေတ် နိုင်ငံခြား သတင်းမီဒီယာသုံးသပ်သူ အားလုံးနီးပါးလည်း အလားတူ မြင်နေကြသည်မှာ စိတ်မကောင်းစရာဖြစ်သည်) ဗမာအမျိုးသားရေး ဝါဒီများက နိုင်ငံတွင်းမှ မျိုးနွယ်စုများ ကို တိုင်းရင်းနွယ်ဖွားနှင့် ပြည်ပမှ ကူးလူးရောက်ရှိလာသူများအဖြစ် ပိုင်းခြားသတ်မှတ်လိုက်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား မျိုးနွယ်စုများအဖြစ် တရားဝင်အ သိအမှတ် ပြုထားသူများနှင့်သာ အလုံးစုံသက်ဆိုင်သည်ဆိုသော အယူအဆသည် ဗမာအမျိုးသားရေးဝါဒ၏ ဗဟိုချက်သဖွယ် ဖြစ်နေ သည်။ ကျန်မျိုးနွယ်များသည် ဧည့်သည်သဘောသာ ဖြစ်သည်။ ဥပမာအားဖြင့် ရှမ်းနှင့် ကချင်တို့သည် တိုင်းရင်းသား သတ်မှတ်ချက်တွင် အကျုံးဝင်သည်။ ထို့အပြင် ၁၇ ရာစုအတွင်း မန်ချူးတို့၏ကျူးကျော်မှုကြောင့် တိမ်းရှောင်လာသည့် တရုတ်ဓားပြများမှ ဆင်းသက်ပေါက်ဖွားလာသည့် ကိုးကန့်များ၊ ဘင်္ဂလားနယ်စားဟောင်း မဂိုမင်းသားရှားရှူဂျာနှင့် တစ်ချိန်တည်းလိုလို ရောက်ရှိလာပြီး အာဖဂန်နစ္စတန် ဘိုးဘေးဘီဘင်များကို မျိုးရိုး အခြေခံခဲ့သည့် ကမန်မျိုးနွယ် မွတ်စလင်များကိုလည်း တိုင်းရင်း သားအဖြစ် လက်ခံထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည်ဗြိတိသျှ အုပ်စိုးမှုမတိုင်မီကတည်း က ရောက်ရှိနေသောကြောင့် မြန်မာပြည်သူတိုင်းရင်းသား အနွယ်များအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ နောက်ပိုင်းမှ ရောက်ရှိလာသည့် ခရစ်ယာန်ဘာသာဝင် တမီလ်များ၊ နီပေါနိုင်ငံဘက်မှ ဟိန္ဒူများ၊ ယူနန်မှ မွတ်စလင်များနှင့် အခြားသောမျိုးနွယ်စုအများအပြားကိုမူ လာရောက်နေထိုင်ရန် ကြိုဆိုနိုင်သော်လည်း ၎င်းတို့၏ ယဉ်ကျေးမှုများကိုမူ တန်းတူလက်ခံပေးရန် မည်သို့မျှ မဖြစ်နိုင်ကြောင်းအမျိုးသားရေးဝါဒီများက ဆိုသည်။

သို့သော် ထိုကိစ္စသည် နိုင်ငံ သား ခံယူခွင့်နှင့်ပတ်သက်၍ အ မှန်တကယ် အရေးမပါလှချေ။ ၁၉၈၂ က ပြဋ္ဌာန်းခဲ့ပြီး ယနေ့တိုင်ကျင့်သုံးနေသည့် နိုင်ငံသားဖြစ်မှုဥပဒေအရ ရွှေ့ပြောင်းနေထိုင်သူ များ၊ ၎င်းတို့၏ မျိုးဆက်ကလေး ငယ်များကို နိုင်ငံသားဖြစ်နိုင်ခြေ ရှိသည် (သို့မဟုတ်) ဆက်စပ်နိုင်ငံသားအဆင့်တွင် သတ်မှတ်ထားနိုင်သည်ဟုပါရှိပြီး နိုင်ငံရေးဆိုင် ရာ အခွင့်အရေးများကို ကန့်သတ် ထားသည်။ သို့သော် ၎င်းတို့မှ ပေါက်ဖွားလာသည့် တတိယမျိုး ဆက်များကိုမူ မည်သည့်မျိုးနွယ်စု နောက်ခံမှဖြစ်စေ၊ ဥပမာအားဖြင့် ၂၀ ရာစု အစောပိုင်းက ရောက်ရှိ လာသည့် ဘင်္ဂါလီမွတ်စလင် ရွှေ့ပြောင်း အခြေချသူများက မြေးများ ပင်ဖြစ်စေ နိုင်ငံသားအဖြစ် အ ပြည့်အဝ ခံယူခွင့်ပေးရမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါကိစ္စသည် အမြင်ကွာဟသော သမိုင်းကြောင်းဖြတ်သန်းမှု၊ ခွဲခြားဆက်ဆံမှုများ နှင့်သာ ပိုမိုသက်ဆိုင်လာသည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံသား အားလုံးလိုလိုက ဘင်္ဂလားဒေ့ရှ် သည် တရားမဝင်ရွှေ့ပြောင်းနေ ထိုင်သူများ အလုံးအရင်း ဝင်ရောက်လာစေသည့် ပင်မရင်းမြစ်သဖွယ် ယုံကြည်ရှုမြင်နေကြ သည်။ နယ်ခြားစောင့် အရာရှိများ၏ အဂတိလိုက်စားမှု၊ အကျင့်ပျက်မှုများနှင့် ဈေးပေါသည့် လုပ်အား ရင်းမြစ်ကို ရှာဖွေနေသည့် စီးပွား

ရေးသမားများ၏ အလိုလောဘကို အပြစ်တင်ရှုတ်ချကြသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်မကြာသေးမီ အချိန်များအတွင်းက မှ လောလောလတ်လတ် ရောက်ရှိလာသည့် တရားမဝင် အခြေချနေထိုင်သူ အများအပြားရှိနေသည်ဟု စွပ်စွဲကြသည်။ ထို့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင်များသည် ဗြိတိသျှခေတ် မွတ်စလင်ရွှေ့ပြောင်း အခြေချသူများမှ ဆင်းသက်လာကြောင်းနှင့် နိုင်ငံသားခံယူခွင့်ရှိကြောင်း ဖြစ်နိုင်ခြေများ ကို လက်ခံပေးသည့်တိုင် ရိုဟင် ဂျာဆိုသော ဝေါဟာရဖြင့် ဝိသေသပြု သတ်မှတ်ခြင်းကို အပြင်းအ ထန် ဆန့်ကျင်ကြသည်။

ရိုဟင်ဂျာဆိုသော ဝေါဟာရ သည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် ရွံရှာစက်ဆုပ်စရာ အသုံးအနှုန်းတစ်ခုသဖွယ် တည်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါဝေါဟာရကို အသိအမှတ်ပြုလိုက်ခြင်းသည် ဘင်္ဂါလီများကို တိုင်းရင်း သားအနွယ်ထဲတွင် ထည့်သွင်းရန် သဘောတူလိုက်သည့် အဓိပ္ပာယ်မျိုး သက်ရောက်နိုင်ခြင်းကြောင့် ဖြစ်သည်။ ၁၇ ရာစု ကဗျာစာဆို ရှားအေလိုလ်၊ မိန်းမဆိုးနှင့် စစ်မက်ရေးရာဝန်ကြီး အက်ရှ်ရက်ဖ် ခန်ကဲ့သို့ မွတ်စလင်များ ရှေး ဟောင်းရခိုင်နိုင်ငံ မြောက်ဦး၏နန်းဆောင်ထဲတွင် အထင်အရှား အမှုထမ်းခဲ့သည်ဆိုသော အချက်အလက်များကို ကိုးကားပြီး ငြင်းခုံ နေရန် မဖြစ်နိုင်ချေ။ ရခိုင်တွင် ဗြိတိသျှများ ရောက်မလာမီ အချိန်က တည်းက ကျေးကျွန်အဖြစ် ဖမ်းဆီး ခေါ်ဆောင်လာသည့် ဘင်္ဂါလီမွတ်စလင်အရေအတွက် အတိုင်းအ တာတစ်ခုအထိ ရှိခဲ့ကြောင်း ထင်ရှားနေသည်။ သို့သော် မရှင်းလင်းသည့်ကိစ္စမှာ မည်သူက မည်သူ့ ထံမှ ဆင်းသက်လာသည်ဆိုသော မေးခွန်းဖြစ်သည်။ ဗြိတိသျှတို့ ကိုယ်တိုင်လည်း အဆိုပါဒေသရှိမွတ်စလင်အနွယ်များနှင့် ပတ် သက်ပြီး ရခိုင်မဟာမေဒင်များ၊ စစ်တကောင်းနယ်သားများ၊ ဇေယဘဒီများ၊ ကမန်များ၊ ဘင်္ဂါလီမွတ်စလင်များ စသည်ဖြင့် အမျိုးမျိုးရောနှောသုံးနှုန်းခေါ်ဆိုခဲ့ကြသည်။

၁၉၅၀ ပြည့်လွန်နှစ်များတွင် ဒေသခံမွတ်စလင် နိုင်ငံရေးသမားများက ကမန် မွတ်စလင်များမှအပ အခြားမျိုးနွယ်စု အားလုံးနှင့် အ ကျုံးဝင်စေမည့်၊ တိုင်းရင်းသားအ မည်သညာတစ်ခုအဖြစ် သတ်မှတ်ရန် ရည်ရွယ်သည့် ရိုဟင်ဂျာဆို သော စကားလုံးကို စတင်ဖော် ထုတ်လာခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အကုန်တွင် အနည်းဆုံးအ တိုင်းအတာအနေဖြင့် ရိုဟင်ဂျာဆိုသည်မှာ ရခိုင်ပြည်နယ်မြောက် ပိုင်းရှိ မွတ်စလင်များက ၎င်းတို့ကိုယ်ကို ညွှန်းဆိုသုံးနှုန်းသည့် ဝေါဟာရဖြစ်လာသည်။ တစ်နည်းအားဖြင့် မြန်မာတို့ဘက်က တူးတူးခါးခါး ငြင်းဆိုနေသည့် တိုင်းရင်းသားဖြစ်ခွင့်ကို အခိုင်အမာ စတင်တောင်းဆိုလာသည့် အဓိပ္ပာယ် လည်း ဖြစ်သည်။

နောက်ဆုံးအခွင့်အရေး

လွန်ခဲ့သော ငါးနှစ်က အမေရိကန်သမ္မတ(ဟောင်း) ဘာရက်အိုဘားမားက ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ ကွဲပြားမှုကို ခွန်အားတစ်ရပ်အဖြစ် ရှုမြင်ရန် အရေးကြီးကြောင်းနှင့် ယင်းသည် မြန်မာနိုင်ငံ၏ သက်တမ်းနုနယ်သေး သော အသွင်ကူးပြောင်းမှုများ၊ လစ်ဘရယ်အမြင် ပေါင်းစပ်မှုများ၊ ငြိမ်းချမ်းရေးအတွက် အားထုတ်မှုများ၊ ဈေးကွက်လွတ်လပ်မှု နှင့် ဒီမိုကရေစီဝါဒတို့ ယှဉ်တွဲပေါ်ထွန်းလာစေရန် မျှော်လင့်ချက်တစ်ခုအဖြစ် ညွှန်းဆိုသွားခဲ့သည်။ သို့သော် လူမျိုးရေးကို အခြေခံသည့် ဗမာအမျိုးသားရေးဝါဒ ပြန်လည်ရှင်သန်ဦးမော့လာနိုင်ခြေကို ရော၊ ရာစုနှစ်နှင့်ချီ ကြာမြင့်နေခဲ့ ပြီးဖြစ်သည့် အရင်းရှင်ဝါဒနှင့် ပြင်ပကမ္ဘာအပေါ် သံသယကြီးမှုများကို ထိုအချိန်က သာမန်ကာလျှံကာမျှသဘောဖြင့် သတိမမူခဲ့မိ ချေ။ ထို့အပြင် ဆယ်စုနှစ်နှင့်ချီ ကြာမြင့်ခဲ့သည့် စစ်ပွဲများမှ ရရှိခဲ့သော စိတ်ဒဏ်ရာများ၊ အနောက်အုပ်စု၏ အရေးယူပိတ်ဆို့မှုများ ကြောင့် အထီးကျန်ရပ်တည်ခဲ့ရမှု များ၊ ပြည်သူကိုထိရောက်စွာ အ ကျိုးပြုနိုင်ရန် ဖော်ဆောင်ထားခြင်း မဟုတ်သည့် အစိုးရပြဋ္ဌာန်းချက် သဘောသဘာဝများကလည်း ထိုအခြေအနေနှင့် ဆက်စပ်ပါဝင်နေ ပြန်သည်။

ထို့အပြင် ခံယူကျင့်သုံးမှု အ တွေးအခေါ်ပိုင်းအရ ပြင်ဆင်ဖြည့်ဆည်းရန် လိုအပ်သော ဟာကွက်ကြီးတစ်ခုကလည်း ရှိနေပြန်သည်။၂၀၁၂ က ရခိုင်ပြည်နယ်ရှိ လူ့အသိုက်အဝန်းများအကြား အကြမ်း ဖက် ရန်လိုတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပြီး ရခိုင်တိုင်းရင်းသားများ နှင့် ဘင်္ဂါလီများရော နှစ်ဖက်စလုံးမှ ရာနှင့်ချီပြီး အသက်ဆုံးရှုံးခဲ့ကြရသည်။ လူပေါင်းတစ်သိန်းမျှ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အဓိကရုဏ်းပုံရိပ်များသည် အွန်လိုင်းပေါ်ရောက်လာပြီး ကမ္ဘာတစ်လွှားမှ အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့အစည်းများ၏ ဓာတ်ပုံများနှင့် ရောနှော ပေါင်းစည်းသွားသည်။ ရခိုင်ရှိ မွတ်စလင် သောင်းနှင့်သိန်းနှင့်ချီမျှ ခိုလှုံရေးစခန်းများတွင် ပိတ်မိနေပြီး လှေစီးကာ ထွက်ပြေးရန် တွန်းအားပေးသည့် အခြေအနေများလည်း ပေါ်ပေါက်လာသည်။ နောက်ဆက်တွဲအဖြစ် ARSA ၏ အကြမ်းဖက်မှုနှင့် လက်ရှိ ဖြစ်ပေါ်နေသော ကြေကွဲစရာ အခြေအနေဆိုးများကို ကြုံတွေ့လာ ရခြင်းဖြစ်သည်။

လာမည့် သီတင်းပတ်များ တွင် မြန်မာနိုင်ငံအရေးနှင့်ပတ် သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီညီလာခံတွင် တွေ့ဆုံဆွေးနွေးမှုများ ဆက်ရှိနေဦးမည် ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်လျက်ရှိသည့် ရန်လိုအကြမ်းဖက်မှုများ ချုပ်ငြိမ်းစေရေး၊လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အမြန်ဆုံးတုံ့ပြန်လုပ် ဆောင်ရေးတို့ကို အဓိကထား အာရုံစိုက်နေခြင်းမှာ လုံခြုံရေးကောင် စီ၏ မှန်ကန်သော လုပ်ဆောင်ချက် များ ဖြစ်သည်။ သို့သော် မြန်မာ နိုင်ငံ၏ အနေအထားသည် အတိမ်းအစောင်းမခံနိုင်သော နေရာ တွင် ရှိနေသည်ကိုလည်း လုံခြုံရေး ကောင်စီဘက်က သတိမူရန် အ ထူးအရေးကြီးသည်။

မြန်မာနိုင်ငံသည် လစ်ဘရယ်ဒီမိုကရေစီထွန်းကားပြီး ငြိမ်းချမ်း သော၊ ကြွယ်ဝတိုးတက်သော ဆုံ မှတ်တစ်နေရာအဖြစ် အာရှ၏ ဗဟိုချက်တွင် ပါဝင်လာနိုင်ခြေ ရှိနေဆဲ ဖြစ်သည်။ တစ်ချိန်တည်းတွင် နောက်ထပ်လားရာတစ်ခုလည်း အပြောင်းအလဲအဖြစ် ရှိနေနိုင် သည်။ အကယ်၍ အသစ်တစ်ဖန် နိုးကြားလာသည့် အမျိုးသားရေး ဝါဒက လစ်ဘရယ်ဆန်မှုမှ ရှင်းရှင်းလင်းလင်း ဆန့်ကျင်လာ အောင်၊ နိုင်ငံခြားသားများအပေါ် မလိုလားသည့် စိတ်အစွဲမျိုးထံ ဦးတည်သွားအောင်၊ လူ့အဖွဲ့အ စည်းများကြား တင်းမာမှုများ ပေါ်ပေါက်လာအောင် လုပ်ဆောင်နိုင်ခဲ့မည်ဆိုပါက ရခိုင်တွင်သာမက ဘဲ အခြားဒေသအသီးသီးသို့ပါ အကြမ်းဖက်ရန်လိုမှုများ ကူးစက် သွားနိုင်သည်။ မြန်မာနိုင်ငံ၏ အခြားနယ်စပ်တစ်ခုဖြစ်သည့် တရုတ်နှင့် ဆက်စပ်နေသော နေရာများတွင် တိုက်ခိုက်မှုများ ပိုမိုဆိုးရွားလာပြီး ငြိမ်းချမ်းရေးဖော် ဆောင်မှု လမ်းကြောင်းများပါ အံ ချော်ပျက်ပြယ်သွားနိုင်သည်။ တစ်ချိန်တည်းတွင် နိုင်ငံ၏ စီးပွားရေးကလည်း ကျဆင်းနေပြီး ပြည်သူ လူထုဘဝ သာယာဝပြောရန် မည်သည့် အထောက်အပံ့မျှ မပေးနိုင် တော့သည့်အခါ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ ကောင်းကျိုးသက်ရောက်မှုနှင့် ဆွဲဆောင်နိုင်စွမ်းအပေါ် သံသယများ သေချာ ပေါက် ကြီးထွားလာမည်သာ။

မြန်မာနိုင်ငံ၏ မိတ်ဆွေရင်း ချာများအနေဖြင့် နိုင်ငံ၏ သမိုင်း ကြောင်း၊ ဒေသခံများ ပြည်သူများ၏ ခံယူချက်နှင့် သဘောထားများ ကို နားလည်ပေးနိုင်ရန် ယခုမျက် မှောက်ကာလတွင် အရေးအကြီး ဆုံး လိုအပ်လာပြီဖြစ်သည်။ မျိုးနွယ်စုနှင့် တိုင်းရင်းသားခွဲခြား သတ်မှတ်ချက်ကို မရှိမဖြစ် အရေးပါသော ပဓာနစံနှုန်းတစ်ခုအဖြစ် ဆွဲကိုင်ထားသည့် အမြင်မျိုးကို ကူညီဖယ်ရှားပြီး မြန်မာ့နိုင်ငံရေး နောက်ခံကားချပ်၏ ရှုပ်ထွေးမှု သဘောထားကို အရှိအတိုင်း လက်ခံ အသိအမှတ်ပြုရမည်ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top