ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကေမာၻဒီးယား နိုင္ငံ မွာ လယ္သမား တဦးက ႂကြက္သား ေတြ အေျမာင္း/ဖုထေနတဲ့ သေႏၶေျပာင္း ဝက္ ေတြကို ေမြးျမဴထားတဲ့ အံ့ၾသဖြယ္႐ုပ္သံ ထြက္ေပၚလာပါတယ္။

ဝက္ ေတြက မ်ိဳးရုိး ဗီဇ နဲ႔ဆုိင္တဲ့ ေပါက္ဖြားမႈေၾကာင့္ ဒီလို ျကြက္သား ေတြရွိတဲ့ ဝက္ ေတြျဖစ္လာတာလုိ႔ ယူဆေနၾကပါတယ္။

ဒီ ဝက္ ေတြထဲက အခ်ိဳ႕အရြယ္အစား အလြန္ႀကီးတဲ့ ဝက္ ေတြက ႀကီးမားတဲ့ ေဝွးေစ့ ေတြ ရွိေနၿပီး အခ်ိဳ႕ဝက္ေတြက သူတုိ႔ရဲ႕ ႂကြက္သား ေတြေၾကာင့္ လမ္းေလွ်ာက္ဖုိ႔ ခက္ခဲေနတယ္လုိ႔ ဆုိပါတယ္။

အေမရိကန္ႏုိင္ငံ ဇာစ္ျမစ္ျဖစ္ၿပီး ႏုိင္ငံ အတြင္း ေမြးျမဴထားတာလုိ႔ ရည္ညႊန္းေျပာဆုိကာ Duroc ကေမာၻဒီးယားလုိ႔ အမည္ရတဲ့ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာ မွာ တမူထူးေနတဲ့ ဝက္ေတြရဲ႕ ဓာတ္ပံု နဲ႔ ႐ုပ္သံ ေတြကို တင္အၿပီးမွာေတာ့ အျမန္ပ်ံ႕ႏွံ႔သြားတယ္လုိ႔ သိရပါတယ္။

ဝက္ ေတြေမြးျမဴထားတဲ့ လယ္သမားက ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ကတည္းက ဝက္ေတြရဲ႕ ႀကီးထြားတုိးတက္လာမႈကို လူမႈကြန္ရက္စာမ်က္ႏွာထက္ ပံုမွန္မွ်ေဝခဲ့ၿပီး လယ္သမားရဲ႕ စာမ်က္ႏွာ မွာ ဝက္သုတ္ရည္ ၂ အိတ္နဲ႔ အမ်ိဳးသားတန္ဆာအတု ၂ ခုတုိ႔အတြက္ ေငြ ၅ ေပါင္နဲ႔ ေရာင္းခ်ေနတာပါ။ ဘန္တီေရးမီးေခ်းခ႐ုိင္မွာ ေနတဲ့ လယ္သမား က သူ႔ရဲ႕ကုန္ပစၥည္းအတြက္ ဂုဏ္ယူေနပံုလည္း ရတယ္လို႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ဝယ္လုိအား ျမင့္တက္ေနၿပီး အထူးသျဖင့္ ကမာၻ႔အႀကီးဆံုး ဝက္ ေစ်းကြက္ ျဖစ္တဲ့ တ႐ုတ္ႏုိင္ငံ မွာ ဝယ္လိုအား ပုိျမင့္တယ္လို႔ သိရပါတယ္။

လူမ်ားစုကေတာ့ အံ့ၾသဖြယ္ရလဒ္အတြက္ လယ္သမား က ႂကြက္သားႀကီးထြားေဆးနဲ႔ ဟုိမုန္းထြားေဆး ေတြ သံုးေနတယ္လုိ႔ စြပ္စြဲလိုက္ၿပီး တိရစာၦန္အခြင့္အေရး ကာကြယ္သူေတြက ဒီျဖစ္ရပ္အတြက္ ေဝဖန္ေနၾကကာ ပီအီးတီေအဆုိတဲ့ တိရစာၦန္အခြင့္အေရး ကာကြယ္ေရးအဖြဲ႔က လယ္သမား ကုိ ရႈတ္ခ်ထားတယ္လို႔ သိရပါတယ္။

ဒီလို ဝက္ ေတြကို ေမြးျမဴရတဲ့ ရည္ရြယ္ခ်က္က အဆီနည္းတဲ့ အသား ေတြ ထုတ္လုပ္ဖုိ႔ျဖစ္ၿပီး ဒီလိုဝက္မ်ိဳး ၃၂ ေကာင္ ေမြးရင္ ၁၃ ေကာင္က ၈ လအထိပဲ အသက္ရွင္ကာ သူတုိ႔ထဲက တေကာင္ပဲ က်န္းမာသန္စြမ္းတယ္လို႔ သိရေၾကာင္း ေမရာသတင္းမွာ စက္တင္ဘာ ၂၉ ရက္ေန႔က ေဖာ္ျပထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#

 ကမ္ဘောဒီးယား နိုင်ငံ မှာ လယ်သမား တဦးက ကြွက်သား တွေ အမြောင်း/ဖုထနေတဲ့ သန္ဓေပြောင်း ဝက် တွေကို မွေးမြူထားတဲ့ အံ့သြဖွယ်ရုပ်သံ ထွက်ပေါ်လာပါတယ်။

ဝက် တွေက မျိုးရိုး ဗီဇ နဲ့ဆိုင်တဲ့ ပေါက်ဖွားမှုကြောင့် ဒီလို ကြွက်သား တွေရှိတဲ့ ဝက် တွေဖြစ်လာတာလို့ ယူဆနေကြပါတယ်။

ဒီ ဝက် တွေထဲက အချို့အရွယ်အစား အလွန်ကြီးတဲ့ ဝက် တွေက ကြီးမားတဲ့ ဝှေးစေ့ တွေ ရှိနေပြီး အချို့ဝက်တွေက သူတို့ရဲ့ ကြွက်သား တွေကြောင့် လမ်းလျှောက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ ဇာစ်မြစ်ဖြစ်ပြီး နိုင်ငံ အတွင်း မွေးမြူထားတာလို့ ရည်ညွှန်းပြောဆိုကာ Duroc ကမ္ဘောဒီးယားလို့ အမည်ရတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ မှာ တမူထူးနေတဲ့ ဝက်တွေရဲ့ ဓာတ်ပုံ နဲ့ ရုပ်သံ တွေကို တင်အပြီးမှာတော့ အမြန်ပျံ့နှံ့သွားတယ်လို့ သိရပါတယ်။

ဝက် တွေမွေးမြူထားတဲ့ လယ်သမားက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကတည်းက ဝက်တွေရဲ့ ကြီးထွားတိုးတက်လာမှုကို လူမှုကွန်ရက်စာမျက်နှာထက် ပုံမှန်မျှဝေခဲ့ပြီး လယ်သမားရဲ့ စာမျက်နှာ မှာ ဝက်သုတ်ရည် ၂ အိတ်နဲ့ အမျိုးသားတန်ဆာအတု ၂ ခုတို့အတွက် ငွေ ၅ ပေါင်နဲ့ ရောင်းချနေတာပါ။ ဘန်တီရေးမီးချေးခရိုင်မှာ နေတဲ့ လယ်သမား က သူ့ရဲ့ကုန်ပစ္စည်းအတွက် ဂုဏ်ယူနေပုံလည်း ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဝယ်လိုအား မြင့်တက်နေပြီး အထူးသဖြင့် ကမ္ဘာ့အကြီးဆုံး ဝက် ဈေးကွက် ဖြစ်တဲ့ တရုတ်နိုင်ငံ မှာ ဝယ်လိုအား ပိုမြင့်တယ်လို့ သိရပါတယ်။

လူများစုကတော့ အံ့သြဖွယ်ရလဒ်အတွက် လယ်သမား က ကြွက်သားကြီးထွားဆေးနဲ့ ဟိုမုန်းထွားဆေး တွေ သုံးနေတယ်လို့ စွပ်စွဲလိုက်ပြီး တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေက ဒီဖြစ်ရပ်အတွက် ဝေဖန်နေကြကာ ပီအီးတီအေဆိုတဲ့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးအဖွဲ့က လယ်သမား ကို ရှုတ်ချထားတယ်လို့ သိရပါတယ်။

ဒီလို ဝက် တွေကို မွေးမြူရတဲ့ ရည်ရွယ်ချက်က အဆီနည်းတဲ့ အသား တွေ ထုတ်လုပ်ဖို့ဖြစ်ပြီး ဒီလိုဝက်မျိုး ၃၂ ကောင် မွေးရင် ၁၃ ကောင်က ၈ လအထိပဲ အသက်ရှင်ကာ သူတို့ထဲက တကောင်ပဲ ကျန်းမာသန်စွမ်းတယ်လို့ သိရကြောင်း မေရာသတင်းမှာ စက်တင်ဘာ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  DVB

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top