Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

အခုတေလာ အက္ဒ္မင့္သူငယ္ခ်င္းေတြ အလုပ္လိုခ်င္တယ္ဆိုၿပီး လာလာညည္းေနၾကတယ္ေရာ။ အဲ့တာနဲ႔ သူတို႔ကိုအႀကံေပးရင္း အက္ဒ္မင့္ေယာင္းေတြကိုလည္း ေဝမွ်ခ်င္လာလို႔။ အက္ဒ္မင္လည္း အလုပ္ကိုေတာ္ေတာ္ရွာယူလိုက္ရတာ။ ေယာင္းတို႔ကို အက္ဒ္မင့္လိုု စမ္းတဝါးဝါးမျဖစ္ေစခ်င္လို႔ အက္ဒ္မင္သံုးခဲ့တဲ့ ထိေရာက္တဲ့နည္းလမ္းေလးေတြေရာ ရွာေဖြရသေလာက္ အသံုးတကယ္ဝင္မယ့္ နည္းလမ္းေလးေတြပါ ေဝမွ်ေပးမယ္ေနာ္။

၁. အလုပ္အကိုင္ရွာေဖြေရး application ေကာင္းေကာင္းတစ္ခု

အခုေနာက္ပိုင္း အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီေတြကေနၿပီးေတာ့ website ေတြ application ေတြ ေထာင္ေပးလိုက္ၿပီဆိုေတာ့ အလုပ္ရွာဖို႔ တစ္လမ္းဝင္တစ္လမ္းထြက္ သြားစရာမလိုေတာ့ပဲ ပိုလြယ္ကူလွ်င္ျမန္လာၿပီေနာ္။ အလုပ္ရွာဖို႔ လြယ္သြားေပမယ့္ အလုပ္ရဖို႔က်ေတာ့ ခက္ျပန္ေရာ။ အဲ့ဒါက ကိုယ္အလုပ္ေလွ်ာက္တဲ့ ေအဂ်င္စီေပၚလည္းမူတည္တယ္လို႔ ေျပာရမယ္။ နာမည္ႀကီးၿပီးသား website ထဲမွာ ဝင္ေလွ်ာက္မိရင္ေတာ့ ေစာင့္ေပေတာ့ပဲ။ ဘာလို႔ဆို ေတာ္ေတာ္မ်ားမ်ားက ဒီ website ကိုသိၿပီးသားဆိုေတာ့ ဒီကိုပဲ ဝင္ေလွ်ာက္ၾကေတာ့ ကိုယ့္မွာအလုပ္ရဖို႔ အခြင့္အေရးက နည္းသြားျပန္ေရာ။ ကိုယ့္ထက္အရင္ဦးေအာင္ ေလွ်ာက္ထားတဲ့လူေတြကို အင္တာဗ်ဴးေခၚၿပီးတဲ့အထိ ေစာင့္ရတာကိုး။ အဲ့ေတာ့ ယံုလည္းယံုၾကည္ရ လူသိလည္းသိပ္မမ်ားေသးတဲ့ အလုပ္အကိုင္ရွာေဖြေရး website ဒါမွမဟုတ္ application တစ္ခုေတာ့ရွာတတ္ဖို႔လိုမယ္ေနာ္။

အက္ဒ္မင္ကေတာ့ Grab Jobs ဆိုတဲ့ application ကို ညႊန္းခ်င္တယ္။ Website ဆိုရင္ေတာင္ ခဏခဏ google ေခါက္ Website ဝင္ရွာနဲ႔ အလုပ္ရႈပ္ဦးမယ္။ ခုက app ဆိုေတာ့ ဖုန္းထဲကို ေဒါင္းလုဒ္ လုပ္ထားရံုနဲ႔ အင္တာနက္ဖြင့္ၿပီး ႀကိဳက္တဲ့အခ်ိန္ဝင္ၾကည့္ရံုပဲ။ Grab Jobs က ဒီ ၂၀၁၇ ေဖေဖာ္ဝါရီလမွစဖြင့္တာ ဆိုေတာ့ အသစ္လို႔ေျပာလို႔ရမယ္။ ဆိုေတာ့ အဲ့မွာအလုပ္ေလွ်ာက္ျဖစ္ရင္ ျမန္ျမန္အင္တာဗ်ဴးအေခၚခံရဖို႔ အခြင့္အေရးရွိတာေပါ့။ CV တင္ၿပီး ၅ ရက္အတြင္း အလုပ္ေခၚတဲ့ ကုမၸဏီဘက္က အင္တာဗ်ဴးအတြက္ အေၾကာင္းျပန္ေပးတယ္။ ၿပီးေတာ့သူက ယံုၾကည္ရတယ္။ မွတ္ပံုတင္ၿပီးသား။ အလုပ္ေခၚတဲ့ ကုမၸဏီေတြရဲ႕ အခ်က္အလက္ေတြ အျပည့္အစံုေဖာ္ျပၿပီးသား။ ကိုယ္ေလွ်ာက္မယ့္ ရာထူးနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္လဲ ပါၿပီးသားဆိုေတာ့ ေတာ္ေတာ္ေလးအဆင္ေျပတယ္။ အျခား Website ေတြနဲ႔ ေတာ္ေတာ္ေလးကြဲျပားတဲ့ အခ်က္က Grab Jobs app မွာ အလုပ္ေခၚတဲ့ ကုမၸဏီေတြနဲ႔ အလုပ္ေလွ်ာက္တဲ့သူ တိုက္ရိုက္စကားေျပာလို႔ရမယ့္ Chat box ေလးပါတာပဲ။ Facebook messenger လိုေပါ့။ မက္ေဆ့ခ်္ဝင္လာရင္ မက္ဆင္ဂ်ာလိုေတာ့ ဖုန္းႏိုတီဘားေပၚမွာ မျပဘူး။ Application ထဲျပန္ဝင္ၾကည့္ရတယ္။ အဲ့ဒါေလးတစ္ခုေတာ့ သတိထားရမယ္။ ေတာ္ၾကာ အလုပ္ရွင္ဘက္က စာပို႔ေနတာကို မသိတာတို႔ဘာတို႔ ျဖစ္ႏိုင္တယ္ေပါ့ေနာ္..

ၿပီးေတာ့ ခုခ်ိန္မွာ Grab Jobs က Interview Bot ေလးကို စၿပီး မိတ္ဆက္လိုက္ၿပီေလ.. Interview Bot ဆိုတာကေတာ့ ပထမဆံုး အင္တာဗ်ဴးေျဖသလိုပါပဲ.. သူ႕မွာ ေမးခြန္းေလးေတြရွိၿပီး သတ္မွတ္ထားတဲ့အခ်ိန္အတြင္းမွာ ေျဖရတာပါ.. ဒါကို First Interview လို႔ သတ္မွတ္တယ္ေပါ့ေနာ္.. ဘယ္သူမွမွ မရွိတာလို႔ေတာ့ ေျဖခ်င္တာေတြ မေျဖလိုက္ပါနဲ႔… သူတို႔ဆီကို Data ေတြ ဝင္သြားမွာမို႔ ေယာင္းရဲ႕အေျဖေတြကိုၾကည့္ၿပီးေတာ့ပဲ 2nd Interview ဒါမွမဟုတ္ ေနာက္ဆံုးအင္တာဗ်ဴးထပ္ေခၚမွာပါ..

ၿခံဳၾကည့္ရင္ေတာ့ ဒါေလးက အဆင္ေျပတာေပါ့။ ပထမအင္တာဗ်ဴးေတြ၊ ဒုတိယအင္တာဗ်ဴးေတြနဲ႔ အလုပ္ရႈပ္ေနစရာမလိုေတာ့ဘဲ အလုပ္ရွင္နဲ႔ တိုက္ရိုက္ဆက္သြယ္လို႔ရတယ္ဆိုတဲ့ အခ်က္ေလးကို သေဘာက်တယ္။

၂. Business Card (လိပ္စာကဒ္) ေကာင္းေကာင္းေလးတစ္ခု ဖန္တီးပါ။

ကဲ အလုပ္ေလွ်ာက္တာေအာင္ျမင္သြားၿပီ။ အလုပ္ရွင္ဘက္ကလည္း အင္တာဗ်ဴးေခၚၿပီဆိုရင္ ကိုယ့္မိတ္ဆက္ဖို႔၊ ကိုယ္ဆိုတာကို မွတ္မိေနဖို႔ တစ္ခုခုလုပ္ရေတာ့မယ္။ အက္ဒ္မင္ကေတာ့ လိပ္စာကဒ္ေလးတစ္ခုဖန္တီးဖို႔ တိုက္တြန္းခ်င္တယ္။ ျမန္မာႏိုင္ငံမွာေတာ့ ဒါမ်ိဳးကိုလုပ္ငန္းရွင္ေတြနဲ႔ ရာထူးရွိတဲ့သူေတြေလာက္ပဲ လုပ္တာမ်ားတယ္။ ဒါေပမဲ့ ကိုယ့္အတြက္တစ္ခုေလာက္ လုပ္ထားလည္း အရွံဴးမရွိပါဘူး။ အလုပ္ေလွ်ာက္ရံုတင္မကဘဲ ေန႔စဥ္လူမႈဆက္ဆံေရးမွာလည္း အဆင္ေျပတယ္ေလ။ ကဒ္ေလးေပးထားေတာ့ ကိုယ့္ကိုလည္း မွတ္မိေနတာေပါ့။ အလုပ္ရွင္နဲ႔ေတြ႕တဲ့အခါက်ရင္လည္း  လိပ္စာကဒ္ေလး သပ္သပ္ခပ္ခပ္နဲ႔ ကိုယ့္ကိုကိုယ္ မိတ္ဆက္လိုက္ရင္ လူႀကီးေတြကလည္း ျပင္ဆင္မႈရွိတယ္ဆိုၿပီးသေဘာက်၊ ကိုယ့္ကိုလည္း မွတ္မွတ္သားသားေလးျဖစ္သြားတာေပါ့။

လိပ္စာကဒ္ဆိုတာကလည္း ရွင္းရွင္းသန္႔သန္႔ေလးမွ ၾကည့္ခ်င္စရာေကာင္းမွာေပါ့။ ဟုတ္တယ္မလား။ အဲ့ေတာ့ အက္ဒ္မင္အႀကံေပးခ်င္တာက လိပ္စာကဒ္ကို ရႈပ္ယွက္ခက္မေနပါေစနဲ႔။ အျဖဴေရာင္ကြက္လပ္ေနရာေတြ မ်ားမ်ားက်န္ပါေစ။ အဲ့ဒါမွ ဖတ္ရတာရွင္းေနမွာေပါ့။ ကိုယ့္ကဒ္ကိုဖတ္တဲ့သူကို ေပးခ်င္တဲ့ ကိုယ့္အေၾကာင္းအခ်က္အလက္ေတြ ေသခ်ာစဥ္းစားပါ။ ထိေရာက္မယ့္အခ်က္အလက္ေပါ့။ ဥပမာ – ေနရပ္လိပ္စာ၊ အီးေမးလ္လိပ္စာ၊ ဖုန္းနံပါတ္။ မ်ားေသာအားျဖင့္ လိပ္စာကဒ္မွာ ဓါတ္ပံုေတာ့ထည့္ေလ့မရွိၾကဘူး။ အက္ဒ္မင္ကေတာ့ အပန္းမႀကီးရင္၊ ကဒ္ေပၚမွာေနရာအမ်ားႀကီးပိုေနရင္ ပံုေလးထည့္ေပးေစခ်င္တယ္..အဲ့ေတာ့ မ်က္ႏွာနဲ႔တြဲၿပီးမွတ္မိသြားေစတာေပါ့။ သတိေတာ့ထားေနာ္… ပံုထည့္မယ္ဆို ထည့္တဲ့ပံုက သပ္သပ္ရပ္ရပ္နဲ႔ ေသခ်ာရိုက္ထားတဲ့ ပံုေလးထည့္ေပးဖို႔ေတာ့လိုမယ္.. ေယာင္းတို႔ေရ။ CV မွာတြဲထားတဲ့ ပံုဆိုပိုေကာင္းတာေပါ့။ ၿပီးေတာ့ စာလံုးေတြအတြက္ သံုးတဲ့ေဖာင့္ပံုစံကိုလည္း မ်က္စိမရႈပ္ေစတဲ့ ေဖာင့္ေလးသံုးေပးေနာ္။ အရမ္းေသးတဲ့ေဖာင့္ေတြ တြန္႔တြန္႔တက္တက္ေဖာင့္ေတြ တတ္ႏိုင္သေလာက္မသံုးမိေအာင္ သတိထားေနာ္။

CV ဘယ္လိုေရးရမလဲမသိလို႔ အလုပ္မေလွ်ာက္ေတာ့ဘူးေတာ့ မလုပ္နဲ႔ေနာ္။ အက္ဒ္မင္အေပၚက ညႊန္းခဲ့တဲ့ GrabJobs Application မွာ CV မရွိလည္း အလုပ္ေလွ်ာက္လို႔ရတယ္ေနာ္။ မိုက္တယ္မလား။ အက္ဒ္မင္က အဲ့အခ်က္ေလးေတြသေဘာက်တာ။ သူ႔ Appication မွာကို ပရိုဖိုင္အခ်က္အလက္ေတြထည့္ဖို႔ပါၿပီးသား။ ျမန္မာဘာသာနဲ႔လည္း ရေတာ့ အိုေခပဲေပါ့။ CV မေရးတတ္တဲ့ေယာင္းေတြေတာင္ သူ႔မွာထည့္ေပးထားတဲ့ ပံုစံေလးကိုၾကည့္ၿပီး CV ေရးလို႔ရေသးတယ္။

၄. ကိုယ္ေလွ်ာက္မယ့္ ကုမၸဏီနဲ႔ ရာထူးအေၾကာင္းႀကိဳေလ့လာထားပါ။

ဒီအခ်က္ေလးကိုလည္း ေလွ်ာ့မတြက္နဲ႔ေနာ္ ေယာင္းတို႔။ အက္ဒ္မင္အေတြ႕အႀကံဳအရ အင္တာဗ်ဴးေခၚတဲ့ အလုပ္ရွင္တိုင္းက သူတို႔ ကုမၸဏီအေၾကာင္းသိလားလို႔ေမးၾကတယ္။ အဲ့ေတာ့ မသိဘူးဆိုတဲ့ အေျဖႀကီးကေတာ့ ဘယ္သူကမွလိုခ်င္မွာ မဟုတ္ဘူးေလ။ ဘယ္သူမဆိုကိုယ့္လုပ္ငန္းကို သူမ်ားေတြသိတယ္ဆိုတာေတာ့ လုိခ်င္တာေပါ့ေလ။ ၿပီးေတာ့ ကိုယ္ေလွ်ာက္တဲ့ ကုမၸဏီအေၾကာင္းေတာင္ မသိဘဲနဲ႔ အင္တာဗ်ဴးလာေျဖတယ္ဆိုတာေတာ့ ကိုယ့္အေပၚ အင္ပရက္ရွင္ေဒါင္းတာေပါ့ေနာ္။ အဲ့ေတာ့ ကိုယ္ေလွ်ာက္တဲ့ ကုမၸဏီအေၾကာင္းေလး အရင္သိေအာင္ စံုစမ္းပါလို႔ အက္ဒ္မင္က အႀကံေပးခ်င္တယ္။ ေျပာလို႔လည္း ေကာင္းတယ္ေလ။ သူတို႔က သိလားေမးရင္ သိတာေပါ့ဆိုၿပီး သိထားသေလာက္ေျပာခ်လိုက္ရံုပဲ။ အဲ့ေတာ့ သူတို႔လည္းေက်နပ္၊ ကိုယ့္ကိုလည္း တကယ္အလုပ္လုပ္ဖို႔ စိတ္အားထက္သန္တဲ့သူလို႔ ယံုၾကည္သြားတာေပါ့။ ယံုၾကည္မႈတည္ေဆာက္ဖို႔ဆိုတာကလည္း အေရးႀကီးတယ္မလား။ ရာထူးလည္း ထို႔အတူပါ။ ကိုယ္ေလွ်ာက္တဲ့ ရာထူးရဲ႕ တာဝန္ဝတၱရားေတြကို အကုန္မဟုတ္ရင္ေတာင္ အခ်ိဳ႕အခ်က္ေလးေတြေတာ့ သိထားသင့္တယ္ေလ။ အဲ့ဒါမွ ဒီရာထူးမွာ ဘာေတြလုပ္ရမလဲသိလားဆိုတဲ့ ေမးခြန္းေရာက္ရင္ ကိြဳင္မတက္မွာ။ မသိဘူးဆိုရင္ သြားေရာ။ ကိုယ္ဘာလုပ္ရမလဲ မသိဘဲနဲ႔ ဘာလို႔လာေလွ်ာက္ေသးလဲလို႔ အေမးမခံရရင္ကံေကာင္း။ အေျပာအဆိုကလည္းလြတ္၊ ကိုယ့္ကိုလည္း အထင္မေသးရဲေအာင္ ဒါေလးေတြေတာ့ ႀကိဳေလ့လာထားဖို႔လိုမယ္ေနာ္။ အြန္လိုင္းအလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီကေန ေလွ်ာက္ထားရင္ေတာ့ အခ်က္အလက္ေတြ အလြယ္တကူ ရႏိုင္ပါတယ္။  အက္ဒ္မင္ေျပာတဲ့ Grab Jobs Application ထဲမွာဆို အလုပ္ေခၚတဲ့ ကုမၸဏီေတြရဲ႕ အခ်က္အလက္ေတြေရာ ေလွ်ာက္တဲ့ရာထူးရဲ႕ တာဝန္ဝတၱရားေတြပါ ေတာ္ေတာ္ေလးစံုေအာင္ထည့္ေပးထားတာ။

၅. ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိပါ။

ေနာက္ဆံုးေပမယ့္ ခ်န္ထားလို႔လံုးဝမရတဲ့အခ်က္ေလး။ အေပၚမွာက လုပ္ငန္းနဲ႔ဆိုင္တဲ့အခ်က္ေတြ၊ သတိထားစရာေတြ ေဝမွ်ၿပီးၿပီဆိုေတာ့ ေနာက္ဆံုးအေနနဲ႔ ကိုယ့္ကိုကိုယ္ ယံုၾကည္ခ်က္ရွိပါလို႔ အားေပးခ်င္တယ္။ ကိုယ့္ကိုဘယ္သူမွ ေလ်ာ့မတြက္ေစနဲ႔ေနာ္။ ကိုယ္ဘယ္ေလာက္ပဲေတာ္ေတာ္ ဘယ္ေလာက္ပဲတတ္တတ္ ကိုယ့္ကိုကိုယ္ယံုၾကည္မႈ ရွိတဲ့ပံုမေပါက္ရင္ အလုပ္ရွင္ေတြကလည္း ယံုမွာမဟုတ္ဘူး။ တကယ္ေရာလုပ္ႏိုင္ပါ့မလား။ ၾကည့္ရတာ တုန္တုန္ခ်ိခ်ိနဲ႔။ သူေျပာတာေတြက အမွန္ေတြဟုတ္ရဲ႕လား စသည္ျဖင့္ ကိုယ့္ကိုသံသယ ဝင္ၾကမွာ။ အဲ့ေတာ့ ကိုယ့္မွာတကယ္အရည္အခ်င္းရွိေေနတာပဲ။ မွန္သည္ျဖစ္ေစမွားသည္ျဖစ္ေစ သူတို႔ေမးလာသမွ်ကို ကိုယ္သိထားတဲ့အတိုင္း ယံုၾကည္မွ်ရွိရွိသာေျဖ။ ကိုယ္ေနဟန္ထားလည္း အရမ္းႀကီး မေတာင့္ေနေစနဲ႔ေနာ္။ သက္သက္သာသာပဲေန။ မ်က္ႏွာမွာလည္း အရမ္းစိတ္လႈပ္ရွားေနတဲ့ ပံုမေပၚေအာင္သတိထားေနာ္။ စိတ္ေအးေအးထား။ ဒီေမးခြန္းပဲေမးမွာ။ ကိုယ္က ေသခ်ာျပင္ဆင္လာၿပီးမွ ထစ္ထစ္အအျဖစ္ေနရင္ ရလဒ္မေကာင္းႏိုင္ဘူးေလ။ ကိုယ္ေသခ်ာလုပ္လာတာပဲ။ ယံုၾကည္မႈရွိရွိသာေန။ အဆင္ေျပသြားလိမ့္မယ္။

ကဲ အက္ဒ္မင္ေတာ့ အေပၚက ၅ ခ်က္ကို ေသခ်ာေလး လိုက္လုပ္ရင္ အလုပ္ေကာင္းေကာင္းတစ္ခုေတာ့ရႏိုင္တယ္ဆိုတဲ့ ယံုၾကည္မႈရွိတယ္။ ေယာင္းတို႔ေရာ….? အလုပ္ပထမဆံုး စေလွ်ာက္မယ့္ ေယာင္းတို႔ေရာ၊ အလုပ္အခါခါေလွ်ာက္ေပမယ့္ မရေသးတဲ့ေယာင္းတို႔ေရာ အက္ဒ္မင့္နည္းေလးေတြသံုးၿပီး အလုပ္ေကာင္းေကာင္းရႏိုင္ၾကပါေစေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myat (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ရန္ #
အခုတလော အက်ဒ်မင့်သူငယ်ချင်းတွေ အလုပ်လိုချင်တယ်ဆိုပြီး လာလာညည်းနေကြတယ်ရော။ အဲ့တာနဲ့ သူတို့ကိုအကြံပေးရင်း အက်ဒ်မင့်ယောင်းတွေကိုလည်း ဝေမျှချင်လာလို့။ အက်ဒ်မင်လည်း အလုပ်ကိုတော်တော်ရှာယူလိုက်ရတာ။ ယောင်းတို့ကို အက်ဒ်မင့်လိုု စမ်းတဝါးဝါးမဖြစ်စေချင်လို့ အက်ဒ်မင်သုံးခဲ့တဲ့ ထိရောက်တဲ့နည်းလမ်းလေးတွေရော ရှာဖွေရသလောက် အသုံးတကယ်ဝင်မယ့် နည်းလမ်းလေးတွေပါ ဝေမျှပေးမယ်နော်။

၁. အလုပ်အကိုင်ရှာဖွေရေး application ကောင်းကောင်းတစ်ခု

အခုနောက်ပိုင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေပြီးတော့ website တွေ application တွေ ထောင်ပေးလိုက်ပြီဆိုတော့ အလုပ်ရှာဖို့ တစ်လမ်းဝင်တစ်လမ်းထွက် သွားစရာမလိုတော့ပဲ ပိုလွယ်ကူလျှင်မြန်လာပြီနော်။ အလုပ်ရှာဖို့ လွယ်သွားပေမယ့် အလုပ်ရဖို့ကျတော့ ခက်ပြန်ရော။ အဲ့ဒါက ကိုယ်အလုပ်လျှောက်တဲ့ အေဂျင်စီပေါ်လည်းမူတည်တယ်လို့ ပြောရမယ်။ နာမည်ကြီးပြီးသား website ထဲမှာ ဝင်လျှောက်မိရင်တော့ စောင့်ပေတော့ပဲ။ ဘာလို့ဆို တော်တော်များများက ဒီ website ကိုသိပြီးသားဆိုတော့ ဒီကိုပဲ ဝင်လျှောက်ကြတော့ ကိုယ့်မှာအလုပ်ရဖို့ အခွင့်အရေးက နည်းသွားပြန်ရော။ ကိုယ့်ထက်အရင်ဦးအောင် လျှောက်ထားတဲ့လူတွေကို အင်တာဗျူးခေါ်ပြီးတဲ့အထိ စောင့်ရတာကိုး။ အဲ့တော့ ယုံလည်းယုံကြည်ရ လူသိလည်းသိပ်မများသေးတဲ့ အလုပ်အကိုင်ရှာဖွေရေး website ဒါမှမဟုတ် application တစ်ခုတော့ရှာတတ်ဖို့လိုမယ်နော်။

အက်ဒ်မင်ကတော့ Grab Jobs ဆိုတဲ့ application ကို ညွှန်းချင်တယ်။ Website ဆိုရင်တောင် ခဏခဏ google ခေါက် Website ဝင်ရှာနဲ့ အလုပ်ရှုပ်ဦးမယ်။ ခုက app ဆိုတော့ ဖုန်းထဲကို ဒေါင်းလုဒ် လုပ်ထားရုံနဲ့ အင်တာနက်ဖွင့်ပြီး ကြိုက်တဲ့အချိန်ဝင်ကြည့်ရုံပဲ။ Grab Jobs က ဒီ ၂၀၁၇ ဖေဖော်ဝါရီလမှစဖွင့်တာ ဆိုတော့ အသစ်လို့ပြောလို့ရမယ်။ ဆိုတော့ အဲ့မှာအလုပ်လျှောက်ဖြစ်ရင် မြန်မြန်အင်တာဗျူးအခေါ်ခံရဖို့ အခွင့်အရေးရှိတာပေါ့။ CV တင်ပြီး ၅ ရက်အတွင်း အလုပ်ခေါ်တဲ့ ကုမ္ပဏီဘက်က အင်တာဗျူးအတွက် အကြောင်းပြန်ပေးတယ်။ ပြီးတော့သူက ယုံကြည်ရတယ်။ မှတ်ပုံတင်ပြီးသား။ အလုပ်ခေါ်တဲ့ ကုမ္ပဏီတွေရဲ့ အချက်အလက်တွေ အပြည့်အစုံဖော်ပြပြီးသား။ ကိုယ်လျှောက်မယ့် ရာထူးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်လဲ ပါပြီးသားဆိုတော့ တော်တော်လေးအဆင်ပြေတယ်။ အခြား Website တွေနဲ့ တော်တော်လေးကွဲပြားတဲ့ အချက်က Grab Jobs app မှာ အလုပ်ခေါ်တဲ့ ကုမ္ပဏီတွေနဲ့ အလုပ်လျှောက်တဲ့သူ တိုက်ရိုက်စကားပြောလို့ရမယ့် Chat box လေးပါတာပဲ။ Facebook messenger လိုပေါ့။ မက်ဆေ့ချ်ဝင်လာရင် မက်ဆင်ဂျာလိုတော့ ဖုန်းနိုတီဘားပေါ်မှာ မပြဘူး။ Application ထဲပြန်ဝင်ကြည့်ရတယ်။ အဲ့ဒါလေးတစ်ခုတော့ သတိထားရမယ်။ တော်ကြာ အလုပ်ရှင်ဘက်က စာပို့နေတာကို မသိတာတို့ဘာတို့ ဖြစ်နိုင်တယ်ပေါ့နော်..

ပြီးတော့ ခုချိန်မှာ Grab Jobs က Interview Bot လေးကို စပြီး မိတ်ဆက်လိုက်ပြီလေ.. Interview Bot ဆိုတာကတော့ ပထမဆုံး အင်တာဗျူးဖြေသလိုပါပဲ.. သူ့မှာ မေးခွန်းလေးတွေရှိပြီး သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ဖြေရတာပါ.. ဒါကို First Interview လို့ သတ်မှတ်တယ်ပေါ့နော်.. ဘယ်သူမှမှ မရှိတာလို့တော့ ဖြေချင်တာတွေ မဖြေလိုက်ပါနဲ့… သူတို့ဆီကို Data တွေ ဝင်သွားမှာမို့ ယောင်းရဲ့အဖြေတွေကိုကြည့်ပြီးတော့ပဲ 2nd Interview ဒါမှမဟုတ် နောက်ဆုံးအင်တာဗျူးထပ်ခေါ်မှာပါ..

ခြုံကြည့်ရင်တော့ ဒါလေးက အဆင်ပြေတာပေါ့။ ပထမအင်တာဗျူးတွေ၊ ဒုတိယအင်တာဗျူးတွေနဲ့ အလုပ်ရှုပ်နေစရာမလိုတော့ဘဲ အလုပ်ရှင်နဲ့ တိုက်ရိုက်ဆက်သွယ်လို့ရတယ်ဆိုတဲ့ အချက်လေးကို သဘောကျတယ်။

၂. Business Card (လိပ်စာကဒ်) ကောင်းကောင်းလေးတစ်ခု ဖန်တီးပါ။

ကဲ အလုပ်လျှောက်တာအောင်မြင်သွားပြီ။ အလုပ်ရှင်ဘက်ကလည်း အင်တာဗျူးခေါ်ပြီဆိုရင် ကိုယ့်မိတ်ဆက်ဖို့၊ ကိုယ်ဆိုတာကို မှတ်မိနေဖို့ တစ်ခုခုလုပ်ရတော့မယ်။ အက်ဒ်မင်ကတော့ လိပ်စာကဒ်လေးတစ်ခုဖန်တီးဖို့ တိုက်တွန်းချင်တယ်။ မြန်မာနိုင်ငံမှာတော့ ဒါမျိုးကိုလုပ်ငန်းရှင်တွေနဲ့ ရာထူးရှိတဲ့သူတွေလောက်ပဲ လုပ်တာများတယ်။ ဒါပေမဲ့ ကိုယ့်အတွက်တစ်ခုလောက် လုပ်ထားလည်း အရှူံးမရှိပါဘူး။ အလုပ်လျှောက်ရုံတင်မကဘဲ နေ့စဉ်လူမှုဆက်ဆံရေးမှာလည်း အဆင်ပြေတယ်လေ။ ကဒ်လေးပေးထားတော့ ကိုယ့်ကိုလည်း မှတ်မိနေတာပေါ့။ အလုပ်ရှင်နဲ့တွေ့တဲ့အခါကျရင်လည်း  လိပ်စာကဒ်လေး သပ်သပ်ခပ်ခပ်နဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ရင် လူကြီးတွေကလည်း ပြင်ဆင်မှုရှိတယ်ဆိုပြီးသဘောကျ၊ ကိုယ့်ကိုလည်း မှတ်မှတ်သားသားလေးဖြစ်သွားတာပေါ့။

လိပ်စာကဒ်ဆိုတာကလည်း ရှင်းရှင်းသန့်သန့်လေးမှ ကြည့်ချင်စရာကောင်းမှာပေါ့။ ဟုတ်တယ်မလား။ အဲ့တော့ အက်ဒ်မင်အကြံပေးချင်တာက လိပ်စာကဒ်ကို ရှုပ်ယှက်ခက်မနေပါစေနဲ့။ အဖြူရောင်ကွက်လပ်နေရာတွေ များများကျန်ပါစေ။ အဲ့ဒါမှ ဖတ်ရတာရှင်းနေမှာပေါ့။ ကိုယ့်ကဒ်ကိုဖတ်တဲ့သူကို ပေးချင်တဲ့ ကိုယ့်အကြောင်းအချက်အလက်တွေ သေချာစဉ်းစားပါ။ ထိရောက်မယ့်အချက်အလက်ပေါ့။ ဥပမာ – နေရပ်လိပ်စာ၊ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်။ များသောအားဖြင့် လိပ်စာကဒ်မှာ ဓါတ်ပုံတော့ထည့်လေ့မရှိကြဘူး။ အက်ဒ်မင်ကတော့ အပန်းမကြီးရင်၊ ကဒ်ပေါ်မှာနေရာအများကြီးပိုနေရင် ပုံလေးထည့်ပေးစေချင်တယ်..အဲ့တော့ မျက်နှာနဲ့တွဲပြီးမှတ်မိသွားစေတာပေါ့။ သတိတော့ထားနော်… ပုံထည့်မယ်ဆို ထည့်တဲ့ပုံက သပ်သပ်ရပ်ရပ်နဲ့ သေချာရိုက်ထားတဲ့ ပုံလေးထည့်ပေးဖို့တော့လိုမယ်.. ယောင်းတို့ရေ။ CV မှာတွဲထားတဲ့ ပုံဆိုပိုကောင်းတာပေါ့။ ပြီးတော့ စာလုံးတွေအတွက် သုံးတဲ့ဖောင့်ပုံစံကိုလည်း မျက်စိမရှုပ်စေတဲ့ ဖောင့်လေးသုံးပေးနော်။ အရမ်းသေးတဲ့ဖောင့်တွေ တွန့်တွန့်တက်တက်ဖောင့်တွေ တတ်နိုင်သလောက်မသုံးမိအောင် သတိထားနော်။

CV ဘယ်လိုရေးရမလဲမသိလို့ အလုပ်မလျှောက်တော့ဘူးတော့ မလုပ်နဲ့နော်။ အက်ဒ်မင်အပေါ်က ညွှန်းခဲ့တဲ့ GrabJobs Application မှာ CV မရှိလည်း အလုပ်လျှောက်လို့ရတယ်နော်။ မိုက်တယ်မလား။ အက်ဒ်မင်က အဲ့အချက်လေးတွေသဘောကျတာ။ သူ့ Appication မှာကို ပရိုဖိုင်အချက်အလက်တွေထည့်ဖို့ပါပြီးသား။ မြန်မာဘာသာနဲ့လည်း ရတော့ အိုခေပဲပေါ့။ CV မရေးတတ်တဲ့ယောင်းတွေတောင် သူ့မှာထည့်ပေးထားတဲ့ ပုံစံလေးကိုကြည့်ပြီး CV ရေးလို့ရသေးတယ်။

၄. ကိုယ်လျှောက်မယ့် ကုမ္ပဏီနဲ့ ရာထူးအကြောင်းကြိုလေ့လာထားပါ။

ဒီအချက်လေးကိုလည်း လျှော့မတွက်နဲ့နော် ယောင်းတို့။ အက်ဒ်မင်အတွေ့အကြုံအရ အင်တာဗျူးခေါ်တဲ့ အလုပ်ရှင်တိုင်းက သူတို့ ကုမ္ပဏီအကြောင်းသိလားလို့မေးကြတယ်။ အဲ့တော့ မသိဘူးဆိုတဲ့ အဖြေကြီးကတော့ ဘယ်သူကမှလိုချင်မှာ မဟုတ်ဘူးလေ။ ဘယ်သူမဆိုကိုယ့်လုပ်ငန်းကို သူများတွေသိတယ်ဆိုတာတော့ လိုချင်တာပေါ့လေ။ ပြီးတော့ ကိုယ်လျှောက်တဲ့ ကုမ္ပဏီအကြောင်းတောင် မသိဘဲနဲ့ အင်တာဗျူးလာဖြေတယ်ဆိုတာတော့ ကိုယ့်အပေါ် အင်ပရက်ရှင်ဒေါင်းတာပေါ့နော်။ အဲ့တော့ ကိုယ်လျှောက်တဲ့ ကုမ္ပဏီအကြောင်းလေး အရင်သိအောင် စုံစမ်းပါလို့ အက်ဒ်မင်က အကြံပေးချင်တယ်။ ပြောလို့လည်း ကောင်းတယ်လေ။ သူတို့က သိလားမေးရင် သိတာပေါ့ဆိုပြီး သိထားသလောက်ပြောချလိုက်ရုံပဲ။ အဲ့တော့ သူတို့လည်းကျေနပ်၊ ကိုယ့်ကိုလည်း တကယ်အလုပ်လုပ်ဖို့ စိတ်အားထက်သန်တဲ့သူလို့ ယုံကြည်သွားတာပေါ့။ ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာကလည်း အရေးကြီးတယ်မလား။ ရာထူးလည်း ထို့အတူပါ။ ကိုယ်လျှောက်တဲ့ ရာထူးရဲ့ တာဝန်ဝတ္တရားတွေကို အကုန်မဟုတ်ရင်တောင် အချို့အချက်လေးတွေတော့ သိထားသင့်တယ်လေ။ အဲ့ဒါမှ ဒီရာထူးမှာ ဘာတွေလုပ်ရမလဲသိလားဆိုတဲ့ မေးခွန်းရောက်ရင် ကွိုင်မတက်မှာ။ မသိဘူးဆိုရင် သွားရော။ ကိုယ်ဘာလုပ်ရမလဲ မသိဘဲနဲ့ ဘာလို့လာလျှောက်သေးလဲလို့ အမေးမခံရရင်ကံကောင်း။ အပြောအဆိုကလည်းလွတ်၊ ကိုယ့်ကိုလည်း အထင်မသေးရဲအောင် ဒါလေးတွေတော့ ကြိုလေ့လာထားဖို့လိုမယ်နော်။ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကနေ လျှောက်ထားရင်တော့ အချက်အလက်တွေ အလွယ်တကူ ရနိုင်ပါတယ်။  အက်ဒ်မင်ပြောတဲ့ Grab Jobs Application ထဲမှာဆို အလုပ်ခေါ်တဲ့ ကုမ္ပဏီတွေရဲ့ အချက်အလက်တွေရော လျှောက်တဲ့ရာထူးရဲ့ တာဝန်ဝတ္တရားတွေပါ တော်တော်လေးစုံအောင်ထည့်ပေးထားတာ။

၅. ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။

နောက်ဆုံးပေမယ့် ချန်ထားလို့လုံးဝမရတဲ့အချက်လေး။ အပေါ်မှာက လုပ်ငန်းနဲ့ဆိုင်တဲ့အချက်တွေ၊ သတိထားစရာတွေ ဝေမျှပြီးပြီဆိုတော့ နောက်ဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိပါလို့ အားပေးချင်တယ်။ ကိုယ့်ကိုဘယ်သူမှ လျော့မတွက်စေနဲ့နော်။ ကိုယ်ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲတတ်တတ် ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိတဲ့ပုံမပေါက်ရင် အလုပ်ရှင်တွေကလည်း ယုံမှာမဟုတ်ဘူး။ တကယ်ရောလုပ်နိုင်ပါ့မလား။ ကြည့်ရတာ တုန်တုန်ချိချိနဲ့။ သူပြောတာတွေက အမှန်တွေဟုတ်ရဲ့လား စသည်ဖြင့် ကိုယ့်ကိုသံသယ ဝင်ကြမှာ။ အဲ့တော့ ကိုယ့်မှာတကယ်အရည်အချင်းရှိေနေတာပဲ။ မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ သူတို့မေးလာသမျှကို ကိုယ်သိထားတဲ့အတိုင်း ယုံကြည်မျှရှိရှိသာဖြေ။ ကိုယ်နေဟန်ထားလည်း အရမ်းကြီး မတောင့်နေစေနဲ့နော်။ သက်သက်သာသာပဲနေ။ မျက်နှာမှာလည်း အရမ်းစိတ်လှုပ်ရှားနေတဲ့ ပုံမပေါ်အောင်သတိထားနော်။ စိတ်အေးအေးထား။ ဒီမေးခွန်းပဲမေးမှာ။ ကိုယ်က သေချာပြင်ဆင်လာပြီးမှ ထစ်ထစ်အအဖြစ်နေရင် ရလဒ်မကောင်းနိုင်ဘူးလေ။ ကိုယ်သေချာလုပ်လာတာပဲ။ ယုံကြည်မှုရှိရှိသာနေ။ အဆင်ပြေသွားလိမ့်မယ်။

ကဲ အက်ဒ်မင်တော့ အပေါ်က ၅ ချက်ကို သေချာလေး လိုက်လုပ်ရင် အလုပ်ကောင်းကောင်းတစ်ခုတော့ရနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိတယ်။ ယောင်းတို့ရော….? အလုပ်ပထမဆုံး စလျှောက်မယ့် ယောင်းတို့ရော၊ အလုပ်အခါခါလျှောက်ပေမယ့် မရသေးတဲ့ယောင်းတို့ရော အက်ဒ်မင့်နည်းလေးတွေသုံးပြီး အလုပ်ကောင်းကောင်းရနိုင်ကြပါစေနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myat (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top