ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကၽြန္မနဲ႔ သူက ခ်စ္သူေတြပါ။ လက္ဖက္ရည္ ႀကိဳက္တတ္တဲ့ ကၽြန္မဟာ ဆိုင္္မွာ ပူပူေလး ထိုင္ေသာက္ရတာကို ႏွစ္သက္ပါတယ္။ အဲဒီအခါ သူေျပာေလ့ ရွိတာကေတာ့

"မင္းကြာ… အပ်ိဳေလးတန္မဲ႔ ဆိုင္ထိုင္ရသလား" တဲ့။

ကၽြန္မ ေအာ္ရယ္ပစ္လိုက္တယ္။ လူေတြ အမ်ားႀကီးေရွ႕မွာ ဆိုင္ထိုင္ဖို႔ရာကို သင့္ေတာ္တယ္ဆိုတဲ့ ဆိုင္မွာ ရုိးသားတဲ့ အရည္ကို ရိုးသားစြာ ေသာက္ေနတာပါရွင္။ ဒါေပမဲ့ မေျဖရွင္းေတာ့ပါဘူး။ ကိုယ္မွန္တယ္ ထင္ရင္ မေျဖရွင္းပဲ ေရြးတဲ့လမ္းကို ေျဖာင့္ေအာင္ ေလွ်ာက္တတ္တာ ကြ်န္မအက်င့္ကိုး။

ေဟာ… ထပ္ေျပာျပန္ၿပီ..
"မင္းကြာ… အပ်ိဳေလးျဖစ္ျပီး ရယ္တာႀကီးကိုက" တဲ့

ထံုးစံအတိုင္း ကၽြန္မ မေျဖရွင္းပါဘူး။ စာရင္းကိုင္ တေယာက္ျဖစ္တဲ့ ကၽြန္မဟာ တခါတရံ အလုပ္မ်ားပါတယ္၊ အဲဒီအခါ အိမ္ျပန္ေနာက္က်တတ္တဲ့ ကၽြန္မကို

"မင္းကြာ… အပ်ိဳဆိုတာ အိမ္ျပန္ သိပ္မိုးမခ်ဳပ္သင့္ဘူး" တဲ့။

ဒီလိုနဲ႔ပဲ ခ်စ္သူဘ၀ကိုျဖတ္သန္းခဲ့ျပီးေတာ့ သူလဲ ႏိုင္ငံျခားကို အလုပ္လုပ္ဖို႔ ထြက္သြားျပီေပါ့။ သူ ႏိုင္ငံျခားသြားလို႔ သိပ္မၾကာခင္မွာပဲ ကၽြန္မ တပည့္တေယာက္ ရခဲ့တယ္၊ နာမည္က ေခ်ာေခ်ာတဲ့။

ေကာင္မေလးရဲ႕ မ်က္ႏွာမွာ အထင္ရွားဆံုးကေတာ့ ပါးႏွစ္ဘက္လံုးမွာပါတဲ့ ပါးခ်ိဳင့္ပါပဲ။ LCCI (3) ကို ေခ်ာေခ်ာအိမ္မွာ Guide လုပ္ေပးဖို႔ေပါ့။ စာေမးပြဲေျဖဖို႔ နီးကပ္လာတဲ့ တစ္ေန႔မွာ မေအာင္မွာစိုးတဲ့ ကၽြန္မ
စာျပဖို႔ ေစာေစာအေရာက္ ေခ်ာေခ်ာ ေဆးရုံတင္ထားရတယ္လို႔ ဆီးေျပာတာနဲ႔ ေဆးရုံကို လိုက္သြားမိတယ္။

ကိုယ္၀န္ (၂) လ ရွိတာသိလို႔ စိတ္ညစ္ၿပီး ပိုးသတ္ေဆးေသာက္တာတဲ့။ လူဦးလို႔ေပါ့။ မေသေကာင္း မေပ်ာက္ေကာင္းရွင္။ ကၽြန္မလဲ အားေပးစကား ေျပာၿပီး အိမ္ျပန္လာခဲ့တယ္။

ကၽြန္မစိတ္ထဲ မရွင္းဘူးရွင္၊ ကၽြန္မ သိသေလာက္ေတာ့ ေခ်ာေခ်ာဟာ အိမ္သားေတြမပါဘဲ အျပင္မထြက္တတ္ဘူးရွင့္။ ေရာ္ ဘာေတြလဲကြယ္။ အဲဒီေန႔ကတည္းက စကားေျပာရင္ ေျဖးညွင္းစြာ၊ ရယ္ရင္လည္း တိုးတိုးေလး ရယ္တတ္တဲ့ ပါးခ်ိဳင့္ႏွစ္ဘက္နဲ႔ ေခ်ာေခ်ာကို ေနာက္ထပ္ မေတြ႔ရေတာ့ပါဘူး။

အခ်ိန္ေတြ ၾကာလာခဲ့ၿပီး တေန႔မွာေတာ့ ဖိတ္စာတစ္ေစာင္နဲ႔ စာအိတ္တစ္လံုးကို ကၽြန္မရခဲ့တယ္။ ဖိတ္စာက သူ႔ရဲ႕ မဂၤလာေဆာင္ ဖိတ္စာေပါ့၊ ဆက္ဆက္ လာပါတဲ့။

ေသြးေၾကာင္ရင္ ေဘးေခ်ာင္မွာ ရပ္ေနမွာေပါ့၊ ကၽြန္မ ဆက္ဆက္သြားမွာပါ။ စာအိတ္ကလည္း သူေရးထားတဲ့စာပါပဲ၊ ဆက္ဖတ္ဖို႔ မလိုအပ္ေတာ့ဘူးလို႔ ထင္တာနဲ႔ ဒီတိုင္းပဲ ပစ္ထားလိုက္တယ္။

မဂၤလာေဆာင္ရက္မွာ အသဲမကြဲဘူးေဟ့ လို႔ ျပခ်င္တဲ့ကၽြန္မ အလွဆံုးကို ျပင္ပစ္လိုက္တယ္။ အခ်စ္ဦးနဲ႔လြဲရေပမဲ့ အခ်စ္ဆံုးနဲ႔ ဆံုႏိုင္ခြင့္ ရွိပါေသးတယ္ရွင္။ အခ်စ္မပါဘဲ ဘ၀ကို ေအာင္ျမင္ေအာင္ တည္ေဆာက္ခဲ့တဲ့ သူေတြမွ အမ်ားႀကီးပါ။

ေဟာ… လာေနၿပီ။ မဂၤလာေမာင္ႏွံ။ သူေရြးတဲ့ သတိုးသမီးကို ေသေသခ်ာခ်ာၾကည့္မွ ပါးခ်ိဳင့္။ သတိုးသမီးမ်က္ႏွာေပၚက ထင္ရွားလွတဲ့ ပါးခ်ိဳင့္။ ေခ်ာေခ်ာ။ ေၾသာ္ သတိုးသမီးက ေခ်ာေခ်ာကိုး။

အိမ္ျပန္ေရာက္တာနဲ႔ ဖြင့္ေဖာက္ဖတ္ဖို႔ မလိုအပ္ေတာ့ဘူး လို႔ထင္ၿပီး ပစ္ထားတဲ႔ သူ႔ရဲ႕စာကို ခ်က္ခ်င္း ဖြင့္ၾကည့္မိတယ္။ စာထဲပါတာကေတာ့…

"ငါျပန္လာတာ နင့္ကို အသိမေပးတာက အိမ္ေထာင္ျပဳေတာ့မွာမို႔ပဲ။ အိမ္က ရွာေပးတာ၊ ငါလဲႏွစ္သက္တယ္။ သူ႔မွာ ငါႀကိဳက္တဲ့ အပ်ိဳစင္အခ်က္ေတြ ရွိတယ္" ေလတဲ့။

ကၽြန္မ ဒီစာကို မွန္ေဘာင္ သြင္းၿပီး ေရႊကြပ္ထားလိုက္တယ္။ ကၽြန္မကို တသက္လံုး ရယ္ေနေအာင္လုပ္ေပးမဲ့ ဟာသစစ္စစ္ တစ္ပုဒ္ အေနနဲ႔ေပါ့။ ကၽြန္မေလ ၀တၱဳမေရးတတ္လို႔ပါ။ ေရးမ်ား ေရးတတ္ရင္ျဖင့္ ၀တၱဳေခါင္းစဥ္ကို

"ဘယ္သူ အပ်ိဳစစ္ပါသလဲ" လို႔ ေပးမိမွာပါ။
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ယဥ္မင္းဦး

# Unicode Version #
ကျွန်မနဲ့ သူက ချစ်သူတွေပါ။ လက်ဖက်ရည် ကြိုက်တတ်တဲ့ ကျွန်မဟာ ဆိုင်မှာ ပူပူလေး ထိုင်သောက်ရတာကို နှစ်သက်ပါတယ်။ အဲဒီအခါ သူပြောလေ့ ရှိတာကတော့

"မင်းကွာ… အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့။

ကျွန်မ အော်ရယ်ပစ်လိုက်တယ်။ လူတွေ အများကြီးရှေ့မှာ ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ ဆိုင်မှာ ရိုးသားတဲ့ အရည်ကို ရိုးသားစွာ သောက်နေတာပါရှင်။ ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး။ ကိုယ်မှန်တယ် ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင် လျှောက်တတ်တာ ကျွန်မအကျင့်ကိုး။

ဟော… ထပ်ပြောပြန်ပြီ..
"မင်းကွာ… အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက" တဲ့

ထုံးစံအတိုင်း ကျွန်မ မဖြေရှင်းပါဘူး။ စာရင်းကိုင် တယောက်ဖြစ်တဲ့ ကျွန်မဟာ တခါတရံ အလုပ်များပါတယ်၊ အဲဒီအခါ အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို

"မင်းကွာ… အပျိုဆိုတာ အိမ်ပြန် သိပ်မိုးမချုပ်သင့်ဘူး" တဲ့။

ဒီလိုနဲ့ပဲ ချစ်သူဘဝကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲ နိုင်ငံခြားကို အလုပ်လုပ်ဖို့ ထွက်သွားပြီပေါ့။ သူ နိုင်ငံခြားသွားလို့ သိပ်မကြာခင်မှာပဲ ကျွန်မ တပည့်တယောက် ရခဲ့တယ်၊ နာမည်က ချောချောတဲ့။

ကောင်မလေးရဲ့ မျက်နှာမှာ အထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။ LCCI (3) ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့။ စာမေးပွဲဖြေဖို့ နီးကပ်လာတဲ့ တစ်နေ့မှာ မအောင်မှာစိုးတဲ့ ကျွန်မ
စာပြဖို့ စောစောအရောက် ချောချော ဆေးရုံတင်ထားရတယ်လို့ ဆီးပြောတာနဲ့ ဆေးရုံကို လိုက်သွားမိတယ်။

ကိုယ်ဝန် (၂) လ ရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့။ လူဦးလို့ပေါ့။ မသေကောင်း မပျောက်ကောင်းရှင်။ ကျွန်မလဲ အားပေးစကား ပြောပြီး အိမ်ပြန်လာခဲ့တယ်။

ကျွန်မစိတ်ထဲ မရှင်းဘူးရှင်၊ ကျွန်မ သိသလောက်တော့ ချောချောဟာ အိမ်သားတွေမပါဘဲ အပြင်မထွက်တတ်ဘူးရှင့်။ ရော် ဘာတွေလဲကွယ်။ အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ၊ ရယ်ရင်လည်း တိုးတိုးလေး ရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ ချောချောကို နောက်ထပ် မတွေ့ရတော့ပါဘူး။

အချိန်တွေ ကြာလာခဲ့ပြီး တနေ့မှာတော့ ဖိတ်စာတစ်စောင်နဲ့ စာအိတ်တစ်လုံးကို ကျွန်မရခဲ့တယ်။ ဖိတ်စာက သူ့ရဲ့ မင်္ဂလာဆောင် ဖိတ်စာပေါ့၊ ဆက်ဆက် လာပါတဲ့။

သွေးကြောင်ရင် ဘေးချောင်မှာ ရပ်နေမှာပေါ့၊ ကျွန်မ ဆက်ဆက်သွားမှာပါ။ စာအိတ်ကလည်း သူရေးထားတဲ့စာပါပဲ၊ ဆက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ ထင်တာနဲ့ ဒီတိုင်းပဲ ပစ်ထားလိုက်တယ်။

မင်္ဂလာဆောင်ရက်မှာ အသဲမကွဲဘူးဟေ့ လို့ ပြချင်တဲ့ကျွန်မ အလှဆုံးကို ပြင်ပစ်လိုက်တယ်။ အချစ်ဦးနဲ့လွဲရပေမဲ့ အချစ်ဆုံးနဲ့ ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင်။ အချစ်မပါဘဲ ဘဝကို အောင်မြင်အောင် တည်ဆောက်ခဲ့တဲ့ သူတွေမှ အများကြီးပါ။

ဟော… လာနေပြီ။ မင်္ဂလာမောင်နှံ။ သူရွေးတဲ့ သတိုးသမီးကို သေသေချာချာကြည့်မှ ပါးချိုင့်။ သတိုးသမီးမျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့်။ ချောချော။ သြော် သတိုးသမီးက ချောချောကိုး။

အိမ်ပြန်ရောက်တာနဲ့ ဖွင့်ဖောက်ဖတ်ဖို့ မလိုအပ်တော့ဘူး လို့ထင်ပြီး ပစ်ထားတဲ့ သူ့ရဲ့စာကို ချက်ချင်း ဖွင့်ကြည့်မိတယ်။ စာထဲပါတာကတော့…

"ငါပြန်လာတာ နင့်ကို အသိမပေးတာက အိမ်ထောင်ပြုတော့မှာမို့ပဲ။ အိမ်က ရှာပေးတာ၊ ငါလဲနှစ်သက်တယ်။ သူ့မှာ ငါကြိုက်တဲ့ အပျိုစင်အချက်တွေ ရှိတယ်" လေတဲ့။

ကျွန်မ ဒီစာကို မှန်ဘောင် သွင်းပြီး ရွှေကွပ်ထားလိုက်တယ်။ ကျွန်မကို တသက်လုံး ရယ်နေအောင်လုပ်ပေးမဲ့ ဟာသစစ်စစ် တစ်ပုဒ် အနေနဲ့ပေါ့။ ကျွန်မလေ ဝတ္တုမရေးတတ်လို့ပါ။ ရေးများ ရေးတတ်ရင်ဖြင့် ဝတ္တုခေါင်းစဉ်ကို

"ဘယ်သူ အပျိုစစ်ပါသလဲ" လို့ ပေးမိမှာပါ။
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
ဖိုးသူတော် (www.phothutaw.com)
Credit:  ယဉ်မင်းဦး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top