Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္တာေတြ ၾကြက္သားေတြ မာတင္းတာေၾကာင့္ျဖစ္တတ္ၿပီး ကိုယ့္တစ္ေန႔တာလံုးကို အေႏွာက္အယွက္ျဖစ္ေစပါတယ္။

တခါတေလ ၁ ရက္ ပိုၾကာရွည္ေအာင္ ခံစားရႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔တုိင္း ေခါင္းေလ့က်င့္ခန္းကို လုပ္ေပးသင့္ပါတယ္။ အဲ့ဒီ တျခား သဘာ၀နည္းလမ္းနဲ႔ကာကြယ္လုိ႔ရတဲ့ နည္းေတြကို ေ၀မွ်ခ်င္ပါတယ္။

ပု၀ါကို လည္ပင္းမွာပတ္ပါ

အခုဆိုရင္ ေဆာင္းတြင္း၀င္လာပါၿပီ။ ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေတြက ရာသီဥတု ေအးရင္လည္း ျဖစ္တတ္ပါတယ္။ ပု၀ါေလးပတ္ၿပီး လည္ပင္းကို ေႏြးေႏြးေလး လုပ္ထားရင္ ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္တာေတြသက္သာေစတဲ့အျပင္ ဖက္ရွင္လည္း က်ေစမွာပါ။

အပူအေအးနဲ႔ကုလို႔ရ

ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေနတဲ့ေနရာကို ေရခဲကပ္ေပးပါ။ ေရခဲက ၾကြက္သားေတြ တင္းတာ၊ ေရာင္ရမ္းတာေတြကို က်ေစပါတယ္။ အပူကလည္း ၾကြက္သားေတြတင္းေနတာကိုေတြ ေလ်ာ့ေစပါတယ္။

ေရခဲတံုးကို ကုတ္နဲ႔ပခံုးေပၚမွာ မိနစ္ ၂၀ ေလာက္ကပ္ေပးထားၿပီးေနာက္ ေရေႏြးအိတ္ကပ္ေပးပါ။ ဒါဆိုရင္ ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေတြသက္သာလာပါလိမ့္မယ္။

ေရဓာတ္လံုေလာက္ေအာင္ ေသာက္ေပးပါ

ေရဓာတ္ခမ္းေျခာက္ရင္လည္း ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေတြျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို ေရ ၈ ခြက္ကေန ၁၀ ခြက္ၾကား ေသာက္သင့္ပါတယ္။ ကိုယ္လုပ္ရတဲ့အလုပ္က ေနပူထဲထြက္ၿပီး ေရဓာတ္ခမ္းေျခာက္မႈမ်ားရင္ ပိုေသာက္သင့္ပါတယ္။

ေလ့က်င့္ခန္းလုပ္ပါ

ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေနရင္ အေကာင္းဆံုးကေတာ့ ေလ့က်င့္ခန္းလုပ္ပါ။ ေလ့က်င့္ခန္းလို႔ ေျပာရာမွာ ကုတ္ေပၚမွာ အေလးေတြ တင္ၿပီး မတာမ်ိဳး မလုပ္ပါနဲ႔။ ေခၽြးထြက္ေစတဲ့ ေလ့က်င့္ခန္းေတြျဖစ္တဲ့ cardio တို႔ yoga စသည္တုိ႔ ေဆာ့လို႔ရပါတယ္။ ေရကူးတာမ်ိဳးတို႔လည္း လုပ္ေဆာင္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myfood Myanmar

# Unicode Version ျဖင့္ ဖတ္ပါ #

ဇက်ကြောတက်၊ နောက်ကြောတက်တာတွေ ကြွက်သားတွေ မာတင်းတာကြောင့်ဖြစ်တတ်ပြီး ကိုယ့်တစ်နေ့တာလုံးကို အနှောက်အယှက်ဖြစ်စေပါတယ်။

တခါတလေ ၁ ရက် ပိုကြာရှည်အောင် ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း ခေါင်းလေ့ကျင့်ခန်းကို လုပ်ပေးသင့်ပါတယ်။ အဲ့ဒီ တခြား သဘာဝနည်းလမ်းနဲ့ကာကွယ်လို့ရတဲ့ နည်းတွေကို ဝေမျှချင်ပါတယ်။

ပုဝါကို လည်ပင်းမှာပတ်ပါ

အခုဆိုရင် ဆောင်းတွင်းဝင်လာပါပြီ။ ဇက်ကြောတက်၊ နောက်ကြောတက်တွေက ရာသီဥတု အေးရင်လည်း ဖြစ်တတ်ပါတယ်။ ပုဝါလေးပတ်ပြီး လည်ပင်းကို နွေးနွေးလေး လုပ်ထားရင် ဇက်ကြောတက်၊ နောက်ကြောတက်တာတွေသက်သာစေတဲ့အပြင် ဖက်ရှင်လည်း ကျစေမှာပါ။

အပူအအေးနဲ့ကုလို့ရ

ဇက်ကြောတက်၊ နောက်ကြောတက်နေတဲ့နေရာကို ရေခဲကပ်ပေးပါ။ ရေခဲက ကြွက်သားတွေ တင်းတာ၊ ရောင်ရမ်းတာတွေကို ကျစေပါတယ်။ အပူကလည်း ကြွက်သားတွေတင်းနေတာကိုတွေ လျော့စေပါတယ်။

ရေခဲတုံးကို ကုတ်နဲ့ပခုံးပေါ်မှာ မိနစ် ၂၀ လောက်ကပ်ပေးထားပြီးနောက် ရေနွေးအိတ်ကပ်ပေးပါ။ ဒါဆိုရင် ဇက်ကြောတက်၊ နောက်ကြောတက်တွေသက်သာလာပါလိမ့်မယ်။

ရေဓာတ်လုံလောက်အောင် သောက်ပေးပါ

ရေဓာတ်ခမ်းခြောက်ရင်လည်း ဇက်ကြောတက်၊ နောက်ကြောတက်တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်ကြား သောက်သင့်ပါတယ်။ ကိုယ်လုပ်ရတဲ့အလုပ်က နေပူထဲထွက်ပြီး ရေဓာတ်ခမ်းခြောက်မှုများရင် ပိုသောက်သင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ဇက်ကြောတက်၊ နောက်ကြောတက်နေရင် အကောင်းဆုံးကတော့ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလို့ ပြောရာမှာ ကုတ်ပေါ်မှာ အလေးတွေ တင်ပြီး မတာမျိုး မလုပ်ပါနဲ့။ ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ cardio တို့ yoga စသည်တို့ ဆော့လို့ရပါတယ်။ ရေကူးတာမျိုးတို့လည်း လုပ်ဆောင်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Myfood Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top