Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

က်ိဳက္ထိုၿမိဳ႕နယ္ရွိ က်ိဳက္ထီး႐ိုးေစတီဘုရားပဲြေတာ္ ပင္မအလွဴေငြရရွိမႈသည္ ယခင္ႏွစ္ထက္ က်ပ္သိန္း ၇၀၀ ေက်ာ္ ပိုရခဲ့ေၾကာင္း ေဂါပကအဖဲြ႕၀င္ ဦးေက်ာ္၀င္းလိႈင္က ေျပာသည္။
၂၀၁၆ ဘုရားပဲြဖြင့္ပဲြတြင္ ပင္မအလွဴေငြ က်ပ္ ၁၂၇ သိန္း သာ ရရွိၿပီး ၂၀၁၇ ဖြင့္ပဲြတြင္ ဘုရားဖူးဦးေရ ယခင္ႏွစ္ထက္ ပိုမ်ားသျဖင့္ (ေအာက္တိုဘာ ၁ ရက္မွ ၈ ရက္အထိ) အလွဴေငြ က်ပ္ ၈၉၂ သိန္းအထိ ရရွိခဲ့သည္။
‘‘ဒီႏွစ္က ဘုရားဖူးေတြ တိုး မေပါက္ေအာင္မ်ားေတာ့ အလွဴ ေငြပိုခဲ့တယ္။ ဒီေငြေတြက ပင္မ အလွဴခံဌာနကရတဲ့ ေငြတစ္ခု တည္းပါ။ တျခားအလွဴေငြေတြ မပါေသးဘူး။ တျခားအလွဴေငြ ေတြလည္း ပိုရရွိထားတယ္။ စာရင္း အတိအက်တြက္ရဦးမယ္’’ဟု ဦးေက်ာ္၀င္းလိႈင္က ေျပာသည္။
ယခင္ႏွစ္မ်ားက ဖြင့္ပဲြေန႔ တြင္ လူဦးေရ တစ္သိန္းခန္႔သာ လာေရာက္ၿပီး ယခုႏွစ္ဖြင့္ပဲြတြင္ လူဦးေရ ၁၅၀,၀၀၀ ေက်ာ္အထိ လာေရာက္ခဲ့ေၾကာင္း ေဂါပကအဖဲြ႕က ဆုိသည္။
ထို႔အျပင္ ယခုႏွစ္ ဘုရားပြဲ ရာသီ၌ က်ိဳက္ထီး႐ိုးေစတီေပၚ တြင္ ေတာ႐ိုင္းတိရစၧာန္ အသား မ်ားႏွင့္ ဘုရားပံုေတာ္ပါ အ၀တ္ အထည္မ်ားေရာင္းခ်ျခင္းကို ပိတ္ ပင္ထားၿပီး ေဂါပကအဖဲြ႕မသိဘဲ ေစ်းတင္ေရာင္းခ်ပါက တင္းက်ပ္ စြာ အေရးယူမည္ျဖစ္ေၾကာင္း ေဂါပကအဖဲြ႕က ထုတ္ျပန္ထားသည္။
ယခုႏွစ္ ဘုရားပဲြေတာ္ ဖြင့္ပဲြ ေန႔ကစ၍ ဘုရားဖူးသူမ်ား စိတ္အေႏွာင့္အယွက္မျဖစ္ေစရန္ ေစတီရင္ျပင္ေတာ္တြင္ ပ်ံက်ေစ်းသည္ ၃၀ ေက်ာ္ကို ဖမ္းဆီးအေရးယူထားၿပီး ေဆးျမစ္စံုဆုိင္တစ္ဆုိင္၊ စတိုးဆိုင္ႏွစ္ဆုိင္တို႔ကို စည္းကမ္းေဖာက္ဖ်က္သျဖင့္ ေရာင္းခ်ခြင့္ ေခတၱပိတ္ထားေၾကာင္း ဦးေက်ာ္၀င္းလိႈင္က ဆုိသည္။
က်ိဳက္ထီး႐ိုးဘုရားပဲြကာလ သည္ သီတင္းကၽြတ္လျပည့္မွ ကဆုန္လျပည့္အထိ ျဖစ္ၿပီး ဖြင့္ပဲြ ကာလအတြင္း ျပည္တြင္း၊ ျပည္ပ ဘုရားဖူးဧည့္သည္ တစ္ရက္လွ်င္ သိန္းခ်ီလာေရာက္ၾကေၾကာင္း ဘုရားေဂါပကအဖဲြ႕က ေျပာ သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီဘုရားပွဲတော် ပင်မအလှူငွေရရှိမှုသည် ယခင်နှစ်ထက် ကျပ်သိန်း ၇၀၀ ကျော် ပိုရခဲ့ကြောင်း ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းလှိုင်က ပြောသည်။

၂၀၁၆ ဘုရားပွဲဖွင့်ပွဲတွင် ပင်မအလှူငွေ ကျပ် ၁၂၇ သိန်း သာ ရရှိပြီး ၂၀၁၇ ဖွင့်ပွဲတွင် ဘုရားဖူးဦးရေ ယခင်နှစ်ထက် ပိုများသဖြင့် (အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ) အလှူငွေ ကျပ် ၈၉၂ သိန်းအထိ ရရှိခဲ့သည်။

‘‘ဒီနှစ်က ဘုရားဖူးတွေ တိုး မပေါက်အောင်များတော့ အလှူ ငွေပိုခဲ့တယ်။ ဒီငွေတွေက ပင်မ အလှူခံဌာနကရတဲ့ ငွေတစ်ခု တည်းပါ။ တခြားအလှူငွေတွေ မပါသေးဘူး။ တခြားအလှူငွေ တွေလည်း ပိုရရှိထားတယ်။ စာရင်း အတိအကျတွက်ရဦးမယ်’’ဟု ဦးကျော်ဝင်းလှိုင်က ပြောသည်။

ယခင်နှစ်များက ဖွင့်ပွဲနေ့ တွင် လူဦးရေ တစ်သိန်းခန့်သာ လာရောက်ပြီး ယခုနှစ်ဖွင့်ပွဲတွင် လူဦးရေ ၁၅၀,၀၀၀ ကျော်အထိ လာရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့က ဆိုသည်။

ထို့အပြင် ယခုနှစ် ဘုရားပွဲ ရာသီ၌ ကျိုက်ထီးရိုးစေတီပေါ် တွင် တောရိုင်းတိရစ္ဆာန် အသား များနှင့် ဘုရားပုံတော်ပါ အဝတ် အထည်များရောင်းချခြင်းကို ပိတ် ပင်ထားပြီး ဂေါပကအဖွဲ့မသိဘဲ ဈေးတင်ရောင်းချပါက တင်းကျပ် စွာ အရေးယူမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့က ထုတ်ပြန်ထားသည်။

ယခုနှစ် ဘုရားပွဲတော် ဖွင့်ပွဲ နေ့ကစ၍ ဘုရားဖူးသူများ စိတ်အနှောင့်အယှက်မဖြစ်စေရန် စေတီရင်ပြင်တော်တွင် ပျံကျဈေးသည် ၃၀ ကျော်ကို ဖမ်းဆီးအရေးယူထားပြီး ဆေးမြစ်စုံဆိုင်တစ်ဆိုင်၊ စတိုးဆိုင်နှစ်ဆိုင်တို့ကို စည်းကမ်းဖောက်ဖျက်သဖြင့် ရောင်းချခွင့် ခေတ္တပိတ်ထားကြောင်း ဦးကျော်ဝင်းလှိုင်က ဆိုသည်။

ကျိုက်ထီးရိုးဘုရားပွဲကာလ သည် သီတင်းကျွတ်လပြည့်မှ ကဆုန်လပြည့်အထိ ဖြစ်ပြီး ဖွင့်ပွဲ ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် တစ်ရက်လျှင် သိန်းချီလာရောက်ကြကြောင်း ဘုရားဂေါပကအဖွဲ့က ပြော သည်။



 ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top