Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

၀ိ​ေဒဟတိုင္​း မိထီလာျပည္​့႐ွင္​ ဘုရင္​မင္​းတရားသည္​ကား..နိမိ..အမည္​႐ွိ​ေတာ္​မူ၏..။

    နိမိမင္​းႀကီးသည္​ နံနက္​စာ စား​ေတာ္​ပြဲတည္​ၿပီး​ေနာက္​ ျပာသာဒ္​ထက္​သို႔တက္​၍ ​ေလသာျပတင္​းကို ဖြင္​့လ်ွက္​ လမ္​းခရီးကို ၾကည္​့႐ႈ့​ေတာ္​မူ၏ ။

   ထိုသို႔ၾကည္​့​ေနစဥ္​ စြန္​တစ္​​ေကာင္​၏​ေနာက္​သို႔ စြန္​အမ်ား ၀ိုင္​းအံုလိုက္​​ေနၾကသည္​..။     အလိုက္​ခံရ​ေသာစြန္​သည္​ မိမိခ်ီယူခဲ့​ေသာ အရာ၀တၳဳကို စြန္​႔ပစ္​၍ အျခားသို႔ ထြက္​​ေျပးသြား​ေလ၏.။

   ပထမစြန္​ စြန္​႔ပစ္​ခဲ့​ေသာ အရာ၀တၳဳကို ဒုတိယစြန္​တစ္​​ေကာင္​က ခ်ီယူျပန္​၏..။   ထိုစြန္​ကိုလည္​း အျခားစြန္​မ်ားက ၀ိုင္​း၀န္​းထိုးဆိတ္​ၾကျပန္​သျဖင္​့ ဒုတိယစြန္​သည္​ ထိုအရာကို စြန္​႔ျပစ္​ထြက္​​ေျပးရျပန္​၏..။

   ဒုတိယစြန္​ စြန္​ ့ပစ္​လိုက္​​ေသာအရာကို တတိယစြန္​က ခ်ီယူျပန္​၏..။   ထိုစြန္​ကိုလည္​း အျခားစြန္​မ်ားက ၀ိုင္​း၀န္​း ထိုးဆိတ္​ၾကျပန္​သျဖင္​့   ခ်ီယူမိ​ေသာအရာကို စြန္​႔ပစ္​၍ ထြက္​​ေျပးရျပန္​၏..။

   မင္​းႀကီးသည္​ တစ္​​ေကာင္​မွ တစ္​​ေကာင္​လက္​ အလုခံရ​ေသာ ထိုအရာကို ​ေသခ်ာစြာ ၾကည္​့႐ႈ့​ေတာ္​မူ​ေသာအခါ သားတစ္​ ျဖစ္​​ေနမွန္​း သိရလ်ွင္​ သံ​ေ၀ဂဥာဏ္​ ပြင္​့​ေတာ္​မူလာ​ေလသည္​..။    သားတစ္​သည္​ သိန္​းစြန္​းငွက္​တို႔၏ ကာမ၀တၳဳတည္​း..... ။   ကာမ၀တၳဳကို ဆက္​ခံ​ေသာစြန္​ငွက္​သည္​ ဆင္​းရဲရ၏..။  သူတစ္​ပါး အညႇဥ္​းဆဲကို ခံရ၏..။ စြန္​႔ပစ္​​ေသာအခါ ခ်မ္​းသာ​ေလ၏..။

   ဤစြန္​ငွက္​မ်ားနည္​းတူ ကာမဂုဏ္​ငါးပါးကို စြန္​႔ပစ္​ႏိုင္​​ေသာ သူသည္​ ခ်မ္​းသာရ၏..။   ကာမ၀တၳဳဟူသည္​ တစ္​ဦးတည္​း ပိုင္​ဆိုင္​​ေသာ အရာမဟုတ္​.. အမ်ားပိုင္​ဆိုင္​​ေသာ အရာျဖစ္​၏..။   အမ်ားပိုင္​ဆိုင္​​ေသာ အရာကို တစ္​ဦးတည္​ပိုင္​ အမွတ္​ျဖင္​့ သိမ္​းပိုက္​မိ​ေသာ သူကား ဆင္​းရဲရမည္​ မလြဲတည္​း... ။

  ငါသည္​ ဆင္​းရဲျခင္​း၏ အ​ေၾကာင္​းျဖစ္​​ေသာ ကာမ၀တၳဳကို စြန္​ ့ပစ္​၍ တရား႐ႈ့​ေပအံ့ဟု ဆင္​ျခင္​ကာ ၀ိပႆနာ ကမၼ႒ာန္​း စီးျဖန္​းပြားမ်ား​ေသာ​ေၾကာင္​့ ထို​ေနရာ၌ပင္​ ပ​ေစၥကဗုဒၶါအျဖစ္​သို႔ ဆိုက္​​ေရာက္​​ေတာ္​မူ​ေလ၏..။

   ပ​ေစၥက​ဗုဒၶါအျဖစ္​သို႔ ​ေရာက္​ၿပီး​ေသာ မင္​းႀကီးသည္​ အနီး၌ခံစား​ေနၾက​ေသာ အမတ္​တို႔အား **** ငါ ပ​ေစၥက​ဗုဒၶါ ျဖစ္​ၿပီ.... ဟု မိန္​႔​ေတာ္​မူ​ေလသည္​..။
အမတ္​မ်ားက...
               """" အ႐ွင္​မင္​းႀကီး .. ပ​ေစၥက​ဗုဒၶါ ဟူသည္​ အ႐ွင္​ကဲ့သို႔ မင္​း၀တ္​တန္​ဆာႏွင္​့ မဟုတ္​ပါ..။ ဖန္​ရည္​စြန္​း​ေသာ အ၀တ္​ျဖင္​့ ဦးျပည္​းပုဂၢိဳလ္​မ်ား ျဖစ္​ၾကပါသည္​... "" ဟု​ေလ်ွာက္​၏...။

   ထိုခဏ၌ မင္​းႀကီးသည္​ လက္​အုက္​ကိုခ်ီ၍ ဦး​ေခါင္​းကိုသံုးသပ္​​ေတာ္​ မူလိုက္​ရာ လူ႔အသြင္​ ကြယ္​​ေပ်ာက္​၍ ရဟန္​းအသြင္​ ​ေရာက္​လာၿပီးလ်ွင္​ ​ေကာင္​းကင္​၌ရပ္​၍ အမတ္​တို႔အား ဆံုမစကား ​ေျပာၾကား​ေတာ္​မူ​ေလသည္​..။

   ထို႔​ေနာက္​  ​ေကာင္​းကင္​ခရီးျဖင္​့ ပ​ေစၥက​ဗုဒၶါ အ႐ွင္​ျမတ္​မ်ား သီတင္​းသံုး​ေတာ္​မူရာ နႏၵမူလိုဏ္​ဂူသို႔ ႂကြသြား​ေတာ္​မူ​ေလသတည္​း...။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သတၱကနိပါတ္​၊ ကုမၻာရဇာတ္​

# Unicode Version ျဖင့္ ဖတ္ပါ #

ဝိဒေဟတိုင်း မိထီလာပြည့်ရှင် ဘုရင်မင်းတရားသည်ကား..နိမိ..အမည်ရှိတော်မူ၏..။

    နိမိမင်းကြီးသည် နံနက်စာ စားတော်ပွဲတည်ပြီးနောက် ပြာသာဒ်ထက်သို့တက်၍ လေသာပြတင်းကို ဖွင့်လျှက် လမ်းခရီးကို ကြည့်ရှု့တော်မူ၏ ။

   ထိုသို့ကြည့်နေစဉ် စွန်တစ်ကောင်၏နောက်သို့ စွန်အများ ဝိုင်းအုံလိုက်နေကြသည်..။     အလိုက်ခံရသောစွန်သည် မိမိချီယူခဲ့သော အရာဝတ္ထုကို စွန့်ပစ်၍ အခြားသို့ ထွက်ပြေးသွားလေ၏.။

   ပထမစွန် စွန့်ပစ်ခဲ့သော အရာဝတ္ထုကို ဒုတိယစွန်တစ်ကောင်က ချီယူပြန်၏..။   ထိုစွန်ကိုလည်း အခြားစွန်များက ဝိုင်းဝန်းထိုးဆိတ်ကြပြန်သဖြင့် ဒုတိယစွန်သည် ထိုအရာကို စွန့်ပြစ်ထွက်ပြေးရပြန်၏..။

   ဒုတိယစွန် စွန့်ပစ်လိုက်သောအရာကို တတိယစွန်က ချီယူပြန်၏..။   ထိုစွန်ကိုလည်း အခြားစွန်များက ဝိုင်းဝန်း ထိုးဆိတ်ကြပြန်သဖြင့်   ချီယူမိသောအရာကို စွန့်ပစ်၍ ထွက်ပြေးရပြန်၏..။

   မင်းကြီးသည် တစ်ကောင်မှ တစ်ကောင်လက် အလုခံရသော ထိုအရာကို သေချာစွာ ကြည့်ရှု့တော်မူသောအခါ သားတစ် ဖြစ်နေမှန်း သိရလျှင် သံဝေဂဉာဏ် ပွင့်တော်မူလာလေသည်..။    သားတစ်သည် သိန်းစွန်းငှက်တို့၏ ကာမဝတ္ထုတည်း..... ။   ကာမဝတ္ထုကို ဆက်ခံသောစွန်ငှက်သည် ဆင်းရဲရ၏..။  သူတစ်ပါး အညှဉ်းဆဲကို ခံရ၏..။ စွန့်ပစ်သောအခါ ချမ်းသာလေ၏..။

   ဤစွန်ငှက်များနည်းတူ ကာမဂုဏ်ငါးပါးကို စွန့်ပစ်နိုင်သော သူသည် ချမ်းသာရ၏..။   ကာမဝတ္ထုဟူသည် တစ်ဦးတည်း ပိုင်ဆိုင်သော အရာမဟုတ်.. အများပိုင်ဆိုင်သော အရာဖြစ်၏..။   အများပိုင်ဆိုင်သော အရာကို တစ်ဦးတည်ပိုင် အမှတ်ဖြင့် သိမ်းပိုက်မိသော သူကား ဆင်းရဲရမည် မလွဲတည်း... ။

  ငါသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ကာမဝတ္ထုကို စွန့်ပစ်၍ တရားရှု့ပေအံ့ဟု ဆင်ခြင်ကာ ဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းပွားများသောကြောင့် ထိုနေရာ၌ပင် ပစ္စေကဗုဒ္ဓါအဖြစ်သို့ ဆိုက်ရောက်တော်မူလေ၏..။

   ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်ပြီးသော မင်းကြီးသည် အနီး၌ခံစားနေကြသော အမတ်တို့အား **** ငါ ပစ္စေကဗုဒ္ဓါ ဖြစ်ပြီ.... ဟု မိန့်တော်မူလေသည်..။
အမတ်များက...
               """" အရှင်မင်းကြီး .. ပစ္စေကဗုဒ္ဓါ ဟူသည် အရှင်ကဲ့သို့ မင်းဝတ်တန်ဆာနှင့် မဟုတ်ပါ..။ ဖန်ရည်စွန်းသော အဝတ်ဖြင့် ဦးပြည်းပုဂ္ဂိုလ်များ ဖြစ်ကြပါသည်... "" ဟုလျှောက်၏...။

   ထိုခဏ၌ မင်းကြီးသည် လက်အုက်ကိုချီ၍ ဦးခေါင်းကိုသုံးသပ်တော် မူလိုက်ရာ လူ့အသွင် ကွယ်ပျောက်၍ ရဟန်းအသွင် ရောက်လာပြီးလျှင် ကောင်းကင်၌ရပ်၍ အမတ်တို့အား ဆုံမစကား ပြောကြားတော်မူလေသည်..။

   ထို့နောက်  ကောင်းကင်ခရီးဖြင့် ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ သီတင်းသုံးတော်မူရာ နန္ဒမူလိုဏ်ဂူသို့ ကြွသွားတော်မူလေသတည်း...။

ဖိုးသူတော် (www.phothutaw.com)
Credit: သတ္တကနိပါတ်၊ ကုမ္ဘာရဇာတ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top