Golden City Promotion
×

တေန႔မွာ………

ေတာသားတစ္ေယာက္

ေစ်းမွာ ေစ်းဝင္ဝယ္ဖို႔ လာရင္း မိုးကလည္းရြာထားေတာ့ သူ႔ဖိနပ္ကျပတ္သြားတာေပါ့

ဒါနဲ႔အိတ္ထဲက စကၠဴေလးနဲ႔ထုတ္ၿပီး ယူလာခဲ့တယ္

ေစ်းအဝင္ဝက ဆိုင္တစ္ဆိုင္ေရာက္ေတာ့

ဆိုင္ရွင္ကိုေခၚေျပာလိုက္တယ္

“အစ္မႀကီး ကြၽန္ေတာ့ ဖိနပ္ေလး ခဏထားခဲ့လို႔ ရမလား ေစ်းလာရင္း ျဖတ္သြားလို႔ပါ ကြၽန္ေတာ္ ေစ်းကအျပန္ဝင္ယူပါ့မယ္

“အစ္မႀကီးက”

ေအးငါ့ေမာင္ ဒီနားမွာထားခဲ့လိုက္

ဟုတ္အစ္မ..

ဒါနဲ႔ ေစ်းဝယ္ၿပီးတာနဲ႔ သူဖိနပ္ေလးဝင္ယူခဲ့တယ္

အစ္မ…ကြၽန္ေတာ့ ဖိနပ္ေလး ယူသြားေတာ့မယ္ခင္ဗ်

ေအးေအး………ယူသြားေလ

ေက်းဇူးတင္ပါတယ္အစ္မ

အစ္မက အရမ္းသေဘာေကာင္းတာပဲ

ေအးရပါတယ္ကြယ္……

တို႔ေတြက လူသားေတြပဲ

ဒီလိုကူညီေပးရတာ အပန္းမႀကီးပါဘူး

ဟုတ္ကဲ့ပါအစ္မ

ကြၽန္ေတာ့ကို သြားခြင့္ျပဳပါအံုး

ေအးပါေအးပါ

ေနာက္လည္း အကူအညီလိုရင္ေျပာေပါ့

ဟုတ္ကဲ့ပါအစ္မ

ဒီလိုနဲ႔ ေတာသားလည္း ရြာကို ျပန္သြားခဲ့တာေပါ့

ေနာက္တစ္ေနမွာေတာ့

သူငယ္ခ်င္းျဖစ္သူနဲ႔ ေစ်းဝယ္လာခဲ့ၾကတာေပါ့

လမ္းခရီးကၾကမ္း ေနကပူနဲ႔

ပါလာတဲ့သူငယ္ခ်င္းက အမွတ္မထင္

မူးလိုက္တာဆိုၿပီး ေျပာေျပာဆိုဆို လဲက်ရာက အသက္ပါ ပါသြားရွာတယ္

သူငယ္ခ်င္းျဖစ္သူ အမွတ္မထင္ ေသဆံုးရလို႔

ဘာလုပ္ရမွန္းမသိ…

ဒါနဲ႔ အေတြးတစ္ဆဝင္လာခဲ့တယ္

သူငယ္ခ်င္းအေလာင္းကို အဝတ္နဲ႔ပတ္ၿပီး

ထမ္းလာခဲ့တာေပါ့

အရင္တခါက

သူဖိနပ္အပ္ခဲ့တဲ့ဆိုင္ေရွ႕ေရာက္လာေတာ့

ေအးဒီဆိုင္ဝင္ထားခဲ့အံုးမွပဲ

ဒါနဲ႔

“အစ္မႀကီး”

ကြၽန္ေတာ့ကိုမွတ္မိလား

ေအာ္……ေအး

ဟိုေန႔က မင္းမို႔လား……

ဖိနပ္ျပတ္လို႔ လာအပ္သြားခဲ့တာေလ…

ဟုတ္…ဟုတ္ပါတယ္အစ္မ

ကြၽန္ေတာ္ပါ…

ေအးေအး ေျပာေလေမာင္ေလး

အစ္မ ဘာကူညီေပးရအံုးမလည္း

ဟုတ္အစ္မ ကြၽန္ေတာ့ သူငယ္ခ်င္း

လမ္းမွာ မူတယ္ဆိုၿပီးလဲက်သြားတာပါ

အသက္ပါ ပါသြားခဲ့တယ္အစ္မ

ကြၽန္ေတာ္ ရြာမွာ သခ်ၤဳႋမွာမို႔ သူငယ္ခ်င္းကို ဒီမွာခဏထားခဲ့ပါရေစ

ခ်က္ခ်င္းဆိုသလိုပဲ

ဟာ!……မရဘူးေလ

ဘယ္ရမလည္း ……

မင္းနယ္ကြယ္………

နိမိတ္မရိွလိုက္တာ

လူေသေကာင္ကို ငါ့ဆိုင္ထားခဲ့မယ္လို႔

ရာရာစစ သြားသြား!……

ငါ့ဆိုင္ေရွ႕ကအခုထြက္သြားစမ္း

ဒါနဲ႔ေတာသားလည္း

ျပန္ထြက္အလာ ဆိုင္ရွင္ အစ္မႀကီးကလည္း

ဗ်စ္ေတာက္ဗ်စ္ေတာက္နဲ႔ က်န္ခဲ့ေတာ့တယ္

သူငယ္ခ်င္း အေလာင္းကို ထမ္ၿပီးျပန္ခဲ့ရင္း

ေတာသား အေတြးက

ဪ. ေလာကလူသားေတြဟာ

မေသခင္မွာေတာ့ မာနေတြတက္ေနၾကတာ

ဂုဏ္ေတြၿပိဳင္ေနၾကတာ ေသသြားၿပီဆိုရင္ ဖိနပ္စုတ္ေလာက္ေတာင္ တန္ဖိုးမရိွပါလား

ဟုတ္ပါတယ္

မေသခင္မာနေတြတက္ ဘဝင္ေတြျမင့္ ဂုဏ္ေတြေမာက္ ေသသြားၿပီဆိုရင္ေတာ့

ခ်စ္လွပါပီဆိုတဲ့ လင္မယား သမီးသားေတြ

အိမ္မွာဘယ္သူမွ ၾကာၾကာမထားခ်င္ၾကပါဘူး

အိုးစားေတာင္ခြဲလိုက္ၾကေသးတယ္

ေသရင္ တန္ဖိုးမရိွတဲ့ ဒီခႏၶာကိုယ္ႀကီးကို

အကုသိုလ္ေတြယူၿပီး မရွာမိေစနဲ႔

ေန႔စဥ္ ကုသိုလ္အေရးေတြ တိုးပြားေအာင္

အားထုတ္ႏိုင္ၾကပါေစ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  original writer

#Unicode Version#
တနေ့မှာ………

တောသားတစ်ယောက်

ဈေးမှာ ဈေးဝင်ဝယ်ဖို့ လာရင်း မိုးကလည်းရွာထားတော့ သူ့ဖိနပ်ကပြတ်သွားတာပေါ့

ဒါနဲ့အိတ်ထဲက စက္ကူလေးနဲ့ထုတ်ပြီး ယူလာခဲ့တယ်

ဈေးအဝင်ဝက ဆိုင်တစ်ဆိုင်ရောက်တော့

ဆိုင်ရှင်ကိုခေါ်ပြောလိုက်တယ်

“အစ်မကြီး ကျွန်တော့ ဖိနပ်လေး ခဏထားခဲ့လို့ ရမလား ဈေးလာရင်း ဖြတ်သွားလို့ပါ ကျွန်တော် ဈေးကအပြန်ဝင်ယူပါ့မယ်

“အစ်မကြီးက”

အေးငါ့မောင် ဒီနားမှာထားခဲ့လိုက်

ဟုတ်အစ်မ..

ဒါနဲ့ ဈေးဝယ်ပြီးတာနဲ့ သူဖိနပ်လေးဝင်ယူခဲ့တယ်

အစ်မ…ကျွန်တော့ ဖိနပ်လေး ယူသွားတော့မယ်ခင်ဗျ

အေးအေး………ယူသွားလေ

ကျေးဇူးတင်ပါတယ်အစ်မ

အစ်မက အရမ်းသဘောကောင်းတာပဲ

အေးရပါတယ်ကွယ်……

တို့တွေက လူသားတွေပဲ

ဒီလိုကူညီပေးရတာ အပန်းမကြီးပါဘူး

ဟုတ်ကဲ့ပါအစ်မ

ကျွန်တော့ကို သွားခွင့်ပြုပါအုံး

အေးပါအေးပါ

နောက်လည်း အကူအညီလိုရင်ပြောပေါ့

ဟုတ်ကဲ့ပါအစ်မ

ဒီလိုနဲ့ တောသားလည်း ရွာကို ပြန်သွားခဲ့တာပေါ့

နောက်တစ်နေမှာတော့

သူငယ်ချင်းဖြစ်သူနဲ့ ဈေးဝယ်လာခဲ့ကြတာပေါ့

လမ်းခရီးကကြမ်း နေကပူနဲ့

ပါလာတဲ့သူငယ်ချင်းက အမှတ်မထင်

မူးလိုက်တာဆိုပြီး ပြောပြောဆိုဆို လဲကျရာက အသက်ပါ ပါသွားရှာတယ်

သူငယ်ချင်းဖြစ်သူ အမှတ်မထင် သေဆုံးရလို့

ဘာလုပ်ရမှန်းမသိ…

ဒါနဲ့ အတွေးတစ်ဆဝင်လာခဲ့တယ်

သူငယ်ချင်းအလောင်းကို အဝတ်နဲ့ပတ်ပြီး

ထမ်းလာခဲ့တာပေါ့

အရင်တခါက

သူဖိနပ်အပ်ခဲ့တဲ့ဆိုင်ရှေ့ရောက်လာတော့

အေးဒီဆိုင်ဝင်ထားခဲ့အုံးမှပဲ

ဒါနဲ့

“အစ်မကြီး”

ကျွန်တော့ကိုမှတ်မိလား

အော်……အေး

ဟိုနေ့က မင်းမို့လား……

ဖိနပ်ပြတ်လို့ လာအပ်သွားခဲ့တာလေ…

ဟုတ်…ဟုတ်ပါတယ်အစ်မ

ကျွန်တော်ပါ…

အေးအေး ပြောလေမောင်လေး

အစ်မ ဘာကူညီပေးရအုံးမလည်း

ဟုတ်အစ်မ ကျွန်တော့ သူငယ်ချင်း

လမ်းမှာ မူတယ်ဆိုပြီးလဲကျသွားတာပါ

အသက်ပါ ပါသွားခဲ့တယ်အစ်မ

ကျွန်တော် ရွာမှာ သင်္ချုႋမှာမို့ သူငယ်ချင်းကို ဒီမှာခဏထားခဲ့ပါရစေ

ချက်ချင်းဆိုသလိုပဲ

ဟာ!……မရဘူးလေ

ဘယ်ရမလည်း ……

မင်းနယ်ကွယ်………

နိမိတ်မရှိလိုက်တာ

လူသေကောင်ကို ငါ့ဆိုင်ထားခဲ့မယ်လို့

ရာရာစစ သွားသွား!……

ငါ့ဆိုင်ရှေ့ကအခုထွက်သွားစမ်း

ဒါနဲ့တောသားလည်း

ပြန်ထွက်အလာ ဆိုင်ရှင် အစ်မကြီးကလည်း

ဗျစ်တောက်ဗျစ်တောက်နဲ့ ကျန်ခဲ့တော့တယ်

သူငယ်ချင်း အလောင်းကို ထမ်ပြီးပြန်ခဲ့ရင်း

တောသား အတွေးက

ဪ. လောကလူသားတွေဟာ

မသေခင်မှာတော့ မာနတွေတက်နေကြတာ

ဂုဏ်တွေပြိုင်နေကြတာ သေသွားပြီဆိုရင် ဖိနပ်စုတ်လောက်တောင် တန်ဖိုးမရှိပါလား

ဟုတ်ပါတယ်

မသေခင်မာနတွေတက် ဘဝင်တွေမြင့် ဂုဏ်တွေမောက် သေသွားပြီဆိုရင်တော့

ချစ်လှပါပီဆိုတဲ့ လင်မယား သမီးသားတွေ

အိမ်မှာဘယ်သူမှ ကြာကြာမထားချင်ကြပါဘူး

အိုးစားတောင်ခွဲလိုက်ကြသေးတယ်

သေရင် တန်ဖိုးမရှိတဲ့ ဒီခန္ဓာကိုယ်ကြီးကို

အကုသိုလ်တွေယူပြီး မရှာမိစေနဲ့

နေ့စဉ် ကုသိုလ်အရေးတွေ တိုးပွားအောင်

အားထုတ်နိုင်ကြပါစေ


ဖိုးသူတော် (www.phothutaw.com)
Credit:  original writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top