ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ရွင္ျပဳၿပီးၿပီလို႔ ထင္ေန ခဲ့တာ။ တကယ္ေတာ့ ကြၽန္ေတာ္ ရွင္မျပဳရေသးပါ။ အကယ္၍ ''မင္း ရွစ္ႏွစ္, ကိုးႏွစ္အရြယ္တုန္းက ရွင္ျပဳ ခဲ့တယ္မဟုတ္လား'' ဟု ေမးလာျငားအံ့၊ ဒီတုန္းက ကိုယ့္ကစားေဖာ္ေတြ ရွင္ျပဳၾကမယ္ဆိုေတာ့ ကိုယ္လည္း ရွင္ျပဳခ်င္လိုက္တာ။ အေဖ့ကိုရွင္ျပဳေပးဖုိ႔ ပူဆာေတာ့ သူငယ္ခ်င္းေတြနဲ႔အတူေရာၿပီး ရွင္ျပဳခဲ့ရတယ္။ ရွင္ မျပဳမီ ဘုန္းႀကီးေက်ာင္းမွာ တစ္လေလာက္ေနၿပီး သကၤန္း ေတာင္းေတြ က်က္ခဲ့ရတာ၊ မဂၤလသုတ္ေတြ က်က္မွတ္ ခဲ့ရတာ၊ သိမ္ေက်ာင္းထဲ ခို၊ ေခြး၊ လင္းႏို႔ေတြနဲ႔ အၿပိဳင္ ေဆာ့ကစားခဲ့ၾကတာကို ျမင္ေယာင္မိေသးေတာ့။

ရွင္ျပဳျခင္းဆိုတဲ့ အရာကို ဘာမွေလးေလးနက္နက္ ဆင္ျခင္ႏုိင္စြမ္းမရွိတဲ့ အရြယ္ေပါ့။

ဒီေန႔ေတာ့ ကြၽန္ေတာ့္သားေလး ဆယ့္သံုးႏွစ္ အရြယ္ကို ရွင္ျပဳေပးလိုက္ပါၿပီ။ ရွင္ျပဳပြဲမွာ ဆရာေတာ္ က တရားခ်ီးျမႇင့္ေဟာၾကားပါတယ္။ ဆရာေတာ္ ေဟာ ၾကားတဲ့တရားကို နာလိုက္ရေတာ့ ကိုယ့္ကိုယ္ကိုယ္ ဘုရားတမိသြားတယ္။
ဘုရား ဘုရား ... တကယ္ေတာ့ ငါဟာ ရွင္ မျပဳရေသးပါလားလို႔ -
ေၾသာ္ - သားေလးကိုရွင္ျပဳမယ္ဆိုေတာ့ သားက ေျပာေသးတယ္-
''ေမာင္ရွင္ေလာင္းက သားတစ္ေယာက္တည္း လား အေဖ၊ သားအေဖာ္နဲ႔ ႏွစ္ေယာက္ေလာက္ဆိုရင္ ေကာင္းမွာ'' တဲ့-

သားက ဖခင္ျဖစ္သူ ကြၽန္ေတာ့္ရဲ႕ ေရာဂါေဝဒနာ ကို မသိရွာဘူး။ ကြၽန္ေတာ္ရဲ႕ ေရာဂါက တျဖည္းျဖည္း တုိးတိုးလာေနတယ္။ ေနရမယ့္ရက္က တျဖည္းျဖည္း ေလ်ာ့ေလ်ာ့လာေနတာကို သားမသိရွိဘူး။ ဒါေၾကာင့္ ဆရာေတာ္နဲ႔ တိုင္ပင္ကာ ခပ္ျမန္ျမန္ အက်ဥ္းခ်ံဳးၿပီး သားတစ္ေယာက္တည္းကို ရွင္ျပဳလိုက္ရတာပါ။
ရွင္ျပဳအလွဴမွာ ဆရာေတာ္ေဟာၾကားတဲ့ တရား ကို နာၾကားလိုက္ရေတာ့ ေရစက္္ခြက္ကို ကိုင္ရင္း သား ကိုရင္ေလးကိုၾကည့္ၿပီး တိုးတိုးေလးေျပာေနမိတယ္။
''ယခု ရွင္ျပဳပြဲမွာ သားတစ္ေယာက္တည္းကို ရွင္ ျပဳေပးတာမဟုတ္ပါဘူး။ ရွင္ေလာင္းအျဖစ္ အေဖလည္း ပါပါတယ္။ ယခုပြဲဟာ သားနဲ႔အေဖ အတူတကြ ရွင္ျပဳ တဲ့ပြဲပါလို႔''

ကြၽန္ေတာ့္ရဲ႕ ဝမ္းသာပီတိမ်က္ရည္ဟာ ေရစက္ ခြက္ထဲမ်ား က်သြားေလမလား။ က်သြားလည္း မ်က္ရည္ နဲ႔ ေရစက္ခ်ခဲ့တယ္လို႔ ေျပာလို႔ရတာေပါ့လို႔ ႀကံဖန္ ေတြးမိပါရဲ႕။

ေၾသာ္ . . . ကြၽန္ေတာ့္ဘဝဇာတ္ေၾကာင္း တေစ့တေစာင္းကို အစ္ကိုႀကီးကို ေျပာျပခ်င္ေသးတယ္။ ကြၽန္ေတာ္ေပခဲ့ ေတခဲ့တာေလးေတြကိုေပါ့။
ကြၽန္ေတာ္က အစိုးရသစ္ထုတ္္ေရး ဝန္ထမ္း တစ္ေယာက္ပါ။ သစ္တင္ကားႀကီးေတြကို ေမာင္းရတဲ့ ကားဆရာဆိုပါေတာ့ . . .

အလုပ္ထဲေရာက္ၿပီး မၾကာမီမွာ အေသာက္အစား ေတြနဲ႔ ရင္းႏွီးခဲ့ရတယ္။ ဘုန္းႀကီးေက်ာင္းမွာ က်က္မွတ္ ခဲ့ရတဲ့ ''အေသဝနာစဗာလာနံ ပ႑ိတာနၪၥေသဝနာ ပူဇာစ ပူဇေနယ်ာနံ ဧတံမဂၤလမုတၱမံ'' ဆိုတဲ့ မဂၤလာ တရားေတာ္ကလည္း ဘုန္းေတာ္ႀကီးေက်ာင္းမွာ က်န္ ရစ္ခဲ့ပါၿပီ။
အိမ္ေထာင္က်ၿပီးေတာ့လည္း သားေကြၽးမႈ၊ မယား ေကြၽးမႈထက္ ကိုယ္ေသာက္စားမူးယစ္ဖို႔ကိုပဲ ဦးစားေပး ခဲ့မိတယ္။ ကြၽန္ေတာ္ရဲ႕ မလိမၼာမႈ၊ မိုက္မဲမႈေတြေၾကာင့္ သားေယာက်္ားေလး ထြန္းကားအၿပီးမွာ အိမ္ေထာင္ ၿပိဳကြဲခဲ့ရတယ္။

ဒီလိုၿပိဳကြဲခဲ့ေပမဲ့လည္း ကြၽန္ေတာ္ဆိုတဲ့ေကာင္က အမွတ္မရွိပါဘူ။ အစြဲဆိုတာ ေတာ္ေတာ္ျဖတ္ရခက္ ပါတယ္။ ဒီၾကားထဲမွာ ကြၽန္ေတာ္နဲ႔ က်န္ခဲ့တဲ့ သားေလး ကိုေတာ့ ရွင္ျပဳႏိုင္ေအာင္ ႀကိဳးစားခဲ့ပါတယ္။
အဲဒီတုန္းက သားကိုရွင္ျပဳခဲ့တာ ရွင္ျပဳတယ္ဆို ႐ံုပါပဲ။ ဗုဒၶဘာသာမွန္ရင္ သားေယာက်္ားေလးကို ရွင္ ျပဳေပးႏိုင္ရမယ္ဆိုတဲ့ အေတြးေလာက္ပဲ ရွိခဲ့တာပါ။ ဘာသာေရး၊ သာသနာေရးကို နားမလည္ခဲ့တာ အမွန္ ပါပဲ။

သို႔ေသာ္ အႏုတ္လကၡဏာျပေနတဲ့ ကြၽန္ေတာ့္ ဘဝကို အေပါင္းလကၡဏာျဖစ္လာေအာင္ ေျပာင္းလဲ ေပးခဲ့သူ ေပၚေပါက္လာပါတယ္။
ကြၽန္ေတာ့္အသက္ ေလးဆယ့္ငါးႏွစ္ေလာက္မွာ ကြၽန္ေတာ့္ထက္ ငယ္ရြယ္သူ မိန္းကေလးတစ္ေယာက္ ကို လက္ထပ္ျဖစ္ခဲ့ပါတယ္။ သူရဲ႕ စည္း႐ံုးမႈ၊ ေဖ်ာင္းဖ် ေျပာဆိုမႈေတြေၾကာင့္ အရက္သမားဘဝက ကြၽတ္လြတ္ ခဲ့ရပါၿပီ။
ကြၽန္ေတာ္ရဲ႕ ဒုတိယအိမ္ေထာင္သည္ဟာ ဘာသာ တရား ကိုင္း႐ႈိင္းသူျဖစ္လို႔ ကြၽန္ေတာ္လည္း သူႏွင့္အတူ လိုက္ပါရင္း ေက်ာင္းကန္ဘုရားႏွင့္ ျပန္လည္ ရင္းႏွီး လာခဲ့ပါတယ္။

မဂၤလသုတ္၊ ေမတၱာသုတ္ ပရိတ္ေတာ္ေတြရဲ႕ အနက္အဓိပၸာယ္ေတြကို အက်ယ္တဝင့္ ေလ့လာႏိုင္ခဲ့ ပါတယ္။ အဆိုပါ ပရိတ္ေတာ္ေတြနဲ႔ ဝိပႆနာ ဆက္ႏႊယ္ေနပံုေတြကိုလည္း သိခြင့္ရလာပါတယ္။
ကြၽန္ေတာ့္အတြက္ေတာ့ ဒုတိယအႀကိမ္ အိမ္ေထာင္ျပဳလိုက္ျခင္းဟာ ပ႑ိတာနဥၥေသဝနာ ပညာရိွသူေတာ္ေကာင္းနဲ႔ ေပါင္းဖက္လုိက္ရသလိုပါပဲ။

ကြၽန္ေတာ္ရဲ႕ စိတ္ေနစိတ္ထားကိုလည္း ျပန္လည္ သံုးသပ္ ဆင္ျခင္ၾကည့္လိုက္ေတာ့ ယခင္ကလို ''ငါ့ကို ဘာမွလာမေျပာနဲ႔'' ဆိုတဲ့ ျပင္းထန္တဲ့ အယူအဆေတြ မရွိေတာ့ဘဲ ႏူးညံ့သိမ္ေမြ႕လာတယ္ ထင္ပါတယ္။ ဇနီးသည္ရဲ႕ ေျပာဆိုဆံုးမမႈေတြကို ၾကည္ျဖဴစြာ လက္ခံ လာတာကို ေတြ႕လာရတယ္။

ဒီလို ေျပာင္းလဲလာတာဟာ အရက္ရဲ႕ ေက်းကြၽန္ ဘဝက လြတ္ေျမာက္လာလုိ႔ ျဖစ္ပါလိမ့္မယ္။ ဒါမွမဟုတ္ ျမတ္ဗုဒၶ၏ ဓမၼေဒသနာမ်ားႏွင့္ ေတြ႕ဆံုမည့္သူတစ္ဦး၏ အေျခခံေျပာင္းလဲမႈလို႔ ဆိုရမလား။

အိမ္ေထာင္သက္ တစ္ႏွစ္ေက်ာ္ေလာက္မွာ သား ေယာက်္ားေလး ထြန္းကားခဲ့ျပန္ပါတယ္။

သားေလး ေက်ာင္းေနအရြယ္ ေရာက္လာခ်ိန္မွာ ကြၽန္ေတာ္ရဲ႕ စိတ္ေတြဟာ ဘာသာေရးဘက္ကို ေတာ္ေတာ္ေလး ယိမ္းယိုင္ေနတာကို သတိထားမိေနပါ တယ္။ ဆရာေတာ္ႀကီးေတြရဲ႕ တရားေခြေတြကို ကားနားတဲ့အခ်ိန္ေရာ၊ ကားေမာင္းေနရင္းေရာ နာျဖစ္ ေနတယ္။ ဝိပႆနာစာအုပ္ေတြလည္း ရွာေဖြဖတ္႐ႈ အားထုတ္ျဖစ္ေနပါတယ္။

ေၾသာ္ . . . ဘဝ ဘဝက ေဆြမ်ဳိးေတာ္စပ္ဖူး တဲ့ နတ္ေကာင္း နတ္ျမတ္မ်ားက ကြၽန္ေတာ္ရဲ႕ အသက္ အပိုင္းအျခားကိုသိလို႔ လမ္းမမွားရေအာင္ လမ္းမွန္ ေပၚကို ဆြဲတင္ေနၾကသလားလို႔လည္း တစ္ခါတစ္ခါ ေတြးေနမိပါတယ္။
ကြၽန္ေတာ့္အသက္ ငါးဆယ့္ငါးႏွစ္ေလာက္မွာ ႀကီးမားတဲ့ေရာဂါေဝဒနာရဲ႕ အစပ်ဳိးဝင္ေရာက္လာတာကို ဝင္ေရာက္လာမွန္း မသိဘဲ သာမန္အေမာေျပေဆး၊ အမူးေျပေဆးေလာက္ပဲ ေသာက္သံုးျဖစ္ခဲ့ပါတယ္။

အလုပ္လုပ္လိုက္ရင္ ၾကာၾကာမလုပ္ႏိုင္ဘဲ ေမာ လာတာတို႔၊ မူးလာတာတို႔၊ ရင္ဘတ္ထဲ ေအာင့္လာတာ တို႔ ျဖစ္ေပၚလာတာကို အသက္အရြယ္ေလးရလာလုိ႔ ျဖစ္တတ္တဲ့သေဘာပဲ ဒါမွမဟုတ္ ယခင္က အေသာက္ အစားမ်ားခဲ့တဲ့ ဒဏ္ရာ ဒဏ္ခ်က္ေတြျဖစ္မွာပဲလို႔ ေတြး ထင္ခဲ့မိတာပါ။

အသက္ခုနစ္ဆယ္ေက်ာ္ ရွစ္ဆယ္အရြယ္ေတြ က်န္းမာ ခ်မ္းသာစြာျဖင့္ ပရဟိတ လုပ္ငန္းေတြကို ေဆာင္ရြက္ေနၾကတာ ျမင္ရေတာ့ . . .

''ဒါနေတာ ေဘာဂဝါ၊ သီလေတာ သုခိတာ၊ ဘာဝနာေတာ နိဗၺဴတာ'' ဆိုတဲ့ ဗုဒၶဝစနကို သတိရ ျပန္တယ္။ ဒီပုဂၢိဳလ္ေတြဟာ အတိတ္က သီလတရားေတြ ေစာင့္ထိန္းခဲ့ၾကေတာ့ ယခုပစၥဳပၸာန္မွာ အသက္ရွည္ျခင္း စတဲ့ ခ်မ္းသာက်ဳိးကို ခံစားၾကရတာပဲလို႔ မုဒိတာပြားမိ ပါရဲ႕။

ကြၽန္ေတာ့္ခႏၶာကျပလာတဲ့ ေမာတာ၊ မူးတာ၊ ရင္ဘတ္ေအာင့္တာေတြဟာ ခဏတျဖဳတ္ ေရာက္လာ တဲ့ အာဂႏၲဳဧည့္သည္ေတြပဲလို႔ ထင္ခဲ့မိတာ၊ တကယ္ ေတာ့ ဒီေဝဒနာေတြဟာ ဧည့္သည္မဟုတ္ဘဲ ကြၽန္ေတာ့္ ကို အေသသတ္ဖို႔ ေရာက္လာၾကတဲ့ ရန္သူႀကီးေတြ ျဖစ္ေၾကာင္း အခ်ိန္ေႏွာင္းခါမွ သိလာရပါတယ္။
ဒါကလည္း အသက္ရွည္ရွည္ ေနရေလာက္ ေအာင္ ကြၽန္ေတာ္ရဲ႕ သီလတရားက မလံုၿခံဳခဲ့လို႔ ျဖစ္မွာပါ။

ကြၽန္ေတာ့္အသက္ ငါးဆယ့္ရွစ္ႏွစ္ထဲ ေရာက္လာ ပါၿပီ။ ရင္ထဲေအာင့္တာ၊ နာတာက မသိသာေပမဲ့ ေမာတာကေတာ့ သိသာလာေနတယ္။ ဒါနဲ႔ပဲ မိတ္ေဆြ အေပါင္းအသင္းေတြရဲ႕ အႀကံေပးခ်က္အရ မႏၲေလးကို ေဆးျပဆင္းသြားခဲ့ပါတယ္။

ေဆး႐ံုႀကီးရဲ႕ ဓာတ္မွန္အေျဖက ထိတ္လန္႔ရင္ေမာ စရာပါပဲ။ အဆုတ္တစ္ေနရာမွာ ကင္ဆာအျမစ္တြယ္ ေနၿပီတဲ့ . . .
ေဆး႐ံုႀကီးမွာ ဆယ္ေလးငါးရက္ခန္႔ ခြဲစိတ္ကုသမႈ ခံၿပီး ေဖာင္းျပင္ကို ျပန္ခဲ့ပါတယ္ . . .

မႏၲေလးၿမိဳ႕က မဟာျမတ္မုနိကိုယ္ေတာ္ျမတ္ႀကီးနဲ႔ မံုရြာၿမိဳ႕က ဆုေတာင္းျပည့္ဘုရားႀကီးတို႔ကို ေနာက္ဆံုး ဖူးေျမာ္ျခင္းအေနနဲ႔ ဖူးေျမာ္ခဲ့ရပါတယ္။
ေဖာင္းျပင္ေရာက္ၿပီး မၾကာမီမွာ ညာဘက္နား ရြက္ ေအာက္တည့္တည့္ လည္ပင္းနဲ႔ ပုခံုးအစပ္မွာ အက်ိတ္အဖုထြက္လာပါၿပီ။ ကင္ဆာအက်ိတ္ပဲ ျဖစ္မွာ ပါ။

ကိုယ့္ေရွ႕မွာ ကင္ဆာေဝဒနာနဲ႔ ကြယ္လြန္သြား ၾကတာေတြ ေတြ႕ဖူးပါတယ္။ ခႏၶာကိုယ္ အျပင္ဘက္ တစ္ေနရာရာမွာ ကင္ဆာအက်ိတ္ ေပၚလာၿပီဆိုရင္ လပိုင္းမွ်သာ အသက္ရွင္ၿပီး ကြယ္လြန္သြားၾကတာ မ်ားပါတယ္။
ကြၽန္ေတာ္လည္း ကင္ဆာအက်ိတ္ ေပၚလာၿပီ ဆိုေတာ့ . . .
အင္း . . . အလြန္ဆံုးေနရ ငါးလ, ေျခာက္လ ေပါ့။

လူတစ္ေယာက္ ေမြးဖြားလာၿပီဆုိရင္ ေသစား ေသေစ အမိန္႔ဒီဂရီႀကီးနဲ႔အတူ ေမြးဖြားလာတယ္လို႔ အေဖေျပာခဲ့ဖူးတာကို မွတ္မိေနပါေသးတယ္။
တစ္ေန႔ေန႔မွာ ေသရမယ္ဆိုတာကို သိေသာ္လည္း ခုလိုျမန္ျမန္ဆန္ဆန္ ေလးငါးေျခာက္ဆယ္အရြယ္မွာ ေသရလိမ့္မယ္လို႔ ထင္မထားခဲ့တာေတာ့ အမွန္ပါ။
ဒါေပမဲ့လည္းေလ ... လူဆိုတာ ေနခ်င္လို႔လည္း မေနရ ...ေသခ်င္လို႔လည္း မေသရဆိုသလို ေနခ်င္ လို႔လည္း မေနရဆိုတဲ့ထဲမွာ ကြၽန္ေတာ္ ေရာက္ရွိေန ပါၿပီ။
ကြၽန္ေတာ္ရဲ႕ ေသစားေသေစ အမိန္႔ဒီဂရီက ယခု လို ေျခာက္ဆယ္အရြယ္မွာ ေသရမယ္လို႔ ပါခဲ့ပံုရတယ္။

ဒါေၾကာင့္မို႔လည္း ဇနီးသည္ႏွင့္ တိုင္ပင္ကာ ဆရာေတာ္ကို အက်ဳိးအေၾကာင္း ေလွ်ာက္ထားၿပီး သားငယ္ကို အျမန္ဆံုးရွင္ျပဳေပးဖို႔ စီမံလိုက္ရျခင္း ျဖစ္ ပါတယ္။

သားငယ္ ရွင္ေလာင္းဘဝနဲ႔ ကြၽန္ေတာ္တို႔ အမွတ္ တရဓာတ္ပံု႐ိုက္ေတာ့ တစ္ႀကိမ္၊ ကိုရင္ဘဝေရာက္ၿပီး ကိုရင္ရဲ႕ ခမည္းေတာ္, မယ္ေတာ္အျဖစ္နဲ႔ အမွတ္တရ ဓာတ္ပံု႐ိုက္ေတာ့ တစ္ႀကိမ္ ဇနီးသည္ရဲ႕မ်က္ဝန္းမွာ မ်က္ရည္ေတြ ဝိုင္းေနတာကို သတိထားမိလိုက္တယ္။

သူက ကြၽန္ေတာ္ရဲ႕ အသက္အပိုင္းအျခားကို သိေနတာကိုး။ ဝမ္းနည္းရွာေပမေပါ့။
ကြၽန္ေတာ္ကေတာ့ သားငယ္ ကိုရင္ဝတ္ၿပီး ဆရာေတာ္တရားေဟာ ေရစက္ခ်မွပဲ ေရစက္သြန္းခ်ရင္း မ်က္ရည္က်မိပါတယ္။ မ်က္ရည္က်တာကလည္း ဝမ္းနည္းလို႔မဟုတ္ပါ။ ဝမ္းသာလြန္းလို႔က်တဲ့ မ်က္ရည္ပါ လို႔ ဝန္ခံပါရေစ။
ဆရာေတာ္က ဘယ္လို တရားခ်ီးျမႇင့္သြားသလဲ ဆိုတာလည္း ကြၽန္ေတာ္မွတ္မိသေလာက္ ေျပာျပခ်င္ ေသးတယ္။ ဒါမွ ကြၽန္ေတာ္မ်က္ရည္က်ရတာကို သေဘာေပါက္မွာ . . ..

အေလာင္းေတာ္ သိဒတၴမင္းသားဟာ သက္ေတာ္ ႏွစ္ဆယ့္ကိုးႏွစ္အရြယ္မွာ ထီးနန္းစြန္႔ၿပီး ေတာထြက္ ေတာ္မူခဲ့တယ္။ အေနာ္မာျမစ္တစ္ဖက္ကမ္းကိုအေရာက္ အေနာ္မာသဲေသာင္ေပၚမွာ ပါလာတဲ့ သံလ်က္နဲ႔ သူရဲ႕ ဆံပင္ကို ပယ္ေတာ္မူခဲ့တယ္။ အဲဒီေနာက္ နန္းေတာ္ က ဝတ္ဆင္လာတဲ့ မင္းသားအဝတ္အစားေတြကို ခြၽတ္ၿပီး ဃဋိကာရျဗဟၼာႀကီးဆက္သတဲ့ . . ..သကၤန္းကို ဆင္ျမန္းခဲ့တယ္ . . ..

ဘုရားသားေတာ္အျဖစ္ သကၤန္းဝတ္ရန္ ရည္ရြယ္ ၍ ျပဳလုပ္တဲ့ ေမာင္ရွင္ေလာင္းမ်ားဟာလည္း ဘုရား အေလာင္းေတာ္ရဲ႕ နမူနာအတုိင္း ပထမဦးစြာ ဆံပင္ကို ရိတ္ပယ္ရပါတယ္။ ဒုတိယအေနနဲ႔ အရပ္ထဲမွာ ဝတ္ဆင္ ခဲ့တဲ့ အေၾကာင္အက်ား အက်ႌအဝတ္အစားေတြကို ခြၽတ္ၿပီး ဖန္ရည္စြန္းတဲ့ သကၤန္းကို ဆင္ျမန္းရတယ္။ တတိယအေနနဲ႔ သရဏဂံုသံုးပါးကို ပီသေအာင္ ရြတ္ဆို ရပါတယ္။ ေမာင္ရွင္ေလာင္းအေနနဲ႔ ဒီသံုးခုကို မပ်က္ မကြက္ျပဳလုပ္ရပါတယ္။

ဆံပင္ကို ဘာေၾကာင့္ပယ္ရသလဲ။ ဆံပင္ကို အမွီျပဳၿပီး တဏွာ၊ မာန၊ဒိ႒ိေတြ ဝင္ေရာက္ျဖစ္ေပၚ ႏိုင္ေသာေၾကာင့္ ရိတ္ပယ္ရျခင္းျဖစ္တယ္။ ဆံပင္ေပၚမွာ သာယာမႈ စြဲလမ္းမႈ တဏွာျဖစ္၊ ထိုမွတစ္ဆင့္ ဒီဆံပင္ သူမ်ားနဲ႔မတူဘူး၊ ငါ့ဆံပင္က ပိုၿပီးေကာင္းတယ္ဆိုတဲ့ မာနျဖစ္၊ အဲဒီကေနၿပီး ငါ ...ငါဆိုတဲ့ ဒိ႒ိေတြ ျဖစ္ေပၚ လာၾကတယ္တဲ့။ အက်ႌအဝတ္အစားကလည္း ထိုနည္း အတုိင္းပဲ။ ငါ့အက်ႌေလးဆိုၿပီး စြဲလမ္းမႈတဏွာ၊ဒီအက်ႌ ဟာ မင္းတို႔အက်ႌနဲ႔ မတူဘူးဆိုတဲ့ မာန၊ ၿပီးေတာ့ ငါ ငါဆိုတဲ့ ဒိ႒ိေတြ ျဖစ္ေပၚလာၾကတယ္။ ဒါေၾကာင့္ ဒီအစြဲေတြ မျဖစ္ေပၚေအာင္ ဆံရိတ္ျခင္း၊ ပါလာတဲ့ အဝတ္အစားေတြခြၽတ္ၿပီး အဝါေရာင္သကၤန္းျဖင့္ လဲလွယ္ဝတ္ဆင္ျခင္း အမႈေတြ ျပဳလုပ္ၾကရတယ္။

ၿပီးေတာ့ ရွင္ျပဳတယ္၊ ရွင္ျပဳတယ္လို႔ ေျပာဆိုေန ၾကတယ္။ ဘာေၾကာင့္ ရွင္ျပဳတယ္လို႔ ေခၚသလဲ။ ကိုရင္ ဝတ္ၿပီးျပန္ေတာ့ ရွင္သာမေဏတဲ့၊ ''ရွင္'' ဆိုတဲ့ ေဝါဟာရကို ဘာေၾကာင့္ အထူးတလည္ ထည့္သြင္း ေျပာဆိုရပါသလဲ။
ရွင္ျပဳတယ္ဆိုတာ ဒါန၊ သီလ၊ ဘာဝနာတရား ေတြ ရွင္သန္ပြားမ်ားေအာင္ ျပဳလုပ္ေဆာင္ရြက္ေပးျခင္း ျဖစ္ပါတယ္။ ရွင္သာမေဏဆိုတာကေတာ့ ဒါန၊ သီလ၊ ဘာဝနာတရားေတြ ရွင္သန္ပြားမ်ားေအာင္ က်င့္ႀကံ အားထုတ္ေနသူလို႔ အဓိပၸာယ္ ရပါတယ္။

မိမိရဲ႕သားသမီးကို ရွင္ျပဳအလွဴ ျပဳလုပ္ ေဆာင္ရြက္ျခင္းျဖင့္ အလွဴရွင္မိဘမ်ားသည္လည္းပဲ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ္တရားေတြ ရွင္သန္ေအာင္ ျပဳလုပ္ ေဆာင္ရြက္ခြင့္ ရသြားၾကပါၿပီ။ ျမစ္တစ္ဖက္ကမ္း ကို ပို႔ေပးတဲ့ကူးတို႔သမားသည္ အျခားသူမ်ားကိုပို႔ေပးရင္း မိမိလည္း တစ္ဖက္ကမ္းသို႔ ေရာက္သြားသလိုပါပဲတဲ့။

ဒီေနရာမွာ အထူးေျပာလိုတာကေတာ့ သဒၶါ တရားပါပဲ။ သဒၶါတရားရွိလို႔လည္း ဒါနေတြျပဳလုပ္ျဖစ္ ၾကတယ္။ သီလေတြ ေဆာက္တည္ျဖစ္ၾကတယ္။ ဘာဝနာဘက္က်ေတာ့ သဒၶါတရားက အားေပ်ာ့သြား ၾကတယ္။ ထက္သန္တဲ့သဒၶါတရားေတြ ျဖစ္လာဖို႔ သတိ၊ ဝိရိယ၊ ပညာတို႔ရဲ႕ အကူအညီလိုတယ္ေပါ့။ ဗုဒၶသာသနာ နဲ႔ ႀကံဳႀကိဳက္တုန္း၊ ဝိပႆနာဘာဝနာ အားထုတ္ပံု အားထုတ္နည္းေတြကို ေဟာေျပာ ၫႊန္ျပႏိုင္တဲ့ ဆရာေကာင္းေတြ ကိုယ္ပတ္ဝန္းက်င္မွာရွိတုန္း အဲဒီ အခြင့္အေရးကို လက္မလႊတ္ေစခ်င္ဘူး။

အပါယ္ေလးပါး မလားေစတတ္၊ လူနတ္နိဗၺာန္ ခ်မ္းသာအထူးကို ေပးစြမ္းႏိုင္တာက ဝိပႆနာ ဘာဝနာပဲဆိုတာ ဆံုးျဖတ္ခ်က္ခ်ထားေပါ့။
ဝိပႆနာÓာဏ္နဲ႔ ႐ႈမွတ္မႈေတြ ကြၽမ္းက်င္လာၿပီ ဆိုရင္ သြား, ရပ္, ထိုင္, ေလ်ာင္း ဣရိယာပုထ္ ေလးပါးလံုး ဝိပႆနာနဲ႔ မလြတ္ေတာ့ဘူး။ ဒါေၾကာင့္ ေရွးဆရာေတာ္ႀကီးေတြက ဝိပႆနာဆိုတာ ဘာနဲ႔ တူသလဲဆိုရင္ သေႏၶသားကို လြယ္ထားတဲ့ မိခင္နဲ႔ တူသတဲ့။ မိခင္ေလာင္းဟာ မိမိရဲ႕ သေႏၶသားကို ဘယ္မွာမွ ပစ္ခ်ထားလို႔မရဘဲ သြားေလရာ သယ္ေဆာင္ ရသလိုပဲတဲ့။ ဝိပႆနာဆိုတာလည္း တသီးတျခား မဟုတ္ဘဲ ကိုယ္အမူအရာ၊ စိတ္အမူအရာ အားလံုး ဝိပႆနာ ျဖစ္ေနတာပါတဲ့။

ဒါေၾကာင့္ ယခုလို ရွင္ျပဳအလွဴျပဳလုပ္ရာမွာလည္း ဝိပႆနာပါပါေစ၊ သီလေစာင့္ထိန္းရာမွာလည္း ဝိပႆနာပါပါေစ၊ ဝိပႆနာကို ေန႔,ည မကြာ ရွင္သန္ ပြားမ်ား အားထုတ္ႏုိင္ၾကပါေစ။

ယခုလို ဆရာေတာ့္တရား နာၾကားလိုက္ရေတာ့ ရွင္ျပဳျခင္းဆိုတဲ့ အဓိပၸာယ္ကို နားလည္လိုက္ရတယ္။ ကိုယ္တိုင္ သားႏွင့္အတူ ရွင္ျပဳေနပါလားလို႔ ခံစားရင္း ဝမ္းသာပီတိမ်က္ရည္က်မိတာပါ။

တကယ္ေတာ့ ကြၽန္ေတာ္ရဲ႕ ခႏၶာဟာ ၿငိမ္းခါနီး ဖေယာင္းတိုင္မီးေတာက္ကေလးလို ျဖစ္ေနပါၿပီ။ အပ်က္ဘက္ေရာက္ေနတဲ့ ဒီခႏၶာႀကီး ျပန္ေကာင္းလာ ဖု႔ိဆိုတာ အနားမွာရွိေနတဲ့ ဇနီးမယား၊ သမီး၊ သားနဲ႔ ဘယ္ေဆြမ်ဳိး ဥာတိကိုမွ အားကိုးလို႔မရႏိုင္ေတာ့ပါဘူး။
ဒီလို ဆင္ျခင္မိေတာ့ ကြၽန္ေတာ္ အားကိုးရမယ့္ အေဖာ္ အစစ္အမွန္ကို ေတြ႕လိုက္ပါၿပီး ကြၽန္ေတာ္ အားကိုးရမယ့္ အေဖာ္ဟာ ခႏၶာအျပင္မွာ မရွိပါဘူး။ ခႏၶာထဲက သတိ၊ ဝီရိယ၊ ပညာနဲ႔ သီလ၊ ဘာဝနာ ကုသိုလ္တရားေတြပဲ ျဖစ္ပါတယ္။

ကြၽန္ေတာ္ရဲ႕ အသက္ဇီဝ ဆီမီးေတာက္ကေလး မၿငႇိမ္းမီ ဒီကုသိုလ္တရားေတြကို အထပ္ထပ္ဆင္ျခင္ ပြားမ်ားရပါေတာ့မယ္။
ကြၽန္ေတာ္ ယူသြားႏိုင္တာကလည္း အဆုိပါ သတိ၊ ဝီရိယ၊ ပညာႏွင့္ ဒါန, သီလ, ဘာဝနာ ဆိုတဲ့ ကုသိုလ္တရားေတြပဲ မဟုတ္ပါလား။

ကင္ဆာေရာဂါသည္ တစ္ဦး၏ ဖြင့္ဟေျပာဆိုမႈကို ခံစားေရးဖြဲ႕ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သိန္းေဆြ (ေဖာင္းျပင္)

# Unicode Version #
ကျွန်တော့်ကိုယ်ကျွန်တော် ရှင်ပြုပြီးပြီလို့ ထင်နေ ခဲ့တာ။ တကယ်တော့ ကျွန်တော် ရှင်မပြုရသေးပါ။ အကယ်၍ ''မင်း ရှစ်နှစ်, ကိုးနှစ်အရွယ်တုန်းက ရှင်ပြု ခဲ့တယ်မဟုတ်လား'' ဟု မေးလာငြားအံ့၊ ဒီတုန်းက ကိုယ့်ကစားဖော်တွေ ရှင်ပြုကြမယ်ဆိုတော့ ကိုယ်လည်း ရှင်ပြုချင်လိုက်တာ။ အဖေ့ကိုရှင်ပြုပေးဖို့ ပူဆာတော့ သူငယ်ချင်းတွေနဲ့အတူရောပြီး ရှင်ပြုခဲ့ရတယ်။ ရှင် မပြုမီ ဘုန်းကြီးကျောင်းမှာ တစ်လလောက်နေပြီး သင်္ကန်း တောင်းတွေ ကျက်ခဲ့ရတာ၊ မင်္ဂလသုတ်တွေ ကျက်မှတ် ခဲ့ရတာ၊ သိမ်ကျောင်းထဲ ခို၊ ခွေး၊ လင်းနို့တွေနဲ့ အပြိုင် ဆော့ကစားခဲ့ကြတာကို မြင်ယောင်မိသေးတော့။

ရှင်ပြုခြင်းဆိုတဲ့ အရာကို ဘာမှလေးလေးနက်နက် ဆင်ခြင်နိုင်စွမ်းမရှိတဲ့ အရွယ်ပေါ့။

ဒီနေ့တော့ ကျွန်တော့်သားလေး ဆယ့်သုံးနှစ် အရွယ်ကို ရှင်ပြုပေးလိုက်ပါပြီ။ ရှင်ပြုပွဲမှာ ဆရာတော် က တရားချီးမြှင့်ဟောကြားပါတယ်။ ဆရာတော် ဟော ကြားတဲ့တရားကို နာလိုက်ရတော့ ကိုယ့်ကိုယ်ကိုယ် ဘုရားတမိသွားတယ်။
ဘုရား ဘုရား ... တကယ်တော့ ငါဟာ ရှင် မပြုရသေးပါလားလို့ -
သြော် - သားလေးကိုရှင်ပြုမယ်ဆိုတော့ သားက ပြောသေးတယ်-
''မောင်ရှင်လောင်းက သားတစ်ယောက်တည်း လား အဖေ၊ သားအဖော်နဲ့ နှစ်ယောက်လောက်ဆိုရင် ကောင်းမှာ'' တဲ့-

သားက ဖခင်ဖြစ်သူ ကျွန်တော့်ရဲ့ ရောဂါဝေဒနာ ကို မသိရှာဘူး။ ကျွန်တော်ရဲ့ ရောဂါက တဖြည်းဖြည်း တိုးတိုးလာနေတယ်။ နေရမယ့်ရက်က တဖြည်းဖြည်း လျော့လျော့လာနေတာကို သားမသိရှိဘူး။ ဒါကြောင့် ဆရာတော်နဲ့ တိုင်ပင်ကာ ခပ်မြန်မြန် အကျဉ်းချုံးပြီး သားတစ်ယောက်တည်းကို ရှင်ပြုလိုက်ရတာပါ။
ရှင်ပြုအလှူမှာ ဆရာတော်ဟောကြားတဲ့ တရား ကို နာကြားလိုက်ရတော့ ရေစက်ခွက်ကို ကိုင်ရင်း သား ကိုရင်လေးကိုကြည့်ပြီး တိုးတိုးလေးပြောနေမိတယ်။
''ယခု ရှင်ပြုပွဲမှာ သားတစ်ယောက်တည်းကို ရှင် ပြုပေးတာမဟုတ်ပါဘူး။ ရှင်လောင်းအဖြစ် အဖေလည်း ပါပါတယ်။ ယခုပွဲဟာ သားနဲ့အဖေ အတူတကွ ရှင်ပြု တဲ့ပွဲပါလို့''

ကျွန်တော့်ရဲ့ ဝမ်းသာပီတိမျက်ရည်ဟာ ရေစက် ခွက်ထဲများ ကျသွားလေမလား။ ကျသွားလည်း မျက်ရည် နဲ့ ရေစက်ချခဲ့တယ်လို့ ပြောလို့ရတာပေါ့လို့ ကြံဖန် တွေးမိပါရဲ့။

သြော် . . . ကျွန်တော့်ဘဝဇာတ်ကြောင်း တစေ့တစောင်းကို အစ်ကိုကြီးကို ပြောပြချင်သေးတယ်။ ကျွန်တော်ပေခဲ့ တေခဲ့တာလေးတွေကိုပေါ့။
ကျွန်တော်က အစိုးရသစ်ထုတ်ရေး ဝန်ထမ်း တစ်ယောက်ပါ။ သစ်တင်ကားကြီးတွေကို မောင်းရတဲ့ ကားဆရာဆိုပါတော့ . . .

အလုပ်ထဲရောက်ပြီး မကြာမီမှာ အသောက်အစား တွေနဲ့ ရင်းနှီးခဲ့ရတယ်။ ဘုန်းကြီးကျောင်းမှာ ကျက်မှတ် ခဲ့ရတဲ့ ''အသေဝနာစဗာလာနံ ပဏ္ဍိတာနဉ္စသေဝနာ ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလမုတ္တမံ'' ဆိုတဲ့ မင်္ဂလာ တရားတော်ကလည်း ဘုန်းတော်ကြီးကျောင်းမှာ ကျန် ရစ်ခဲ့ပါပြီ။
အိမ်ထောင်ကျပြီးတော့လည်း သားကျွေးမှု၊ မယား ကျွေးမှုထက် ကိုယ်သောက်စားမူးယစ်ဖို့ကိုပဲ ဦးစားပေး ခဲ့မိတယ်။ ကျွန်တော်ရဲ့ မလိမ္မာမှု၊ မိုက်မဲမှုတွေကြောင့် သားယောကျ်ားလေး ထွန်းကားအပြီးမှာ အိမ်ထောင် ပြိုကွဲခဲ့ရတယ်။

ဒီလိုပြိုကွဲခဲ့ပေမဲ့လည်း ကျွန်တော်ဆိုတဲ့ကောင်က အမှတ်မရှိပါဘူ။ အစွဲဆိုတာ တော်တော်ဖြတ်ရခက် ပါတယ်။ ဒီကြားထဲမှာ ကျွန်တော်နဲ့ ကျန်ခဲ့တဲ့ သားလေး ကိုတော့ ရှင်ပြုနိုင်အောင် ကြိုးစားခဲ့ပါတယ်။
အဲဒီတုန်းက သားကိုရှင်ပြုခဲ့တာ ရှင်ပြုတယ်ဆို ရုံပါပဲ။ ဗုဒ္ဓဘာသာမှန်ရင် သားယောကျ်ားလေးကို ရှင် ပြုပေးနိုင်ရမယ်ဆိုတဲ့ အတွေးလောက်ပဲ ရှိခဲ့တာပါ။ ဘာသာရေး၊ သာသနာရေးကို နားမလည်ခဲ့တာ အမှန် ပါပဲ။

သို့သော် အနုတ်လက္ခဏာပြနေတဲ့ ကျွန်တော့် ဘဝကို အပေါင်းလက္ခဏာဖြစ်လာအောင် ပြောင်းလဲ ပေးခဲ့သူ ပေါ်ပေါက်လာပါတယ်။
ကျွန်တော့်အသက် လေးဆယ့်ငါးနှစ်လောက်မှာ ကျွန်တော့်ထက် ငယ်ရွယ်သူ မိန်းကလေးတစ်ယောက် ကို လက်ထပ်ဖြစ်ခဲ့ပါတယ်။ သူရဲ့ စည်းရုံးမှု၊ ဖျောင်းဖျ ပြောဆိုမှုတွေကြောင့် အရက်သမားဘဝက ကျွတ်လွတ် ခဲ့ရပါပြီ။
ကျွန်တော်ရဲ့ ဒုတိယအိမ်ထောင်သည်ဟာ ဘာသာ တရား ကိုင်းရှိုင်းသူဖြစ်လို့ ကျွန်တော်လည်း သူနှင့်အတူ လိုက်ပါရင်း ကျောင်းကန်ဘုရားနှင့် ပြန်လည် ရင်းနှီး လာခဲ့ပါတယ်။

မင်္ဂလသုတ်၊ မေတ္တာသုတ် ပရိတ်တော်တွေရဲ့ အနက်အဓိပ္ပာယ်တွေကို အကျယ်တဝင့် လေ့လာနိုင်ခဲ့ ပါတယ်။ အဆိုပါ ပရိတ်တော်တွေနဲ့ ဝိပဿနာ ဆက်နွှယ်နေပုံတွေကိုလည်း သိခွင့်ရလာပါတယ်။
ကျွန်တော့်အတွက်တော့ ဒုတိယအကြိမ် အိမ်ထောင်ပြုလိုက်ခြင်းဟာ ပဏ္ဍိတာနဉ္စသေဝနာ ပညာရှိသူတော်ကောင်းနဲ့ ပေါင်းဖက်လိုက်ရသလိုပါပဲ။

ကျွန်တော်ရဲ့ စိတ်နေစိတ်ထားကိုလည်း ပြန်လည် သုံးသပ် ဆင်ခြင်ကြည့်လိုက်တော့ ယခင်ကလို ''ငါ့ကို ဘာမှလာမပြောနဲ့'' ဆိုတဲ့ ပြင်းထန်တဲ့ အယူအဆတွေ မရှိတော့ဘဲ နူးညံ့သိမ်မွေ့လာတယ် ထင်ပါတယ်။ ဇနီးသည်ရဲ့ ပြောဆိုဆုံးမမှုတွေကို ကြည်ဖြူစွာ လက်ခံ လာတာကို တွေ့လာရတယ်။

ဒီလို ပြောင်းလဲလာတာဟာ အရက်ရဲ့ ကျေးကျွန် ဘဝက လွတ်မြောက်လာလို့ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာများနှင့် တွေ့ဆုံမည့်သူတစ်ဦး၏ အခြေခံပြောင်းလဲမှုလို့ ဆိုရမလား။

အိမ်ထောင်သက် တစ်နှစ်ကျော်လောက်မှာ သား ယောကျ်ားလေး ထွန်းကားခဲ့ပြန်ပါတယ်။

သားလေး ကျောင်းနေအရွယ် ရောက်လာချိန်မှာ ကျွန်တော်ရဲ့ စိတ်တွေဟာ ဘာသာရေးဘက်ကို တော်တော်လေး ယိမ်းယိုင်နေတာကို သတိထားမိနေပါ တယ်။ ဆရာတော်ကြီးတွေရဲ့ တရားခွေတွေကို ကားနားတဲ့အချိန်ရော၊ ကားမောင်းနေရင်းရော နာဖြစ် နေတယ်။ ဝိပဿနာစာအုပ်တွေလည်း ရှာဖွေဖတ်ရှု အားထုတ်ဖြစ်နေပါတယ်။

သြော် . . . ဘဝ ဘဝက ဆွေမျိုးတော်စပ်ဖူး တဲ့ နတ်ကောင်း နတ်မြတ်များက ကျွန်တော်ရဲ့ အသက် အပိုင်းအခြားကိုသိလို့ လမ်းမမှားရအောင် လမ်းမှန် ပေါ်ကို ဆွဲတင်နေကြသလားလို့လည်း တစ်ခါတစ်ခါ တွေးနေမိပါတယ်။
ကျွန်တော့်အသက် ငါးဆယ့်ငါးနှစ်လောက်မှာ ကြီးမားတဲ့ရောဂါဝေဒနာရဲ့ အစပျိုးဝင်ရောက်လာတာကို ဝင်ရောက်လာမှန်း မသိဘဲ သာမန်အမောပြေဆေး၊ အမူးပြေဆေးလောက်ပဲ သောက်သုံးဖြစ်ခဲ့ပါတယ်။

အလုပ်လုပ်လိုက်ရင် ကြာကြာမလုပ်နိုင်ဘဲ မော လာတာတို့၊ မူးလာတာတို့၊ ရင်ဘတ်ထဲ အောင့်လာတာ တို့ ဖြစ်ပေါ်လာတာကို အသက်အရွယ်လေးရလာလို့ ဖြစ်တတ်တဲ့သဘောပဲ ဒါမှမဟုတ် ယခင်က အသောက် အစားများခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေဖြစ်မှာပဲလို့ တွေး ထင်ခဲ့မိတာပါ။

အသက်ခုနစ်ဆယ်ကျော် ရှစ်ဆယ်အရွယ်တွေ ကျန်းမာ ချမ်းသာစွာဖြင့် ပရဟိတ လုပ်ငန်းတွေကို ဆောင်ရွက်နေကြတာ မြင်ရတော့ . . .

''ဒါနတော ဘောဂဝါ၊ သီလတော သုခိတာ၊ ဘာဝနာတော နိဗ္ဗူတာ'' ဆိုတဲ့ ဗုဒ္ဓဝစနကို သတိရ ပြန်တယ်။ ဒီပုဂ္ဂိုလ်တွေဟာ အတိတ်က သီလတရားတွေ စောင့်ထိန်းခဲ့ကြတော့ ယခုပစ္စုပ္ပာန်မှာ အသက်ရှည်ခြင်း စတဲ့ ချမ်းသာကျိုးကို ခံစားကြရတာပဲလို့ မုဒိတာပွားမိ ပါရဲ့။

ကျွန်တော့်ခန္ဓာကပြလာတဲ့ မောတာ၊ မူးတာ၊ ရင်ဘတ်အောင့်တာတွေဟာ ခဏတဖြုတ် ရောက်လာ တဲ့ အာဂန္တုဧည့်သည်တွေပဲလို့ ထင်ခဲ့မိတာ၊ တကယ် တော့ ဒီဝေဒနာတွေဟာ ဧည့်သည်မဟုတ်ဘဲ ကျွန်တော့် ကို အသေသတ်ဖို့ ရောက်လာကြတဲ့ ရန်သူကြီးတွေ ဖြစ်ကြောင်း အချိန်နှောင်းခါမှ သိလာရပါတယ်။
ဒါကလည်း အသက်ရှည်ရှည် နေရလောက် အောင် ကျွန်တော်ရဲ့ သီလတရားက မလုံခြုံခဲ့လို့ ဖြစ်မှာပါ။

ကျွန်တော့်အသက် ငါးဆယ့်ရှစ်နှစ်ထဲ ရောက်လာ ပါပြီ။ ရင်ထဲအောင့်တာ၊ နာတာက မသိသာပေမဲ့ မောတာကတော့ သိသာလာနေတယ်။ ဒါနဲ့ပဲ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ အကြံပေးချက်အရ မန္တလေးကို ဆေးပြဆင်းသွားခဲ့ပါတယ်။

ဆေးရုံကြီးရဲ့ ဓာတ်မှန်အဖြေက ထိတ်လန့်ရင်မော စရာပါပဲ။ အဆုတ်တစ်နေရာမှာ ကင်ဆာအမြစ်တွယ် နေပြီတဲ့ . . .
ဆေးရုံကြီးမှာ ဆယ်လေးငါးရက်ခန့် ခွဲစိတ်ကုသမှု ခံပြီး ဖောင်းပြင်ကို ပြန်ခဲ့ပါတယ် . . .

မန္တလေးမြို့က မဟာမြတ်မုနိကိုယ်တော်မြတ်ကြီးနဲ့ မုံရွာမြို့က ဆုတောင်းပြည့်ဘုရားကြီးတို့ကို နောက်ဆုံး ဖူးမြော်ခြင်းအနေနဲ့ ဖူးမြော်ခဲ့ရပါတယ်။
ဖောင်းပြင်ရောက်ပြီး မကြာမီမှာ ညာဘက်နား ရွက် အောက်တည့်တည့် လည်ပင်းနဲ့ ပုခုံးအစပ်မှာ အကျိတ်အဖုထွက်လာပါပြီ။ ကင်ဆာအကျိတ်ပဲ ဖြစ်မှာ ပါ။

ကိုယ့်ရှေ့မှာ ကင်ဆာဝေဒနာနဲ့ ကွယ်လွန်သွား ကြတာတွေ တွေ့ဖူးပါတယ်။ ခန္ဓာကိုယ် အပြင်ဘက် တစ်နေရာရာမှာ ကင်ဆာအကျိတ် ပေါ်လာပြီဆိုရင် လပိုင်းမျှသာ အသက်ရှင်ပြီး ကွယ်လွန်သွားကြတာ များပါတယ်။
ကျွန်တော်လည်း ကင်ဆာအကျိတ် ပေါ်လာပြီ ဆိုတော့ . . .
အင်း . . . အလွန်ဆုံးနေရ ငါးလ, ခြောက်လ ပေါ့။

လူတစ်ယောက် မွေးဖွားလာပြီဆိုရင် သေစား သေစေ အမိန့်ဒီဂရီကြီးနဲ့အတူ မွေးဖွားလာတယ်လို့ အဖေပြောခဲ့ဖူးတာကို မှတ်မိနေပါသေးတယ်။
တစ်နေ့နေ့မှာ သေရမယ်ဆိုတာကို သိသော်လည်း ခုလိုမြန်မြန်ဆန်ဆန် လေးငါးခြောက်ဆယ်အရွယ်မှာ သေရလိမ့်မယ်လို့ ထင်မထားခဲ့တာတော့ အမှန်ပါ။
ဒါပေမဲ့လည်းလေ ... လူဆိုတာ နေချင်လို့လည်း မနေရ ...သေချင်လို့လည်း မသေရဆိုသလို နေချင် လို့လည်း မနေရဆိုတဲ့ထဲမှာ ကျွန်တော် ရောက်ရှိနေ ပါပြီ။
ကျွန်တော်ရဲ့ သေစားသေစေ အမိန့်ဒီဂရီက ယခု လို ခြောက်ဆယ်အရွယ်မှာ သေရမယ်လို့ ပါခဲ့ပုံရတယ်။

ဒါကြောင့်မို့လည်း ဇနီးသည်နှင့် တိုင်ပင်ကာ ဆရာတော်ကို အကျိုးအကြောင်း လျှောက်ထားပြီး သားငယ်ကို အမြန်ဆုံးရှင်ပြုပေးဖို့ စီမံလိုက်ရခြင်း ဖြစ် ပါတယ်။

သားငယ် ရှင်လောင်းဘဝနဲ့ ကျွန်တော်တို့ အမှတ် တရဓာတ်ပုံရိုက်တော့ တစ်ကြိမ်၊ ကိုရင်ဘဝရောက်ပြီး ကိုရင်ရဲ့ ခမည်းတော်, မယ်တော်အဖြစ်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်တော့ တစ်ကြိမ် ဇနီးသည်ရဲ့မျက်ဝန်းမှာ မျက်ရည်တွေ ဝိုင်းနေတာကို သတိထားမိလိုက်တယ်။

သူက ကျွန်တော်ရဲ့ အသက်အပိုင်းအခြားကို သိနေတာကိုး။ ဝမ်းနည်းရှာပေမပေါ့။
ကျွန်တော်ကတော့ သားငယ် ကိုရင်ဝတ်ပြီး ဆရာတော်တရားဟော ရေစက်ချမှပဲ ရေစက်သွန်းချရင်း မျက်ရည်ကျမိပါတယ်။ မျက်ရည်ကျတာကလည်း ဝမ်းနည်းလို့မဟုတ်ပါ။ ဝမ်းသာလွန်းလို့ကျတဲ့ မျက်ရည်ပါ လို့ ဝန်ခံပါရစေ။
ဆရာတော်က ဘယ်လို တရားချီးမြှင့်သွားသလဲ ဆိုတာလည်း ကျွန်တော်မှတ်မိသလောက် ပြောပြချင် သေးတယ်။ ဒါမှ ကျွန်တော်မျက်ရည်ကျရတာကို သဘောပေါက်မှာ . . ..

အလောင်းတော် သိဒတ္ထမင်းသားဟာ သက်တော် နှစ်ဆယ့်ကိုးနှစ်အရွယ်မှာ ထီးနန်းစွန့်ပြီး တောထွက် တော်မူခဲ့တယ်။ အနော်မာမြစ်တစ်ဖက်ကမ်းကိုအရောက် အနော်မာသဲသောင်ပေါ်မှာ ပါလာတဲ့ သံလျက်နဲ့ သူရဲ့ ဆံပင်ကို ပယ်တော်မူခဲ့တယ်။ အဲဒီနောက် နန်းတော် က ဝတ်ဆင်လာတဲ့ မင်းသားအဝတ်အစားတွေကို ချွတ်ပြီး ဃဋိကာရဗြဟ္မာကြီးဆက်သတဲ့ . . ..သင်္ကန်းကို ဆင်မြန်းခဲ့တယ် . . ..

ဘုရားသားတော်အဖြစ် သင်္ကန်းဝတ်ရန် ရည်ရွယ် ၍ ပြုလုပ်တဲ့ မောင်ရှင်လောင်းများဟာလည်း ဘုရား အလောင်းတော်ရဲ့ နမူနာအတိုင်း ပထမဦးစွာ ဆံပင်ကို ရိတ်ပယ်ရပါတယ်။ ဒုတိယအနေနဲ့ အရပ်ထဲမှာ ဝတ်ဆင် ခဲ့တဲ့ အကြောင်အကျား အကျႌအဝတ်အစားတွေကို ချွတ်ပြီး ဖန်ရည်စွန်းတဲ့ သင်္ကန်းကို ဆင်မြန်းရတယ်။ တတိယအနေနဲ့ သရဏဂုံသုံးပါးကို ပီသအောင် ရွတ်ဆို ရပါတယ်။ မောင်ရှင်လောင်းအနေနဲ့ ဒီသုံးခုကို မပျက် မကွက်ပြုလုပ်ရပါတယ်။

ဆံပင်ကို ဘာကြောင့်ပယ်ရသလဲ။ ဆံပင်ကို အမှီပြုပြီး တဏှာ၊ မာန၊ဒိဋ္ဌိတွေ ဝင်ရောက်ဖြစ်ပေါ် နိုင်သောကြောင့် ရိတ်ပယ်ရခြင်းဖြစ်တယ်။ ဆံပင်ပေါ်မှာ သာယာမှု စွဲလမ်းမှု တဏှာဖြစ်၊ ထိုမှတစ်ဆင့် ဒီဆံပင် သူများနဲ့မတူဘူး၊ ငါ့ဆံပင်က ပိုပြီးကောင်းတယ်ဆိုတဲ့ မာနဖြစ်၊ အဲဒီကနေပြီး ငါ ...ငါဆိုတဲ့ ဒိဋ္ဌိတွေ ဖြစ်ပေါ် လာကြတယ်တဲ့။ အကျႌအဝတ်အစားကလည်း ထိုနည်း အတိုင်းပဲ။ ငါ့အကျႌလေးဆိုပြီး စွဲလမ်းမှုတဏှာ၊ဒီအကျႌ ဟာ မင်းတို့အကျႌနဲ့ မတူဘူးဆိုတဲ့ မာန၊ ပြီးတော့ ငါ ငါဆိုတဲ့ ဒိဋ္ဌိတွေ ဖြစ်ပေါ်လာကြတယ်။ ဒါကြောင့် ဒီအစွဲတွေ မဖြစ်ပေါ်အောင် ဆံရိတ်ခြင်း၊ ပါလာတဲ့ အဝတ်အစားတွေချွတ်ပြီး အဝါရောင်သင်္ကန်းဖြင့် လဲလှယ်ဝတ်ဆင်ခြင်း အမှုတွေ ပြုလုပ်ကြရတယ်။

ပြီးတော့ ရှင်ပြုတယ်၊ ရှင်ပြုတယ်လို့ ပြောဆိုနေ ကြတယ်။ ဘာကြောင့် ရှင်ပြုတယ်လို့ ခေါ်သလဲ။ ကိုရင် ဝတ်ပြီးပြန်တော့ ရှင်သာမဏေတဲ့၊ ''ရှင်'' ဆိုတဲ့ ဝေါဟာရကို ဘာကြောင့် အထူးတလည် ထည့်သွင်း ပြောဆိုရပါသလဲ။
ရှင်ပြုတယ်ဆိုတာ ဒါန၊ သီလ၊ ဘာဝနာတရား တွေ ရှင်သန်ပွားများအောင် ပြုလုပ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ရှင်သာမဏေဆိုတာကတော့ ဒါန၊ သီလ၊ ဘာဝနာတရားတွေ ရှင်သန်ပွားများအောင် ကျင့်ကြံ အားထုတ်နေသူလို့ အဓိပ္ပာယ် ရပါတယ်။

မိမိရဲ့သားသမီးကို ရှင်ပြုအလှူ ပြုလုပ် ဆောင်ရွက်ခြင်းဖြင့် အလှူရှင်မိဘများသည်လည်းပဲ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားတွေ ရှင်သန်အောင် ပြုလုပ် ဆောင်ရွက်ခွင့် ရသွားကြပါပြီ။ မြစ်တစ်ဖက်ကမ်း ကို ပို့ပေးတဲ့ကူးတို့သမားသည် အခြားသူများကိုပို့ပေးရင်း မိမိလည်း တစ်ဖက်ကမ်းသို့ ရောက်သွားသလိုပါပဲတဲ့။

ဒီနေရာမှာ အထူးပြောလိုတာကတော့ သဒ္ဓါ တရားပါပဲ။ သဒ္ဓါတရားရှိလို့လည်း ဒါနတွေပြုလုပ်ဖြစ် ကြတယ်။ သီလတွေ ဆောက်တည်ဖြစ်ကြတယ်။ ဘာဝနာဘက်ကျတော့ သဒ္ဓါတရားက အားပျော့သွား ကြတယ်။ ထက်သန်တဲ့သဒ္ဓါတရားတွေ ဖြစ်လာဖို့ သတိ၊ ဝိရိယ၊ ပညာတို့ရဲ့ အကူအညီလိုတယ်ပေါ့။ ဗုဒ္ဓသာသနာ နဲ့ ကြုံကြိုက်တုန်း၊ ဝိပဿနာဘာဝနာ အားထုတ်ပုံ အားထုတ်နည်းတွေကို ဟောပြော ညွှန်ပြနိုင်တဲ့ ဆရာကောင်းတွေ ကိုယ်ပတ်ဝန်းကျင်မှာရှိတုန်း အဲဒီ အခွင့်အရေးကို လက်မလွှတ်စေချင်ဘူး။

အပါယ်လေးပါး မလားစေတတ်၊ လူနတ်နိဗ္ဗာန် ချမ်းသာအထူးကို ပေးစွမ်းနိုင်တာက ဝိပဿနာ ဘာဝနာပဲဆိုတာ ဆုံးဖြတ်ချက်ချထားပေါ့။
ဝိပဿနာÓာဏ်နဲ့ ရှုမှတ်မှုတွေ ကျွမ်းကျင်လာပြီ ဆိုရင် သွား, ရပ်, ထိုင်, လျောင်း ဣရိယာပုထ် လေးပါးလုံး ဝိပဿနာနဲ့ မလွတ်တော့ဘူး။ ဒါကြောင့် ရှေးဆရာတော်ကြီးတွေက ဝိပဿနာဆိုတာ ဘာနဲ့ တူသလဲဆိုရင် သန္ဓေသားကို လွယ်ထားတဲ့ မိခင်နဲ့ တူသတဲ့။ မိခင်လောင်းဟာ မိမိရဲ့ သန္ဓေသားကို ဘယ်မှာမှ ပစ်ချထားလို့မရဘဲ သွားလေရာ သယ်ဆောင် ရသလိုပဲတဲ့။ ဝိပဿနာဆိုတာလည်း တသီးတခြား မဟုတ်ဘဲ ကိုယ်အမူအရာ၊ စိတ်အမူအရာ အားလုံး ဝိပဿနာ ဖြစ်နေတာပါတဲ့။

ဒါကြောင့် ယခုလို ရှင်ပြုအလှူပြုလုပ်ရာမှာလည်း ဝိပဿနာပါပါစေ၊ သီလစောင့်ထိန်းရာမှာလည်း ဝိပဿနာပါပါစေ၊ ဝိပဿနာကို နေ့,ည မကွာ ရှင်သန် ပွားများ အားထုတ်နိုင်ကြပါစေ။

ယခုလို ဆရာတော့်တရား နာကြားလိုက်ရတော့ ရှင်ပြုခြင်းဆိုတဲ့ အဓိပ္ပာယ်ကို နားလည်လိုက်ရတယ်။ ကိုယ်တိုင် သားနှင့်အတူ ရှင်ပြုနေပါလားလို့ ခံစားရင်း ဝမ်းသာပီတိမျက်ရည်ကျမိတာပါ။

တကယ်တော့ ကျွန်တော်ရဲ့ ခန္ဓာဟာ ငြိမ်းခါနီး ဖယောင်းတိုင်မီးတောက်ကလေးလို ဖြစ်နေပါပြီ။ အပျက်ဘက်ရောက်နေတဲ့ ဒီခန္ဓာကြီး ပြန်ကောင်းလာ ဖု့ိဆိုတာ အနားမှာရှိနေတဲ့ ဇနီးမယား၊ သမီး၊ သားနဲ့ ဘယ်ဆွေမျိုး ဉာတိကိုမှ အားကိုးလို့မရနိုင်တော့ပါဘူး။
ဒီလို ဆင်ခြင်မိတော့ ကျွန်တော် အားကိုးရမယ့် အဖော် အစစ်အမှန်ကို တွေ့လိုက်ပါပြီး ကျွန်တော် အားကိုးရမယ့် အဖော်ဟာ ခန္ဓာအပြင်မှာ မရှိပါဘူး။ ခန္ဓာထဲက သတိ၊ ဝီရိယ၊ ပညာနဲ့ သီလ၊ ဘာဝနာ ကုသိုလ်တရားတွေပဲ ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ အသက်ဇီဝ ဆီမီးတောက်ကလေး မငြှိမ်းမီ ဒီကုသိုလ်တရားတွေကို အထပ်ထပ်ဆင်ခြင် ပွားများရပါတော့မယ်။
ကျွန်တော် ယူသွားနိုင်တာကလည်း အဆိုပါ သတိ၊ ဝီရိယ၊ ပညာနှင့် ဒါန, သီလ, ဘာဝနာ ဆိုတဲ့ ကုသိုလ်တရားတွေပဲ မဟုတ်ပါလား။

ကင်ဆာရောဂါသည် တစ်ဦး၏ ဖွင့်ဟပြောဆိုမှုကို ခံစားရေးဖွဲ့ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သိန်းဆွေ (ဖောင်းပြင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top