ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အလွႀကိဳက္တဲ့ အရပ္ရွည္ရွည္နဲ႔ ခ်စ္စရာေကာင္မေလး အႏုပညာေလာကထဲကို ဘယ္လို ေရာက္လာလဲ. . .

ဒီေလာကထဲကို ဘယ္လိုေရာက္လာလဲဆိုေတာ့ေက်ာင္းတက္ရင္းနဲ႔ေရာက္လာခဲ့တာပဲ။ သဲ (၅) ႏွစ္သမီးအရြယ္မွာ ပဲခူးကေနရန္ကုန္ကို ေျပာင္းလာခဲ့တယ္။ ေက်ာင္းကအထက(၃) တာေမြမွာတက္တယ္။ အႏုပညာအလုပ္လုပ္ေတာ့ အသက္က(၁၃) ႏွစ္ေက်ာ္ေပါ့။ သဲကအသက္ႀကီးလာရင္ ေလယာဥ္မယ္ျဖစ္ခ်င္တယ္။ Smart က်က်ကေလး လွခ်င္တယ္။ ဒါေၾကာင့္ star and model international မွာ သင္တန္းတတ္ခဲ့တယ္။ ပြဲေတြေတာ့ ေလွ်ာက္ဖူးတယ္။ ၿပိဳင္ပြဲေတာ့ မၿပိဳင္ခဲ့ရဘူး။ အႏုပညာပ်ဳိးခင္းက သ႐ုပ္ေဆာင္သစ္တင္ဖို႔ သင္တန္းမွာ လာေရြးရင္း အဆင့္ဆင့္အေရြးခံၿပီး ဒီေလာကထဲကိုိ ေရာက္လာတာပါ။

စကားေျပာသြက္လက္ၿပီး အရမ္းကိုပါးနပ္တဲ့ မိန္းကေလးတစ္ေယာက္လို႔ သူမကိုသတ္မွတ္ခ်င္ပါတယ္။ သူမအသက္ကအခု (၁၆) ႏွစ္။အသက္ငယ္ငယ္နဲ႔ က်ရာဇာတ္႐ုပ္ကို အပီအျပင္လုပ္တယ္။ အႏုပညာသတ္တမ္း (၂) ႏွစ္ေက်ာ္အ တြင္းမွာ ဗြီဒီယိုဇာတ္ကားေပါင္း (၁၀၀) ေက်ာ္နဲ႔႐ုပ္ရွင္ကားႀကီး (၉) ကား ႐ိုက္ၿပီးပါၿပီတဲ့။ သ႐ုပ္ေဆာင္အလုပ္ဆိုတာ စိတ္နဲ႔လုပ္ရတဲ့ အလုပ္ျဖစ္တာေၾကာင့္ အသက္ ၁၃ ႏွစ္ေက်ာ္ ကတည္းကအႏုပညာအလုပ္စလုပ္ေတာ့ အေတြ႕အၾကံဳ ေလ့လာခ်ိန္မရွိပဲ ဇာတ္ကားေတြကို႐ိုက္ခဲ့ရတဲ့ကေလးအရြယ္ ၁၃ ႏွစ္သမီးရဲ႕ သ႐ုပ္ေဆာင္အႏုပညာက တစ္ကယ့္ကိုအံမခန္း တာထြက္ေကာင္းခဲ့တယ္။

သရုပ္ေဆာင္စလုပ္ေတာ့ ေၾကာက္ခဲ့ေသးလား…

ေၾကာက္စိတ္ကိုမရွိတာ။ ေမာ္ဒယ္သင္တန္းတက္ေနတဲ့အခ်ိန္မွာ သ႐ုပ္ေဆာင္လည္း ၀ါသနာပါတယ္။ စံကား၀ါ သ႐ုပ္ေဆာင္သင္တန္း ကိုတက္ခဲ႔တယ္။ သင္တန္းမွာ ဆရာေတြကအေရွ႕ထြက္ၿပီးတစ္ခုခု လုပ္ျပရမယ္။ ဘယ္သူထြက္မလဲေမးရင္ အျမဲတမ္းအေရွ႕ထြက္ခဲ့သူပါ။ ရဲဒင္းပုဆိန္လို႔ေတာင္ေခၚၾကတယ္။ လူလည္းမေၾကာက္ဘူး၊ေၾကာက္စိတ္လည္းမရွိဘူး။ ေက်ာင္းမွာလည္း အဲလိုပဲ။ ေယာက်္ားေလးေတြနဲ႔လည္း ရန္ျဖစ္တယ္။အခန္းထဲမွာ ဆရာမရွိရင္ အတန္းဗိုလ္ပဲ။

ေၾကာက္စိတ္မရွိတာ ဘယ္မွာျပႆနာတတ္လည္း ဆုိေတာ့ မွတ္မွတ္ရရပဲ။ ကိုခန္႔နဲ႔ဇာတ္ကား စ႐ိုက္တယ္။ ငိုရတဲ့ဇာတ္ကား ဒါ႐ိုက္တာက ဦးမ်ဳိးမင္း။ အဲဒီကားမွာ ငုိရမွာ။ ကိုခန္႔လည္း ငိုေနၿပီ။ ကိုခန္႔နဲ႔အၿပိဳင္ငိုရမွာကို မ်က္ရည္ကလံုး၀မက်ဘူး။ လူႀကီးေတြဘယ္လိုေျပာေျပာ ဘယ္သူကိုမွ မေၾကာက္ပဲ မငိုတာေလ။ ဘယ္လိုမွလည္း သင္လို႔မရဘူးျဖစ္ေနတယ္။ အဲဒီမွာအေမက စိတ္ဆိုးၿပီး ၀င္ဆူမွငိုလို႔ရသြားတာ။ ဒါကေတာ့ မွတ္မွတ္ရရပဲ။ ေနာက္ေတာ့လည္း လူႀကီးေတြက သမီးေရ…ဒီလိုေလးလုပ္လိုက္ဆိုလည္း လုပ္လိုက္တာပဲ။ တျဖည္းျဖည္းနဲ႔ေတာ့ သ႐ုပ္ေဆာင္ပညာကို နားလည္လာသလိုေတာ့ရွိလာၿပီ အကုန္လံုးေတာ့ မသိေသးဘူးေပါ့ေလ… ပညာဆိုတာ သင္ယူလို႔မွ မကုန္တာကိုေနာ္

ယခုဆုိရင္ ေရႊမႈန္ရတီဆိုတဲ့ နာမည္တစ္ခုဟာဇာတ္ကားေတြ ႐ိုက္ရင္းနဲ႔မွ အႏုပညာပ်ဳိးခင္းရဲ႕အစ္ကို ဆရာေတြရဲ႕ သင္ၾကားေပးမႈ၊ ၀ါရင့္အႏုပညာရွင္ေတြရဲ႕ လက္ တြဲေခၚမႈေတြေၾကာင့္ ပရိသတ္ အသိမွတ္ျပဳတဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္လာခဲ့ပါၿပီ။ ေနရာတစ္ခုေအာင္ျမင္မူတစ္ခုရဲ႕ေနာက္ကြယ္မွာ ထိုးႏွက္ခ်က္ဆိုတာရွိစျမဲပါပဲ။ သူမက အဲဒီလိုအျဖစ္အပ်က္ေတြကို ဘယ္လိုခံယူထားလဲ။

“ပတ္၀န္းက်င္က တစ္ခုခုေျပာရင္ သူတို႔ဘာ လို႔ ေျပာတာလဲဆိုတဲ႔အေတြးေလးတစ္ခုပဲရွိတယ္။ သူတို႔ ငါ့ကိုဘာလို႔ ဒီလိုေျပာတာလဲ၊ ေျပာရက္လိုက္တာဆိုမ်ဳိးေတာ့ ေတြးတယ္။ နာၾကည္းတာစိတ္ဆိုးတာမ်ိဳး မရွိဘူး။ ဘယ္သူေတြ ဘာေျပာ ေျပာပါ ကုိယ္လုပ္ရမဲ့အလုပ္တစ္ခုရယ္ ဘာကို အေကာင္းဆံုး ႀကိဳးစားရမလဲဆိုတဲ့စိတ္နဲ႔ပဲ အေကာင္းဆံုးလုပ္ခဲ့တယ္။ ေနာက္လည္း အဲဒီလိုပဲ ျဖစ္မွာပါ”

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Myanmar People Magazine

#Unicode Version#
အလှကြိုက်တဲ့ အရပ်ရှည်ရှည်နဲ့ ချစ်စရာကောင်မလေး အနုပညာလောကထဲကို ဘယ်လို ရောက်လာလဲ. . .

ဒီလောကထဲကို ဘယ်လိုရောက်လာလဲဆိုတော့ကျောင်းတက်ရင်းနဲ့ရောက်လာခဲ့တာပဲ။ သဲ (၅) နှစ်သမီးအရွယ်မှာ ပဲခူးကနေရန်ကုန်ကို ပြောင်းလာခဲ့တယ်။ ကျောင်းကအထက(၃) တာမွေမှာတက်တယ်။ အနုပညာအလုပ်လုပ်တော့ အသက်က(၁၃) နှစ်ကျော်ပေါ့။ သဲကအသက်ကြီးလာရင် လေယာဉ်မယ်ဖြစ်ချင်တယ်။ Smart ကျကျကလေး လှချင်တယ်။ ဒါကြောင့် star and model international မှာ သင်တန်းတတ်ခဲ့တယ်။ ပွဲတွေတော့ လျှောက်ဖူးတယ်။ ပြိုင်ပွဲတော့ မပြိုင်ခဲ့ရဘူး။ အနုပညာပျိုးခင်းက သရုပ်ဆောင်သစ်တင်ဖို့ သင်တန်းမှာ လာရွေးရင်း အဆင့်ဆင့်အရွေးခံပြီး ဒီလောကထဲကို ရောက်လာတာပါ။

စကားပြောသွက်လက်ပြီး အရမ်းကိုပါးနပ်တဲ့ မိန်းကလေးတစ်ယောက်လို့ သူမကိုသတ်မှတ်ချင်ပါတယ်။ သူမအသက်ကအခု (၁၆) နှစ်။အသက်ငယ်ငယ်နဲ့ ကျရာဇာတ်ရုပ်ကို အပီအပြင်လုပ်တယ်။ အနုပညာသတ်တမ်း (၂) နှစ်ကျော်အ တွင်းမှာ ဗွီဒီယိုဇာတ်ကားပေါင်း (၁၀၀) ကျော်နဲ့ရုပ်ရှင်ကားကြီး (၉) ကား ရိုက်ပြီးပါပြီတဲ့။ သရုပ်ဆောင်အလုပ်ဆိုတာ စိတ်နဲ့လုပ်ရတဲ့ အလုပ်ဖြစ်တာကြောင့် အသက် ၁၃ နှစ်ကျော် ကတည်းကအနုပညာအလုပ်စလုပ်တော့ အတွေ့အကြုံ လေ့လာချိန်မရှိပဲ ဇာတ်ကားတွေကိုရိုက်ခဲ့ရတဲ့ကလေးအရွယ် ၁၃ နှစ်သမီးရဲ့ သရုပ်ဆောင်အနုပညာက တစ်ကယ့်ကိုအံမခန်း တာထွက်ကောင်းခဲ့တယ်။

သရုပ်ဆောင်စလုပ်တော့ ကြောက်ခဲ့သေးလား…

ကြောက်စိတ်ကိုမရှိတာ။ မော်ဒယ်သင်တန်းတက်နေတဲ့အချိန်မှာ သရုပ်ဆောင်လည်း ဝါသနာပါတယ်။ စံကားဝါ သရုပ်ဆောင်သင်တန်း ကိုတက်ခဲ့တယ်။ သင်တန်းမှာ ဆရာတွေကအရှေ့ထွက်ပြီးတစ်ခုခု လုပ်ပြရမယ်။ ဘယ်သူထွက်မလဲမေးရင် အမြဲတမ်းအရှေ့ထွက်ခဲ့သူပါ။ ရဲဒင်းပုဆိန်လို့တောင်ခေါ်ကြတယ်။ လူလည်းမကြောက်ဘူး၊ကြောက်စိတ်လည်းမရှိဘူး။ ကျောင်းမှာလည်း အဲလိုပဲ။ ယောကျ်ားလေးတွေနဲ့လည်း ရန်ဖြစ်တယ်။အခန်းထဲမှာ ဆရာမရှိရင် အတန်းဗိုလ်ပဲ။

ကြောက်စိတ်မရှိတာ ဘယ်မှာပြဿနာတတ်လည်း ဆိုတော့ မှတ်မှတ်ရရပဲ။ ကိုခန့်နဲ့ဇာတ်ကား စရိုက်တယ်။ ငိုရတဲ့ဇာတ်ကား ဒါရိုက်တာက ဦးမျိုးမင်း။ အဲဒီကားမှာ ငိုရမှာ။ ကိုခန့်လည်း ငိုနေပြီ။ ကိုခန့်နဲ့အပြိုင်ငိုရမှာကို မျက်ရည်ကလုံးဝမကျဘူး။ လူကြီးတွေဘယ်လိုပြောပြော ဘယ်သူကိုမှ မကြောက်ပဲ မငိုတာလေ။ ဘယ်လိုမှလည်း သင်လို့မရဘူးဖြစ်နေတယ်။ အဲဒီမှာအမေက စိတ်ဆိုးပြီး ဝင်ဆူမှငိုလို့ရသွားတာ။ ဒါကတော့ မှတ်မှတ်ရရပဲ။ နောက်တော့လည်း လူကြီးတွေက သမီးရေ…ဒီလိုလေးလုပ်လိုက်ဆိုလည်း လုပ်လိုက်တာပဲ။ တဖြည်းဖြည်းနဲ့တော့ သရုပ်ဆောင်ပညာကို နားလည်လာသလိုတော့ရှိလာပြီ အကုန်လုံးတော့ မသိသေးဘူးပေါ့လေ… ပညာဆိုတာ သင်ယူလို့မှ မကုန်တာကိုနော်

ယခုဆိုရင် ရွှေမှုန်ရတီဆိုတဲ့ နာမည်တစ်ခုဟာဇာတ်ကားတွေ ရိုက်ရင်းနဲ့မှ အနုပညာပျိုးခင်းရဲ့အစ်ကို ဆရာတွေရဲ့ သင်ကြားပေးမှု၊ ဝါရင့်အနုပညာရှင်တွေရဲ့ လက် တွဲခေါ်မှုတွေကြောင့် ပရိသတ် အသိမှတ်ပြုတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ နေရာတစ်ခုအောင်မြင်မူတစ်ခုရဲ့နောက်ကွယ်မှာ ထိုးနှက်ချက်ဆိုတာရှိစမြဲပါပဲ။ သူမက အဲဒီလိုအဖြစ်အပျက်တွေကို ဘယ်လိုခံယူထားလဲ။

“ပတ်ဝန်းကျင်က တစ်ခုခုပြောရင် သူတို့ဘာ လို့ ပြောတာလဲဆိုတဲ့အတွေးလေးတစ်ခုပဲရှိတယ်။ သူတို့ ငါ့ကိုဘာလို့ ဒီလိုပြောတာလဲ၊ ပြောရက်လိုက်တာဆိုမျိုးတော့ တွေးတယ်။ နာကြည်းတာစိတ်ဆိုးတာမျိုး မရှိဘူး။ ဘယ်သူတွေ ဘာပြော ပြောပါ ကိုယ်လုပ်ရမဲ့အလုပ်တစ်ခုရယ် ဘာကို အကောင်းဆုံး ကြိုးစားရမလဲဆိုတဲ့စိတ်နဲ့ပဲ အကောင်းဆုံးလုပ်ခဲ့တယ်။ နောက်လည်း အဲဒီလိုပဲ ဖြစ်မှာပါ”


ဖိုးသူတော် (www.phothutaw.com)
Credit:  Myanmar People Magazine

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top