Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သဝန္တိုတတ္တဲ႔ခ်စ္သူကိုတန္ဖိုးထားပါ ၊ သဝတ္တိုတယ္ဆိုကတည္းက ခ်စ္လို႔ သဝန္တိုတာပါ ၊ ကိုယ့္ခ်စ္သူကို တျခားသူလုသြားမွာဆိုးလို႔ဆိုတာ ေသခ်ာပါတယ္ ဖိုးသူေတာ္ပရိတ္သတ္ၾကီးေရ ……. ဒီေတာ့ ကိုယ့္ေဘးနားမွာ ဒီလို သဝန္တိုတတ္တဲ့ ခ်စ္သူေလး ရွိေနျပီဆိုရင္ေတာ့ အဲဒီခ်စ္သူေလးက ကိုယ့္ကို တကယ္ခ်စ္တယ္ဆိုတာ ေသခ်ာျပီမို႔ ကိုယ္က ဝမ္းသာရမွာပါ

– ခဏခဏစိတ္ေကာက္တတ္တဲ႔ခ်စ္သူကိုတန္ဖိုးထားပါ
စိတ္ေကာက္တယ္ဆိုတာ ကိုယ့္ခ်စ္သူအေပၚမွာ ခ်စ္လို႔ ဆိုးခ်င္ႏြဲ႕ခ်င္တာပါ ၊ သက္သက္ အႏိုင္လိုခ်င္တာအဟုတ္ပါဘူး ၊ သူတို႔ေလးေတြက ကိုယ့္ခ်စ္သူ အလိုလိုက္တာခံခ်င္လို႔ စိတ္ေကာက္တာပါ ၊ မ်ားေသာအားျဖင့္ စိတ္ေကာက္တတ္တဲ့ေကာင္မေလးေတြက ျဖဴစင္တတ္ၾကပါတယ္ ၊ မေက်နတ္ရင္ စိတ္ထဲ မထားတတ္ၾကပါဘူး ၊ အဲ့ဒီလိုခ်စ္သူေလးကို သေဘာထားၾကီးၾကီးနဲ႔ တန္ဖိုးထားျပီးခ်စ္သင့္ပါတယ္ ………..

-အျမဲပြစိပြစ္ိနဲ႔ေျပာတတ္တဲ႔ခ်စ္သူကိုတန္ဖိုးထားပါ
ကိုယ့္ခ်စ္သူေလးက အျမဲပြစိပြစိေျပာတတ္တယ္ဆိုတာ သူက ကိုယ့္ကို အစိုးရိမ္လြန္ေနတာပါ ဖုန္းဆက္မရလို႔ အျပင္သြားလို႔ ပြစိပြစိလုပ္တယ္ဆိုတာ ကိုယ့္ကို တခုခုျဖစ္မွာစိုးရိမ္တာပါ ၊ မယံုလို႔ဆိုတာထက္ စိတ္မခ်တာပါ ၊ သူတို႔ေလးေတြက ခ်စ္သူအေပၚ မိခင္လို အမ လို ေမတၱာမ်ိဳးနဲ႔ပါ ခ်စ္ေပးတတ္ၾကပါတယ္……..

-Caseေသးေသးေလးေတြကအစလိုက္ျပီးရစ္တတ္တဲ႔ခ်စ္သူကိုတန္ဖိုးထားပါ
သူတို႔က အေခ်ာ့ခံခ်င္လို႔ ခင္ဗ်ားေလးတို႔ စိတ္ထဲမွာ သူပဲ ရွိတယ္ သူ႕ကိုပဲ ခ်စ္ျပီး တန္ဖိုးထား အလိုလိုက္ ေစခ်င္တာပါ ၊ ရစ္လို႔ဆိုျပီး စိတ္မဆိုးလိုက္ပါနဲ႔ ခြင့္လြတ္ေပးပါ…….

– ရန္ျဖစ္ေနခ်ိန္ဆိုေျပာခ်င္ရာေျပာျပီး ေအာ္ဟစ္ေမာင္းထုတ္တတ္ေပမဲ႔ ခမ်ားနဲ႔ေဝးရမွာေတြးေႀကာက္ျပီးကြယ္ရာမွာမ်က္ရည္က်တတ္တဲ႔ခ်စ္သူကိုတန္ဖိုးထားပါ
ဘယ္သူမွ အလကားေနအခ်ိန္ကုန္ခံ စိတ္ဒုကၡခံျပီးကိုယ္နဲ႔မသက္ဆိုင္တဲ႔သူတေယာက္ကိုသဝန္မတိုဘူး စိတ္မေကာက္ဘူး ပြစိပြစိမေျပာဘူး မရစ္ဘူး မ်က္ရည္မက်ဘူး
ခဗ်ားကို အရမ္းႀကီးခ်စ္လို႔သာအဲ႔လိုေတြျဖစ္ေနတယ္ဆိုတာသိထားပါ ၊ ဘယ္မိန္းကေလးကမွ မခ်စ္ရင္ စိတ္အပင္ပန္းခံျပီး စိတ္မေကာက္ပါဘူး ၊ စိတ္မပူပါဘူး ၊ သူသာ တကယ္မခ်စ္ရင္ ခဗ်ားသြားခ်င္ရာသြား ၊ လုပ္ခ်င္ရာ လုပ္ ေျပာေန ၊ ဂရုစိုက္ေနမွာ မဟုတ္ပါဘူး ……….

တကယ္လို႔…အဲ႔လိုခ်စ္သူမ်ိဳးခမ်ားတို႔မွာရွိေနျပီဆိုရင္ တန္ဖိုးထား အေရးထားျပီးသစၥာရွိရွိနဲ႔ခ်စ္ေပးပါ

ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#
သဝန်တိုတတ်တဲ့ချစ်သူကိုတန်ဖိုးထားပါ ၊ သဝတ်တိုတယ်ဆိုကတည်းက ချစ်လို့ သဝန်တိုတာပါ ၊ ကိုယ့်ချစ်သူကို တခြားသူလုသွားမှာဆိုးလို့ဆိုတာ သေချာပါတယ် ဖိုးသူတော်ပရိတ်သတ်ကြီးရေ ……. ဒီတော့ ကိုယ့်ဘေးနားမှာ ဒီလို သဝန်တိုတတ်တဲ့ ချစ်သူလေး ရှိနေပြီဆိုရင်တော့ အဲဒီချစ်သူလေးက ကိုယ့်ကို တကယ်ချစ်တယ်ဆိုတာ သေချာပြီမို့ ကိုယ်က ဝမ်းသာရမှာပါ



– ခဏခဏစိတ်ကောက်တတ်တဲ့ချစ်သူကိုတန်ဖိုးထားပါ

စိတ်ကောက်တယ်ဆိုတာ ကိုယ့်ချစ်သူအပေါ်မှာ ချစ်လို့ ဆိုးချင်နွဲ့ချင်တာပါ ၊ သက်သက် အနိုင်လိုချင်တာအဟုတ်ပါဘူး ၊ သူတို့လေးတွေက ကိုယ့်ချစ်သူ အလိုလိုက်တာခံချင်လို့ စိတ်ကောက်တာပါ ၊ များသောအားဖြင့် စိတ်ကောက်တတ်တဲ့ကောင်မလေးတွေက ဖြူစင်တတ်ကြပါတယ် ၊ မကျေနတ်ရင် စိတ်ထဲ မထားတတ်ကြပါဘူး ၊ အဲ့ဒီလိုချစ်သူလေးကို သဘောထားကြီးကြီးနဲ့ တန်ဖိုးထားပြီးချစ်သင့်ပါတယ် ………..



-အမြဲပွစိပွစိနဲ့ပြောတတ်တဲ့ချစ်သူကိုတန်ဖိုးထားပါ

ကိုယ့်ချစ်သူလေးက အမြဲပွစိပွစိပြောတတ်တယ်ဆိုတာ သူက ကိုယ့်ကို အစိုးရိမ်လွန်နေတာပါ ဖုန်းဆက်မရလို့ အပြင်သွားလို့ ပွစိပွစိလုပ်တယ်ဆိုတာ ကိုယ့်ကို တခုခုဖြစ်မှာစိုးရိမ်တာပါ ၊ မယုံလို့ဆိုတာထက် စိတ်မချတာပါ ၊ သူတို့လေးတွေက ချစ်သူအပေါ် မိခင်လို အမ လို မေတ္တာမျိုးနဲ့ပါ ချစ်ပေးတတ်ကြပါတယ်……..



-Caseသေးသေးလေးတွေကအစလိုက်ပြီးရစ်တတ်တဲ့ချစ်သူကိုတန်ဖိုးထားပါ

သူတို့က အချော့ခံချင်လို့ ခင်ဗျားလေးတို့ စိတ်ထဲမှာ သူပဲ ရှိတယ် သူ့ကိုပဲ ချစ်ပြီး တန်ဖိုးထား အလိုလိုက် စေချင်တာပါ ၊ ရစ်လို့ဆိုပြီး စိတ်မဆိုးလိုက်ပါနဲ့ ခွင့်လွတ်ပေးပါ…….



– ရန်ဖြစ်နေချိန်ဆိုပြောချင်ရာပြောပြီး အော်ဟစ်မောင်းထုတ်တတ်ပေမဲ့ ခများနဲ့ဝေးရမှာတွေးကြောက်ပြီးကွယ်ရာမှာမျက်ရည်ကျတတ်တဲ့ချစ်သူကိုတန်ဖိုးထားပါ

ဘယ်သူမှ အလကားနေအချိန်ကုန်ခံ စိတ်ဒုက္ခခံပြီးကိုယ်နဲ့မသက်ဆိုင်တဲ့သူတယောက်ကိုသဝန်မတိုဘူး စိတ်မကောက်ဘူး ပွစိပွစိမပြောဘူး မရစ်ဘူး မျက်ရည်မကျဘူး

ခဗျားကို အရမ်းကြီးချစ်လို့သာအဲ့လိုတွေဖြစ်နေတယ်ဆိုတာသိထားပါ ၊ ဘယ်မိန်းကလေးကမှ မချစ်ရင် စိတ်အပင်ပန်းခံပြီး စိတ်မကောက်ပါဘူး ၊ စိတ်မပူပါဘူး ၊ သူသာ တကယ်မချစ်ရင် ခဗျားသွားချင်ရာသွား ၊ လုပ်ချင်ရာ လုပ် ပြောနေ ၊ ဂရုစိုက်နေမှာ မဟုတ်ပါဘူး ……….



တကယ်လို့…အဲ့လိုချစ်သူမျိုးခများတို့မှာရှိနေပြီဆိုရင် တန်ဖိုးထား အရေးထားပြီးသစ္စာရှိရှိနဲ့ချစ်ပေးပါ



ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top