Golden City Promotion
×

တရားလုိ ထုိင္းရဲတပ္ဖြဲ႕က အယူခံေလွ်ာက္လဲခ်က္ တင္ရမွာပါ။
ေသဒဏ္က်ခံေနရတဲ့ ျမန္မာလုပ္သား ႏွစ္ဦးအတြက္ ျမန္မာဘက္က တင္သြင္းထားတဲ့အယူခံကုိ ေခ်ဖ်က္တဲ့ အယူခံေလွ်ာက္လဲခ်က္ကုိ တရား လုိျဖစ္တဲ့ ထုိင္းရဲတပ္ဖြဲ႕က ေအာက္တိုဘာ ၂၂ ရက္မွာ ေနာက္ဆုံးထား တင္သြင္းဖုိ႔ ထုိင္းႏုိင္ငံ အယူခံတရား႐ုံးက သတ္မွတ္လိုက္ပါတယ္။

လိပ္ကြၽန္းလူသတ္မႈ ေနာက္ဆုံးအယူခံကုိ ျမန္မာလုပ္သားႏွစ္ဦးရဲ႕ အက်ိဳးေဆာင္ေရွ႕ေနေတြျဖစ္တဲ့ ထုိင္းႏုိင္ငံေရွ႕ေနမ်ား ေကာင္စီက ဩဂုတ္ ၂၁ ရက္မွာ ထုိင္းႏုိင္ငံေကာ့စမီြတရား႐ုံးကို တင္သြင္းထားပါတယ္။

‘‘ရွင္းရွင္းေျပာရရင္ ဒီကေလးႏွစ္ေယာက္က အျပစ္ရွိတယ္လုိ႔ ေသဒဏ္ကုိ ထပ္ၿပီး အတည္ျပဳေပးခုိင္းတဲ့ ေလွ်ာက္လဲ ခ်က္ေပါ့။ အန္ကယ္တို႔က အျပစ္ မရွိေၾကာင္း တင္ထားတာကုိ သူတို႔က အျပစ္ရွိတယ္ဆုိၿပီး တင္မွာေပါ့’’လုိ႔ ေသဒဏ္က်ခံေနရေသာ ျမန္မာလုပ္သားႏွစ္ဦး အေရး ေဆာင္ရြက္ေပးေနတဲ့ ျမန္မာသံ႐ုံးအထူးအဖြဲ႕မွ ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔က ေျပာပါတယ္။
တင္သြင္းထားေသာ အယူခံကုိ ေခ်ဖ်က္ဖုိ႔ တရားလုိ ထုိင္းရဲတပ္ဖြဲ႕က တင္သြြင္းရမယ့္ အယူခံေလွ်ာက္လဲခ်က္ကုိ ေအာက္တိုဘာ ၂၂ ရက္မွာ ေနာက္ဆုံးတင္သြင္းဖုိပ ထုိင္းႏုိင္ငံအယူခံတရား႐ုံးက သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

တရားလုိ ထုိင္းရဲတပ္ဖြဲ႕က အယူခံေလွ်ာက္လဲခ်က္ကုိ ေအာက္တိုဘာ ၂၂ ရက္အတြင္း အခ်ိန္မီမတင္ႏုိင္ရင္ တစ္လထပ္မံ ရက္တိုးေတာင္းခံခြင့္ရွိတယ္လို႔ ဦးေအာင္မ်ိဳးသန္႔က ဆက္ေျပာပါတယ္။ ေနာက္ဆုံး အယူခံ႐ႈံးနိမ့္ခဲ့ပါက ျမန္မာလုပ္သားႏွစ္ဦး အေနနဲ႔ ထုိင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္ဖို႔ပဲ က်န္ေတာ့တာ ျဖစ္ပါတယ္။
ထုိင္းႏုိင္ငံကုိ လာေရာက္ လည္ပတ္တဲ့ အသက္(၂၄)ႏွစ္အရြယ္ ၿဗိတိန္ႏုိင္ငံသားေဒးဗစ္မီလာနဲ႔ (၂၃)ႏွစ္အရြယ္ ဟန္နာ၀စ္သာရစ္ခ်္တို႔က ၂၀၁၄ စက္ တင္ဘာ ၁၄ ရက္ ညဥ့္သန္းေခါင္မွာ ထုိင္းႏိုင္ငံေတာင္ပုိင္း ဆူရတ္ဌာနီခ႐ုိင္ လိပ္ကြၽန္းမွာ အသတ္ခံရၿပီး ျမန္မာလုပ္သား ေဇာ္လင္းနဲ႔ ၀င္းေဇာ္ထြန္းတို႔ကုိ လူသတ္မႈ၊ မုဒိမ္းမႈ၊ လုယက္မႈ အပါအ၀င္ ပုဒ္မခုနစ္ခုနဲ႔ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
တရားလို ထိုင်းရဲတပ်ဖွဲ့က အယူခံလျှောက်လဲချက် တင်ရမှာပါ။
သေဒဏ်ကျခံနေရတဲ့ မြန်မာလုပ်သား နှစ်ဦးအတွက် မြန်မာဘက်က တင်သွင်းထားတဲ့အယူခံကို ချေဖျက်တဲ့ အယူခံလျှောက်လဲချက်ကို တရား လိုဖြစ်တဲ့ ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက်မှာ နောက်ဆုံးထား တင်သွင်းဖို့ ထိုင်းနိုင်ငံ အယူခံတရားရုံးက သတ်မှတ်လိုက်ပါတယ်။

လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံကို မြန်မာလုပ်သားနှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေတွေဖြစ်တဲ့ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက ဩဂုတ် ၂၁ ရက်မှာ ထိုင်းနိုင်ငံကော့စမွီတရားရုံးကို တင်သွင်းထားပါတယ်။

‘‘ရှင်းရှင်းပြောရရင် ဒီကလေးနှစ်ယောက်က အပြစ်ရှိတယ်လို့ သေဒဏ်ကို ထပ်ပြီး အတည်ပြုပေးခိုင်းတဲ့ လျှောက်လဲ ချက်ပေါ့။ အန်ကယ်တို့က အပြစ် မရှိကြောင်း တင်ထားတာကို သူတို့က အပြစ်ရှိတယ်ဆိုပြီး တင်မှာပေါ့’’လို့ သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦး အရေး ဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
တင်သွင်းထားသော အယူခံကို ချေဖျက်ဖို့ တရားလို ထိုင်းရဲတပ်ဖွဲ့က တင်သွင်းရမယ့် အယူခံလျှောက်လဲချက်ကို အောက်တိုဘာ ၂၂ ရက်မှာ နောက်ဆုံးတင်သွင်းဖိုပ ထိုင်းနိုင်ငံအယူခံတရားရုံးက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

တရားလို ထိုင်းရဲတပ်ဖွဲ့က အယူခံလျှောက်လဲချက်ကို အောက်တိုဘာ ၂၂ ရက်အတွင်း အချိန်မီမတင်နိုင်ရင် တစ်လထပ်မံ ရက်တိုးတောင်းခံခွင့်ရှိတယ်လို့ ဦးအောင်မျိုးသန့်က ဆက်ပြောပါတယ်။ နောက်ဆုံး အယူခံရှုံးနိမ့်ခဲ့ပါက မြန်မာလုပ်သားနှစ်ဦး အနေနဲ့ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ဖို့ပဲ ကျန်တော့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ အသက်(၂၄)နှစ်အရွယ် ဗြိတိန်နိုင်ငံသားဒေးဗစ်မီလာနဲ့ (၂၃)နှစ်အရွယ် ဟန်နာဝစ်သာရစ်ချ်တို့က ၂၀၁၄ စက် တင်ဘာ ၁၄ ရက် ညဉ့်သန်းခေါင်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ အသတ်ခံရပြီး မြန်မာလုပ်သား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု အပါအဝင် ပုဒ်မခုနစ်ခုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top