Golden City Promotion
×

နည္းဗ်ဴဟာခ်မွတ္ရမယ့္ နယ္ပယ္တိုင္းမွာ သင့္အေနနဲ႔ ကၽြမ္က်င္မႈမရွိဘူးဆိုရင္ ခ်မွတ္ထားတဲ့ အစီအစဥ္ေတြမွာ ေျပာင္းလဲေပးဖုိ႔လိုပါတယ္။
မ်ားေသာအားျဖင့္ ကၽြန္ေတာ္တို႔ေတြ ကိုယ့္အယူအဆေတြနဲ႔ကိုယ္ လုပ္ေဆာင္ေနၾကတဲ့ လုပ္ေဆာင္ခ်က္ေတြဟာ လြဲမွန္းမသိ လြဲမွားေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ေအာင္ျမင္မႈရရွိခ်င္တယ္ဆိုရင္ ေအာင္ျမင္သူေတြ ဘယ္လိုအလုပ္လုပ္ၾကသလဲဆိုတာကို ေသေသခ်ာခ်ာ ေလ့လာၾကည့္ၾကဖို႔ လိုပါတယ္။ အခုေဖာ္ျပေပးထားတဲ့ အခ်က္ (၃) ခ်က္ဟာ အမွန္တကယ္ ေအာင္ျမင္ေနၾကတဲ့ CEO ေတြရဲ႕ မတူညီကြဲျပားတဲ့ ေဆာင္ရြက္ခ်က္ေတြထဲက တခ်ိဳ႕ပဲ ျဖစ္ပါတယ္။
(၁) ကိုယ္တိုင္ educate ျဖစ္ေအာင္လုပ္ျခင္း
လူေတာ္ေတာ္မ်ားမ်ားက ေက်ာင္းၿပီးတာနဲ႔ စာဆိုလို႔ နည္းနည္းေလးေလာက္ပဲ ဖတ္ေလ့ရွိၾကတယ္။ ဒါေပမဲ့ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္ေတြကို လိုက္ၾကည့္မယ္ဆိုရင္ အခ်ိန္တိုင္းလိုလို စာဖတ္ေလ့ရွိၾကတာကို ေတြ႔ရပါတယ္။ သူတို႔ဟာ အဲဒီနည္းလမ္းနဲ႔ သင္ယူမႈအသစ္ေတြကို ရွာေဖြေလ့ရွိၾကတယ္။

ဘဝနယ္ပယ္ေတြကို ခ်ဲ႔ခ်င္တယ္ဆိုရင္ စီးပြားေရးေလာကကို လက္ေတြ႔ဦးေဆာင္လုပ္ကိုင္ေနၾကတဲ့ စြန္႔ဦးလုပ္ကိုင္သူေတြရဲ႕ လမ္းစဥ္ အတိုင္း ေျပာင္းလဲေပးႏိုင္ေအာင္ ႀကိဳးစားဖို႔လိုပါတယ္။ ဒါေတြကို ကၽြန္ေတာ္တို႔ရဲ႕စိတ္ထဲမွာ အေရးႀကီးအႀကီးဆံုးအရာတစ္ခုလို ထည့္ထားၿပီး ေန႔စဥ္ေလ့က်င့္ယူႏိုင္ဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ CEO ေကာင္းတစ္ေယာက္ျဖစ္ခ်င္ရင္ ပထမဆံုး သင့္ကိုယ္သင္ ပညာျပန္သင္ေပးႏိုင္ေအာင္ နည္းလမ္းရွာၿပီး ႀကိဳးစားပါ။
(၂) ရည္မွန္းခ်က္ေတြ ခ်မွတ္ျခင္း
သင့္ကုမၸဏီအတြက္ ရည္မွန္းခ်က္ေတြခ်မွတ္ႏိုင္ဖို႔ကလည္း CEO တစ္ေယာက္အတြက္ အဓိကတာဝန္တစ္ရပ္ျဖစ္ပါတယ္။ ဘယ္လို ခ်မွတ္မႈမ်ိဳးေတြလဲဆိုရင္ ေနာင္ ၃-ႏွစ္၊ ၅-ႏွစ္၊ ၁၀-ႏွစ္ေတြမွာ သင့္ကုမၸဏီကို ဘယ္အတိုင္းအတာအထိ တိုးတက္သြားေစခ်င္သလဲ။ ဘယ္လို ကုန္ပစၥည္းအသစ္ေတြကို ထုတ္လုပ္မလဲ။ လက္ရွိအခ်ိန္ကေန ၁၂-လေလာက္ ၾကာတဲ့အခါမွာ သင့္ကုမၸဏီရဲႈ culture ကို ဘယ္လိုျဖစ္ေစခ်င္တာလဲ စသျဖင့္ ခ်မွတ္ႏိုင္ေအာင္ ႀကိဳးစားပါ။

ဆိုလိုတာက သင့္စီးပြားေရးလုပ္ငန္းနဲ႔ပတ္သက္ၿပီး အနာဂတ္ေမွ်ာ္မွန္းခ်က္ေတြ ရွိထားရပါမယ္။ ဒီတာဝန္ကေတာ့ လုပ္ငန္းလုပ္သူ တိုင္းလိုလို ေက်ာ္ခဲ့လို႔ မရႏိုင္ပါဘူး။
(၃) ဗ်ဴဟာခ်မွတ္ျခင္း
CEO တစ္ေယာက္အေနနဲ႔ ရည္မွန္းခ်က္ေတြကို လက္ေတြ႔အေကာင္အထည္ေဖာ္ေဆာင္ႏိုင္မယ့္ နည္းဗ်ဴဟာေတြလည္း ခ်မွတ္ႏိုင္ဖို႔ လိုပါတယ္။ နည္းဗ်ဴဟာခ်မွတ္ရမယ့္ နယ္ပယ္တိုင္းမွာ သင့္အေနနဲ႔ ကၽြမ္က်င္မႈမရွိဘူးဆိုရင္ ခ်မွတ္ထားတဲ့ အစီအစဥ္ေတြမွာ ေျပာင္းလဲေပးဖုိ႔လိုပါတယ္။ ဒါမွမဟုတ္ရင္လည္း ကုမၸဏီရဲ႕ ေရရွည္ေမွ်ာ္ခ်က္ေတြကို ပ်မ္းမွ်အားျဖင့္ အက်ိဳးျဖစ္ေစမယ့္၊ တစ္နည္းအားျဖင့္ ထိေရာက္မႈရွိေစမယ့္ နယ္ပယ္ေတြအတြက္ ေက်နပ္ေလာက္တဲ့ ေဆာင္ရြက္ခ်က္ေတြျဖစ္ေအာင္ ေျပာင္းလဲေပးပါ။ ဒီေနရာမွာ ရည္မွန္းခ်က္ပန္းတိုင္ေတြ ခ်မွတ္တာမ်ိဳးလည္း ျဖစ္ခ်င္ျဖစ္မယ္။ culture ပိုင္းလည္း ျဖစ္ခ်င္ျဖစ္မယ္။ ဒါမွမဟုတ္ အေရာင္းပိုင္းနဲ႔ ေစ်းကြက္ေဖာ္ေဆာင္မႈအပိုင္းမွာလည္း ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
နည်းဗျူဟာချမှတ်ရမယ့် နယ်ပယ်တိုင်းမှာ သင့်အနေနဲ့ ကျွမ်ကျင်မှုမရှိဘူးဆိုရင် ချမှတ်ထားတဲ့ အစီအစဉ်တွေမှာ ပြောင်းလဲပေးဖို့လိုပါတယ်။
များသောအားဖြင့် ကျွန်တော်တို့တွေ ကိုယ့်အယူအဆတွေနဲ့ကိုယ် လုပ်ဆောင်နေကြတဲ့ လုပ်ဆောင်ချက်တွေဟာ လွဲမှန်းမသိ လွဲမှားနေတတ်ကြပါတယ်။ ဒါ့ကြောင့် အောင်မြင်မှုရရှိချင်တယ်ဆိုရင် အောင်မြင်သူတွေ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာကို သေသေချာချာ လေ့လာကြည့်ကြဖို့ လိုပါတယ်။ အခုဖော်ပြပေးထားတဲ့ အချက် (၃) ချက်ဟာ အမှန်တကယ် အောင်မြင်နေကြတဲ့ CEO တွေရဲ့ မတူညီကွဲပြားတဲ့ ဆောင်ရွက်ချက်တွေထဲက တချို့ပဲ ဖြစ်ပါတယ်။
(၁) ကိုယ်တိုင် educate ဖြစ်အောင်လုပ်ခြင်း
လူတော်တော်များများက ကျောင်းပြီးတာနဲ့ စာဆိုလို့ နည်းနည်းလေးလောက်ပဲ ဖတ်လေ့ရှိကြတယ်။ ဒါပေမဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေကို လိုက်ကြည့်မယ်ဆိုရင် အချိန်တိုင်းလိုလို စာဖတ်လေ့ရှိကြတာကို တွေ့ရပါတယ်။ သူတို့ဟာ အဲဒီနည်းလမ်းနဲ့ သင်ယူမှုအသစ်တွေကို ရှာဖွေလေ့ရှိကြတယ်။

ဘဝနယ်ပယ်တွေကို ချဲ့ချင်တယ်ဆိုရင် စီးပွားရေးလောကကို လက်တွေ့ဦးဆောင်လုပ်ကိုင်နေကြတဲ့ စွန့်ဦးလုပ်ကိုင်သူတွေရဲ့ လမ်းစဉ် အတိုင်း ပြောင်းလဲပေးနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ရဲ့စိတ်ထဲမှာ အရေးကြီးအကြီးဆုံးအရာတစ်ခုလို ထည့်ထားပြီး နေ့စဉ်လေ့ကျင့်ယူနိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် CEO ကောင်းတစ်ယောက်ဖြစ်ချင်ရင် ပထမဆုံး သင့်ကိုယ်သင် ပညာပြန်သင်ပေးနိုင်အောင် နည်းလမ်းရှာပြီး ကြိုးစားပါ။
(၂) ရည်မှန်းချက်တွေ ချမှတ်ခြင်း
သင့်ကုမ္ပဏီအတွက် ရည်မှန်းချက်တွေချမှတ်နိုင်ဖို့ကလည်း CEO တစ်ယောက်အတွက် အဓိကတာဝန်တစ်ရပ်ဖြစ်ပါတယ်။ ဘယ်လို ချမှတ်မှုမျိုးတွေလဲဆိုရင် နောင် ၃-နှစ်၊ ၅-နှစ်၊ ၁၀-နှစ်တွေမှာ သင့်ကုမ္ပဏီကို ဘယ်အတိုင်းအတာအထိ တိုးတက်သွားစေချင်သလဲ။ ဘယ်လို ကုန်ပစ္စည်းအသစ်တွေကို ထုတ်လုပ်မလဲ။ လက်ရှိအချိန်ကနေ ၁၂-လလောက် ကြာတဲ့အခါမှာ သင့်ကုမ္ပဏီရဲှု culture ကို ဘယ်လိုဖြစ်စေချင်တာလဲ စသဖြင့် ချမှတ်နိုင်အောင် ကြိုးစားပါ။

ဆိုလိုတာက သင့်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အနာဂတ်မျှော်မှန်းချက်တွေ ရှိထားရပါမယ်။ ဒီတာဝန်ကတော့ လုပ်ငန်းလုပ်သူ တိုင်းလိုလို ကျော်ခဲ့လို့ မရနိုင်ပါဘူး။
(၃) ဗျူဟာချမှတ်ခြင်း
CEO တစ်ယောက်အနေနဲ့ ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်မယ့် နည်းဗျူဟာတွေလည်း ချမှတ်နိုင်ဖို့ လိုပါတယ်။ နည်းဗျူဟာချမှတ်ရမယ့် နယ်ပယ်တိုင်းမှာ သင့်အနေနဲ့ ကျွမ်ကျင်မှုမရှိဘူးဆိုရင် ချမှတ်ထားတဲ့ အစီအစဉ်တွေမှာ ပြောင်းလဲပေးဖို့လိုပါတယ်။ ဒါမှမဟုတ်ရင်လည်း ကုမ္ပဏီရဲ့ ရေရှည်မျှော်ချက်တွေကို ပျမ်းမျှအားဖြင့် အကျိုးဖြစ်စေမယ့်၊ တစ်နည်းအားဖြင့် ထိရောက်မှုရှိစေမယ့် နယ်ပယ်တွေအတွက် ကျေနပ်လောက်တဲ့ ဆောင်ရွက်ချက်တွေဖြစ်အောင် ပြောင်းလဲပေးပါ။ ဒီနေရာမှာ ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်တာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ culture ပိုင်းလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အရောင်းပိုင်းနဲ့ ဈေးကွက်ဖော်ဆောင်မှုအပိုင်းမှာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top