ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

                     ရွားပါးစာရင္း၀င္အနားေပ်ာ့လိပ္မ်ိဳးတစ္ေကာင္ကို ေတြ႕ရစဥ္
ရွားပါးစာရင္း၀င္ အနားေပ်ာ့လိပ္ မ်ဳိးစိတ္မ်ား မ်ဳိးသုဥ္းလုနီးပါးအႏၲ ရာယ္ျဖင့္ ႀကံဳေတြ႕ေနရသည့္ ယင္းလိပ္မ်ား ဥဥက်က္စားရာ ဧရာ၀တီတုိင္း ေဒသႀကီးတြင္ ထိန္းထိမ္းေရး လုပ္ေဆာင္မည္ဟု သားငွက္ထိန္းသိမ္းေရးအဖဲြ႕ (ျမန္မာႏုိင္ငံအစီအစဥ္)ႏွင့္ လိပ္မ်ဳိးဆက္ရွင္သန္ေရးအဖဲြ႕မွ လိပ္သုေတသနကြၽမ္းက်င္သူ မမီမီစိုး ကေျပာသည္။
မ်ဳိးသုဥ္းလုနီးပါး အႏၲရာယ္ ႀကံဳေတြ႕ေနရသည့္ ရွားပါးအနား ေပ်ာ့လိပ္မ်ဳိးစိတ္မ်ားျဖစ္သည့္ လိပ္ပုတီး၊ ေလးကြက္လိပ္၊ ေခါင္း ေသးလိပ္၊ ေဆာက္လိပ္၊ စင္းေခ်ာလိပ္စသည္တို႔ကို ထိန္းသိမ္းေစာင့္ ေရွာက္ရန္ ယင္းလိပ္မ်ဳိးစိတ္မ်ား ဥဥေလ့ရွိသည့္ ဧရာ၀တီျမစ္ႏွင့္ ဆက္စပ္ေနေသာ ၿမိဳ႕၊ ရြာမ်ား တြင္ အဓိကထားေဆာင္ရြက္မည္ ဟု ၎ကဆိုသည္။

ထိန္းသိမ္းေရးပညာေပးလုပ္ ငန္းမ်ားကို ေညာင္တုန္းၿမိဳ႕နယ္ ႏွင့္ ဘုိကေလးၿမိဳ႕နယ္ မိန္းမလွ ကြၽန္းတို႔တြင္ သစ္ေတာဦးစီးဌာန ၀န္ထမ္းမ်ား၊ သားငွက္ထိန္းသိမ္း ေရးအဖဲြ႕(ျမန္မာႏုိင္ငံအစီအစဥ္) ႏွင့္ လိပ္မ်ဳိးဆက္ရွင္သန္ေရးအ ဖဲြ႕က လိပ္သုေတသနကြၽမ္းက်င္ သူမ်ားႏွင့္ ပူးေပါင္း၍ ေရခ်ဳိလိပ္မ်ား၏ လူသားအက်ဳိးျပဳမႈႏွင့္ ေဂဟစနစ္၌ အေရးပါမႈအေၾကာင္း၊ မ်ဳိးသုဥ္းရန္အႏၲရာယ္က်ေရာက္ ေနေသာ ေရခ်ဳိလိပ္မ်ား ထိန္းသိမ္းေရးပညာေပးလုပ္ငန္းမ်ားကို စက္တင္ဘာ ၁၇ ရက္က စတင္လုပ္ေဆာင္ခဲ့ေၾကာင္း ၎ကေျပာ သည္။

‘‘ျမစ္ႀကီး၊ ေခ်ာင္းႀကီးေတြ မွာပဲရွိတာဆိုေတာ့ ဧရာ၀တီျမစ္ ေတာက္ေလွ်ာက္မွာ ထိန္းသိမ္း ေရးလုပ္ေဆာင္သြားမွာ၊ျမစ္ေရ က်သြားရင္ ေဒသခံေတြက ေတြ႕ ၿပီးသတင္းေပးတဲ့အခါက်ရင္ သားေဖာက္လုိ႔ရရင္ ေဖာက္ရမွာေပါ့။ ေဒသခံေတြပါတဲ့ ျပဳစုေစာင့္ ေရွာက္ေရးစခန္းေလး လုပ္သြား မွာေပါ့’’ဟု မမီမီစိုးကေျပာသည္။

ဧရာ၀တီျမစ္၀ကြၽန္းေပၚေဒ သတြင္ ရွားပါးအနားေပ်ာ့လိပ္မ်ဳိး စိတ္မ်ားသည္ လူတို႔၏နည္းအမ်ဳိး မ်ဳိးျဖင့္ ဖမ္းဆီးစားေသာက္ျခင္း၊ တရားမ၀င္ နည္းလမ္းမ်ားျဖင့္ ျပည္ပပို႔ရန္ေရာင္း၀ယ္ျခင္း၊ ၎ တို႔ ေနရင္းေဒသမ်ားကို စိုက္ပ်ဳိး ေျမမ်ားခ်ဲ႕ထြင္ျခင္း၊ ေဒသခံျပည္ သူမ်ားက ထိန္းသိမ္းေရး အသိပညာနည္းပါးျခင္းေၾကာင့္ မ်ဳိးသုဥ္း အႏၲရာယ္မ်ားႏွင့္ ရင္ဆုိင္ႀကံဳေတြ႕ ေနရသည္။

ထို႔အျပင္ ထိန္းသိမ္းေရးလုပ္ ေဆာင္မည့္ ေဒသမ်ားရွိ ဘုရား လိပ္ကန္မ်ားတြင္ လိပ္မ်ဳိးဆက္ ပြားရန္ ရည္ရြယ္ကာ လိပ္မ်ားဥဥ ရန္ သဲေသာင္မ်ားျပဳျပင္မြမ္းမံ ျခင္းႏွင့္ အသစ္တည္ေဆာက္ေပး ျခင္းတုိ႔ လုပ္ေဆာင္မည္ျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ရှားပါးစာရင်းဝင် အနားပျော့လိပ် မျိုးစိတ်များ မျိုးသုဉ်းလုနီးပါးအန္တ ရာယ်ဖြင့် ကြုံတွေ့နေရသည့် ယင်းလိပ်များ ဥဥကျက်စားရာ ဧရာဝတီတိုင်း ဒေသကြီးတွင် ထိန်းထိမ်းရေး လုပ်ဆောင်မည်ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ လိပ်သုတေသနကျွမ်းကျင်သူ မမီမီစိုး ကပြောသည်။
မျိုးသုဉ်းလုနီးပါး အန္တရာယ် ကြုံတွေ့နေရသည့် ရှားပါးအနား ပျော့လိပ်မျိုးစိတ်များဖြစ်သည့် လိပ်ပုတီး၊ လေးကွက်လိပ်၊ ခေါင်း သေးလိပ်၊ ဆောက်လိပ်၊ စင်းချောလိပ်စသည်တို့ကို ထိန်းသိမ်းစောင့် ရှောက်ရန် ယင်းလိပ်မျိုးစိတ်များ ဥဥလေ့ရှိသည့် ဧရာဝတီမြစ်နှင့် ဆက်စပ်နေသော မြို့၊ ရွာများ တွင် အဓိကထားဆောင်ရွက်မည် ဟု ၎င်းကဆိုသည်။

ထိန်းသိမ်းရေးပညာပေးလုပ် ငန်းများကို ညောင်တုန်းမြို့နယ် နှင့် ဘိုကလေးမြို့နယ် မိန်းမလှ ကျွန်းတို့တွင် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ သားငှက်ထိန်းသိမ်း ရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်) နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအ ဖွဲ့က လိပ်သုတေသနကျွမ်းကျင် သူများနှင့် ပူးပေါင်း၍ ရေချိုလိပ်များ၏ လူသားအကျိုးပြုမှုနှင့် ဂေဟစနစ်၌ အရေးပါမှုအကြောင်း၊ မျိုးသုဉ်းရန်အန္တရာယ်ကျရောက် နေသော ရေချိုလိပ်များ ထိန်းသိမ်းရေးပညာပေးလုပ်ငန်းများကို စက်တင်ဘာ ၁၇ ရက်က စတင်လုပ်ဆောင်ခဲ့ကြောင်း ၎င်းကပြော သည်။

‘‘မြစ်ကြီး၊ ချောင်းကြီးတွေ မှာပဲရှိတာဆိုတော့ ဧရာဝတီမြစ် တောက်လျှောက်မှာ ထိန်းသိမ်း ရေးလုပ်ဆောင်သွားမှာ၊မြစ်ရေ ကျသွားရင် ဒေသခံတွေက တွေ့ ပြီးသတင်းပေးတဲ့အခါကျရင် သားဖောက်လို့ရရင် ဖောက်ရမှာပေါ့။ ဒေသခံတွေပါတဲ့ ပြုစုစောင့် ရှောက်ရေးစခန်းလေး လုပ်သွား မှာပေါ့’’ဟု မမီမီစိုးကပြောသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေ သတွင် ရှားပါးအနားပျော့လိပ်မျိုး စိတ်များသည် လူတို့၏နည်းအမျိုး မျိုးဖြင့် ဖမ်းဆီးစားသောက်ခြင်း၊ တရားမဝင် နည်းလမ်းများဖြင့် ပြည်ပပို့ရန်ရောင်းဝယ်ခြင်း၊ ၎င်း တို့ နေရင်းဒေသများကို စိုက်ပျိုး မြေများချဲ့ထွင်ခြင်း၊ ဒေသခံပြည် သူများက ထိန်းသိမ်းရေး အသိပညာနည်းပါးခြင်းကြောင့် မျိုးသုဉ်း အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်။

ထို့အပြင် ထိန်းသိမ်းရေးလုပ် ဆောင်မည့် ဒေသများရှိ ဘုရား လိပ်ကန်များတွင် လိပ်မျိုးဆက် ပွားရန် ရည်ရွယ်ကာ လိပ်များဥဥ ရန် သဲသောင်များပြုပြင်မွမ်းမံ ခြင်းနှင့် အသစ်တည်ဆောက်ပေး ခြင်းတို့ လုပ်ဆောင်မည်ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top