Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×


# Zawgyi Version ျဖင့္ ဖတ္ပါ #

အမ်ိဳးသမီးတိုင္း လစဥ္ရာသီေသြးေပၚေလ့ရွိပါတယ္။ ရာသီေသြးေပၚျခင္းဟာ  သားအိမ္နံရံအတြင္းမွာရွိတဲ့အလႊာပါး ကြာက်လာျခင္းေႀကာင့္ ျဖစ္ပါတယ္။ တကယ္ေတာ့ ေဟာ္မုန္းတန္ခိုးပါပဲ။ရာသီေသြးဆင္းဖုိ႔ သားအိမ္က ညွစ္ေပးရတယ္။ အဲလိုျဖစ္ဖို႕ မေဟာ္မုန္းေတြက လုပ္ေဆာင္ေပးရတယ္။အပ်ိဳေဖာ္ဝင္ျပီး အမ်ိဳးသမီးေတြရဲ႔ ရာသီနဲ႕ပက္သတ္တဲ့ေရာဂါေတြ ခံစားရေလ့ရွိတယ္။ ရာသီမလာခင္ ခံစားရတဲ့လကၡဏာေတြကို premenstrual syndromes(PMS) လို႕ေခၚပါတယ္။ အမ်ိဳးသမီး ၄၀% မွာ ဒီလကၡဏာေတြ ေတြ႕ရတယ္။တခါျဖစ္ရင္ ၄-၅ရက္ ခန္႕ၾကာတယ္။ လကၡဏာေတြက-

(၁)ရင္သားတင္းျခင္း
(၂)ရင္ျပည့္ရင္ကယ္ျဖစ္ျခင္း
(၃)အစာအိမ္နာျခင္း
(၄)စိတ္ဂဏွာမျငိမ္ျဖစ္ျခင္း
(၅)ေမာပန္းနံုးခ်ိျခင္း
(၆)ဝက္ျခံထြက္ျခင္း
စတာေတြ ျဖစ္ပါတယ္။

အမ်ိဴးသမီးေတြရဲ႕ ထက္ဝက္ခန္႕ဟာ ရာသီမလာခင္ ဗိုက္နာတာမ်ိဳးရွိတတ္ပါတယ္။  ေဆးပညာလို dysmenorrhea လို႕ ေခၚတယ္။ prostagladin ရဲ႕ အာနိသင္ေႀကာင့္ျဖစ္ရတာပါ။ ဗိုက္နာတဲ့အခါ ဝမ္းဗိုက္ေအာက္ပိုင္း ဆီးစပ္(သို႕)ခါးေနရာက နာတယ္။ အမ်ားစုဟာ ရာသီမလာခင္ ၁-၂ရက္ေလာက္ေစာျပီး နာတတ္တယ္။ တခါနာရင္ ၃-၄ရက္ေလာက္ ႀကာတယ္။ ကံဆိုးတဲ့ အမ်ိဳးသမီး(၁၀%)ကေတာ့ အိပ္ရာထဲက မထနိုင္ေအာင္ ျပင္းျပင္းထန္ထန္ နာက်င္ေလ့ရွိတယ္။ 

ဗိုက္နာရင္ ဘာလုပ္မလဲ
• ဝမ္းဗိုက္ေအာက္ပိုင္း(သို႔)ခါးမွာ ေရေႏြးအိတ္ကပ္ပါ။
• ဗိုကိကို ညင္သာစြာ နွိပ္ေပးနိုင္တယ္။ေရေႏြးနဲ႕ ေရခ်ိဳးနိုင္တယ္။
• အိပ္ေနစဥ္ေျခေထာက္ကို ျမွင့္ထားပါ။
• ေယာဂ(သို႔)အေပါ့စားေလ့က်င့္ခန္းတခုခုလုပ္ပါ။
• ေပ်ာ့တဲ့အစားအေသာက္၊စြပ္ျပဳတ္ ေသာက္ေပးသင့္တယ္။
• ဗီတာမင္အီး အားျဖည့္ေဆးေသာက္ပါ။
• vitamin B6, vitamin B1, calcium နဲ႕ magnesium ပါတာတဲ့အားေဆးေတြက အက်ိဳးရွိတယ္။
• အိုမီဂါသရီး၊ ဆည္းဆာခင္းနွင္းဆီ(EPO)ပါတဲ့ေဆးေတြက ရာသီကိုင္လကၡဏာကို သက္သာေစတယ္။
• နီတဲ့အသား၊ အခ်ိဳ၊အငန္၊ အရက္၊ေဆးလိပ္၊ဘီယာ၊ဝုိင္စတာေတြ ေရွာင္ပါ။

ဘယ္ေဆးေတြေသာက္မလဲ
• Mefenamic acid ပါတဲ့ေဆးေတြက အသံုးမ်ားဆံုးပဲ။ dolfenal လို႕ေျပာရင္ လူပိုသိမယ္။ 250-500mg တေန႕ တစ္ၾကိမ္-သံုးၾကိမ္ေသာက္ပါ။
• ရာသီမ်ားရင္ tranexamic acid ပါတာမ်ိဳး ေသာက္သင့္တယ္။ တေန႕ ၂-၃ႀကိမ္ေသာက္နိုင္တယ္။ ေဆးေသာက္ျပီးရာသီေသြးနည္းသြားတတ္တယ္။
• Gofen(ibuprofen) အကိုက္ခဲေပ်ာက္ေဆးကို တေန႕သံုးၾကိမ္ေသာက္နိုင္တယ္။
• ဗိုက္အရမ္းနာရင္ meftalspas ေသာက္ေဆးကေတာ့ အေကာင္းဆံုးပဲ။ တေန႕သံုးၾကိမ္ေသာက္ပါ။
• ဆည္းဆာခင္းနွင္းဆီ(EPO) နဲ႕ vitamin E အားေဆးေတြဟာ ရာသီကိုင္လကၡဏာေတြကို ေလွ်ာ့ပါးသက္သာေစတယ္။ ရာသီမေပၚခင္ ၄-၅ ရက္ခန္႔ ႀကိဳေသာက္ထားဖို႕ လိုပါတယ္။

အမ်ိဳးသမီး လစဥ္ဓမၼတာေပၚစဥ္ ေရွာင္ရမွာေလးေတြ ရွိတယ္။ အမ်ားစုကို အေရွ႕တိုင္းက လက္ခံထားၾကတာျဖစ္ပါတယ္။

၁။လက္ဖက္ရည္မေသာက္ရဘူး
လက္ဖက္ရည္ေသာက္ရင္ ရာသီေစာလာတယ္ဆိုတာေတြ ေဆးခန္းမွာ ႀကံဳရတယ္။ ရာသီေပၚေနစဥ္ ေသာက္ရင္ ရာသီေသြး နည္းတာ၊ မ်ားတာ ျဖစ္နိုင္တယ္။ အထူးသျဖင့္ လက္ဖက္ရည္မွာပါတဲ့ tannin ဓာတ္က ရာသီေသြးကိုေျပာင္းလဲေစတယ္။

၂။ေအးတဲ့အစားအေသာက္မွန္သမွ် ေရွာင္ၾကဥ္ပါ
 ေအးခဲထားတာမွန္သမွ် မစားသင့္ပါ။ ဒီအယူအဆက ေတာ္ေတာ္မ်ားမ်ားမွာ ရွိတယ္။ ေဆးခန္းမွာ ရာသီထိန္လို႔လာတဲ့သူေတြမွာ ေရခဲမုန္႕စားလို႕၊ဘာလီ ေဖ်ာ္ရည္ေသာက္လို႕ဆိုတာေတြ ေတြ႕ရတယ္။သူတို႔ရဲ႕အယူအဆက  ရာသီေသြးကခဲျပီး ရာသီေပ်ာက္တာမ်ိဳးျဖစ္တာပါတဲ့။ အခ်ိဳပြဲ၊ ေရခဲစိမ္ ေဖ်ာ္ရည္၊ ေရခဲမုန္႕ စတာေတြေရွာင္ႀကဥ္သင့္တယ္။

၃။ေအးတဲ့သစ္သီးေတြ ေရွာင္ရမယ္
ေအးတဲ့အာနိသင္ရွိတဲ့ အသီးမွန္သမွ် မစားသင့္ဘူး။ ပန္းသီး၊ မာလကာသီး၊ဖရဲသီး၊ စသည္ျဖင့္ေပါ့။ သီးေမႊးငွက္ေပ်ာ၊ ဇီးျဖဴသီး စားရင္ ထိန္တာမ်ိဳး ၾကားဖူးလိမ့္မယ္။ နာနတ္သီးက ရာသီေသြးကို မ်ားေစသတဲ့။ တခ်ိဳ႕က ကိုယ္ဝန္ေဆာင္စားရင္ ကုိယ္ဝန္ပ်က္က်မႈမ်ားတယ္လို႕ ဆိုႀကတယ္။

၄။ေခါင္းမေလွ်ာ္သင့္ဘူး
ေဆးခန္းကို မၾကာခဏေရာက္ေရာက္ လာႀကတယ္။ ေခါင္းေလွ်ာ္မိလို႔ ရာသီထိန္သြားျပီ၊ လုပ္ပါဦးဆိုတာမ်ိဳး ေတြ႕ရတယ္။ေဆးပညာမွာ သင္ထားတာမရွိေပမယ့္ အမ်ားစုကေတာ့ ေခါင္းေလွ်ာ္ျပီးဂျဖစ္လာၾကတာဟုတ္တယ္။ ဒါ့ေႀကာင့္မေသခ်ာရင္ မေလွ်ာ္တာအေကာင္းဆံုးပဲ။ေခါင္းေလွ်ာ္တာ အနည္းဆံုး သံုးရက္ေလာက္ ေရွာင္ပါ။

၅။ေအးတဲ့ေရမခ်ိဳးသင့္ဘူး
ဒါလည္း ေတြ႔တယ္။မေန႕က ေရေအးခ်ိဳးျပီး ရာသီမေပၚေတာ့ဘူးဆုိတာမ်ိဳး၊ ေအးတဲ့ဓာတ္က ရာသီေသြးကို ခဲသြားေစတယ္ဆိုတာ အေရွ႕တိုင္းမွာ ေတာ္ေတာ္မ်ားတယ္။ ဒါေပမယ့္ လူတိုင္းေတာ့ မဟုတ္ပါ။ ျဖစ္တတ္ရင္ ေရွာင္ျကဥ္တာ အေကာင္းဆံုးပဲ။

၆။ေလ့က်င့္ခန္းမလုပ္သင့္ဘူး
 ပံုမွန္ေလ့က်င့္ခန္းေလာက္ေတာ့ လုပ္လို႕ရပါတယ္။ အလြန္အက်ြံသာ မေကာင္းတာ၊ အားကစားသမားေတြမွာ ရာသီထိန္တာ၊ေပ်ာက္တာ၊ မမွန္တာမ်ိဳး မၾကာခဏေတြ႕ရတယ္။ ေဟာ္မုန္းအေျပာင္းလဲေႀကာင့္ ျဖစ္ပါတယ္။ ေန႕စဥ္လမ္းေလွ်ာက္တာေလာက္က ကိစၥမရွိပါ။ အလြန္အကၽြံအျပင္းအထန္မလုပ္ဖို႔ အေရးၾကီးတယ္။

အထက္ပါအခ်က္ေတြဟာ ဆရာဝန္ေတြလက္ခံထားတဲ့သိပၸံနည္းက် အေႀကာင္းအရာေတြမဟုတ္ၾကပါ။ သုိ႕ေသာ္ ေဆးခန္းမွာ ေရာက္လာတဲ့လူနာေတြမွာ ဒီျပႆနာမ်ိဳး မႀကာခဏ ေတြ႕ရတတ္တယ္။ တခ်ိဳ႕ကိစၥေတြဟာ ေဆးပညာက လိုက္မမွီတာ၊ ဘူးခံျငင္းလို႕ မရတာမ်ိဳး ရွိတတ္ပါတယ္။ အပ်ိဳေဖာ္ဝင္ မိန္းကေလးတိုင္း အဆိုပါအခ်က္ေတြကို သတိထားလိုက္နာဖို႕ လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာ ေအးမင္းထူး

# Unicode Version ျဖင့္ ဖတ္ပါ #

 အမျိုးသမီးတိုင်း လစဉ်ရာသီသွေးပေါ်လေ့ရှိပါတယ်။ ရာသီသွေးပေါ်ခြင်းဟာ  သားအိမ်နံရံအတွင်းမှာရှိတဲ့အလွှာပါး ကွာကျလာခြင်းကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဟော်မုန်းတန်ခိုးပါပဲ။ရာသီသွေးဆင်းဖို့ သားအိမ်က ညှစ်ပေးရတယ်။ အဲလိုဖြစ်ဖို့ မဟော်မုန်းတွေက လုပ်ဆောင်ပေးရတယ်။အပျိုဖော်ဝင်ပြီး အမျိုးသမီးတွေရဲ့ ရာသီနဲ့ပက်သတ်တဲ့ရောဂါတွေ ခံစားရလေ့ရှိတယ်။ ရာသီမလာခင် ခံစားရတဲ့လက္ခဏာတွေကို premenstrual syndromes(PMS) လို့ခေါ်ပါတယ်။ အမျိုးသမီး ၄၀% မှာ ဒီလက္ခဏာတွေ တွေ့ရတယ်။တခါဖြစ်ရင် ၄-၅ရက် ခန့်ကြာတယ်။ လက္ခဏာတွေက-

(၁)ရင်သားတင်းခြင်း
(၂)ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
(၃)အစာအိမ်နာခြင်း
(၄)စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း
(၅)မောပန်းနုံးချိခြင်း
(၆)ဝက်ခြံထွက်ခြင်း
စတာတွေ ဖြစ်ပါတယ်။

အမျိူးသမီးတွေရဲ့ ထက်ဝက်ခန့်ဟာ ရာသီမလာခင် ဗိုက်နာတာမျိုးရှိတတ်ပါတယ်။  ဆေးပညာလို dysmenorrhea လို့ ခေါ်တယ်။ prostagladin ရဲ့ အာနိသင်ကြောင့်ဖြစ်ရတာပါ။ ဗိုက်နာတဲ့အခါ ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်(သို့)ခါးနေရာက နာတယ်။ အများစုဟာ ရာသီမလာခင် ၁-၂ရက်လောက်စောပြီး နာတတ်တယ်။ တခါနာရင် ၃-၄ရက်လောက် ကြာတယ်။ ကံဆိုးတဲ့ အမျိုးသမီး(၁၀%)ကတော့ အိပ်ရာထဲက မထနိုင်အောင် ပြင်းပြင်းထန်ထန် နာကျင်လေ့ရှိတယ်။ 

ဗိုက်နာရင် ဘာလုပ်မလဲ
• ဝမ်းဗိုက်အောက်ပိုင်း(သို့)ခါးမှာ ရေနွေးအိတ်ကပ်ပါ။
• ဗိုကိကို ညင်သာစွာ နှိပ်ပေးနိုင်တယ်။ရေနွေးနဲ့ ရေချိုးနိုင်တယ်။
• အိပ်နေစဉ်ခြေထောက်ကို မြှင့်ထားပါ။
• ယောဂ(သို့)အပေါ့စားလေ့ကျင့်ခန်းတခုခုလုပ်ပါ။
• ပျော့တဲ့အစားအသောက်၊စွပ်ပြုတ် သောက်ပေးသင့်တယ်။
• ဗီတာမင်အီး အားဖြည့်ဆေးသောက်ပါ။
• vitamin B6, vitamin B1, calcium နဲ့ magnesium ပါတာတဲ့အားဆေးတွေက အကျိုးရှိတယ်။
• အိုမီဂါသရီး၊ ဆည်းဆာခင်းနှင်းဆီ(EPO)ပါတဲ့ဆေးတွေက ရာသီကိုင်လက္ခဏာကို သက်သာစေတယ်။
• နီတဲ့အသား၊ အချို၊အငန်၊ အရက်၊ဆေးလိပ်၊ဘီယာ၊ဝိုင်စတာတွေ ရှောင်ပါ။

ဘယ်ဆေးတွေသောက်မလဲ
• Mefenamic acid ပါတဲ့ဆေးတွေက အသုံးများဆုံးပဲ။ dolfenal လို့ပြောရင် လူပိုသိမယ်။ 250-500mg တနေ့ တစ်ကြိမ်-သုံးကြိမ်သောက်ပါ။
• ရာသီများရင် tranexamic acid ပါတာမျိုး သောက်သင့်တယ်။ တနေ့ ၂-၃ကြိမ်သောက်နိုင်တယ်။ ဆေးသောက်ပြီးရာသီသွေးနည်းသွားတတ်တယ်။
• Gofen(ibuprofen) အကိုက်ခဲပျောက်ဆေးကို တနေ့သုံးကြိမ်သောက်နိုင်တယ်။
• ဗိုက်အရမ်းနာရင် meftalspas သောက်ဆေးကတော့ အကောင်းဆုံးပဲ။ တနေ့သုံးကြိမ်သောက်ပါ။
• ဆည်းဆာခင်းနှင်းဆီ(EPO) နဲ့ vitamin E အားဆေးတွေဟာ ရာသီကိုင်လက္ခဏာတွေကို လျှော့ပါးသက်သာစေတယ်။ ရာသီမပေါ်ခင် ၄-၅ ရက်ခန့် ကြိုသောက်ထားဖို့ လိုပါတယ်။

အမျိုးသမီး လစဉ်ဓမ္မတာပေါ်စဉ် ရှောင်ရမှာလေးတွေ ရှိတယ်။ အများစုကို အရှေ့တိုင်းက လက်ခံထားကြတာဖြစ်ပါတယ်။

၁။လက်ဖက်ရည်မသောက်ရဘူး
လက်ဖက်ရည်သောက်ရင် ရာသီစောလာတယ်ဆိုတာတွေ ဆေးခန်းမှာ ကြုံရတယ်။ ရာသီပေါ်နေစဉ် သောက်ရင် ရာသီသွေး နည်းတာ၊ များတာ ဖြစ်နိုင်တယ်။ အထူးသဖြင့် လက်ဖက်ရည်မှာပါတဲ့ tannin ဓာတ်က ရာသီသွေးကိုပြောင်းလဲစေတယ်။

၂။အေးတဲ့အစားအသောက်မှန်သမျှ ရှောင်ကြဉ်ပါ
 အေးခဲထားတာမှန်သမျှ မစားသင့်ပါ။ ဒီအယူအဆက တော်တော်များများမှာ ရှိတယ်။ ဆေးခန်းမှာ ရာသီထိန်လို့လာတဲ့သူတွေမှာ ရေခဲမုန့်စားလို့၊ဘာလီ ဖျော်ရည်သောက်လို့ဆိုတာတွေ တွေ့ရတယ်။သူတို့ရဲ့အယူအဆက  ရာသီသွေးကခဲပြီး ရာသီပျောက်တာမျိုးဖြစ်တာပါတဲ့။ အချိုပွဲ၊ ရေခဲစိမ် ဖျော်ရည်၊ ရေခဲမုန့် စတာတွေရှောင်ကြဉ်သင့်တယ်။

၃။အေးတဲ့သစ်သီးတွေ ရှောင်ရမယ်
အေးတဲ့အာနိသင်ရှိတဲ့ အသီးမှန်သမျှ မစားသင့်ဘူး။ ပန်းသီး၊ မာလကာသီး၊ဖရဲသီး၊ စသည်ဖြင့်ပေါ့။ သီးမွှေးငှက်ပျော၊ ဇီးဖြူသီး စားရင် ထိန်တာမျိုး ကြားဖူးလိမ့်မယ်။ နာနတ်သီးက ရာသီသွေးကို များစေသတဲ့။ တချို့က ကိုယ်ဝန်ဆောင်စားရင် ကိုယ်ဝန်ပျက်ကျမှုများတယ်လို့ ဆိုကြတယ်။

၄။ခေါင်းမလျှော်သင့်ဘူး
ဆေးခန်းကို မကြာခဏရောက်ရောက် လာကြတယ်။ ခေါင်းလျှော်မိလို့ ရာသီထိန်သွားပြီ၊ လုပ်ပါဦးဆိုတာမျိုး တွေ့ရတယ်။ဆေးပညာမှာ သင်ထားတာမရှိပေမယ့် အများစုကတော့ ခေါင်းလျှော်ပြီးဂဖြစ်လာကြတာဟုတ်တယ်။ ဒါ့ကြောင့်မသေချာရင် မလျှော်တာအကောင်းဆုံးပဲ။ခေါင်းလျှော်တာ အနည်းဆုံး သုံးရက်လောက် ရှောင်ပါ။

၅။အေးတဲ့ရေမချိုးသင့်ဘူး
ဒါလည်း တွေ့တယ်။မနေ့က ရေအေးချိုးပြီး ရာသီမပေါ်တော့ဘူးဆိုတာမျိုး၊ အေးတဲ့ဓာတ်က ရာသီသွေးကို ခဲသွားစေတယ်ဆိုတာ အရှေ့တိုင်းမှာ တော်တော်များတယ်။ ဒါပေမယ့် လူတိုင်းတော့ မဟုတ်ပါ။ ဖြစ်တတ်ရင် ရှောင်ကြဉ်တာ အကောင်းဆုံးပဲ။

၆။လေ့ကျင့်ခန်းမလုပ်သင့်ဘူး
 ပုံမှန်လေ့ကျင့်ခန်းလောက်တော့ လုပ်လို့ရပါတယ်။ အလွန်အကျွံသာ မကောင်းတာ၊ အားကစားသမားတွေမှာ ရာသီထိန်တာ၊ပျောက်တာ၊ မမှန်တာမျိုး မကြာခဏတွေ့ရတယ်။ ဟော်မုန်းအပြောင်းလဲကြောင့် ဖြစ်ပါတယ်။ နေ့စဉ်လမ်းလျှောက်တာလောက်က ကိစ္စမရှိပါ။ အလွန်အကျွံအပြင်းအထန်မလုပ်ဖို့ အရေးကြီးတယ်။

အထက်ပါအချက်တွေဟာ ဆရာဝန်တွေလက်ခံထားတဲ့သိပ္ပံနည်းကျ အကြောင်းအရာတွေမဟုတ်ကြပါ။ သို့သော် ဆေးခန်းမှာ ရောက်လာတဲ့လူနာတွေမှာ ဒီပြဿနာမျိုး မကြာခဏ တွေ့ရတတ်တယ်။ တချို့ကိစ္စတွေဟာ ဆေးပညာက လိုက်မမှီတာ၊ ဘူးခံငြင်းလို့ မရတာမျိုး ရှိတတ်ပါတယ်။ အပျိုဖော်ဝင် မိန်းကလေးတိုင်း အဆိုပါအချက်တွေကို သတိထားလိုက်နာဖို့ လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာ အေးမင်းထူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top