ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဆင္ေပါင္၀ဲတြင္ အ ရက္မူးေနသည့္ ဖခင္က ထမင္းအသိုးမ်ားေကြၽးသည္ဆုိၿပီး သားျဖစ္သူကို ဓားျဖင့္လုိက္ခုတ္ရာ မိမိကုိယ္ကိုယ္ ျပန္ထိမိ၍ ေသဆုံးခဲ့ေၾကာင္း ဆင္ေပါင္၀ဲၿမိဳ႕နယ္ ရဲတပ္ဖဲြ႕မွ  တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ဆင္ေပါင္၀ဲၿမိဳ႕နယ္ စာရေပ ေက်းရြာ(အေရွ႕စု)တြင္ ေအာက္ တိုဘာ ၇ ရက္ညက အရက္မူးေန ေသာ အသက္ (၅၈)ႏွစ္အရြယ္ အမ်ဳိးသားႀကီးတစ္ဦးသည္ မိမိအား မိသားစုက  ထမင္းအသိုးမ်ား ေကြၽးသည္ဆုိၿပီး သားျဖစ္သူကုိ ဓားျဖင့္လုိက္ခုတ္ရာ အိမ္အေပၚထပ္တြင္ အရွိန္လြန္လဲက်သျဖင့္

၎ကိုင္ထားသည့္ဓားျဖင့္ပင္ မိမိိကိုယ္ကုိယ္ခုတ္မိ၍  ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖဲြ႕စစ္ေဆးခ်က္မွတ္တမ္းတြင္ ေဖာ္ျပထား သည္။

‘‘သူက အရက္အၿမဲေသာက္ တတ္တဲ့အက်င့္ရွိတယ္။ အဲဒီေန႔ ညက သူ႔မိသားစုကလာေခၚေတာ့ လုိက္သြားတာ။ ဓားကဗုိက္ကိုထိ ၿပီး အူထြက္ေသေနတာ ေတြ႕ခဲ့ရတယ္။ အဲမွာက ဧည့္သည္ေလးေယာက္ေလာက္လည္း ရွိေနေတာ့ သူတို႔ကအစအဆုံးျမင္ၾကတယ္။ ဒါနဲ႔စခန္းကိုအေၾကာင္း ၾကားခဲ့တာ’’ ဟု  စာရေပေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးရဲၫြန္႔က ေျပာသည္။

ယင္းျဖစ္စဥ္အား ေပါ့ေလ်ာ့ ျခင္းျဖင့္ လူေသေစမႈပုဒ္မ ၃၀၄(က)ျဖင့္ ေသဆုံးသူကို ဆင္ေပါင္၀ဲၿမိဳ႕နယ္ ရဲတပ္ဖဲြ႕စခန္းက အမႈ ဖြင့္ထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ဆင်ပေါင်ဝဲတွင် အ ရက်မူးနေသည့် ဖခင်က ထမင်းအသိုးများကျွေးသည်ဆိုပြီး သားဖြစ်သူကို ဓားဖြင့်လိုက်ခုတ်ရာ မိမိကိုယ်ကိုယ် ပြန်ထိမိ၍ သေဆုံးခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ရဲတပ်ဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆင်ပေါင်ဝဲမြို့နယ် စာရပေ ကျေးရွာ(အရှေ့စု)တွင် အောက် တိုဘာ ၇ ရက်ညက အရက်မူးနေ သော အသက် (၅၈)နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် မိမိအား မိသားစုက  ထမင်းအသိုးများ ကျွေးသည်ဆိုပြီး သားဖြစ်သူကို ဓားဖြင့်လိုက်ခုတ်ရာ အိမ်အပေါ်ထပ်တွင် အရှိန်လွန်လဲကျသဖြင့်

၎င်းကိုင်ထားသည့်ဓားဖြင့်ပင် မိမိကိုယ်ကိုယ်ခုတ်မိ၍  သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထား သည်။

‘‘သူက အရက်အမြဲသောက် တတ်တဲ့အကျင့်ရှိတယ်။ အဲဒီနေ့ ညက သူ့မိသားစုကလာခေါ်တော့ လိုက်သွားတာ။ ဓားကဗိုက်ကိုထိ ပြီး အူထွက်သေနေတာ တွေ့ခဲ့ရတယ်။ အဲမှာက ဧည့်သည်လေးယောက်လောက်လည်း ရှိနေတော့ သူတို့ကအစအဆုံးမြင်ကြတယ်။ ဒါနဲ့စခန်းကိုအကြောင်း ကြားခဲ့တာ’’ ဟု  စာရပေကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲညွန့်က ပြောသည်။

ယင်းဖြစ်စဉ်အား ပေါ့လျော့ ခြင်းဖြင့် လူသေစေမှုပုဒ်မ ၃၀၄(က)ဖြင့် သေဆုံးသူကို ဆင်ပေါင်ဝဲမြို့နယ် ရဲတပ်ဖွဲ့စခန်းက အမှု ဖွင့်ထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top