Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ျမက္ရိတ္ရာတြင္ အသုံးျပဳေသာ ဓါးသြားကို ထက္ေအာင္ ေသြးရသည့္ ေမာ္တာတပ္ ေက်ာက္ေသြးစက္ အပိုင္းအစမ်ားလြင့္စင္ထြက္ကာ အသက္ ၅ ႏွစ္အရြယ္ မိန္းကေလး၏ ရင္ဘတ္တြင္ ထိုးစိုက္ၿပီး ေသဆုံးခဲ့မွုတစ္ခု မေလးရွားနိုင္ငံတြင္ ျဖစ္ပ်က္ခဲ့သည္။

ဖခင္ျဖစ္သူက မ်က္ရိတ္ဓားကို ေက်ာက္ေသြးစက္ျဖင့္ ထက္လာေအာင္ ပြတ္တိုက္ေသြးေနခ်ိန္တြင္ ကေလးမေလးက အိမ္ၿခံဝန္းအတြင္း ေျပလႊားေဆာ့ကစားေနခဲ့သည္။ ထိုအခ်ိန္တြင္ မေမၽွာ္လင့္ပဲ ေက်ာက္ေသြးစက္ ကြဲထြက္ကာ အစနမ်ား လြင့္စင္ထြက္သြားခဲ့ၿပီး ေဆာ့ကစားေနေသာ ကေလးငယ္၏ ရင္ဝတည့္တည့္သို႔ ထိမွန္ထိုးစိုက္ခဲ့သည္။

ဖခင္ျဖစ္သူက အနီးဆုံးေဆးခန္းသို႔ေျပးခဲ့ၿပီး ေဆးခန္းမွတစ္ဆင့္ Sultanah Bahiyah ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေသာ္လည္း ကေလးမွာ ဒဏ္ရာျပင္းထန္သျဖင့္ ေသဆုံးသြားခဲ့သည္။ ကေလးမေလးမွာ သူ၏ အငယ္ဆုံးသမီးျဖစ္ၿပီး သူဓါးေသြးေနစဥ္ ကေလးမွာ အိမ္ထဲ၌ ေဆာ့ေနခဲ့ေၾကာင္း၊ ဘယ္အခ်ိန္က သူမအျပင္ထြက္လာခဲ့သည္ကို မသိလိုက္ေၾကာင္း ဝမ္းနည္းစြာေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

# Unicode Version ျဖင့္ ဖတ္ပါ #

မြက်ရိတ်ရာတွင် အသုံးပြုသော ဓါးသွားကို ထက်အောင် သွေးရသည့် မော်တာတပ် ကျောက်သွေးစက် အပိုင်းအစများလွင့်စင်ထွက်ကာ အသက် ၅ နှစ်အရွယ် မိန်းကလေး၏ ရင်ဘတ်တွင် ထိုးစိုက်ပြီး သေဆုံးခဲ့မှုတစ်ခု မလေးရှားနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်။

ဖခင်ဖြစ်သူက မျက်ရိတ်ဓားကို ကျောက်သွေးစက်ဖြင့် ထက်လာအောင် ပွတ်တိုက်သွေးနေချိန်တွင် ကလေးမလေးက အိမ်ခြံဝန်းအတွင်း ပြေလွှားဆော့ကစားနေခဲ့သည်။ ထိုအချိန်တွင် မမျှော်လင့်ပဲ ကျောက်သွေးစက် ကွဲထွက်ကာ အစနများ လွင့်စင်ထွက်သွားခဲ့ပြီး ဆော့ကစားနေသော ကလေးငယ်၏ ရင်ဝတည့်တည့်သို့ ထိမှန်ထိုးစိုက်ခဲ့သည်။

ဖခင်ဖြစ်သူက အနီးဆုံးဆေးခန်းသို့ပြေးခဲ့ပြီး ဆေးခန်းမှတစ်ဆင့် Sultanah Bahiyah ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ကလေးမှာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားခဲ့သည်။ ကလေးမလေးမှာ သူ၏ အငယ်ဆုံးသမီးဖြစ်ပြီး သူဓါးသွေးနေစဉ် ကလေးမှာ အိမ်ထဲ၌ ဆော့နေခဲ့ကြောင်း၊ ဘယ်အချိန်က သူမအပြင်ထွက်လာခဲ့သည်ကို မသိလိုက်ကြောင်း ဝမ်းနည်းစွာပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top