Golden City Promotion
×

သားအိမ္ကင္ဆာဟာ အရမ္းေၾကာက္စရာေကာင္းပါတယ္။ အေစာဆံုးကာလမွာ သိရွိထားမွ ေဆး၀ါးကုသမႈ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ထို႔ေၾကာင့္ သားအိမ္ကင္ဆာ လကၡဏာရပ္ေတြကို အမ်ိဳးသမီးမ်ား လ်စ္လ်ဴမရႈသင့္ပါဘူး။

၁. ဗိုက္နာျခင္း
••••••••••••••
အမ်ိဳးသမီးေတြ ဓမၼတာ ပံုမမွန္ ဆင္းတာေၾကာင့္ဗိုက္အလြန္အမင္းနာက်င္တာေတြက သားဥအိမ္ကင္ဆာရဲ့ လကၡဏာရပ္ပဲျဖစ္ပါတယ္။အစာမေၾကတာမ်ိဳး ဂတ္စ္မ်ားတာ မ်ိဳးခံစားရၿပီး အစာအိမ္ နာတာမ်ိဳး ပံုမွန္မဟုတ္တဲ့ ေသြးဆင္းတာေၾကာင့္ ဗိုက္နာတာေတြမ်ိဳး မၾကာခဏဆိုသလို ဗိုက္နာတာမ်ိဳးဆိုရင္ ေဆးစစ္သင့္ပါတယ္။

၂. မၾကာခဏ ပံုမမွန္ ဆီးသြားျခင္း
••••••••••••••••
မၾကာခဏဆိုသလို ပံုမမွန္ ဆီးသြားတာမ်ိဳးျဖစ္ရင္ သားဥအိမ္ကင္ဆာနဲ႔ ဆက္စပ္ေနပါတယ္။ ေရအမ်ားႀကီး ေသာက္လို႔မဟုတ္ဘဲ အၿမဲတမ္းလိုလို ဆီးသြားခ်င္တာ
မၾကာခဏဆိုသလုိပဲ ဆီးသြားတာမ်ိဳးက မေပါ့သင့္ပါဘူး။ပံုမွန္ဆိုရင္ ဆီးေအာင့္လို႔ရေပမယ့္ ဆီးေအာင့္လို႔ လံုး၀မရဘဲ အေရးေပၚမ်ိဳး မၾကာခဏျဖစ္ရင္ ဆရာ၀န္ထံသြားလိုက္ပါ။

၃. ပင္ပန္းႏြမ္းနယ္ျခင္း
••••••••••••••
အလုပ္ေလးေလးပင္ပင္လုပ္တာမ်ိဳးေၾကာင့္မဟုတ္ဘဲ အိမ္မွာ လမ္းေလွ်ာက္တာ ေလွကားတက္တာက အစ ေမာပန္းေနတယ္လို႔ ခံစားရရင္ မေပါ့သင့္ပါဘူး။
ရုတ္တရက္ဆိုသလို ပင္ပန္းလာၿပီဆိုရင္လည္း သတိထားသင့္ပါတယ္။

၄. ၀မ္းဗိုက္ေဖာင္းျခင္း နဲ႔ ေလပြျခင္း
••••••••••••••••
အစားလည္းသိပ္မစားဘဲ အလြယ္တကူ ဗိုက္ျပည့္ေနတာမ်ိဳး ေလပြတာမ်ိဳး ေနရာတာ သက္ေသာင့္သက္သာ မရွိတာမ်ိဳးျဖစ္တတ္ပါတယ္။
ေလပြလို႔ ေဘာင္းဘီဆိုဒ္ႀကီးေတြ ေျပာင္းလဲ၀တ္ရတာမ်ိဳးျဖစ္ေနၿပီဆိုရင္ လ်စ္လ်ဴမရႈသင့္ပါဘူး။

၅. ခါးေအာက္ပိုင္း နာက်င္ျခင္း
•••••••••••••••••••••••••••••••••••••
ခါးေအာက္ပိုင္း မွာ စူးရွတဲ့ နာက်င္ခိုက္ခဲမႈမ်ိဳး ႀကံဳေတြ႔ရတယ္ဆိုရင္ မေပါ့သင့္ပါဘူး။ ဆရာ၀န္နဲ႔အျမန္ဆံုး တိုင္ပင္သင့္ပါတယ္။ ပံုမွန္လုပ္ေနတဲ့အလုပ္ေတြ
လုပ္ဖို႔ေတာင္ ခါးနာလို႔ မလုပ္ႏိုင္ျဖစ္ေနရင္ သတိထားပါ။

၆. အလြန္အမင္း ၀မ္းခ်ဳပ္ျခင္း
•••••••••••••••••••••••••••••••••••
၀မ္းခ်ဳပ္တာဟာလည္း သားဥအိမ္ကင္ဆာ ရဲ့လကၡဏာရပ္တစ္ခုျဖစ္တယ္ဆိုတာ သင္သိပါသလား။ အသီးအရြက္ေတြ မ်ားမ်ားစားသံုးေပးေပမယ့္
၀မ္းမသြားဘဲ ၾကာရွည္၀မ္းခ်ဳပ္ေနရင္ ဆရာ၀န္နဲ႔ ေဆးစစ္ခံသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: original writer
#Unicode Version#
သားအိမ်ကင်ဆာဟာ အရမ်းကြောက်စရာကောင်းပါတယ်။ အစောဆုံးကာလမှာ သိရှိထားမှ ဆေးဝါးကုသမှု အောင်မြင်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ထို့ကြောင့် သားအိမ်ကင်ဆာ လက္ခဏာရပ်တွေကို အမျိုးသမီးများ လျစ်လျူမရှုသင့်ပါဘူး။

၁. ဗိုက်နာခြင်း
••••••••••••••
အမျိုးသမီးတွေ ဓမ္မတာ ပုံမမှန် ဆင်းတာကြောင့်ဗိုက်အလွန်အမင်းနာကျင်တာတွေက သားဥအိမ်ကင်ဆာရဲ့ လက္ခဏာရပ်ပဲဖြစ်ပါတယ်။အစာမကြေတာမျိုး ဂတ်စ်များတာ မျိုးခံစားရပြီး အစာအိမ် နာတာမျိုး ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာကြောင့် ဗိုက်နာတာတွေမျိုး မကြာခဏဆိုသလို ဗိုက်နာတာမျိုးဆိုရင် ဆေးစစ်သင့်ပါတယ်။

၂. မကြာခဏ ပုံမမှန် ဆီးသွားခြင်း
••••••••••••••••
မကြာခဏဆိုသလို ပုံမမှန် ဆီးသွားတာမျိုးဖြစ်ရင် သားဥအိမ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ ရေအများကြီး သောက်လို့မဟုတ်ဘဲ အမြဲတမ်းလိုလို ဆီးသွားချင်တာ
မကြာခဏဆိုသလိုပဲ ဆီးသွားတာမျိုးက မပေါ့သင့်ပါဘူး။ပုံမှန်ဆိုရင် ဆီးအောင့်လို့ရပေမယ့် ဆီးအောင့်လို့ လုံးဝမရဘဲ အရေးပေါ်မျိုး မကြာခဏဖြစ်ရင် ဆရာဝန်ထံသွားလိုက်ပါ။

၃. ပင်ပန်းနွမ်းနယ်ခြင်း
••••••••••••••
အလုပ်လေးလေးပင်ပင်လုပ်တာမျိုးကြောင့်မဟုတ်ဘဲ အိမ်မှာ လမ်းလျှောက်တာ လှေကားတက်တာက အစ မောပန်းနေတယ်လို့ ခံစားရရင် မပေါ့သင့်ပါဘူး။
ရုတ်တရက်ဆိုသလို ပင်ပန်းလာပြီဆိုရင်လည်း သတိထားသင့်ပါတယ်။

၄. ဝမ်းဗိုက်ဖောင်းခြင်း နဲ့ လေပွခြင်း
••••••••••••••••
အစားလည်းသိပ်မစားဘဲ အလွယ်တကူ ဗိုက်ပြည့်နေတာမျိုး လေပွတာမျိုး နေရာတာ သက်သောင့်သက်သာ မရှိတာမျိုးဖြစ်တတ်ပါတယ်။
လေပွလို့ ဘောင်းဘီဆိုဒ်ကြီးတွေ ပြောင်းလဲဝတ်ရတာမျိုးဖြစ်နေပြီဆိုရင် လျစ်လျူမရှုသင့်ပါဘူး။

၅. ခါးအောက်ပိုင်း နာကျင်ခြင်း
•••••••••••••••••••••••••••••••••••••
ခါးအောက်ပိုင်း မှာ စူးရှတဲ့ နာကျင်ခိုက်ခဲမှုမျိုး ကြုံတွေ့ရတယ်ဆိုရင် မပေါ့သင့်ပါဘူး။ ဆရာဝန်နဲ့အမြန်ဆုံး တိုင်ပင်သင့်ပါတယ်။ ပုံမှန်လုပ်နေတဲ့အလုပ်တွေ
လုပ်ဖို့တောင် ခါးနာလို့ မလုပ်နိုင်ဖြစ်နေရင် သတိထားပါ။

၆. အလွန်အမင်း ဝမ်းချုပ်ခြင်း
•••••••••••••••••••••••••••••••••••
ဝမ်းချုပ်တာဟာလည်း သားဥအိမ်ကင်ဆာ ရဲ့လက္ခဏာရပ်တစ်ခုဖြစ်တယ်ဆိုတာ သင်သိပါသလား။ အသီးအရွက်တွေ များများစားသုံးပေးပေမယ့်
ဝမ်းမသွားဘဲ ကြာရှည်ဝမ်းချုပ်နေရင် ဆရာဝန်နဲ့ ဆေးစစ်ခံသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: original writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top