Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×


 ရခိုင္ျပည္နယ္ ငပလီႏွင့္ ေရွးေဟာင္းေစတီပုထိုး မ်ား တည္ရွိရာ ေျမာက္ဦးေဒသ သည္ လည္ပတ္ရန္ လုံၿခံဳစိတ္ခ် ရေသာ ေနရာမ်ားအျဖစ္ ဆက္လက္တည္ရွိေနသျဖင့္ ကမၻာ လွည့္ခရီးသြားမ်ားလာေရာက္ ၾကရန္ ဟိုတယ္ႏွင့္ခရီးသြားလာ ေရး၀န္ႀကီးဌာနက ဖိတ္ေခၚထား သည္။
အထက္ပါအေၾကာင္းအရာ ႏွင့္ပတ္သက္၍ ေအာက္တိုဘာ ၂၈ ရက္တြင္ ၀န္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီး လက္ရွိ၌ အၾကမ္းဖက္မႈ ျဖစ္ပြားခဲ့သည့္ ရခုိင္ျပည္နယ္ေျမာက္ပိုင္း ၿမိဳ႕ နယ္မ်ားသို႔သာ သြားလာခြင့္တား ျမစ္ထားေၾကာင္း၊ ငပလီႏွင့္ ေျမာက္ဦးေဒသသည္ လုံၿခံဳစိတ္ခ် ရေသာ ေနရာမ်ားအျဖစ္ ရွိေန သျဖင့္ ခရီးသြားရာသီခ်ိန္အထိ မေစာင့္ဘဲယခုပင္ လာေရာက္ လည္ပတ္ၾကရန္ ထုတ္ျပန္ခ်က္ တြင္ ပါရွိသည္။
လက္ရွိတြင္ ရခုိင္ျပည္နယ္ ငပလီႏွင့္ ေျမာက္ဦးေဒသသို႔ ကမၻာလွည့္ခရီးသည္မ်ား ၀င္ေရာက္မႈနည္းပါးေနေၾကာင္း ေဒသခံ ဟိုတယ္ လုပ္ငန္းရွင္အခ်ဳိ႕က ေျပာသည္။ ‘‘အရင္ႏွစ္က အခုလုိအခ်ိန္ မွာ ေတာ္ေတာ္မ်ားမ်ား ၀င္ေနပါ ၿပီ။ ဒီႏွစ္ကနည္းေနေသးတယ္လို႔ ေျပာရမွာေပါ့။ ဒါေပမဲ့ အခုမွ ရာ သီအစဆုိေတာ့ ေနာက္ပိုင္းအေျခ အေနက ခန္႔မွန္းရခက္ပါတယ္’’ ဟု ငပလီရိွ ဟိုတယ္မန္ေနဂ်ာ တစ္ဦးကေျပာသည္။
ယမန္ႏွစ္ ေအာက္တိုဘာ အတြင္းကလည္း ရခိုင္ျပည္နယ္ ေမာင္ေတာတြင္ အၾကမ္းဖက္ တုိက္ခုိက္မႈမ်ား ျဖစ္ပြားခဲ့သျဖင့္ ပြင့္လင္းရာသီခရီးသြားလုပ္ငန္း အေပၚ သက္ေရာက္မႈမ်ားရွိခဲ့ၿပီး ယခုႏွစ္၌လည္း ထုိကဲ့သို႔ျဖစ္မည္ ကို ခရီးသြားလုပ္ငန္းရွင္အခ်ဳိ႕က စိုးရိမ္ေနသည္။ ဤသို႔ေသာ အေျခအေနတြင္ ၀န္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ဖိတ္ ေခၚျခင္းျဖစ္သည္။ ရခိုင္သို႔ ကမၻာလွည့္ခရီး သြား ၀င္ေရာက္မႈနည္းပါးပါက ယင္းလုပ္ငန္းမ်ားႏွင့္ ဆက္စပ္ ေနသည့္ လုပ္ငန္းမ်ားျဖစ္သည့္ ဟိုတယ္၊ သယ္ယူပို႔ေဆာင္ေရး၊ စားေသာက္ဆုိင္ႏွင့္ ဧည့္လမ္း ၫႊန္လုပ္ငန္းမ်ားပါ ထိခုိက္ ေၾကာင္း ရခိုင္ျပည္နယ္အေျခ စုိက္ ဧည့္လမ္းၫႊန္ ကိုေအာင္စုိးျမင့္က ေျပာသည္။
‘‘ငပလီဘက္ကိုေတာ့ ကမၻာ လွည့္ခရီးသည္က အ၀င္မရွိသ ေလာက္ နည္းပါးေနေသးတယ္လုိ႔ ဆုိပါတယ္။ ေျမာက္ဦးကိုေတာ့ အနည္းအက်ဥ္း၀င္ေရာက္လာ တာေတြ႕ရပါတယ္’’ဟု ၎က ေျပာသည္။
ျမန္မာႏုိင္ငံသည္ ကမၻာ့ လွည့္ခရီးသြားမ်ား လည္ပတ္ရန္ လုံၿခံဳစိတ္ခ်ရေသာ ႏုိင္ငံအျဖစ္ ဆက္လက္တည္ရွိေနၿပီး အျပည္ျပည္ဆုိင္ရာ ေလဆိပ္၊ေရဆိပ္ႏွင့္ နယ္စပ္ ၀င္၊ ထြက္ဂိတ္မ်ားမွ ျပည္ပဧည့္သည္မ်ား စဥ္ဆက္မျပတ္၀င္ေရာက္ လည္ပတ္ေနေၾကာင္း ၀န္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
 
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
  ရခိုင်ပြည်နယ် ငပလီနှင့် ရှေးဟောင်းစေတီပုထိုး များ တည်ရှိရာ မြောက်ဦးဒေသ သည် လည်ပတ်ရန် လုံခြုံစိတ်ချ ရသော နေရာများအဖြစ် ဆက်လက်တည်ရှိနေသဖြင့် ကမ္ဘာ လှည့်ခရီးသွားများလာရောက် ကြရန် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထား သည်။

အထက်ပါအကြောင်းအရာ နှင့်ပတ်သက်၍ အောက်တိုဘာ ၂၈ ရက်တွင် ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး လက်ရှိ၌ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့ နယ်များသို့သာ သွားလာခွင့်တား မြစ်ထားကြောင်း၊ ငပလီနှင့် မြောက်ဦးဒေသသည် လုံခြုံစိတ်ချ ရသော နေရာများအဖြစ် ရှိနေ သဖြင့် ခရီးသွားရာသီချိန်အထိ မစောင့်ဘဲယခုပင် လာရောက် လည်ပတ်ကြရန် ထုတ်ပြန်ချက် တွင် ပါရှိသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ငပလီနှင့် မြောက်ဦးဒေသသို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်မှုနည်းပါးနေကြောင်း ဒေသခံ ဟိုတယ် လုပ်ငန်းရှင်အချို့က ပြောသည်။ ‘‘အရင်နှစ်က အခုလိုအချိန် မှာ တော်တော်များများ ဝင်နေပါ ပြီ။ ဒီနှစ်ကနည်းနေသေးတယ်လို့ ပြောရမှာပေါ့။ ဒါပေမဲ့ အခုမှ ရာ သီအစဆိုတော့ နောက်ပိုင်းအခြေ အနေက ခန့်မှန်းရခက်ပါတယ်’’ ဟု ငပလီရှိ ဟိုတယ်မန်နေဂျာ တစ်ဦးကပြောသည်။

ယမန်နှစ် အောက်တိုဘာ အတွင်းကလည်း ရခိုင်ပြည်နယ် မောင်တောတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် ပွင့်လင်းရာသီခရီးသွားလုပ်ငန်း အပေါ် သက်ရောက်မှုများရှိခဲ့ပြီး ယခုနှစ်၌လည်း ထိုကဲ့သို့ဖြစ်မည် ကို ခရီးသွားလုပ်ငန်းရှင်အချို့က စိုးရိမ်နေသည်။ ဤသို့သော အခြေအနေတွင် ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ဖိတ် ခေါ်ခြင်းဖြစ်သည်။ ရခိုင်သို့ ကမ္ဘာလှည့်ခရီး သွား ဝင်ရောက်မှုနည်းပါးပါက ယင်းလုပ်ငန်းများနှင့် ဆက်စပ် နေသည့် လုပ်ငန်းများဖြစ်သည့် ဟိုတယ်၊ သယ်ယူပို့ဆောင်ရေး၊ စားသောက်ဆိုင်နှင့် ဧည့်လမ်း ညွှန်လုပ်ငန်းများပါ ထိခိုက် ကြောင်း ရခိုင်ပြည်နယ်အခြေ စိုက် ဧည့်လမ်းညွှန် ကိုအောင်စိုးမြင့်က ပြောသည်။

‘‘ငပလီဘက်ကိုတော့ ကမ္ဘာ လှည့်ခရီးသည်က အဝင်မရှိသ လောက် နည်းပါးနေသေးတယ်လို့ ဆိုပါတယ်။ မြောက်ဦးကိုတော့ အနည်းအကျဉ်းဝင်ရောက်လာ တာတွေ့ရပါတယ်’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ လှည့်ခရီးသွားများ လည်ပတ်ရန် လုံခြုံစိတ်ချရသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ရေဆိပ်နှင့် နယ်စပ် ဝင်၊ ထွက်ဂိတ်များမှ ပြည်ပဧည့်သည်များ စဉ်ဆက်မပြတ်ဝင်ရောက် လည်ပတ်နေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top