ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကေလးတိုင္းဟာ အသက္ ၅-၆ ႏွစ္ဆိုရင္ ဆီးကို ထိန္းႏိုင္လာၾကျပီ။ သြားရမဲ့ေနရာၾကမွသာ ဆီးသြားတတ္လာမယ္။ တလထဲမွာ ၂ ခါေလာက္ အိပ္ရာထဲရွဴပါရင္ Bed wetting (Enuresis) ေခၚတယ္။ စိတ္ဖိအားမ်ားရင္၊ ေၾကာက္စိတ္ဝင္ရင္ လူၾကီးေတြထဲက အမ်ိဳးသမီးေတြပိုျဖစ္ၾကတယ္။ ဆီးလမ္းေၾကာင္း တည္ေဆာက္ထားပံု၊ ကေလးမြးဖြါးရတာ၊ ေသြးဆံုးတာ၊ ဆီးလမ္းပိုးဝင္တာေတြေၾကာင့္ ပိုမ်ားရတယ္။ သန္းေပါင္းမ်ားစြာ အမ်ိဳးသမီးေတြမွာ ျဖစ္ေနၾကတယ္။ အာရံုေၾကာထိခိုင္ရင္ က်ားေရာ မပါျဖစ္တယ္။ ဆီးလမ္းကိုထိန္းေပးေနတဲ့ ၾကြက္သားေတြနဲ႔ အာရံုေၾကာေတြမွာ တခုခုျဖစ္လို႔ျဖစ္ၾကရတယ္။• Stress Incontinence ဖိအားေၾကာင့္ = ေခ်ာင္းဆိုး၊ ရယ္ေမာ၊ ႏွာေခ်၊ စတာမ်ိဳးကေနလဲျဖစ္တယ္။ ကိုယ္ဝန္ေၾကာင့္၊ မီးဖြါးလို႔နဲ႔ ေသြးဆံုလို႔ေၾကာင္လဲ ျဖစ္တယ္။ (အီစထိုဂ်င္) နည္းတဲ့ ရာသီမလာခင္ တပါတ္ေလာက္မွာ ပိုသိသာတယ္။

• Urge Incontinence ဆီးသြားခ်င္လာရင္ အျမန္သြားရျခင္း = အာရံုေၾကာမွာ ျပႆနာရွိလို႔ျဖစ္ရတယ္။ ဆီးသြားေစတဲ့ေဆးေသာက္ထားရင္၊ စိုးရိမ္စိတ္မ်ားရင္၊ တခ်ိဳ႕က ပူလို႔၊ တခ်ိဳ႕ကေအးလို႔ ျဖစ္ၾကတယ္။

• Functional Incontinence လုပ္ငန္းပ်က္ယြင္းျခင္း = လည္ပင္းၾကီး-ေဟာ္မုန္း မ်ားတာနဲ႔ ဆီးခ်ိဳ မထိန္းႏိုင္တာကေနလဲ ျဖစ္ေနတာကို ဆိုးေစႏိုင္တယ္။ အာရံုေၾကာေရာဂါ၊ ထိခိုက္မိတာေတြကေနလဲ ဆီးအိမ္ကိုထိန္းလို႔ ခက္ေစမယ္။ (မာလ္တီပယ္-စကလ္ရိုးဆစ္) (ပါကင္ဆန္) ေရာဂါ (အဇာမိုင္ယာ) ေရာဂါ၊ ဦးေႏွာက္ ေသြးေၾကာပိတ္ေရာဂါေတြကေနလဲ ျဖစ္တယ္။ လူဝလြန္းရင္၊ အိုလာရင္ ေယာက္်ားေတြေရာ မိန္းမေတြမွာပါ ဆီးမလံုတာျဖစ္ႏိုင္တယ္။

• Overactive Bladder ဆီးအိမ္က လုိတာထက္ပိုအလုပ္လုပ္ေနျခင္း အာရံုေၾကာေၾကာင့္ ျဖစ္တယ္။

• Overflow incontinence ေယာက္်ားေတြမွာ ပိုျဖစ္တယ္။ ဆီးပိုက္ပိတ္ေနတာ၊ ဆီးခ်ိဳေၾကာင့္ အာရံုေၾကာ အားနည္းတာ၊ ဆီးေက်ာက္။ ကင္ဆာေတြကေနျဖစ္ေစတယ္။

• Transient incontinence အခိုက္အတန္႔မွာသာျဖစ္တာက ဆီးလမ္းပိုးဝင္ေနခ်ိန္၊ ဝမ္းခ်ဳပ္ေနခ်ိန္၊ စိတ္ဖိအားမ်ားခ်ိန္၊ ေဆာင္းတြင္းအခ်ိန္ေတြမွာ ျဖစ္တယ္။

ျဖစ္ေစတဲ့ အေၾကာင္းအေပၚမူတည္ျပီး ကုသရတယ္။ အာရံုေၾကာ ထိခိုက္ပ်က္စီးတာမ်ိဳးကေတာ့ မရႏိုင္ဘူး။

• Lifestyle changes ဆီးမ်ားေစတာေတြ (ဘီယာ၊ ေကာ္ဖီ စသည္) ေသာက္တာ ေရွာင္ပါ။

• Pelvic muscle exercises (Kegel exercises) လုပ္တာလဲ ေကာင္းတယ္။ (ေရးထားပါတယ္။)

• Biofeedback နည္းဆိုတာ ကရိယာေလး တပ္ထားနည္းျဖစ္တယ္၊

• Timed voiding အခ်ိန္မွတ္ျပီး ဆီးသြားနည္းေတြလုပ္ႏိုင္တယ္။

• Bladder Retraining ဆီးအိမ္ေလ့က်င့္ခန္း = ဆီးသြားခ်ိန္ သတ္မွတ္ေပးထားပါ။ အခ်ိန္ကို ကိုယ္လိုခ်င္သလို ေျပာင္းႏိုင္ေအာင္ ၾကိဳးစားပါ။

• Overactive bladder ျဖစ္ေနရင္ အာရံုေၾကာကို ထိန္းမဲ့ေဆးမ်ိဳးေပးမယ္။ Anticholinergics (Atropine, Benzatropine, Biperiden, Ipratropium, Oxitropium, Tiotropium, Glycopyrrolate, Oxybutynin, Tolterodine, Chlorpheniramine, Diphenhydramine, Dimenhydrinate, Orphenadrine, Trihexyphenidyl, Dicyclomine) ေဆးမ်ိဳးျဖစ္တယ္။

• Stress Incontinence အတြက္ Vaginal Devices ဗဂ်ိဳင္းနားထဲ ထည့္ထားရတဲ့ကရိယာ၊

• Catheterization တခ်ိဳ႕ကို ဆီးပိုက္ထပ္ထားေပးရတယ္။

• Overactive Bladder အတြက္ Anticholinergics အမ်ိဳးအစားေဆးေတြသံုးတယ္။

• Urge incontinence ျဖစ္တာကို Neuromodulation နည္း လုပ္တယ္။ FDA အသိအမွတ္ျပဳထားတာက InterStim ျဖစ္တယ္။

• Stress Incontinence အတြက္ Vaginal Devices ေမြးလမ္းေၾကာင္းထဲထည့္တဲ့ ကရိယာရွိတယ္။ ဆီးအိမ္လည္ပင္းနား အထိန္းၾကြက္သားကြင္းေနရာမွာ ေဆးထိုးနည္းလဲရွိတယ္။ Collagen နဲ႔ Carbon spheres ေတြသံုးတယ္။

• Surgery ခြဲစိတ္ကုသနည္းလဲရွိတယ္။ ခြဲစိတ္နည္းကလဲ အမ်ိဳးမ်ိဳးရွိပါတယ္။ ခြဲစိတ္ကုသနည္း ၃ မ်ိဳးသံုးၾကတယ္။ Retropubic suspension နည္း၊ Sling procedures နည္း နဲ႔ Midurethral slings နည္းေတြျဖစ္တယ္။

• Prolapse သားအိမ္က်ေရာဂါ ရွိရင္ ခြဲစိတ္ျပဳျပင္နည္းျဖစ္ျဖစ္ သားအိမ္ ထုတ္နည္းျဖစ္ျဖစ္ လုပ္ႏိုင္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Tint Swe

#Unicode Version#
ကလေးတိုင်းဟာ အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ်လာမယ်။ တလထဲမှာ ၂ ခါလောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။ စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် လူကြီးတွေထဲက အမျိုးသမီးတွေပိုဖြစ်ကြတယ်။ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွးဖွါးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် ပိုများရတယ်။ သန်းပေါင်းများစွာ အမျိုးသမီးတွေမှာ ဖြစ်နေကြတယ်။ အာရုံကြောထိခိုင်ရင် ကျားရော မပါဖြစ်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေမှာ တခုခုဖြစ်လို့ဖြစ်ကြရတယ်။• Stress Incontinence ဖိအားကြောင့် = ချောင်းဆိုး၊ ရယ်မော၊ နှာချေ၊ စတာမျိုးကနေလဲဖြစ်တယ်။ ကိုယ်ဝန်ကြောင့်၊ မီးဖွါးလို့နဲ့ သွေးဆုံလို့ကြောင်လဲ ဖြစ်တယ်။ (အီစထိုဂျင်) နည်းတဲ့ ရာသီမလာခင် တပါတ်လောက်မှာ ပိုသိသာတယ်။

• Urge Incontinence ဆီးသွားချင်လာရင် အမြန်သွားရခြင်း = အာရုံကြောမှာ ပြဿနာရှိလို့ဖြစ်ရတယ်။ ဆီးသွားစေတဲ့ဆေးသောက်ထားရင်၊ စိုးရိမ်စိတ်များရင်၊ တချို့က ပူလို့၊ တချို့ကအေးလို့ ဖြစ်ကြတယ်။

• Functional Incontinence လုပ်ငန်းပျက်ယွင်းခြင်း = လည်ပင်းကြီး-ဟော်မုန်း များတာနဲ့ ဆီးချို မထိန်းနိုင်တာကနေလဲ ဖြစ်နေတာကို ဆိုးစေနိုင်တယ်။ အာရုံကြောရောဂါ၊ ထိခိုက်မိတာတွေကနေလဲ ဆီးအိမ်ကိုထိန်းလို့ ခက်စေမယ်။ (မာလ်တီပယ်-စကလ်ရိုးဆစ်) (ပါကင်ဆန်) ရောဂါ (အဇာမိုင်ယာ) ရောဂါ၊ ဦးနှောက် သွေးကြောပိတ်ရောဂါတွေကနေလဲ ဖြစ်တယ်။ လူဝလွန်းရင်၊ အိုလာရင် ယောက်ျားတွေရော မိန်းမတွေမှာပါ ဆီးမလုံတာဖြစ်နိုင်တယ်။

• Overactive Bladder ဆီးအိမ်က လိုတာထက်ပိုအလုပ်လုပ်နေခြင်း အာရုံကြောကြောင့် ဖြစ်တယ်။

• Overflow incontinence ယောက်ျားတွေမှာ ပိုဖြစ်တယ်။ ဆီးပိုက်ပိတ်နေတာ၊ ဆီးချိုကြောင့် အာရုံကြော အားနည်းတာ၊ ဆီးကျောက်။ ကင်ဆာတွေကနေဖြစ်စေတယ်။

• Transient incontinence အခိုက်အတန့်မှာသာဖြစ်တာက ဆီးလမ်းပိုးဝင်နေချိန်၊ ဝမ်းချုပ်နေချိန်၊ စိတ်ဖိအားများချိန်၊ ဆောင်းတွင်းအချိန်တွေမှာ ဖြစ်တယ်။

ဖြစ်စေတဲ့ အကြောင်းအပေါ်မူတည်ပြီး ကုသရတယ်။ အာရုံကြော ထိခိုက်ပျက်စီးတာမျိုးကတော့ မရနိုင်ဘူး။

• Lifestyle changes ဆီးများစေတာတွေ (ဘီယာ၊ ကော်ဖီ စသည်) သောက်တာ ရှောင်ပါ။

• Pelvic muscle exercises (Kegel exercises) လုပ်တာလဲ ကောင်းတယ်။ (ရေးထားပါတယ်။)

• Biofeedback နည်းဆိုတာ ကရိယာလေး တပ်ထားနည်းဖြစ်တယ်၊

• Timed voiding အချိန်မှတ်ပြီး ဆီးသွားနည်းတွေလုပ်နိုင်တယ်။

• Bladder Retraining ဆီးအိမ်လေ့ကျင့်ခန်း = ဆီးသွားချိန် သတ်မှတ်ပေးထားပါ။ အချိန်ကို ကိုယ်လိုချင်သလို ပြောင်းနိုင်အောင် ကြိုးစားပါ။

• Overactive bladder ဖြစ်နေရင် အာရုံကြောကို ထိန်းမဲ့ဆေးမျိုးပေးမယ်။ Anticholinergics (Atropine, Benzatropine, Biperiden, Ipratropium, Oxitropium, Tiotropium, Glycopyrrolate, Oxybutynin, Tolterodine, Chlorpheniramine, Diphenhydramine, Dimenhydrinate, Orphenadrine, Trihexyphenidyl, Dicyclomine) ဆေးမျိုးဖြစ်တယ်။

• Stress Incontinence အတွက် Vaginal Devices ဗဂျိုင်းနားထဲ ထည့်ထားရတဲ့ကရိယာ၊

• Catheterization တချို့ကို ဆီးပိုက်ထပ်ထားပေးရတယ်။

• Overactive Bladder အတွက် Anticholinergics အမျိုးအစားဆေးတွေသုံးတယ်။

• Urge incontinence ဖြစ်တာကို Neuromodulation နည်း လုပ်တယ်။ FDA အသိအမှတ်ပြုထားတာက InterStim ဖြစ်တယ်။

• Stress Incontinence အတွက် Vaginal Devices မွေးလမ်းကြောင်းထဲထည့်တဲ့ ကရိယာရှိတယ်။ ဆီးအိမ်လည်ပင်းနား အထိန်းကြွက်သားကွင်းနေရာမှာ ဆေးထိုးနည်းလဲရှိတယ်။ Collagen နဲ့ Carbon spheres တွေသုံးတယ်။

• Surgery ခွဲစိတ်ကုသနည်းလဲရှိတယ်။ ခွဲစိတ်နည်းကလဲ အမျိုးမျိုးရှိပါတယ်။ ခွဲစိတ်ကုသနည်း ၃ မျိုးသုံးကြတယ်။ Retropubic suspension နည်း၊ Sling procedures နည်း နဲ့ Midurethral slings နည်းတွေဖြစ်တယ်။

• Prolapse သားအိမ်ကျရောဂါ ရှိရင် ခွဲစိတ်ပြုပြင်နည်းဖြစ်ဖြစ် သားအိမ် ထုတ်နည်းဖြစ်ဖြစ် လုပ်နိုင်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Tint Swe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top