ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ရုပ္ရွင္ခ်စ္ပရိသတ္ေတြ အားေပးေစာင့္ေမွ်ာ္ေနၾကတဲ့ မယားေၾကာက္ရြာ ရုပ္ရွင္ဇာတ္ကားႀကီး အထူးျပသပြဲကုိ ေအာက္တုိဘာလ ၂၂ ရက္ေန႔ မနက္ပုိင္းက သမၼတရုပ္ရွင္ရုံမွာ က်င္းပျပဳလုပ္ခဲ့ၿပီး ပါဝင္ထားၾကတဲ့ အႏုပညာရွင္ေတြနဲ႔အတူ ဖိတ္ၾကားထားတဲ့ ဧည့္သည္ ေတာ္မ်ားကလည္း တက္ေရာက္အားေပးခဲ့ၾကပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပတ္သက္တဲ့ အမွတ္တရ စကားသံေတြကုိလည္း Duwun Media ကေနတဆင့္ အခုလုိေျပာျပခဲ့ပါတယ္။

ဒါရုိက္တာ ကုိေဇာ္(အရုဏ္ဦး)

အားလုံး တက္ညီလက္ညီ ညီညီညႊတ္ညႊတ္လုပ္ထားတာကုိ ျပန္လည္ၿပီးၾကည့္ရတာဆုိေတာ့ အားရေက်နပ္မႈရွိပါတယ္။ ေယာက်္ား ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႔ၾကတဲ့အခါ မယားေၾကာက္၊ မယားေၾကာက္လုိ႔ပဲ ေျပာၾကတာမ်ားပါတယ္။ တကယ္ေတာ့ မယားေၾကာက္တာ မဟုတ္ပါဘူး မယားကုိခ်စ္တာပါဆုိၿပီးေတာ့ ျပထားတာပါ။

ခန္႔စည္သူ

ဒီဇာတ္ကားထဲမွာေတာ့ ကၽြန္ေတာ္က ေဆးဆရာေပါ့။ ျမန္မာတုိင္းရင္းေဆးဆရာ တစ္ေယာက္ေနရာကေနၿပီးေတာ့ ပါဝင္ သရုပ္ေဆာင္ ထားတာျဖစ္ပါတယ္။ ဇာတ္ကားထဲမွာ အမွတ္တရ ရယ္လုိ႔ေတာ့ မရွိပါဘူး ဇာတ္လမ္းရဲ႕ အခ်ိဳးအေကြ႕တစ္ခုေပါ့။ တည့္တည့္ႀကီး သြားေနမယ့္အစား နည္းနည္းေလး အခ်ဳိးအေကြ႕ေလးနဲ႔သြားလုိက္ေတာ့ ပုိအဆင္ေျပတာေပါ့ေနာ္။


Cele YatKwat
အမွတ္တရစကားသံေတြနဲ႔ မယားေၾကာက္ရြာ ရုပ္ရွင္ဇာတ္ကားႀကီးအေၾကာင္း
28 minutes ago

ႏုိဝင္ဘာလ ၃ ရက္ေန႔ ရုံတင္ျပသသြားမွာပါ။
Badge Me

ရုပ္ရွင္ခ်စ္ပရိသတ္ေတြ အားေပးေစာင့္ေမွ်ာ္ေနၾကတဲ့ မယားေၾကာက္ရြာ ရုပ္ရွင္ဇာတ္ကားႀကီး အထူးျပသပြဲကုိ ေအာက္တုိဘာလ ၂၂ ရက္ေန႔ မနက္ပုိင္းက သမၼတရုပ္ရွင္ရုံမွာ က်င္းပျပဳလုပ္ခဲ့ၿပီး ပါဝင္ထားၾကတဲ့ အႏုပညာရွင္ေတြနဲ႔အတူ ဖိတ္ၾကားထားတဲ့ ဧည့္သည္ ေတာ္မ်ားကလည္း တက္ေရာက္အားေပးခဲ့ၾကပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပတ္သက္တဲ့ အမွတ္တရ စကားသံေတြကုိလည္း Duwun Media ကေနတဆင့္ အခုလုိေျပာျပခဲ့ပါတယ္။
play



ဒါရုိက္တာ ကုိေဇာ္(အရုဏ္ဦး)

________________________

အားလုံး တက္ညီလက္ညီ ညီညီညႊတ္ညႊတ္လုပ္ထားတာကုိ ျပန္လည္ၿပီးၾကည့္ရတာဆုိေတာ့ အားရေက်နပ္မႈရွိပါတယ္။ ေယာက်္ား ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႔ၾကတဲ့အခါ မယားေၾကာက္၊ မယားေၾကာက္လုိ႔ပဲ ေျပာၾကတာမ်ားပါတယ္။ တကယ္ေတာ့ မယားေၾကာက္တာ မဟုတ္ပါဘူး မယားကုိခ်စ္တာပါဆုိၿပီးေတာ့ ျပထားတာပါ။
play



ခန္႔စည္သူ

______________

ဒီဇာတ္ကားထဲမွာေတာ့ ကၽြန္ေတာ္က ေဆးဆရာေပါ့။ ျမန္မာတုိင္းရင္းေဆးဆရာ တစ္ေယာက္ေနရာကေနၿပီးေတာ့ ပါဝင္ သရုပ္ေဆာင္ ထားတာျဖစ္ပါတယ္။ ဇာတ္ကားထဲမွာ အမွတ္တရ ရယ္လုိ႔ေတာ့ မရွိပါဘူး ဇာတ္လမ္းရဲ႕ အခ်ိဳးအေကြ႕တစ္ခုေပါ့။ တည့္တည့္ႀကီး သြားေနမယ့္အစား နည္းနည္းေလး အခ်ဳိးအေကြ႕ေလးနဲ႔သြားလုိက္ေတာ့ ပုိအဆင္ေျပတာေပါ့ေနာ္။
play

အခက္အခဲေတြၾကားက ပထမဆုံးတစ္ကုိယ္ေတာ္ အေခြထြက္ရွိလာတဲ့ ဂ်ဴးစံသာ အခက္အခဲေတြၾကားက ပထမဆုံးတစ္ကုိယ္ေတာ္ အေခြထြက္ရွိလာတဲ့ ဂ်ဴးစံသာ



သြန္းဆက္

ဒီ မယားေၾကာက္ရြာ ဇာတ္ကားမွာ ေယာက္်ားေတြကုိႏုိင္တဲ့ ရြာသူေတြထဲက တစ္ေယာက္ပါပဲ။ ရွင္းရွင္းေျပာရရင္ သြန္းဆက္က ရုပ္ရွင္ဇာတ္ကားႀကီး ပထမဆုံးရုိက္ဖူးတဲ့ဇာတ္ကားႀကီးေပါ့ေနာ္။ မီးဆုိင္းႀကီးေတြ၊ မီးထုိးတာႀကီးေတြ ပထမဆုံး ျမင္ဖူးတဲ့ ဇာတ္ကား။ဒီဇာတ္ကားကလည္း ပထမဆုံး ရုံတင္တဲ့ဇာတ္ကားပါ။

ညီထြဋ္ေခါင္

မယားေၾကာက္ရြာမွာ ပါဝင္ျဖစ္တာက ကၽြန္ေတာ္တုိ႔ ေအာင္သီရိထုတ္လုပ္ေရးက ရုိက္တာလည္းျဖစ္တယ္။ကၽြန္ေတာ္နဲ႔ သြန္းဆက္ကလည္း  လြန္ခဲ့တဲ့ နွစ္ ႏွစ္ေလာက္က ရုိက္ထားတာဆုိေတာ့ အ့ဲဒီတုန္းကလည္း ကၽြန္ေတာ္တုိ႔က ဂ်ဴနီယာေလးေတြ ေပါ့ေနာ္။ ဇာတ္ကားထဲမွာသရုပ္ေဆာင္ႀကီးေတြပါတယ္ဆုိေတာ့ ကၽြန္ေတာ္တုိ႔ကုိ အေတြ႔အႀကဳံတစ္ခုအေနနဲ႔ ထည့္ၿပီးေတာ့ရုိက္တာပါ။

တကၠသုိလ္ဂြမ္းပုံ

မယားေၾကာက္ရြာ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာက ထန္းေတာရြာပုိင္ရွင္ မွတ္ေသးရဲ႕ မိန္းမတစ္ေယာက္ေနရာကေန ပါဝင္သရုပ္ေဆာင္ ထားပါတယ္။ အႏုပညာ ေမာင္ႏွမ ႏွစ္ေယာက္ကေတာ့ ကားတုိင္းမွာ သူနဲ႔တြဲရၿပီဆုိရင္ေတာ့ ေျပာစရာမလုိေအာင္ သူဘာ လုိခ်င္တယ္၊ ကုိယ္ဘာလုိခ်င္တယ္၊ သူ႔ကုိ ဘယ္လုိ ပိ႔ုေပးရမယ္။ ကုိယ့္ကုိ ဘယ္လုိပုိ႔ေပးရမလဲဆုိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ တုိင္ပင္စရာမလုိေအာင္ကုိ ေကာင္းပါတယ္။

ဝါဝါေအာင္

ဒီ မယားေၾကာက္ရြာ ဇာတ္ကားမွာ ရြာရဲ႕ ဥကၠဌ အုပ္ႀကီး ကေတာ္ ေနရာကေနသရုပ္ေဆာင္ရတာပါ။ ေပ်ာ္စရာေတာ့အရမ္းေကာင္း ပါ တယ္။ ရုိက္လုိက္ရတဲ့ ဆင္းန္ေတြကလည္း လူအမ်ားႀကီးနဲ႔ပဲေလ ရွိသမွ် Actor အစုံ ရုိက္ရတဲ့ အခန္းေတြမ်ားပါတယ္။ ဒုိင္ယာေလာ့ဂ်္ ခ်တာေတြကုိက ေပ်ာ္စရာဆုိေတာ့ ဒီအေပ်ာ္ေတြက အမွတ္တရပါပဲ။

ပြင့္

၁၀၀ ရာခုိင္ႏႈန္း စိတ္ေက်နပ္မႈရပါတယ္။ ပုဂံမွာဆုိေတာ့ တကယ့္ကုိ ရာသီဥတု ပူပူျပင္းျပင္းထဲမွာ ရုိက္ရတယ္။ ဒါေပမယ့္ ပင္ပန္းရ က်ဳိးနပ္တဲ့ ဇာတ္ကားေလးတစ္ကားပါ။ ရုပ္ထြက္ေလးေတြ ျပန္ၾကည့္ရတဲ့အခါမွာ View ေလးေတြ အရမ္းလွတယ္။ ဟာသေလးေတြ ကလည္း တစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္ အရမ္းမိတယ္။ အပင္ပန္းခံရက်ဳိးလည္းနပ္တယ္ လုပ္ရက်ဳိးလည္းနပ္တဲ့ ဇာတ္ကားေလးတစ္ကားပါ။

မယားေၾကာက္ရြာ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ေအာင္သီရိ ရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ၿပီး ဒါရုိက္တာကုိေဇာ္(အရုဏ္ဦး) ရုိက္ကူးပုံေဖာ္ထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးတစ္ကားျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ သရုပ္ေဆာင္ လူမင္း၊ ခန္႔စည္သူ၊ညီထြဋ္ေခါင္၊ခင္လႈိင္၊ ဒိန္းေဒါင္၊ စုိးျမတ္သူဇာ၊ ခုိင္သင္းၾကည္၊ သြန္းဆက္၊ တကၠသုိလ္ဂြမ္းပုံ နဲ႔ ပြင့္တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။ မယားေၾကာက္ရြာ ရုပ္ရွင္ဇာတ္ကားႀကီးကုိေတာ့ ႏုိဝင္ဘာလ ၃ ရက္ေန႔ကစၿပီး ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အဆင့္ျမင့္ ရုပ္ရွင္ရုံေတြမွာ ျပသသြားမယ္လုိ႔ သိရပါတယ္။

photo: Duwun

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #
ရုပ်ရှင်ချစ်ပရိသတ်တွေ အားပေးစောင့်မျှော်နေကြတဲ့ မယားကြောက်ရွာ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပါဝင်ထားကြတဲ့ အနုပညာရှင်တွေနဲ့အတူ ဖိတ်ကြားထားတဲ့ ဧည့်သည် တော်များကလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်တဲ့ အမှတ်တရ စကားသံတွေကိုလည်း Duwun Media ကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)

အားလုံး တက်ညီလက်ညီ ညီညီညွှတ်ညွှတ်လုပ်ထားတာကို ပြန်လည်ပြီးကြည့်ရတာဆိုတော့ အားရကျေနပ်မှုရှိပါတယ်။ ယောကျ်ား တွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အခါ မယားကြောက်၊ မယားကြောက်လို့ပဲ ပြောကြတာများပါတယ်။ တကယ်တော့ မယားကြောက်တာ မဟုတ်ပါဘူး မယားကိုချစ်တာပါဆိုပြီးတော့ ပြထားတာပါ။

ခန့်စည်သူ

ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က ဆေးဆရာပေါ့။ မြန်မာတိုင်းရင်းဆေးဆရာ တစ်ယောက်နေရာကနေပြီးတော့ ပါဝင် သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အမှတ်တရ ရယ်လို့တော့ မရှိပါဘူး ဇာတ်လမ်းရဲ့ အချိုးအကွေ့တစ်ခုပေါ့။ တည့်တည့်ကြီး သွားနေမယ့်အစား နည်းနည်းလေး အချိုးအကွေ့လေးနဲ့သွားလိုက်တော့ ပိုအဆင်ပြေတာပေါ့နော်။


Cele YatKwat
အမှတ်တရစကားသံတွေနဲ့ မယားကြောက်ရွာ ရုပ်ရှင်ဇာတ်ကားကြီးအကြောင်း
28 minutes ago

နိုဝင်ဘာလ ၃ ရက်နေ့ ရုံတင်ပြသသွားမှာပါ။
Badge Me

ရုပ်ရှင်ချစ်ပရိသတ်တွေ အားပေးစောင့်မျှော်နေကြတဲ့ မယားကြောက်ရွာ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပါဝင်ထားကြတဲ့ အနုပညာရှင်တွေနဲ့အတူ ဖိတ်ကြားထားတဲ့ ဧည့်သည် တော်များကလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်တဲ့ အမှတ်တရ စကားသံတွေကိုလည်း Duwun Media ကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။
play



ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)

________________________

အားလုံး တက်ညီလက်ညီ ညီညီညွှတ်ညွှတ်လုပ်ထားတာကို ပြန်လည်ပြီးကြည့်ရတာဆိုတော့ အားရကျေနပ်မှုရှိပါတယ်။ ယောကျ်ား တွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အခါ မယားကြောက်၊ မယားကြောက်လို့ပဲ ပြောကြတာများပါတယ်။ တကယ်တော့ မယားကြောက်တာ မဟုတ်ပါဘူး မယားကိုချစ်တာပါဆိုပြီးတော့ ပြထားတာပါ။
play



ခန့်စည်သူ

______________

ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က ဆေးဆရာပေါ့။ မြန်မာတိုင်းရင်းဆေးဆရာ တစ်ယောက်နေရာကနေပြီးတော့ ပါဝင် သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အမှတ်တရ ရယ်လို့တော့ မရှိပါဘူး ဇာတ်လမ်းရဲ့ အချိုးအကွေ့တစ်ခုပေါ့။ တည့်တည့်ကြီး သွားနေမယ့်အစား နည်းနည်းလေး အချိုးအကွေ့လေးနဲ့သွားလိုက်တော့ ပိုအဆင်ပြေတာပေါ့နော်။
play

အခက်အခဲတွေကြားက ပထမဆုံးတစ်ကိုယ်တော် အခွေထွက်ရှိလာတဲ့ ဂျူးစံသာ အခက်အခဲတွေကြားက ပထမဆုံးတစ်ကိုယ်တော် အခွေထွက်ရှိလာတဲ့ ဂျူးစံသာ



သွန်းဆက်

ဒီ မယားကြောက်ရွာ ဇာတ်ကားမှာ ယောက်ျားတွေကိုနိုင်တဲ့ ရွာသူတွေထဲက တစ်ယောက်ပါပဲ။ ရှင်းရှင်းပြောရရင် သွန်းဆက်က ရုပ်ရှင်ဇာတ်ကားကြီး ပထမဆုံးရိုက်ဖူးတဲ့ဇာတ်ကားကြီးပေါ့နော်။ မီးဆိုင်းကြီးတွေ၊ မီးထိုးတာကြီးတွေ ပထမဆုံး မြင်ဖူးတဲ့ ဇာတ်ကား။ဒီဇာတ်ကားကလည်း ပထမဆုံး ရုံတင်တဲ့ဇာတ်ကားပါ။

ညီထွဋ်ခေါင်

မယားကြောက်ရွာမှာ ပါဝင်ဖြစ်တာက ကျွန်တော်တို့ အောင်သီရိထုတ်လုပ်ရေးက ရိုက်တာလည်းဖြစ်တယ်။ကျွန်တော်နဲ့ သွန်းဆက်ကလည်း  လွန်ခဲ့တဲ့ နှစ် နှစ်လောက်က ရိုက်ထားတာဆိုတော့ အဲ့ဒီတုန်းကလည်း ကျွန်တော်တို့က ဂျူနီယာလေးတွေ ပေါ့နော်။ ဇာတ်ကားထဲမှာသရုပ်ဆောင်ကြီးတွေပါတယ်ဆိုတော့ ကျွန်တော်တို့ကို အတွေ့အကြုံတစ်ခုအနေနဲ့ ထည့်ပြီးတော့ရိုက်တာပါ။

တက္ကသိုလ်ဂွမ်းပုံ

မယားကြောက်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာက ထန်းတောရွာပိုင်ရှင် မှတ်သေးရဲ့ မိန်းမတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ အနုပညာ မောင်နှမ နှစ်ယောက်ကတော့ ကားတိုင်းမှာ သူနဲ့တွဲရပြီဆိုရင်တော့ ပြောစရာမလိုအောင် သူဘာ လိုချင်တယ်၊ ကိုယ်ဘာလိုချင်တယ်၊ သူ့ကို ဘယ်လို ပိ့ုပေးရမယ်။ ကိုယ့်ကို ဘယ်လိုပို့ပေးရမလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်စရာမလိုအောင်ကို ကောင်းပါတယ်။

ဝါဝါအောင်

ဒီ မယားကြောက်ရွာ ဇာတ်ကားမှာ ရွာရဲ့ ဥက္ကဌ အုပ်ကြီး ကတော် နေရာကနေသရုပ်ဆောင်ရတာပါ။ ပျော်စရာတော့အရမ်းကောင်း ပါ တယ်။ ရိုက်လိုက်ရတဲ့ ဆင်းန်တွေကလည်း လူအများကြီးနဲ့ပဲလေ ရှိသမျှ Actor အစုံ ရိုက်ရတဲ့ အခန်းတွေများပါတယ်။ ဒိုင်ယာလော့ဂျ် ချတာတွေကိုက ပျော်စရာဆိုတော့ ဒီအပျော်တွေက အမှတ်တရပါပဲ။

ပွင့်

၁၀၀ ရာခိုင်နှုန်း စိတ်ကျေနပ်မှုရပါတယ်။ ပုဂံမှာဆိုတော့ တကယ့်ကို ရာသီဥတု ပူပူပြင်းပြင်းထဲမှာ ရိုက်ရတယ်။ ဒါပေမယ့် ပင်ပန်းရ ကျိုးနပ်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ ရုပ်ထွက်လေးတွေ ပြန်ကြည့်ရတဲ့အခါမှာ View လေးတွေ အရမ်းလှတယ်။ ဟာသလေးတွေ ကလည်း တစ်ခုနဲ့တစ်ခု ချိတ်ဆက် အရမ်းမိတယ်။ အပင်ပန်းခံရကျိုးလည်းနပ်တယ် လုပ်ရကျိုးလည်းနပ်တဲ့ ဇာတ်ကားလေးတစ်ကားပါ။

မယားကြောက်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကို အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် လူမင်း၊ ခန့်စည်သူ၊ညီထွဋ်ခေါင်၊ခင်လှိုင်၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ သွန်းဆက်၊ တက္ကသိုလ်ဂွမ်းပုံ နဲ့ ပွင့်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ မယားကြောက်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။

photo: Duwun

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top