Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေခတ္က ကိုရီးယား ကားေတြ ေခတ္စားေနတဲ့ေခတ္မို႕ ကိုရီးယား မင္းသား ၊ မင္းသမီး ေတြလို မ်က္ႏွာ ရွည္ရွည္ မ်က္လံုးျပဴးျပဴးနဲ႕ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာ ေလးေတြ ပိုင္ဆိုင္ခ်င္လာၾကပါတယ္။ ေဖ့စ္ဘြတ္ မွာလည္း selfie ႐ိုက္သူ အမ်ားစုက မ်က္ႏွာရွည္ရွည္ ႏွာတံ ေပၚေပၚဆိုတာေတြကို အေလးထားဂ႐ိုစုက္လာၾကတယ္။

ေဆးပညာအရ ႐ုပ္ရည္၊သြင္ျပင္ စတာေတြက မိဘမ်ိဳး႐ိုးဆီက ပါလာၿပီးသားျဖစ္တယ္။ တနည္းအားျဖင့္ သတ္မွတ္ၿပီးသားဆိုတဲ့သေဘာမို႕ ေျပာင္းလဲလို႕မရဘူး ထင္စရာရွိတယ္။ ဒီအဆိုဟာ လံုးဝဥႆံုမမွန္ပါ။ ႐ုပ္သြင္ကို အမ်ားႀကီးမဟုတ္ေတာင္ အနည္းငယ္ေတာ့ ေျပာင္းလဲလို႕ရပါေသးတယ္။ မ်က္ႏွာေလးရွည္ၿပီး ဗြီ-ပံုစံ မ်က္ႏွာေလးျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ။ ျပဳလုပ္ပံု ေလ့က်င့္ခန္းကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတၤ။

၁။အရင္ဆံုး ပါးစပ္ကို တတ္ႏိုင္သမွ်ဟပါ။
၂။ၿပီးရင္ မိမိလွ်ာကို တတ္ႏိုင္သေလာက္ အျပင္ထုတ္ပါ။
၃။လွ်ာဖ်ားကို ႏွာေခါင္းဖက္ အေပၚသို႕ တတ္ႏိုင္သေလာက္ ထိပါ။
၄။ဒီအေနအထားအတိုင္း ေခါင္းကို ေနာက္သို႕လွန္ပါ။
၅။လည္ပင္းနဲ႕ ေမး႐ိုးကို ၉၀ဒီဂရီက်ေအာင္ ထားပါ။
အထက္ပါအတိုင္း (၁၀)စကၠန္႕ၾကာေအာင္ ေနပါ။ တရက္ကို ၃-၁၀ႀကိမ္ နားနားၿပီး လုပ္ရင္ တလအတြင္း ထူးျခားမႈရွိလာတယ္။

သတိျပဳစရာေလ့က်င့္ခန္းလုပ္ေနစဥ္ အခ်ိဳ၊အငန္၊အသင့္စား junk food ေတြတာ တတ္ႏိုင္သမွ်ေရွာင္ပါ။ အငန္ဓာတ္က ေရစုပ္တဲ့သေဘာေၾကာင့္ မ်က္ႏွာက အန္းေနတတ္တယ္။ စားၿပီးအိပ္တာလည္း မေကာင္းပါ။တရက္ကို ၈နာရီထက္ ပိုမအိပ္သင့္ပါ။ မနက္ အိပ္ရာ ထနဲ႕ ညမအိပ္ခင္လုပ္ႏိုင္ရင္ အေကာင္းဆံုးျဖစ္တယ္။

ေနာက္တခ်က္က ႏွာတံေလး ေျဖာင့္စင္းေအာင္ ဘယ္လိုလုပ္မလဲ။ လုပ္ရမယ့္ ေလ့က်င့္ခန္းကို ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

(ပထမအဆင့္)မ်က္ႏွာကို အရင္ဆံုးျပံဳးထားပါ။ ေမး႐ိုးနဲ႕ ပါးစပ္ေပါက္ကို ေအာက္ဆြဲခ်ၿပီး ပါးစပ္ကို စုထားပါ။ ႏွာတံကက်ဥ္းၿပီး စင္းေနတယ္လို႕ မိမိကိုယ္ကို သေဘာထားလိုက္ပါ။လက္ညိႈးသံုးၿပီး ႏွာႏုထိပ္ဖ်ားကေန အထက္တြန္းတင္ပါ။ က်န္တဲ့လက္ညိႈးနဲ႕ လက္မကို သံုးၿပီး ႏွာဖ်ားကို ေအာက္ဖိထားပါ။ တခါလုပ္ အႀကိမ္သံုးဆယ္၊ တေန႕(၂)ႀကိမ္ လုပ္သင့္တယ္။

(ဒုတိယအဆင့္) လက္ညိႈးတေခ်ာင္းဆီကို ႏွာေခါင္း တဖက္တခ်က္စီ တင္ထားပါ။ ၿပီးရင္ ႏွာေခါင္းေပါက္ကို လက္ညိႈးနဲ႕ တခ်က္ခ်င္းဆီဖိၿပီး ထိေပးပါ။ (၁၀)ႀကိမ္လုပ္ ၿပီးရင္ လက္ညိႈးႏွစ္ေခ်ာင္းကို ႀတိဂံပံုထိၿပီး ႏွာေခါင္း႐ိုးေပၚတင္ပါ။ ေအာက္ကို (၁၀)ႀကိမ္ခန္႕ ဖိဆြဲပါ။ ဒီနည္းက ႏွာေခါင္းပြသူေတြအတြက္ အဆင္ေျပတဲ့နည္းျဖစ္တယ္။

(တတိယအဆင့္) လက္ညိႈးနဲ႕လက္မကို သံုးၿပီး ႏွာ႐ိုးႏုအေပၚ တင္ထားပါ။ ၿပီးရင္ ဖိအားနည္းနည္းနဲ႕ ညႇစ္ၿပီး ေအာက္ဆြဲခ်ပါ။ လက္ညိႈးနဲ႕လက္မသံုးၿပီး ႏွာတံ ေအာက္ေျခကေနပြတ္ၿပီး အထက္ကိုျပန္ဆြဲပါ။ ၿပီးရင္ လက္ခလယ္သံုးၿပီး ႏွာတံကို အေပၚကေန ေအာက္ဖက္ ျပန္ဆြဲခ်ပါ။ းတရက္ကို အႀကိမ္(၅၀)လုပ္ပါ။ ႏွာေခါင္း႐ိုးတဖက္တခ်က္ကို လက္ညိႈးနဲ႕ စက္ဝိုင္းပံုဖိၿပီး ႏွိပ္ေပးတာလည္း ေကာင္းတယ္။ ဒီေလ့က်င့္ခန္းက ႏွာတံ ေဘးမွာ ရွိတဲ့ မ်က္ႏွာအေရးအေၾကာင္းေတြကို သက္သာေစတယ္။

(စတုတၳအဆင့္) ႏွာတံ အတြက္ အသက္ရႈနည္း တခုရွိပါတယ္။ ႏွာေခါင္း တဖက္က္ို ပိတ္ၿပီး တျခားႏွာေခါင္းေပါက္နဲ႕ အသက္ရႈသြင္းပါ။ (၄)စကၠန္႕ၾကာပါေစ။ ၿပီးရင္ က်န္ႏွာေခါင္းေပါက္တဖက္ကို ပိတ္ၿပီး ေစာေစာကပိတ္တဲ့ဖက္ကိုဖြင့္ပါ။ (၈)စကၠန္႕ၾကာ ရႈထုတ္ပါ။ ဒီနည္းအတိုင္း တရက္ကို ၅မိနစ္ၾကာေအာင္ ညစဥ္လုပ္ပါ။

(ပဥၥမအဆင့္) ပါးစပ္ကို “O” အို-ပံုစံ လုပ္ၿပီး မ်က္လံုး ကို မွိတ္ၿပီး အထက္က္ို ၾကည့္ပါ။ရင္ဘတ္ကို ေမာက္ၿပီး ေခါင္းကို ေနာက္လွန္ခ်ပါ။ ဒီနည္းက မ်က္ႏွာ ျကြက္သား အားလံုးကို တင္းရင္းေစၿပီး ႏွာတံသာမက မ်က္ႏွာေမး႐ိုးကိုပါ သြယ္လ်ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာေအးမင္းထူး

# Unicode Version ျဖင့္ ဖတ္ပါ #
ခေတ်က ကိုရီးယား ကားတွေ ခေတ်စားနေတဲ့ခေတ်မို့ ကိုရီးယား မင်းသား ၊ မင်းသမီး တွေလို မျက်နှာ ရှည်ရှည် မျက်လုံးပြူးပြူးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာ လေးတွေ ပိုင်ဆိုင်ချင်လာကြပါတယ်။ ဖေ့စ်ဘွတ် မှာလည်း selfie ရိုက်သူ အများစုက မျက်နှာရှည်ရှည် နှာတံ ပေါ်ပေါ်ဆိုတာတွေကို အလေးထားဂရိုစုက်လာကြတယ်။

ဆေးပညာအရ ရုပ်ရည်၊သွင်ပြင် စတာတွေက မိဘမျိုးရိုးဆီက ပါလာပြီးသားဖြစ်တယ်။ တနည်းအားဖြင့် သတ်မှတ်ပြီးသားဆိုတဲ့သဘောမို့ ပြောင်းလဲလို့မရဘူး ထင်စရာရှိတယ်။ ဒီအဆိုဟာ လုံးဝဥဿုံမမှန်ပါ။ ရုပ်သွင်ကို အများကြီးမဟုတ်တောင် အနည်းငယ်တော့ ပြောင်းလဲလို့ရပါသေးတယ်။ မျက်နှာလေးရှည်ပြီး ဗွီ-ပုံစံ မျက်နှာလေးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ပြုလုပ်ပုံ လေ့ကျင့်ခန်းကို အောက်မှာ ဖော်ပြပေးလိုက်ပါင်္တ။

၁။အရင်ဆုံး ပါးစပ်ကို တတ်နိုင်သမျှဟပါ။
၂။ပြီးရင် မိမိလျှာကို တတ်နိုင်သလောက် အပြင်ထုတ်ပါ။
၃။လျှာဖျားကို နှာခေါင်းဖက် အပေါ်သို့ တတ်နိုင်သလောက် ထိပါ။
၄။ဒီအနေအထားအတိုင်း ခေါင်းကို နောက်သို့လှန်ပါ။
၅။လည်ပင်းနဲ့ မေးရိုးကို ၉၀ဒီဂရီကျအောင် ထားပါ။
အထက်ပါအတိုင်း (၁၀)စက္ကန့်ကြာအောင် နေပါ။ တရက်ကို ၃-၁၀ကြိမ် နားနားပြီး လုပ်ရင် တလအတွင်း ထူးခြားမှုရှိလာတယ်။

သတိပြုစရာလေ့ကျင့်ခန်းလုပ်နေစဉ် အချို၊အငန်၊အသင့်စား junk food တွေတာ တတ်နိုင်သမျှရှောင်ပါ။ အငန်ဓာတ်က ရေစုပ်တဲ့သဘောကြောင့် မျက်နှာက အန်းနေတတ်တယ်။ စားပြီးအိပ်တာလည်း မကောင်းပါ။တရက်ကို ၈နာရီထက် ပိုမအိပ်သင့်ပါ။ မနက် အိပ်ရာ ထနဲ့ ညမအိပ်ခင်လုပ်နိုင်ရင် အကောင်းဆုံးဖြစ်တယ်။

နောက်တချက်က နှာတံလေး ဖြောင့်စင်းအောင် ဘယ်လိုလုပ်မလဲ။ လုပ်ရမယ့် လေ့ကျင့်ခန်းကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(ပထမအဆင့်)မျက်နှာကို အရင်ဆုံးပြုံးထားပါ။ မေးရိုးနဲ့ ပါးစပ်ပေါက်ကို အောက်ဆွဲချပြီး ပါးစပ်ကို စုထားပါ။ နှာတံကကျဉ်းပြီး စင်းနေတယ်လို့ မိမိကိုယ်ကို သဘောထားလိုက်ပါ။လက်ညှိုးသုံးပြီး နှာနုထိပ်ဖျားကနေ အထက်တွန်းတင်ပါ။ ကျန်တဲ့လက်ညှိုးနဲ့ လက်မကို သုံးပြီး နှာဖျားကို အောက်ဖိထားပါ။ တခါလုပ် အကြိမ်သုံးဆယ်၊ တနေ့(၂)ကြိမ် လုပ်သင့်တယ်။

(ဒုတိယအဆင့်) လက်ညှိုးတချောင်းဆီကို နှာခေါင်း တဖက်တချက်စီ တင်ထားပါ။ ပြီးရင် နှာခေါင်းပေါက်ကို လက်ညှိုးနဲ့ တချက်ချင်းဆီဖိပြီး ထိပေးပါ။ (၁၀)ကြိမ်လုပ် ပြီးရင် လက်ညှိုးနှစ်ချောင်းကို တြိဂံပုံထိပြီး နှာခေါင်းရိုးပေါ်တင်ပါ။ အောက်ကို (၁၀)ကြိမ်ခန့် ဖိဆွဲပါ။ ဒီနည်းက နှာခေါင်းပွသူတွေအတွက် အဆင်ပြေတဲ့နည်းဖြစ်တယ်။

(တတိယအဆင့်) လက်ညှိုးနဲ့လက်မကို သုံးပြီး နှာရိုးနုအပေါ် တင်ထားပါ။ ပြီးရင် ဖိအားနည်းနည်းနဲ့ ညှစ်ပြီး အောက်ဆွဲချပါ။ လက်ညှိုးနဲ့လက်မသုံးပြီး နှာတံ အောက်ခြေကနေပွတ်ပြီး အထက်ကိုပြန်ဆွဲပါ။ ပြီးရင် လက်ခလယ်သုံးပြီး နှာတံကို အပေါ်ကနေ အောက်ဖက် ပြန်ဆွဲချပါ။ းတရက်ကို အကြိမ်(၅၀)လုပ်ပါ။ နှာခေါင်းရိုးတဖက်တချက်ကို လက်ညှိုးနဲ့ စက်ဝိုင်းပုံဖိပြီး နှိပ်ပေးတာလည်း ကောင်းတယ်။ ဒီလေ့ကျင့်ခန်းက နှာတံ ဘေးမှာ ရှိတဲ့ မျက်နှာအရေးအကြောင်းတွေကို သက်သာစေတယ်။

(စတုတ္ထအဆင့်) နှာတံ အတွက် အသက်ရှုနည်း တခုရှိပါတယ်။ နှာခေါင်း တဖက်ကို ပိတ်ပြီး တခြားနှာခေါင်းပေါက်နဲ့ အသက်ရှုသွင်းပါ။ (၄)စက္ကန့်ကြာပါစေ။ ပြီးရင် ကျန်နှာခေါင်းပေါက်တဖက်ကို ပိတ်ပြီး စောစောကပိတ်တဲ့ဖက်ကိုဖွင့်ပါ။ (၈)စက္ကန့်ကြာ ရှုထုတ်ပါ။ ဒီနည်းအတိုင်း တရက်ကို ၅မိနစ်ကြာအောင် ညစဉ်လုပ်ပါ။

(ပဉ္စမအဆင့်) ပါးစပ်ကို “O” အို-ပုံစံ လုပ်ပြီး မျက်လုံး ကို မှိတ်ပြီး အထက်ကို ကြည့်ပါ။ရင်ဘတ်ကို မောက်ပြီး ခေါင်းကို နောက်လှန်ချပါ။ ဒီနည်းက မျက်နှာ ကြွက်သား အားလုံးကို တင်းရင်းစေပြီး နှာတံသာမက မျက်နှာမေးရိုးကိုပါ သွယ်လျစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာအေးမင်းထူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top