Golden City Promotion
×

ပန္းမုန္လာစိမ္း (Broccoli) မွာပါ၀င္တဲ့ ဓာတ္ေပါင္းတစ္မ်ိဳးဟာ အဆစ္အျမစ္ရာင္ေရာဂါကို သက္သာေစတဲ့ အစြမ္းသတိၱရွိတယ္လို႔ ေဖာ္ထုတ္ ႏိုင္ခဲ့ပါတယ္။ အဆစ္အျမစ္ေရာင္ ေရာဂါတစ္မ်ိဳးျဖစ္တဲ့ Osteoarthri tis, OA ေရာဂါဟာ အဆစ္အျမစ္ေတြ ရဲ႕ အ႐ိုးႏု Cartilage ပ်က္စီးယိုယြင္း ျခင္းေၾကာင့္ ျဖစ္လာရတာျဖစ္ၿပီး အဆစ္အျမစ္နာက်င္ျခင္းနဲ႔ လႈပ္ရွား မႈေတြ ခက္ခဲျခင္းေတြကို ႀကံဳေတြ႕ခဲ့ ရတာကို ေလ့လာရပါတယ္။ ဒီမွာ အဆစ္အျမစ္ေရာင္ေရာဂါအတြက္ အဆစ္အစားထုိးကုသမႈေတြက ျပႆနာကိုေျဖရွင္းႏိုင္ေပမယ့္ စရိတ္စက ကလည္း ထည့္သြင္းစဥ္းစားစရာ ျဖစ္ေနပါေသးတယ္။
ဒီေလ့လာမႈမွာေတာ့ ပန္းမုန္လာ စိမ္းမွာပါ၀င္တဲ့ Sulforaphane ဟာ OA ေရာဂါမွာ ဘယ္လို အသံုး၀င္တယ္ဆိုတာကို ေတြ႕ရွိခဲ့ပါတယ္။ အဆစ္အျမစ္ ေရာင္ေရာဂါရွင္ေတြ ဟာ ေရွာင္ ရွားရမယ့္အစားအစာ ေတြ မ်ားျပားတဲ့အထဲက စားသံုးသင့္ တဲ့ အစားအစာတစ္ခုတိုးလာတာပဲ ျဖစ္ပါတယ္။ Sulforophone ဟာ အဆစ္ကိုတည္ေဆာက္ထားတဲ့ အ႐ိုး ႏုဖြဲ႕စည္းမႈကို ပိုမိုခိုင္ၿမဲေစၿပီး ပ်က္စီး ယိုယြင္းမႈႏႈန္းကို ေလ်ာ့က်ေစတယ္ လို႔ ေလ့လာမႈကိုျပဳလုပ္ခဲ့တဲ့ National Diet Assocaition က ေဖာ္ျပထားပါတယ္။

ပန္းမုန္လာစိမ္းဟာ ကယ္လစီ ယမ္၊ ဗီတာမင္ေအ၊ စီနဲ႔ ေဖာလစ္ အက္ဆစ္ေတြပါ၀င္မႈမ်ား တဲ့အတြက္ အဆစ္အျမစ္ေရာဂါရွင္ေတြသာမက လူတုိင္းေန႔စဥ္စားသံုးေပးသင့္ပါတယ္။ အဆစ္အျမစ္ေရာင္ေရာဂါရွင္ေတြ သာမက လူတုိင္းေန႔စဥ္ စားသံုးေပး သင့္ပါတယ္။ အဆစ္အျမစ္ ရာင္ ေရာဂါရွင္ေတြဟာ အစားအေသာက္ နဲ႔ ကုသမႈေတြအျပင္ ေန႔စဥ္ပံုမွန္ ေလ့က်င့္ခန္းမ်ားနဲ႔ကိုယ္ အေလးခ်ိန္ ထိန္းခ်ဳပ္ဖို႔လဲလိုအပ္ေၾကာင္း အခု ေလ့လာမႈမွာ ေဖာ္ျပထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nyein Aye (Health Updates Journal )
#Unicode Version#
ပန်းမုန်လာစိမ်း (Broccoli) မှာပါဝင်တဲ့ ဓာတ်ပေါင်းတစ်မျိုးဟာ အဆစ်အမြစ်ရာင်ရောဂါကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ ဖော်ထုတ် နိုင်ခဲ့ပါတယ်။ အဆစ်အမြစ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ Osteoarthri tis, OA ရောဂါဟာ အဆစ်အမြစ်တွေ ရဲ့ အရိုးနု Cartilage ပျက်စီးယိုယွင်း ခြင်းကြောင့် ဖြစ်လာရတာဖြစ်ပြီး အဆစ်အမြစ်နာကျင်ခြင်းနဲ့ လှုပ်ရှား မှုတွေ ခက်ခဲခြင်းတွေကို ကြုံတွေ့ခဲ့ ရတာကို လေ့လာရပါတယ်။ ဒီမှာ အဆစ်အမြစ်ရောင်ရောဂါအတွက် အဆစ်အစားထိုးကုသမှုတွေက ပြဿနာကိုဖြေရှင်းနိုင်ပေမယ့် စရိတ်စက ကလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါသေးတယ်။
ဒီလေ့လာမှုမှာတော့ ပန်းမုန်လာ စိမ်းမှာပါဝင်တဲ့ Sulforaphane ဟာ OA ရောဂါမှာ ဘယ်လို အသုံးဝင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ အဆစ်အမြစ် ရောင်ရောဂါရှင်တွေ ဟာ ရှောင် ရှားရမယ့်အစားအစာ တွေ များပြားတဲ့အထဲက စားသုံးသင့် တဲ့ အစားအစာတစ်ခုတိုးလာတာပဲ ဖြစ်ပါတယ်။ Sulforophone ဟာ အဆစ်ကိုတည်ဆောက်ထားတဲ့ အရိုး နုဖွဲ့စည်းမှုကို ပိုမိုခိုင်မြဲစေပြီး ပျက်စီး ယိုယွင်းမှုနှုန်းကို လျော့ကျစေတယ် လို့ လေ့လာမှုကိုပြုလုပ်ခဲ့တဲ့ National Diet Assocaition က ဖော်ပြထားပါတယ်။

ပန်းမုန်လာစိမ်းဟာ ကယ်လစီ ယမ်၊ ဗီတာမင်အေ၊ စီနဲ့ ဖောလစ် အက်ဆစ်တွေပါဝင်မှုများ တဲ့အတွက် အဆစ်အမြစ်ရောဂါရှင်တွေသာမက လူတိုင်းနေ့စဉ်စားသုံးပေးသင့်ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါရှင်တွေ သာမက လူတိုင်းနေ့စဉ် စားသုံးပေး သင့်ပါတယ်။ အဆစ်အမြစ် ရာင် ရောဂါရှင်တွေဟာ အစားအသောက် နဲ့ ကုသမှုတွေအပြင် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းများနဲ့ကိုယ် အလေးချိန် ထိန်းချုပ်ဖို့လဲလိုအပ်ကြောင်း အခု လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nyein Aye (Health Updates Journal )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top