Golden City Promotion
×

အျမင္႔ေပ ေထာင္ေပါင္းမ်ားစြာမွာ ပ်ံသန္းေနတဲ႔ သတၳဳပံုးႀကီးထဲမွာ ထိုင္ေနရၿပီး ေမာင္းႏွင္သူ (၂) ဦးရဲ႕လက္ထဲမွာ ကိုယ္႔အသက္ကို ဝကြက္အပ္ထားရတဲ႔အတြက္ ေၾကာက္ရြံ႕မိမယ္ဆိုရင္ေတာင္ အျပစ္မဆိုသာပါဘူး။
ႏိုင္ငံရပ္ျခားကိုပဲျဖစ္ျဖစ္၊ ျပည္တြင္းခရီးပဲျဖစ္ျဖစ္ ေလယာဥ္ပ်ံႀကီးစီးၿပီး ခရီးသြားရေတာ႔မယ္ဆိုပါစို႕။ သူသူကိုယ္ကိုယ္ စိုးရိမ္စိတ္ဆိုတာေတာ႔ ရွိတတ္ၾကမွာပါပဲ။ ဘာပဲေျပာေျပာ အျမင္႔ေပ ေထာင္ေပါင္းမ်ားစြာမွာ ပ်ံသန္းေနတဲ႔ သတၳဳပံုးႀကီးထဲမွာ ထိုင္ေနရၿပီး ေမာင္းႏွင္သူ (၂) ဦးရဲ႕လက္ထဲမွာ ကိုယ္႔အသက္ကို ဝကြက္အပ္ထားရတဲ႔အတြက္ ေၾကာက္ရြံ႕မိမယ္ဆိုရင္ေတာင္ အျပစ္မဆိုသာပါဘူး။
ေလယာဥ္စီးၿပီး ခရီးသြားမယ္ဆိုရင္ ရာသီဥတုအေျခအေန ဆိုးရြားမႈေၾကာင္႔ (သို႕မဟုတ္) စက္ခ်ိဳ႕ယြင္းမႈေၾကာင္႔ နီးစပ္ရာေလဆိပ္ထဲ အေရးေပၚဆင္းသက္လိုက္ရတာမ်ိဳး ရွိႏိုင္ပါတယ္။ အဲဒီမွာ ကမၻာေပၚမွာ အႏၱရာယ္အမ်ားဆံုး ေလဆိပ္ေတြအေၾကာင္း သိထားဖို႔ လိုအပ္လာပါတယ္။
၁။ နီေပါႏိုင္ငံက Tenzing–Hillary ေလဆိပ္

ဧဝရက္ေတာင္ကို တက္ရမယ္ဆိုတဲ႔ အၾကံဉာဏ္ကိုက သာမန္လူတစ္ေယာက္အတြက္ အႏၱရာယ္မ်ားလွပါၿပီ။ တကယ္လို႔ အဲဒီကိုသြားဖို႔အတြက္ ကမၻာေပၚမွာ အႏၱရာယ္အမ်ားဆံုး ေလဆိပ္တစ္ခုမွာ ေလယာဥ္ဆင္းသက္ရမယ္ဆိုတဲ႔ အေတြးကို ေတြးၾကည္႔ၾကည္႔ပါဦး။

ဟုတ္ပါတယ္။ နီေပါႏိုင္ငံ၊ လက္က္လာ (Lukla) ၿမိဳ႕က ေလဆိပ္ဟာ ေျပးလမ္း မီတာ (၅၀၀) ပဲ ရွိၿပီး မတ္ေစာက္တဲ႔ ေတာင္ထိပ္တစ္ခုမွာ တည္ေဆာက္ထားတာပါ။ အဲဒီမွာ အက္ဆီးဒန္႔ မၾကာခဏျဖစ္ပြားမႈေၾကာင္႔လည္း နာမည္ႀကီးပါတယ္။ ဒါတင္မက ရာသီဥတု အေျခအေနကလည္း အျမဲ ေျပာင္းလဲေနတတ္ပါေသးတယ္။
၂။ ဟြန္ဒူးရပ္စ္ႏိုင္ငံက Toncontin ေလဆိပ္

ၿဗိတိသွ် ဟြန္ဒူးရပ္စ္ႏိုင္ငံက Toncontin ေလဆိပ္ကေတာ႔ ကမၻာေပၚမွာ ဒုတိယအႏၱရာယ္အမ်ားဆံုး ေလဆိပ္အျဖစ္ စာရင္းဝင္ပါတယ္။ ဒီေလဆိပ္ဟာ အကြ်မ္းက်င္ဆံုးဆိုတဲ႔ ေလယာဥ္မွဴး (ပိုင္းေလာ႔) ေတြအတြက္ေတာင္ ေလယာဥ္ဆင္းသက္ဖို႔ရာ ခက္ခဲပါတယ္။ ေျပးလမ္းေပၚကို ဆင္းသက္ႏုိင္ဖို႔အတြက္ ေလယာဥ္မွဴးေတြဟာ ျပင္းထန္တဲ႔ ရာသီဥတုအေျခအေနနဲ႔ ေျမျပင္အေနအထားကို ရင္ဆိုင္ရမွာျဖစ္ပါတယ္။
၃။ Gibraltar အျပည္ျပည္ဆိုင္ရာေလဆိပ္

ပံုကိုၾကည္႔လိုက္ရံုနဲ႔ ဒီေလဆိပ္ဟာ ကမၻာ႔အႏၱရာယ္အမ်ားဆံုး ေလဆိပ္စာရင္းထဲမွာ ဘာလို႔ပါေနလဲဆိုတာကို သိႏိုင္ပါတယ္။ ေတာင္ကုန္းထိပ္မွာေဆာက္ထားတာေတြ၊ ေျပးလမ္းတိုတာေတြ မဟုတ္ေပမယ္႔ Gibraltar ေလဆိပ္ဟာ အဲဒီေနရာမွာ ယာဥ္ေၾကာအပိတ္ဆံုး လမ္းမႀကီးကို ျဖတ္ၿပီး တည္ေဆာက္ထားတာပါ။ ဒီဇိုင္းဆြဲထားတာ မွားယြင္းမႈေၾကာင္႔ Winston Churchill လမ္းမႀကီးေပၚက ယာဥ္ေတြဟာ ေလယာဥ္ပ်ံတက္ခ်ိန္၊ ဆင္းသက္ခ်ိန္ေတြမွာ အက္ဆီးဒန္႕မျဖစ္ေအာင္ ရပ္တန္႔ထားရပါတယ္။
၄။ ေနာ္ေဝးႏိုင္ငံက Svalbard ေလဆိပ္

Svalbard ေလဆိပ္ဟာ ကမၻာေပၚမွာ ေျမာက္ဝင္ရိုးစြန္းနဲ႔ အနီးဆံုးေလဆိပ္တစ္ခုျဖစ္ၿပီး ႀကိဳတင္အစီအစဥ္ခ်ထားတဲ႔ ေလေၾကာင္းေျပးဆြဲမႈေတြပဲ လုပ္ေလ႔ရွိပါတယ္။ ဒီေလဆိပ္ကို ဒုတိယကမၻာစစ္ တံုးက တည္ေဆာက္ခဲ႔ၿပီး ၁၉၅၉ ခုႏွစ္အထိ ပုဂၢလိကေလေၾကာင္းေျပးဆြဲမႈေတြအတြက္ အသံုးျပဳခြင္႔မျပဳခဲ႔ပါဘူး။ အံ႕ၾသဖို႔ေကာင္းတာတစ္ခုက ဒီေလဆိပ္ဟာ ႏွစ္စဥ္ ခရီးသည္ (၁၅၄၀၀၀) ေလာက္ကို ေကာင္းေကာင္းကိုင္တြယ္ေနႏိုင္ေသးတာပါပဲ။
၅။ ေဟာင္ေကာင္က Kai Tak ေလဆိပ္

ေျပးလမ္းတေလွ်ာက္မွာ အေဆာက္အဦးေတြအမ်ားႀကီးရွိေနတဲ႔အတြက္ ေလယာဥ္ဆင္းသက္ေတာ႔မယ္ဆိုရင္ ေလယာဥ္မွဴးေတြ သတိႀကီးစြာထားရပါတယ္။ ေလဆိပ္ရဲ႕ အႏၱရာယ္မ်ားလြန္းတဲ႔ တည္ေနရာေၾကာင္႔ ၁၉၂၅ ခုႏွစ္မွာ ပိတ္ခဲ႔ရပါတယ္။ ၿပီးေတာ႔ ေဟာင္ေကာင္က ကြ်န္းငယ္ေလးတစ္ခုျဖစ္တဲ႔ Chek Lap Kok ကြ်န္းေပၚက ေဟာင္ေကာင္အျပည္ျပည္ဆိုင္ရာ ေလဆိပ္နဲ႔ အစားထိုးခဲ႔ရပါတယ္။

Source: Knowledgedish
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun
#Unicode Version#
အမြင့်ပေ ထောင်ပေါင်းများစွာမှာ ပျံသန်းနေတဲ့ သတ္ထုပုံးကြီးထဲမှာ ထိုင်နေရပြီး မောင်းနှင်သူ (၂) ဦးရဲ့လက်ထဲမှာ ကိုယ့်အသက်ကို ဝကွက်အပ်ထားရတဲ့အတွက် ကြောက်ရွံ့မိမယ်ဆိုရင်တောင် အပြစ်မဆိုသာပါဘူး။
နိုင်ငံရပ်ခြားကိုပဲဖြစ်ဖြစ်၊ ပြည်တွင်းခရီးပဲဖြစ်ဖြစ် လေယာဉ်ပျံကြီးစီးပြီး ခရီးသွားရတော့မယ်ဆိုပါစို့။ သူသူကိုယ်ကိုယ် စိုးရိမ်စိတ်ဆိုတာတော့ ရှိတတ်ကြမှာပါပဲ။ ဘာပဲပြောပြော အမြင့်ပေ ထောင်ပေါင်းများစွာမှာ ပျံသန်းနေတဲ့ သတ္ထုပုံးကြီးထဲမှာ ထိုင်နေရပြီး မောင်းနှင်သူ (၂) ဦးရဲ့လက်ထဲမှာ ကိုယ့်အသက်ကို ဝကွက်အပ်ထားရတဲ့အတွက် ကြောက်ရွံ့မိမယ်ဆိုရင်တောင် အပြစ်မဆိုသာပါဘူး။
လေယာဉ်စီးပြီး ခရီးသွားမယ်ဆိုရင် ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် (သို့မဟုတ်) စက်ချို့ယွင်းမှုကြောင့် နီးစပ်ရာလေဆိပ်ထဲ အရေးပေါ်ဆင်းသက်လိုက်ရတာမျိုး ရှိနိုင်ပါတယ်။ အဲဒီမှာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လေဆိပ်တွေအကြောင်း သိထားဖို့ လိုအပ်လာပါတယ်။
၁။ နီပေါနိုင်ငံက Tenzing–Hillary လေဆိပ်
ဧဝရက်တောင်ကို တက်ရမယ်ဆိုတဲ့ အကြံဉာဏ်ကိုက သာမန်လူတစ်ယောက်အတွက် အန္တရာယ်များလှပါပြီ။ တကယ်လို့ အဲဒီကိုသွားဖို့အတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လေဆိပ်တစ်ခုမှာ လေယာဉ်ဆင်းသက်ရမယ်ဆိုတဲ့ အတွေးကို တွေးကြည့်ကြည့်ပါဦး။

ဟုတ်ပါတယ်။ နီပေါနိုင်ငံ၊ လက်က်လာ (Lukla) မြို့က လေဆိပ်ဟာ ပြေးလမ်း မီတာ (၅၀၀) ပဲ ရှိပြီး မတ်စောက်တဲ့ တောင်ထိပ်တစ်ခုမှာ တည်ဆောက်ထားတာပါ။ အဲဒီမှာ အက်ဆီးဒန့် မကြာခဏဖြစ်ပွားမှုကြောင့်လည်း နာမည်ကြီးပါတယ်။ ဒါတင်မက ရာသီဥတု အခြေအနေကလည်း အမြဲ ပြောင်းလဲနေတတ်ပါသေးတယ်။
၂။ ဟွန်ဒူးရပ်စ်နိုင်ငံက Toncontin လေဆိပ်
ဗြိတိသျှ ဟွန်ဒူးရပ်စ်နိုင်ငံက Toncontin လေဆိပ်ကတော့ ကမ္ဘာပေါ်မှာ ဒုတိယအန္တရာယ်အများဆုံး လေဆိပ်အဖြစ် စာရင်းဝင်ပါတယ်။ ဒီလေဆိပ်ဟာ အကျွမ်းကျင်ဆုံးဆိုတဲ့ လေယာဉ်မှူး (ပိုင်းလော့) တွေအတွက်တောင် လေယာဉ်ဆင်းသက်ဖို့ရာ ခက်ခဲပါတယ်။ ပြေးလမ်းပေါ်ကို ဆင်းသက်နိုင်ဖို့အတွက် လေယာဉ်မှူးတွေဟာ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေနဲ့ မြေပြင်အနေအထားကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
၃။ Gibraltar အပြည်ပြည်ဆိုင်ရာလေဆိပ်
ပုံကိုကြည့်လိုက်ရုံနဲ့ ဒီလေဆိပ်ဟာ ကမ္ဘာ့အန္တရာယ်အများဆုံး လေဆိပ်စာရင်းထဲမှာ ဘာလို့ပါနေလဲဆိုတာကို သိနိုင်ပါတယ်။ တောင်ကုန်းထိပ်မှာဆောက်ထားတာတွေ၊ ပြေးလမ်းတိုတာတွေ မဟုတ်ပေမယ့် Gibraltar လေဆိပ်ဟာ အဲဒီနေရာမှာ ယာဉ်ကြောအပိတ်ဆုံး လမ်းမကြီးကို ဖြတ်ပြီး တည်ဆောက်ထားတာပါ။ ဒီဇိုင်းဆွဲထားတာ မှားယွင်းမှုကြောင့် Winston Churchill လမ်းမကြီးပေါ်က ယာဉ်တွေဟာ လေယာဉ်ပျံတက်ချိန်၊ ဆင်းသက်ချိန်တွေမှာ အက်ဆီးဒန့်မဖြစ်အောင် ရပ်တန့်ထားရပါတယ်။
၄။ နော်ဝေးနိုင်ငံက Svalbard လေဆိပ်
Svalbard လေဆိပ်ဟာ ကမ္ဘာပေါ်မှာ မြောက်ဝင်ရိုးစွန်းနဲ့ အနီးဆုံးလေဆိပ်တစ်ခုဖြစ်ပြီး ကြိုတင်အစီအစဉ်ချထားတဲ့ လေကြောင်းပြေးဆွဲမှုတွေပဲ လုပ်လေ့ရှိပါတယ်။ ဒီလေဆိပ်ကို ဒုတိယကမ္ဘာစစ် တုံးက တည်ဆောက်ခဲ့ပြီး ၁၉၅၉ ခုနှစ်အထိ ပုဂ္ဂလိကလေကြောင်းပြေးဆွဲမှုတွေအတွက် အသုံးပြုခွင့်မပြုခဲ့ပါဘူး။ အံ့သြဖို့ကောင်းတာတစ်ခုက ဒီလေဆိပ်ဟာ နှစ်စဉ် ခရီးသည် (၁၅၄၀၀၀) လောက်ကို ကောင်းကောင်းကိုင်တွယ်နေနိုင်သေးတာပါပဲ။
၅။ ဟောင်ကောင်က Kai Tak လေဆိပ်
ပြေးလမ်းတလျှောက်မှာ အဆောက်အဦးတွေအများကြီးရှိနေတဲ့အတွက် လေယာဉ်ဆင်းသက်တော့မယ်ဆိုရင် လေယာဉ်မှူးတွေ သတိကြီးစွာထားရပါတယ်။ လေဆိပ်ရဲ့ အန္တရာယ်များလွန်းတဲ့ တည်နေရာကြောင့် ၁၉၂၅ ခုနှစ်မှာ ပိတ်ခဲ့ရပါတယ်။ ပြီးတော့ ဟောင်ကောင်က ကျွန်းငယ်လေးတစ်ခုဖြစ်တဲ့ Chek Lap Kok ကျွန်းပေါ်က ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ အစားထိုးခဲ့ရပါတယ်။

Source: Knowledgedish

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top