Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယမ္းခ်ိန္ ၃၇ ပိႆာ ၊ တန္ဘိုးက်ပ္ သိန္း ၄၀ ရွိ တြံတီးမီးအမည္ရ အလွျပမီးပုံးပ်ံတလုံး ယမန္ေန႕ညက လႊတ္တင္စဥ္ ပ်က္က်ရာ လူ ၇ ဦးဒဏ္ရာရရွိကာ ၂ ဦးမွာ ဒဏ္ရာျပင္းထန္ေၾကာင္းသိရသည္။

အဆုိပါတြံတီးမီးပုံးပ်ံအား အဖြဲ႕ေခါင္းေဆာင္ျဖစ္ေသာ ေသာ္ဇင္ညီညီ ႏွင့္ ျပည့္ျဖိဳးေအာင္ တို႕က ေအာက္တုိဘာလ ၃၁ ရက္ ည ၈ နာရီ ၄၅ တြင္ လႊတ္တင္ရာ ၅ ေပခန့္အျမင့္အေရာက္တြင္ ကြင္းအတြင္း VIP စင္အနီးတြင္သာ မီးေလာင္ျပီး ပ်က္က်ခဲ႕သည္။

ဝက္သားတုတ္ထိုးဆိုင္ေပၚသို႕ျပဳတ္က်မီးေလာင္မႈေၾကာင့္ စိန္ပန္းရပ္ကြက္ နယ္ေျမ ၅ ေနသူ ၂ ဦးျဖစ္ေသာ မေအးေအးသိန္း( အသက္၄၃) ႏွင့္ အိစႏၵာမင္း(၁၂ႏွစ္) တုိ့ ၂ ဦးမွာ ဒဏ္ရာ စိုးရိမ္ရသည့္အေျခအေနရွိသည္ဟု သိရသည္။

မီးပုံးပ်ံပ်က္က်မွဳေၾကာင့္ အျခားဒဏ္ရာသူ ၅ ဦးရွိျပီး ၄င္းတုိ့မွာမူ ဒဏ္ရာ မစိုး ရိမ္ရေၾကာင္းႏွင့္ ၄င္းတုိ့အာဒ စဝ္စံထြန္းေဆးရံုသို႕ လူနာမ်ားအားပို့ေဆာင္ကုသလ်က္ရွိေၾကာင္းသိရသည္။

ဒဏ္ရာရသူမ်ားမွာ မသီတာဦး(နယ္ေျမ၅) ၊ ေမာင္ကုလား(၇ႏွစ္)နယ္ ေျမ၅ ၊ မဇင္မာဝင္း(၂၅ႏွစ္) ေက်ာင္းဆရာမ ေအးသာယာ၊ ခိုင္သဇင္ေက်ာ္ (၂၁ႏွစ္) GTU ေက်ာင္းသူ ေအးသာယာ
ႏွင့္ဇာျခည္ထြန္း (၂၁ႏွစ္)့ ျမန္မာစာအေဝးသင္ေရဦးရြာ ရြာငံေနသူတို႕ ျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ယမ်းချိန် ၃၇ ပိဿာ ၊ တန်ဘိုးကျပ် သိန်း ၄၀ ရှိ တွံတီးမီးအမည်ရ အလှပြမီးပုံးပျံတလုံး ယမန်နေ့ညက လွှတ်တင်စဉ် ပျက်ကျရာ လူ ၇ ဦးဒဏ်ရာရရှိကာ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။

အဆိုပါတွံတီးမီးပုံးပျံအား အဖွဲ့ခေါင်းဆောင်ဖြစ်သော သော်ဇင်ညီညီ နှင့် ပြည့်ဖြိုးအောင် တို့က အောက်တိုဘာလ ၃၁ ရက် ည ၈ နာရီ ၄၅ တွင် လွှတ်တင်ရာ ၅ ပေခန့်အမြင့်အရောက်တွင် ကွင်းအတွင်း VIP စင်အနီးတွင်သာ မီးလောင်ပြီး ပျက်ကျခဲ့သည်။

ဝက်သားတုတ်ထိုးဆိုင်ပေါ်သို့ပြုတ်ကျမီးလောင်မှုကြောင့် စိန်ပန်းရပ်ကွက် နယ်မြေ ၅ နေသူ ၂ ဦးဖြစ်သော မအေးအေးသိန်း( အသက်၄၃) နှင့် အိစန္ဒာမင်း(၁၂နှစ်) တို့ ၂ ဦးမှာ ဒဏ်ရာ စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု သိရသည်။

မီးပုံးပျံပျက်ကျမှုကြောင့် အခြားဒဏ်ရာသူ ၅ ဦးရှိပြီး ၎င်းတို့မှာမူ ဒဏ်ရာ မစိုး ရိမ်ရကြောင်းနှင့် ၎င်းတို့အာဒ စဝ်စံထွန်းဆေးရုံသို့ လူနာများအားပို့ဆောင်ကုသလျက်ရှိကြောင်းသိရသည်။

ဒဏ်ရာရသူများမှာ မသီတာဦး(နယ်မြေ၅) ၊ မောင်ကုလား(၇နှစ်)နယ် မြေ၅ ၊ မဇင်မာဝင်း(၂၅နှစ်) ကျောင်းဆရာမ အေးသာယာ၊ ခိုင်သဇင်ကျော် (၂၁နှစ်) GTU ကျောင်းသူ အေးသာယာ
နှင့်ဇာခြည်ထွန်း (၂၁နှစ်)့ မြန်မာစာအဝေးသင်ရေဦးရွာ ရွာငံနေသူတို့ ဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top