Golden City Promotion
×

အသက္ ၈၀ ေက်ာ္ ၉၀ အတြင္း အရြယ္ရွိၿပီျဖစ္တဲ့ သမုိင္းဆရာတစ္ဦးဟာ လြန္ခဲ့တဲ့ ရာစုႏွစ္ေလးခုအၾကာက ထုိင္း – ဗမာ စစ္ပြဲက ထိုင္းဘုရင္ အႏုိင္ရခဲ့တယ္ဆိုတဲ့ ဆင္စီးခ်င္းတုိက္ပြဲကုိ ေ၀ဖန္မႈေၾကာင့္ ထုိင္းႏိုင္ငံရဲ႕ တင္းၾကပ္တဲ့ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ၊ သစၥာေဖာက္မႈဆုိင္ရာ ဥပေဒနဲ႔ တရားစြဲခံလိုက္ရၿပီ ျဖစ္ပါတယ္။

ဆူလတ္ခ္ ဆီဗာစကာ (Sulak Sivarska) လို႔ အမည္ရတဲ့ အသက္ ၈၄ ႏွစ္ အရြယ္ ထုိင္းႏိုင္ငံ က နာမည္ေက်ာ္ သမုိင္းပညာရွင္ဟာ စစ္ဘက္ဆုိင္ရာ ေရွ႕ေနမ်ားရဲ႕ ဆင့္ေခၚမႈကုိ ယေန႔ တနလၤာေန႔မွာ လက္ခံရရွိခဲ့ၿပီး၊ ထိုင္းႏိုင္ငံ ကုိ ၁၅၉၀ – ၁၆၀၅ ခုႏွစ္အတြင္း အုပ္စုိးခဲ့တဲ့ ဘုရင္ နရဲစူအမ္/ နရဲစြမ္ (Naresuan) ရဲ႕ သမုိင္း၀င္ေအာင္ပြဲကုိ ေ၀ဖန္မႈအေပၚ စစ္ေဆးေမးျမန္းရန္ ျဖစ္တယ္လို႔ သိရပါတယ္။

ထုိင္းႏိုင္ငံ မွာ ေတာ္၀င္မိသားစုကုိ သိကၡာခ်၊ ေစာ္ကား၊ ၿခိမ္းေျခာက္သူေတြ အတြက္ အလြန္ျပင္းထန္တဲ့ ဥပေဒရွိၿပီး အမ်ားဆံုး ေထာင္ ၁၅ ႏွစ္အထိ ခ်ခံရဖြယ္ရွိပါတယ္။

မစၥတာ ဆူလတ္ က သူ႕ကုိ ရဲတပ္ဖြဲ႕က တနလၤာေန႔မွာ လာေရာက္ဖို႔ အေၾကာင္းၾကားမႈရရွိခဲ့အၿပီး သူ႕ရဲ႕ ကိစၥက ေသြးရိုးသားရိုးေတာ့ မဟုတ္ေၾကာင္း၊ ပံုမွန္မဟုတ္လို႔ ယူဆရေၾကာင္း ဘန္ေကာက္ပုိ႔စ္ သတင္းစာကုိ ေျပာပါတယ္။“ အကယ္၍ တုိင္းျပည္ဟာ ပံုမွန္ျဖစ္မယ္ဆိုရင္ တရားဥပေဒစုိးမုိးေရး ရွိမယ္ . . .အဲဒီေနာက္ ဘာျပႆနာမွရွိမွာ မဟုတ္ဘူး” လို႔ သူက ဆိုပါတယ္။သူ႕ရဲ႕ ေရွ႕ေန ပန္တစ္ ဘြန္ဆန္ႏြန္ (Puangtip Boonsanong) က သူ႕အေနနဲ႔ သမုိင္းပညာရွင္ရဲ႕ မွတ္ခ်က္ေတြဟာ ေတာ္၀င္မိသားစုကုိ အကာအကြယ္ေပးထားတဲ့ ဥပေဒကုိ ဘယ္လိုမ်ား ခ်ိဳးေဖာက္ရာက်ေနသလည္း ဆိုတာကုိ နားမလည္ဘူးလို႔ ဆိုပါတယ္။

မစၥတာ ဆူလတ္ က ဘုရင္ နရဲစြမ္ ဟာ အမ်ိဳးသားေရး၀ါဒျဖန္႔ခ်ီတဲ့ ရုပ္ရွင္ေတြထက္ ေငြေၾကးအကုန္အက်အလြန္ခံၿပီး ထိုးတင္ေပးလိုက္တဲ့ ဇာတ္ေကာင္တစ္ခုျဖစ္ကာ၊ လက္ရွိအခ်ိန္မွာ အာဏာသိမ္း စစ္အစုိးရက ျပန္လည္အသက္သြင္းေနတာျဖစ္ေၾကာင္း ၂၀၁၄ ခုႏွစ္က ဘန္ေကာက္၊ သမ္မာဆက္တကၠသိုလ္ (Thammasat University) မွာ ေျပာခဲ့ဖူးပါတယ္။

နရဲစြမ္ ရဲ႕ ရန္သူကုိ ထုိးစစ္ဆင္၊ ဗမာမင္းသားကုိ ဆင္ဦးကင္းထက္ အႏုိင္ယူလုိက္တဲ့ ဇာတ္လမ္းကုိ သံသယရွိေၾကာင္း ေျပာၾကားခဲ့ၿပီး၊ လူေတြကုိ ၀ါဒျဖန္႔ခ်ီေရးမွာ ေပ်ာ္၀င္လဲက်မသြားဖို႔ တုိက္တြန္းခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Opinion Leaders Mediea

#Unicode Version#
အသက် ၈၀ ကျော် ၉၀ အတွင်း အရွယ်ရှိပြီဖြစ်တဲ့ သမိုင်းဆရာတစ်ဦးဟာ လွန်ခဲ့တဲ့ ရာစုနှစ်လေးခုအကြာက ထိုင်း – ဗမာ စစ်ပွဲက ထိုင်းဘုရင် အနိုင်ရခဲ့တယ်ဆိုတဲ့ ဆင်စီးချင်းတိုက်ပွဲကို ဝေဖန်မှုကြောင့် ထိုင်းနိုင်ငံရဲ့ တင်းကြပ်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သစ္စာဖောက်မှုဆိုင်ရာ ဥပဒေနဲ့ တရားစွဲခံလိုက်ရပြီ ဖြစ်ပါတယ်။

ဆူလတ်ခ် ဆီဗာစကာ (Sulak Sivarska) လို့ အမည်ရတဲ့ အသက် ၈၄ နှစ် အရွယ် ထိုင်းနိုင်ငံ က နာမည်ကျော် သမိုင်းပညာရှင်ဟာ စစ်ဘက်ဆိုင်ရာ ရှေ့နေများရဲ့ ဆင့်ခေါ်မှုကို ယနေ့ တနင်္လာနေ့မှာ လက်ခံရရှိခဲ့ပြီး၊ ထိုင်းနိုင်ငံ ကို ၁၅၉၀ – ၁၆၀၅ ခုနှစ်အတွင်း အုပ်စိုးခဲ့တဲ့ ဘုရင် နရဲစူအမ်/ နရဲစွမ် (Naresuan) ရဲ့ သမိုင်းဝင်အောင်ပွဲကို ဝေဖန်မှုအပေါ် စစ်ဆေးမေးမြန်းရန် ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ မှာ တော်ဝင်မိသားစုကို သိက္ခာချ၊ စော်ကား၊ ခြိမ်းခြောက်သူတွေ အတွက် အလွန်ပြင်းထန်တဲ့ ဥပဒေရှိပြီး အများဆုံး ထောင် ၁၅ နှစ်အထိ ချခံရဖွယ်ရှိပါတယ်။

မစ္စတာ ဆူလတ် က သူ့ကို ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ လာရောက်ဖို့ အကြောင်းကြားမှုရရှိခဲ့အပြီး သူ့ရဲ့ ကိစ္စက သွေးရိုးသားရိုးတော့ မဟုတ်ကြောင်း၊ ပုံမှန်မဟုတ်လို့ ယူဆရကြောင်း ဘန်ကောက်ပို့စ် သတင်းစာကို ပြောပါတယ်။“ အကယ်၍ တိုင်းပြည်ဟာ ပုံမှန်ဖြစ်မယ်ဆိုရင် တရားဥပဒေစိုးမိုးရေး ရှိမယ် . . .အဲဒီနောက် ဘာပြဿနာမှရှိမှာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။သူ့ရဲ့ ရှေ့နေ ပန်တစ် ဘွန်ဆန်နွန် (Puangtip Boonsanong) က သူ့အနေနဲ့ သမိုင်းပညာရှင်ရဲ့ မှတ်ချက်တွေဟာ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ဘယ်လိုများ ချိုးဖောက်ရာကျနေသလည်း ဆိုတာကို နားမလည်ဘူးလို့ ဆိုပါတယ်။

မစ္စတာ ဆူလတ် က ဘုရင် နရဲစွမ် ဟာ အမျိုးသားရေးဝါဒဖြန့်ချီတဲ့ ရုပ်ရှင်တွေထက် ငွေကြေးအကုန်အကျအလွန်ခံပြီး ထိုးတင်ပေးလိုက်တဲ့ ဇာတ်ကောင်တစ်ခုဖြစ်ကာ၊ လက်ရှိအချိန်မှာ အာဏာသိမ်း စစ်အစိုးရက ပြန်လည်အသက်သွင်းနေတာဖြစ်ကြောင်း ၂၀၁၄ ခုနှစ်က ဘန်ကောက်၊ သမ်မာဆက်တက္ကသိုလ် (Thammasat University) မှာ ပြောခဲ့ဖူးပါတယ်။

နရဲစွမ် ရဲ့ ရန်သူကို ထိုးစစ်ဆင်၊ ဗမာမင်းသားကို ဆင်ဦးကင်းထက် အနိုင်ယူလိုက်တဲ့ ဇာတ်လမ်းကို သံသယရှိကြောင်း ပြောကြားခဲ့ပြီး၊ လူတွေကို ဝါဒဖြန့်ချီရေးမှာ ပျော်ဝင်လဲကျမသွားဖို့ တိုက်တွန်းခဲ့ပါသေးတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  Opinion Leaders Mediea
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top