Golden City Promotion
×

၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ ၈ ရက္ေန႔ ၁၉၀၀ အခ်ိန္ ပဲခူးျမဳိ ့ အမွတ္-၂နယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ေငြစကၠဴအတုမ်ား ကိုင္ေဆာင္သုံးစြဲေနေၾကာင္း သတင္းအရ ပဲခူးၿမိဳ႕၊ မဇင္းရပ္ကြက္၊ မ/၁၈၀ေန ေအာင္ေက်ာ္ေထြး (ခ)ဘားလား၊ (၃၀)ႏွစ္ ငွားရမ္းေနထိုင္သည့္ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ (၁၀၀၀၀)က်ပ္တန္ ေငြစကၠဴအတု(၂၃)ရြက္ ဖမ္းဆီးရမိ ခဲ့ေၾကာင္း သိရပါသည္။

 ေအာင္ေက်ာ္ေထြး (ခ)ဘားလား ေနအိမ္အတြင္းရွိ မွန္ဗီဒို အတြင္းမွ စကပ္ထမီႏွင့္ အကၤ်ီ(မဝတ္)ျဖင့္ လိပ္လ်က္ထည့္ထား သည့္ (၁၀၀၀၀)က်ပ္တန္ ေငြစကၠဴအတု(၂၃)ရြက္အား ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။

၂၀၃၀ အခ်ိန္ ေအာင္ေက်ာ္ေထြး (ခ)ဘားလား (ဖမ္းမိ)အား အမွတ္-၂နယ္ေျမရဲစခန္း (ပ)၇၉၅/၂၀၁၇၊ ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၅/၁၀၆ ျဖင့္ အမွုဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း ျပည္ထဲေရး ၀န္ၾကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ ၁၉၀၀ အချိန် ပဲခူးမြို့ အမှတ်-၂နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ငွေစက္ကူအတုများ ကိုင်ဆောင်သုံးစွဲနေကြောင်း သတင်းအရ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မ/၁၈၀နေ အောင်ကျော်ထွေး (ခ)ဘားလား၊ (၃၀)နှစ် ငှားရမ်းနေထိုင်သည့်နေအိမ်အား ဝင်ရောက်ရှာဖွေရာ (၁၀၀၀၀)ကျပ်တန် ငွေစက္ကူအတု(၂၃)ရွက် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရပါသည်။

 အောင်ကျော်ထွေး (ခ)ဘားလား နေအိမ်အတွင်းရှိ မှန်ဗီဒို အတွင်းမှ စကပ်ထမီနှင့် အင်္ကျီ(မဝတ်)ဖြင့် လိပ်လျက်ထည့်ထား သည့် (၁၀၀၀၀)ကျပ်တန် ငွေစက္ကူအတု(၂၃)ရွက်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၂၀၃၀ အချိန် အောင်ကျော်ထွေး (ခ)ဘားလား (ဖမ်းမိ)အား အမှတ်-၂နယ်မြေရဲစခန်း (ပ)၇၉၅/၂၀၁၇၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top