Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ရန် #


၁- သံပုရာသီး


၂- Tea tree oil


၃- Aspirin


၎- ပန်းသီးရှာလကာရည်


၅- ရေခဲတုံး

ယားယံခြင်း နှင့် နီမြန်းရောင်ခြင်းတိုကိုသက်သာစေလို့ ရေခဲတုန်းကိုလည်း ၀က်ခြံအတွက်သုံးလို့ရပါတယ်။

၆- ပျားရည်


၇- Green tea


၈- မုန့်ဖုတ်ဆော်ဒါ


၉- ကြက်ဥ


၁၀- သစ်ကြံပိုးခေါက်



# Unicode Version ဖြင့် ဖတ်ရန် #

ဝက်ခြံနှင့် အမဲစက်တွေက အမာရွတ်များကို ထင်ကျန်စေပြီး အသားအရည်ကို မွဲခြောက်စေပါတယ်။အောက်ဖော်ပြပါ အချက်တွေသုံးပြီး ဝက်ခြံအမဲစက်တွေကို တာ့တာ ပြလိုက်ကြရအောင်နော်။သန့်ရှင်းခြင်း ၊ အစိုဓါတ်ပုံမှန်ရအောင်လုပ်ပေးခြင်း တို့က မိတ်ကပ်များကို ဖယ်ရှားပေးပြီး အဆီပြန်ခြင်း၊ အညစ်အကြေးများနှင့် သေနေတဲ့ဆဲလ်တွေကို ဖယ်ရှားပေးပါတယ်။

၁- သံပုရာသီး

အက်ဆစ်ဓါတ်ကြွယ်ဝတဲ့သံပုရာသီးမက ဝက်ခြံတွေကို ပါးလျားခြောက်သွေ့စေ၍ အသားအရည်ကို နုးညံ့စေပါတယ်။ သံပုရာသီးကို အကွင်းလေးတွေလှီးဖြတ်ပြီး မျက်နှာကို ပွတ်ပေးခြင်း ၊ကပ်ပေးခြင်း တို့လုပ်ပေးနိုင်ပါတယ်။

၂- Tea tree oil

Tea tree oil မှာ ဘက်တီးရီးယားတွေကိုသေစေတဲ့ဓါတ်တွေပါဝင်လို့ ဆားဝက်ခြံ နှင့် အမဲစက်အမြုံများကို ပျောက်ကင်းစေပါတယ်။

၃- Aspirin

salicylic acid ဓါတ်ပုံစံတူပါတဲ့ Aspirin ကို ရေအနည်းငယ်နှင့်ရော၍ ဝက်ခြံရှိရာတစ်ဝိုက်ကို ငါးမိနစ်ခန့်လိမ်းထားပေးကာ ရေနှင့် ညင်သာစွာပြန်ဆေးချနိုင်ပါတယ်။

၄- ပန်းသီးရှာလကာရည်

ဝက်ခြံဖြစ်စေတဲ့ပိုးမွှားများကိုသေစေတဲ့တွက် ပန်းသီးရှာလကာရည်တစ်ဇွန်းကို ရေနှစ်ဇွန်းနှင့်ရော၍ ပုံမှန်တိုနာလိုနေုစဉ် သုံးလို့ရပါတယ်။

၅- ရေခဲတုံး

ယားယံခြင်း နှင့် နီမြန်းရောင်ခြင်းတိုုကိုသက်သာစေလို့ ရေခဲတုန်းကိုလည်း ဝက်ခြံအတွက်သုံးလို့ရပါတယ်။

၆- ပျားရည်

သဘာဝရောဂါပိုးသတ်ဆေးပါတဲ့ ပျားရည်ကို ဝက်ခြံ ၊ အမဲစက်ရှိတဲ့နေရာတွင် မိနစ် ၃၀ (သို့) တစ်ညလုံးလိမ်းထားနိုင်ပြီး ရေနွေးနဲ့ဆေးကြောနိုင်ပါတယ်။

၇- Green tea

Green tea က ဝက်ခြံဖြစ်ခြင်းကို သက်သာစေ၍ ရောင်ယမ်းခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ Green tea နှစ်ဇွန်းကို ရေနွေးထဲတွင် ၁၀ မိနစ်ခန်ု ပြုတ်ထားပေးပါ။ နားကျပ်ဂွမ်းတံ (သို့) အဝတ်စလေးကိုလည်း ၁၀ မိနစ်ခန်ု နှစ်ထား၍ ဝက်ခြံနေရာတစ်ဝိုက်ကို လိမ်းပေးနိုင်ပါတယ်။

၈- မုန့်ဖုတ်ဆော်ဒါ

ဝက်ခြံကြောင့်ဖြစ်တက်တဲ့ ရောင်ခြင်း ၊ ယာခြင်း ၊ နီုမြန်းခြင်း တို့ကို ပျောက်ကင်းစေတဲ့ဓါတ်တွေပါဝင်တဲ့အတွက် ရေနဲ့ရော၍ ဝက်ခြံရှိရာနေရာပေါ်တွင် မခြောက်မခြင်းလိမ်းထားပြီးမှ ရေနွေးနဲ့ပြန်ဆေးကြောပေးပါ။

၉- ကြက်ဥ

မသန်ုစင်တဲ့အရာများနဲ့ဝက်ခြံအမြုံတွေကိုဆွဲထုတ်ပေးနိုင်တဲ့အတွက် ပျားရည်အနည်းငယ်ရော၍ မျက်နှာပေါ် ၁၀-၁၅ မိနစ်ခန်ုလိမ်းထားပေးနိုင်ပါတယ်။

၁၀- သစ်ကြံပိုးခေါက်

ပျားရည် သုံးဇွန်း ၊ သစ်ကြံပိုးခေါက်မှုန့်တစ်ဇွန်းတို့ကိုရော၍ လိမ်းပေးနိုင်ပါတယ်။သစ်ကြံပိုးမှာ ဝက်ခြံဖြစ်ခြင်းကို တားဆီးပေးတဲ့ဓါတ်သတ္တိတွေပါဝင်ပြီး ပျားရည်ကတော့ အရောင်ကျစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mingalarbarmorning
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top