Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

Credit:Thithtoolwin
#Unicode Version#
 မန္တလေးမြို့တွင် စင် ကာပူနည်းပညာသုံး ကွန်ကရစ် များ အသုံးပြုကာ မြောင်းကူး တံတားခြောက်စင်း တည်ဆောက်မည်ဖြစ်ပြီး ပထမဆုံးတံတားကို စတင်ဆောက်လုပ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီဝင် ဦးကျော်ဇော အောင်က ပြောသည်။

ကြိုတင်သွန်းလောင်းထား သည့် ကွန်ကရစ်နည်းပညာ (Pre-cast Concrete Techonology) အသုံးပြုကာ မန္တလေးမြို့ ၄၃ လမ်း၊ ၆၄ လမ်းနှင့် ၆၅ လမ်းကြား မြောင်းကြီးမြောင်းတစ်လျှောက် တွင် တံတားငါးစင်းနှင့် ၄၉ လမ်း၊ နဒီမြောင်းတွင် တံတားတစ်စင်း တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘မန္တလေးမြို့သူ၊ မြို့သား တွေအတွက် အချိန်ကုန်၊ ငွေကုန် သက်သာစေပြီး ကြာရှည်ခံမယ့် နည်းပညာတွေနဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင်လို့ တည် ဆောက်တာပါ’’ဟု ဦးကျော်ဇော အောင်က ဆိုသည်။

ထိုသို့ စင်ကာပူနည်းပညာ သုံး ကွန်ကရစ်များအသုံးပြုကာ မြောင်းကူးတံတားများ တည် ဆောက်ခြင်းသည် မြန်မာနိုင်ငံ တွင် ပထမဆုံးဖြစ်ပြီး ထိုနည်း ပညာကို အသုံးပြုတည်ဆောက် ၍ အချိန်ကုန်သက်သာခြင်းနှင့် အရည်အသွေးပိုင်းဆိုင်ရာ ထိန်းချုပ် ထုတ်လုပ်ထားသည့် ပစ္စည်းများ ဖြစ်သောကြောင့် ကြာရှည်ခိုင်ခံ့ မည်ဖြစ်ကြောင်း   တံတားများ တည်ဆောက်ရန် တာဝန်ယူထား သည့် စင်ကာပူအခြေစိုက် Smart Concrete Product ကုမ္ပဏီ အ လုပ်အမှုဆောင်ဒါရိုက်တာ ဦးနေ လင်းထွန်းက ပြောသည်။

‘‘ပုံမှန်အတိုင်း ဒီတံတားတွေ ဆောက်မယ်ဆိုရင် တစ်လခွဲ လောက် ကြာနိုင်တာကို ခုနည်း ပညာနဲ့ အသင့်လုပ်ထားတဲ့ အ ရည်အသွေးပိုင်းစံချိန်မီတဲ့ ကွန် ကရစ်တွေ အသုံးပြုလုပ်လိုက်တဲ့ အခါမှာ တည်ဆောက်ချိန် သုံး ပတ်လောက်ပဲ ကြာမယ်။ တံတားက ထုပ်ပျောက်စနစ်နဲ့ ဒေါက် တွေ၊ တန်းတွေမပါလို့ ရေစီးရေ လာလည်း ပိုကောင်းစေမယ်’’ဟု ဦးနေလင်းထွန်းက ပြောသည်။

လက်ရှိတည်ဆောက်နေ သည့်   မြောင်းကူးတံတားသည်  အ ရှည်ပေ ၂၀၊ အကျယ်ပေ ၄၀ ရှိပြီးတံတားတစ်စင်း ကုန်ကျငွေ ကျပ်သိန်း ၄၀၀ မှ ၅၀၀ ကြားရှိ ကြောင်း၊ တန် ၆၀ ခံနိုင်ရည်အား ရှိပြီး ကွန်ကရစ်သက်တမ်း နှစ် ၆၀ အာမခံကြောင်း ဦးနေလင်းထွန်း က ပြောသည်။

ကြိုတင်သွန်းလောင်းထား သည့် ကွန်ကရစ်နည်းပညာကို အဆောက်အအုံနှင့် တံတားတည်ဆောက်ခြင်းကဲ့သို့ လုပ်ငန်းများ တွင် အသုံးပြုပြီး ဂျာမနီနိုင်ငံမှ စတင်ကာ ဥရောပနိုင်ငံများနှင့် ဂျပန်၊ စင်ကာပူနိုင်ငံတို့၌ တွင်ကျယ်စွာ အသုံးပြုသည့် နည်းပညာတစ်ခုဖြစ်ကြောင်း ဦးနေ လင်းထွန်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top