ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မွတ္မွတ္ရရ ရြာက ဘြားတင္လွ ဆံုးတုန္းက အေၾကာင္းေလး ေဖာက္သည္ခ်အံုးမယ္။
ဘြားတင္လွက ေဒၚကပ္စီးဗ်။အလႉအတန္းဆို နည္းနည္းမွမရိွ။အိမ္ေရွ႕ဘုန္းႀကီး ဆြမ္းခံ ႂကြတာေတာင္ ေတြ႕ရင္ အိမ္တံခါးပိတ္ပစ္တာ။

သူ႕ဝမ္းေတာင္ သူမသထာဘူးဗ်။ သူကေယာက်္ားက မရိွေတာ့ဘူးဆိုေတာ့ ရြာမွာ သားမိႏွစ္ေယာက္ပဲေနတာ။ရြာနာမည္ေတာ့ မေျပာေတာ့ပါဘူးဗ်ာ။ မေသခင္ထူးဆန္းတယ္ဗ်။တစ္ရက္ အသည္းအသန္ေနမေကာင္းျဖစ္ေတာ့ သားငတင္က နာမည္ႀကီး ဆရာဝန္နဲ႔ ျပဖို႔ လက္မခံဘူး။ပိုက္ဆံကုန္မွာစိုးလို႔တဲ့ ။ ေနာက္ဆံုး မတတ္ႏိုင္တဲ့ အဆံုး သားျဖစ္သူက ၿမိဳ႕တက္ၿပီး ဆရာဝန္ သြားေခၚတာေပါ့။ဘြားတင္လွ ႀကီးကေတာ့ တစ္ရြာလံုးၾကည့္မရေတာ့ ဘယ္သူမွ လာမၾကည့္ၾကဘူးေလ။အိပ္ယာထဲမွာ တစ္ေယာက္တည္းက်န္ခဲ့တာေပါ့။ ငတင္က ဆရာဝန္ပင့္ၿပီးျပန္လာေတာ့ ဘြာတင္လွ တစ္ေယာက္ ေရခ်ဳိး ၊ သနပ္ခါးေတြ လိမ္းၿပီးလွပ ေနတာေတြ႕ေတာ့ ငတင္က အံ့ဩသြားတာေပါ့။

မနက္ကမွ အိပ္ယာထဲ ဘုန္းဘုန္းလဲ ၿပီး မစားႏိုင္မထႏိုင္ျဖစ္ေနတဲ့ အေမအိုက အခု သူမဟုတ္သလို ပဲ ။
ဆရာဝန္ကို ေတာင္းပန္ၿပီး ျပန္ပို႔ ၿပီးေတာ့ အေမ့ကို ေမးတာေပါ့။
"အေမ ဘယ္လိုျဖစ္ၿပီး ေပ်ာက္သြားတာလဲ ဗ်"
အေမက ဘာမွ မေျပာဘူး။ၿပီးေတာ့ ခဏ ခဏ ဆိုသလို ထမင္းစားေနေတာ့တာပဲ။ အရင္က သားမိႏွစ္ေယာက္ တစ္ရက္လံုးစားမကုန္တဲ့ထမင္းကို တထိုင္ထဲ ထိုင္စားတာဗ်။ ငတင္က သူ႕အေမ ေနေကာင္းရင္ၿပီးေရာ ဆိုၿပီးလႊတ္ထားတာေပါ့။

တစ္ျဖည္းျဖည္းနဲ႔ ပိုကုန္တယ္ဗ်။ တစ္ျဖည္းျဖည္းနဲ႔ ငတင္က မသကၤာျဖစ္လာၿပီ၊ အဲ့ဒါနဲ႔ ရြာဦးေက်ာင္းက ဆရာေတာ္ကို ေလွ်ာက္ေတာ့ ဆရာေတာ္က မိန္႔လိုက္တယ္။ ညေနက်ရင္ အိမ္ကိုလာၿပီး အေျခအေန ၾကည့္ေပးမယ္တဲ့။အဲ့လိုနဲ႔ ငတင္က အိမ္ျပန္ၿပီး အရင္လိုပဲ အကဲခတ္ေနတာေပါ့။ ထမင္းေတြကို အိုးလိုက္ ဟင္းေတြ နဲ႔ နယ္ၿပီး အားရပါးရ စားေနလိုက္တာမ်ား ၾကည့္ေတာင္မေကာင္းဘူးဗ်ာ။
ညေနေစာင္းေတာ့ ဆရာေတာ္ႂကြလာတယ္။ဆရာေတာ္ အိမ္ေပၚႂကြလာေတာ့ ဘြားတင္လွက မ်က္ေထာင့္နီနဲ႔ ၾကည့္ၿပီး ထေသာင္းၾကမ္းပါေလေရာ။
တစ္အိမ္လံုးကို ေဗ်ာင္းဆန္ေအာင္ ေသာင္းက်န္းလိုက္တာမွ။
အကုန္လံုးဆင္းေျပးရတယ္။
ဘုန္းဘုန္းက မနက္ျဖန္ေက်ာင္းကို လာခဲ့ပါတဲ့။ ငတင္ကိုမိန္႔ၿပီးျပန္ႂကြသြားတယ္။ ငတင္က အေမကိုမနည္းေခ်ာ့ေမာ့ၿပီး ေပးအိပ္လိုက္ရတယ္။

မိုးလင္းေတာ့ ငတင္က ဘုန္ႀကီးေက်ာင္းကို လာခဲ့တယ္။ေက်ာင္းေရာက္ေတာ့ ဆရာေတာ္ ကဘုရားစင္ေပၚက အင္းခ်ပ္တစ္ခ်ပ္ေပးတယ္။ၿပီးေတာ့ ဆရာေတာ္က
" ကဲ ငတင္ အဲ့အင္းခ်ပ္ကို ယူသြား။ နင့္ အေမ အိပ္တဲ့ အိပ္ယာေအာက္မွာ သူမသိေအာင္ သြားထား။
သံုးရက္အတြင္း ထူးျခား မျခားေစာင့္ၾကည့္။ မထူးျခားဘူးဆိုရင္ ငါ့ဆီ တစ္ခါျပန္လာခဲ့။ ေအာ္ တစ္ပါတည္း ပရိတ္ႀကိဳးပါယူသြား ကုတင္ရဲ႕ ေလးဖက္ေလးလံ မွာ ခ်ည္ထားလိုက္။"
" တင္ပါ့ ဘုရား "
" တပည့္ေတာ္ ျပန္လိုက္ပါအံုးမယ္ ဘုရား "
" ေအ ေအ ေကာင္းၿပီ "
အဲ့ဒါနဲ႔ ငတင္တစ္ေယာက္လည္း ဆရာေတာ္ေပးတဲ့ ပစၥည္း ေတြကို ယူၿပီး အိမ္ျပန္လာခဲ့တယ္။
အိမ္ေရာက္ေတာ့ အေမက ထံုးစံအတိုင္း ဆြဲေရးေပးေနၿပီ၊
အေမမသိေအာင္ တိတ္တိတ္ေလး အိမ္ေပၚကို တက္လာတာေပါ့။ ၿပီးေတာ့ အိပ္ယာထဲကို သြားၿပီး ဆရာေတာ္ ေျပာတဲ့အတိုင္း စီစဥ္ၿပီး အသာေလးေစာင့္ၾကည့္ေနတာေပါ့။

တစ္ရက္ ၊ ႏွစ္ရက္ ၊ မထူးျခားဘူးဗ်။ သံုးရက္ေျမာက္တဲ့ ေန႔မွာစၿပီ၊
အေမတစ္ေယာက္ အိပ္ေနရင္းနဲ႔ ညဥ္းသံ ထြက္လာတယ္။တစ္ျဖည္းျဖည္းနဲ႔ ပိုဆိုးလာတယ္။တစ္ကိုယ္လံုး အိပ္ယာေပၚမွာ လူးလိမ့္ၿပီး ေအာ္ဟစ္ေနေတာ့တာပဲ ။ အိပ္ယာတစ္ခုလံုးလဲ ဆုတ္ၿဖဲ ပစ္တာမ်ား ျမင္မေကာင္းစရာႀကီး။ ပါးစပ္ကလဲ တဝူးဝူး တဝါးဝါး နဲ႔ အသံနက္ႀကီးနဲ႔ ေအာ္ဟစ္ၿပီး ၿငိမ္က်သြားေတာ့တယ္။

အဲ့ေတာ့မွ ငတင္တစ္ေယာက္ ဆရာေတာ္ဘုရားကိုပင့္ၿပီး တစ္အိမ္လံုးကို ပရိတ္ရြတ္ ပရိတ္ေရ ဖ်န္းၿပီး ဘြားတင္လွ အတြက္ အမွ် အတန္းေလးေပးေဝတာေပါ့။
ၿပီးေတာ့ ဘြားတင္လွ အေလာင္းကိုေျမခ်ၿပီး အိမ္မွာ အလႉအတန္းလုပ္ေတာ့ က်ေနာ္တို႔ အဖြဲ႕လည္း သူ႕အိမ္မွာ သြားဝိုင္းလုပ္ရင္း ညဖက္ဖဲ ထိုင္႐ိုက္တာေပါ့။
ဖဲ႐ိုက္ရင္း အဲ့အေၾကာင္းေတြကို ငတင္က ျပန္ေျပာျပေနတာ။

က်ေနာ္တို႔ အဖြဲ႕ လည္းငတင္ေျပာတာကို အာ႐ံုစိုက္ၿပီး နားေထာင္ေနတာေပါ့။
အဲ့အခ်ိန္မွာ မီးက ဖ်က္ကနဲ ဆိုပ်က္သြားတယ္။ငတင္က မီးအိမ္ေလးထြန္းလိုက္တယ္။
အေမွာင္ထဲမွာ ဘြားတင္လွ ဓာတ္ပံု က အသက္ဝင္ၿပီးေဒါသထြက္ေနတဲ့ မ်က္လံုးအစံုနဲ႔ ၾကည့္ေနသလိုပဲ။ က်ေနာ္လည္း မ်က္လံုးက ဘြားတင္လွဆီေရာက္သြားခဲ့တယ္။ က်ေနာ္လည္း ေတြ႕ ေရာ ဓာတ္ပံု ထဲကေန ဘြားတင္လွႀကီးထြက္လာတာေတြ႕လိုက္ရတယ္။ အသက္႐ႉရပ္မတတ္ လန္႔ၿပီး တစ္ခ်ဳိးထဲ အိမ္ေပၚကေန ဆင္းေျပးၾကတာ ဖိနပ္ေတာင္ တစ္ေယာက္မွ မပါဘူး။ငတင္ပါဆင္းေျပးတာ၊
က်ေနာ္ေနာက္ျပန္လွည့္ၾကည့္ေတာ့ ျပတင္းေပါက္ကေန ဘြားတင္လွ ႀကီးခါးေထာက္ၿပီးၾကည့္ေနတာ လွမ္းျမင္လိုက္ရတယ္ဗ်ာ ေၾကာက္စရာၾကီးးးး 
အိမ္ေရာက္ေတာ့ အိပ္လို႔ေတာင္မေပ်ာ္ေတာ့ဘူးဗ်ာ ။ေၾကာက္လိုက္တာေျပာမေနပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သရဲေလး sky

#Unicode Version#
မှတ်မှတ်ရရ ရွာက ဘွားတင်လှ ဆုံးတုန်းက အကြောင်းလေး ဖောက်သည်ချအုံးမယ်။
ဘွားတင်လှက ဒေါ်ကပ်စီးဗျ။အလှူအတန်းဆို နည်းနည်းမှမရှိ။အိမ်ရှေ့ဘုန်းကြီး ဆွမ်းခံ ကြွတာတောင် တွေ့ရင် အိမ်တံခါးပိတ်ပစ်တာ။

သူ့ဝမ်းတောင် သူမသထာဘူးဗျ။ သူကယောကျ်ားက မရှိတော့ဘူးဆိုတော့ ရွာမှာ သားမိနှစ်ယောက်ပဲနေတာ။ရွာနာမည်တော့ မပြောတော့ပါဘူးဗျာ။ မသေခင်ထူးဆန်းတယ်ဗျ။တစ်ရက် အသည်းအသန်နေမကောင်းဖြစ်တော့ သားငတင်က နာမည်ကြီး ဆရာဝန်နဲ့ ပြဖို့ လက်မခံဘူး။ပိုက်ဆံကုန်မှာစိုးလို့တဲ့ ။ နောက်ဆုံး မတတ်နိုင်တဲ့ အဆုံး သားဖြစ်သူက မြို့တက်ပြီး ဆရာဝန် သွားခေါ်တာပေါ့။ဘွားတင်လှ ကြီးကတော့ တစ်ရွာလုံးကြည့်မရတော့ ဘယ်သူမှ လာမကြည့်ကြဘူးလေ။အိပ်ယာထဲမှာ တစ်ယောက်တည်းကျန်ခဲ့တာပေါ့။ ငတင်က ဆရာဝန်ပင့်ပြီးပြန်လာတော့ ဘွာတင်လှ တစ်ယောက် ရေချိုး ၊ သနပ်ခါးတွေ လိမ်းပြီးလှပ နေတာတွေ့တော့ ငတင်က အံ့ဩသွားတာပေါ့။

မနက်ကမှ အိပ်ယာထဲ ဘုန်းဘုန်းလဲ ပြီး မစားနိုင်မထနိုင်ဖြစ်နေတဲ့ အမေအိုက အခု သူမဟုတ်သလို ပဲ ။
ဆရာဝန်ကို တောင်းပန်ပြီး ပြန်ပို့ ပြီးတော့ အမေ့ကို မေးတာပေါ့။
"အမေ ဘယ်လိုဖြစ်ပြီး ပျောက်သွားတာလဲ ဗျ"
အမေက ဘာမှ မပြောဘူး။ပြီးတော့ ခဏ ခဏ ဆိုသလို ထမင်းစားနေတော့တာပဲ။ အရင်က သားမိနှစ်ယောက် တစ်ရက်လုံးစားမကုန်တဲ့ထမင်းကို တထိုင်ထဲ ထိုင်စားတာဗျ။ ငတင်က သူ့အမေ နေကောင်းရင်ပြီးရော ဆိုပြီးလွှတ်ထားတာပေါ့။

တစ်ဖြည်းဖြည်းနဲ့ ပိုကုန်တယ်ဗျ။ တစ်ဖြည်းဖြည်းနဲ့ ငတင်က မသင်္ကာဖြစ်လာပြီ၊ အဲ့ဒါနဲ့ ရွာဦးကျောင်းက ဆရာတော်ကို လျှောက်တော့ ဆရာတော်က မိန့်လိုက်တယ်။ ညနေကျရင် အိမ်ကိုလာပြီး အခြေအနေ ကြည့်ပေးမယ်တဲ့။အဲ့လိုနဲ့ ငတင်က အိမ်ပြန်ပြီး အရင်လိုပဲ အကဲခတ်နေတာပေါ့။ ထမင်းတွေကို အိုးလိုက် ဟင်းတွေ နဲ့ နယ်ပြီး အားရပါးရ စားနေလိုက်တာများ ကြည့်တောင်မကောင်းဘူးဗျာ။
ညနေစောင်းတော့ ဆရာတော်ကြွလာတယ်။ဆရာတော် အိမ်ပေါ်ကြွလာတော့ ဘွားတင်လှက မျက်ထောင့်နီနဲ့ ကြည့်ပြီး ထသောင်းကြမ်းပါလေရော။
တစ်အိမ်လုံးကို ဗျောင်းဆန်အောင် သောင်းကျန်းလိုက်တာမှ။
အကုန်လုံးဆင်းပြေးရတယ်။
ဘုန်းဘုန်းက မနက်ဖြန်ကျောင်းကို လာခဲ့ပါတဲ့။ ငတင်ကိုမိန့်ပြီးပြန်ကြွသွားတယ်။ ငတင်က အမေကိုမနည်းချော့မော့ပြီး ပေးအိပ်လိုက်ရတယ်။

မိုးလင်းတော့ ငတင်က ဘုန်ကြီးကျောင်းကို လာခဲ့တယ်။ကျောင်းရောက်တော့ ဆရာတော် ကဘုရားစင်ပေါ်က အင်းချပ်တစ်ချပ်ပေးတယ်။ပြီးတော့ ဆရာတော်က
" ကဲ ငတင် အဲ့အင်းချပ်ကို ယူသွား။ နင့် အမေ အိပ်တဲ့ အိပ်ယာအောက်မှာ သူမသိအောင် သွားထား။
သုံးရက်အတွင်း ထူးခြား မခြားစောင့်ကြည့်။ မထူးခြားဘူးဆိုရင် ငါ့ဆီ တစ်ခါပြန်လာခဲ့။ အော် တစ်ပါတည်း ပရိတ်ကြိုးပါယူသွား ကုတင်ရဲ့ လေးဖက်လေးလံ မှာ ချည်ထားလိုက်။"
" တင်ပါ့ ဘုရား "
" တပည့်တော် ပြန်လိုက်ပါအုံးမယ် ဘုရား "
" အေ အေ ကောင်းပြီ "
အဲ့ဒါနဲ့ ငတင်တစ်ယောက်လည်း ဆရာတော်ပေးတဲ့ ပစ္စည်း တွေကို ယူပြီး အိမ်ပြန်လာခဲ့တယ်။
အိမ်ရောက်တော့ အမေက ထုံးစံအတိုင်း ဆွဲရေးပေးနေပြီ၊
အမေမသိအောင် တိတ်တိတ်လေး အိမ်ပေါ်ကို တက်လာတာပေါ့။ ပြီးတော့ အိပ်ယာထဲကို သွားပြီး ဆရာတော် ပြောတဲ့အတိုင်း စီစဉ်ပြီး အသာလေးစောင့်ကြည့်နေတာပေါ့။

တစ်ရက် ၊ နှစ်ရက် ၊ မထူးခြားဘူးဗျ။ သုံးရက်မြောက်တဲ့ နေ့မှာစပြီ၊
အမေတစ်ယောက် အိပ်နေရင်းနဲ့ ညဉ်းသံ ထွက်လာတယ်။တစ်ဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။တစ်ကိုယ်လုံး အိပ်ယာပေါ်မှာ လူးလိမ့်ပြီး အော်ဟစ်နေတော့တာပဲ ။ အိပ်ယာတစ်ခုလုံးလဲ ဆုတ်ဖြဲ ပစ်တာများ မြင်မကောင်းစရာကြီး။ ပါးစပ်ကလဲ တဝူးဝူး တဝါးဝါး နဲ့ အသံနက်ကြီးနဲ့ အော်ဟစ်ပြီး ငြိမ်ကျသွားတော့တယ်။

အဲ့တော့မှ ငတင်တစ်ယောက် ဆရာတော်ဘုရားကိုပင့်ပြီး တစ်အိမ်လုံးကို ပရိတ်ရွတ် ပရိတ်ရေ ဖျန်းပြီး ဘွားတင်လှ အတွက် အမျှ အတန်းလေးပေးဝေတာပေါ့။
ပြီးတော့ ဘွားတင်လှ အလောင်းကိုမြေချပြီး အိမ်မှာ အလှူအတန်းလုပ်တော့ ကျနော်တို့ အဖွဲ့လည်း သူ့အိမ်မှာ သွားဝိုင်းလုပ်ရင်း ညဖက်ဖဲ ထိုင်ရိုက်တာပေါ့။
ဖဲရိုက်ရင်း အဲ့အကြောင်းတွေကို ငတင်က ပြန်ပြောပြနေတာ။

ကျနော်တို့ အဖွဲ့ လည်းငတင်ပြောတာကို အာရုံစိုက်ပြီး နားထောင်နေတာပေါ့။
အဲ့အချိန်မှာ မီးက ဖျက်ကနဲ ဆိုပျက်သွားတယ်။ငတင်က မီးအိမ်လေးထွန်းလိုက်တယ်။
အမှောင်ထဲမှာ ဘွားတင်လှ ဓာတ်ပုံ က အသက်ဝင်ပြီးဒေါသထွက်နေတဲ့ မျက်လုံးအစုံနဲ့ ကြည့်နေသလိုပဲ။ ကျနော်လည်း မျက်လုံးက ဘွားတင်လှဆီရောက်သွားခဲ့တယ်။ ကျနော်လည်း တွေ့ ရော ဓာတ်ပုံ ထဲကနေ ဘွားတင်လှကြီးထွက်လာတာတွေ့လိုက်ရတယ်။ အသက်ရှူရပ်မတတ် လန့်ပြီး တစ်ချိုးထဲ အိမ်ပေါ်ကနေ ဆင်းပြေးကြတာ ဖိနပ်တောင် တစ်ယောက်မှ မပါဘူး။ငတင်ပါဆင်းပြေးတာ၊
ကျနော်နောက်ပြန်လှည့်ကြည့်တော့ ပြတင်းပေါက်ကနေ ဘွားတင်လှ ကြီးခါးထောက်ပြီးကြည့်နေတာ လှမ်းမြင်လိုက်ရတယ်ဗျာ ကြောက်စရာကြီးးးး 
အိမ်ရောက်တော့ အိပ်လို့တောင်မပျော်တော့ဘူးဗျာ ။ကြောက်လိုက်တာပြောမနေပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: သရဲလေး sky

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top