ေအာက္တုိဘာလ ၁၈ ရက္ေန ့ည ၁၀ နာရီခန္ ့က ကခ်င္ျပည္နယ္ ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသမွာ လုပ္ကြက္ေစာင့္ ရဲတပ္ရင္း ႏွင့္ေရမေဆးမ်ား ျပႆနာ ျဖစ္ရာမွ ရဲမ်ား၏တိုက္ခိုက္မႈေၾကာင့္ ေရမေဆးေက်ာက္ရွာသူ (၅)ဦး ပြဲခ်င္းၿပီး ေသဆုံးၿပီး (၂၀)ဦး ဒဏ္ရာရခဲ့သည္ ။ ေရမေဆး (၉) ဦးသည္ အသက္အႏၲရာယ္ စိုးရိမ္ရသည့္အေနအထား ရွိသည္ဟု မ်က္ျမင္တစ္ဦး၏ ေျပာျပခ်က္အရ ကနဦး သိရွိရသည္။

၁၈.၁၀.၂၀၁၇ေန႔ ည ဆယ္နာရီ ခန္႔တြင္ ကခ်င္ျပည္နယ္ ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသ ဖားကန္႔ ၿမိဳ႕နယ္ လုံးခင္းေက်းရြာအုပ္စု ဆန္ခါေက်းရြာအနီး ငိုးပင္း ၊ ဖဝါေမွာ္ရွိ တစ္သုံးလုံး ေက်ာက္စိမ္းတူးေဖာ္ေရး ကုမၼဏီ လုပ္ကြက္အတြင္း ေရမေဆးေက်ာက္ရွာေဖြသူ( ေရမေဆး) မ်ားႏွင့္ လုပ္ကြက္ လုံျခဳံေရး ေစာင့္ေပးေသာ ရဲတပ္ရင္း (၁၄) မွ ရဲမွဴး ဦးေက်ာ္ဝင္းလႈိင္ ေခါင္းေဆာင္ေသာ ရဲအင္အား (၃၀) ခန္႔တို႔ ျပႆနာျဖစ္ပြားခဲ့သည္ ။ ည ၉:၃၀ ခ်ိန္ခန္႔ တြင္ လုပ္ကြက္အတြင္းကို ေရမေဆးမ်ားက တရားမဝင္ ေက်ာက္စိမ္း ဝင္ေရာက္ရွာေဖြမႈကို တားဆီးရာမွ အျပန္အလွန္ ခိုက္ရန္ ျဖစ္ပြားခဲ့သည္ဟု သိရသည္ ။ ည ၁၀း၃၀ ခန္႔တြင္ ေရမေဆးအင္ (၆၀၀) ခန္႔မွ ဒုတ္ဓါး လက္နက္မ်ားျဖင့္ ျပန္ေရာက္လာရာ ရဲတပ္ရင္း (၃၅) မွ အင္အာျဖည့္ ထပ္မံပူးေပါင္းကာ တိုက္ခိုက္ခဲ့သည္ဟု ရဲသတင္းမ်ား၏ အဆိုအရ သိရပါသည္ ။ ရဲမ်ား၏ လက္နက္ခဲယမ္းမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေရမေဆးေက်ာက္ရွာသူ ( ၅) ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ၿပီး (၂၀) ဦးခန္႔ ဒဏ္ရာရရွိကာ (၉) ဦးမွာ အသက္အႏၲရာယ္ စိုးရိမ္ရသည္ဟု သိရသည္

ေရမေဆးရွာေဖြသူမ်ားမွ ရဲတပ္ရင္းမွ လုံျခဳံေရးရဲတပ္ဖြဲ႕ဝင္တစ္ခ်ိဳ႕ကို ေက်ာက္ခဲမ်ားျဖင့္ ပစ္ေပါက္ျခင္း ဖမ္းဆီး႐ိုက္ႏွက္ျခင္း ၊ ကုမၼဏီပိုင္ ဘက္ဟိုးတစ္စီးအား မီရႈိ့ဖ်က္ဆီးျခင္း ျပဳလုပ္ခဲ့သည္ဟု ရဲမ်ားထံမွ သိရပါသည္ ။ ရဲမႉး ဦးေက်ာ္ဝင္းလႈိင္အပါအဝင္ ရံတပ္ဖြဲ႕အခ်ိဳ႕ ဒဏ္ရာအနည္းငယ္
ရွိခဲ့ေသာ္လည္း ရဲတပ္ဖြဲ႕ဝင္မ်ားဘက္မွ ေသဆုံးသူမရွိဟု သိရပါသည္ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၀ နာရီခန့်က ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လုပ်ကွက်စောင့် ရဲတပ်ရင်း နှင့်ရေမဆေးများ ပြဿနာ ဖြစ်ရာမှ ရဲများ၏တိုက်ခိုက်မှုကြောင့် ရေမဆေးကျောက်ရှာသူ (၅)ဦး ပွဲချင်းပြီး သေဆုံးပြီး (၂၀)ဦး ဒဏ်ရာရခဲ့သည် ။ ရေမဆေး (၉) ဦးသည် အသက်အန္တရာယ် စိုးရိမ်ရသည့်အနေအထား ရှိသည်ဟု မျက်မြင်တစ်ဦး၏ ပြောပြချက်အရ ကနဦး သိရှိရသည်။

၁၈.၁၀.၂၀၁၇နေ့ ည ဆယ်နာရီ ခန့်တွင် ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဖားကန့် မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီး ငိုးပင်း ၊ ဖဝါမှော်ရှိ တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီ လုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူ( ရေမဆေး) များနှင့် လုပ်ကွက် လုံခြုံရေး စောင့်ပေးသော ရဲတပ်ရင်း (၁၄) မှ ရဲမှူး ဦးကျော်ဝင်းလှိုင် ခေါင်းဆောင်သော ရဲအင်အား (၃၀) ခန့်တို့ ပြဿနာဖြစ်ပွားခဲ့သည် ။ ည ၉:၃၀ ချိန်ခန့် တွင် လုပ်ကွက်အတွင်းကို ရေမဆေးများက တရားမဝင် ကျောက်စိမ်း ဝင်ရောက်ရှာဖွေမှုကို တားဆီးရာမှ အပြန်အလှန် ခိုက်ရန် ဖြစ်ပွားခဲ့သည်ဟု သိရသည် ။ ည ၁၀း၃၀ ခန့်တွင် ရေမဆေးအင် (၆၀၀) ခန့်မှ ဒုတ်ဓါး လက်နက်များဖြင့် ပြန်ရောက်လာရာ ရဲတပ်ရင်း (၃၅) မှ အင်အာဖြည့် ထပ်မံပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်ဟု ရဲသတင်းများ၏ အဆိုအရ သိရပါသည် ။ ရဲများ၏ လက်နက်ခဲယမ်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရေမဆေးကျောက်ရှာသူ ( ၅) ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၂၀) ဦးခန့် ဒဏ်ရာရရှိကာ (၉) ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု သိရသည် ။

ရေမဆေးရှာဖွေသူများမှ ရဲတပ်ရင်းမှ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ချို့ကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း ဖမ်းဆီးရိုက်နှက်ခြင်း ၊ ကုမ္မဏီပိုင် ဘက်ဟိုးတစ်စီးအား မီရှို့ဖျက်ဆီးခြင်း ပြုလုပ်ခဲ့သည်ဟု ရဲများထံမှ သိရပါသည် ။ ရဲမှူး ဦးကျော်ဝင်းလှိုင်အပါအဝင် ရံတပ်ဖွဲ့အချို့ ဒဏ်ရာအနည်းငယ်
ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များဘက်မှ သေဆုံးသူမရှိဟု သိရပါသည် ။
ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top