ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေက်ာင္းမွာ ဆရာမေတြ၊ အိမ္မွာ မိဘေတြမသိေအာင္ သရဲေခၚတဲ့ ဂိမ္းတို႔ ၊ဖ်ာလိပ္နတ္ေခၚတာတုိ႔ စူးစမ္းခ်င္တဲ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ား လုပ္ဖူးၾကမွာပါ.. ကၽြန္မတို႔လည္း စမ္းသပ္ခဲ့ဖူးပါတယ္.. တစ္သက္မွာ မေမ့ႏိုင္တဲ့ အျဖစ္အပ်က္ကေလးက ကၽြန္မတုိ႔ ကုိးတန္းႏွစ္မွာ ျဖစ္ခဲ့တာပါ…
တစ္ေန႔မွာ စံုညီပြဲေတာ္နီးလာလုိ႔ လူေရြးၾကေတာ့ ကတဲ့အဖြဲ႔ထဲမွာ ကၽြန္မပါသြားပါတယ္.. ေရြးလိုက္တာ အားလံုးမိန္းကေလးေတြခ်ည္းပဲ… ကၽြန္မအပါအဝင္ အားလံုးေပါင္းဆယ့္တစ္ေယာက္… စာမသင္ရဘဲ အကပဲတုိက္ေနေတာ့ ကၽြန္မတုိ႔လည္း ေပ်ာ္ေနၾကတာေပါ့.. ဒါေပမယ့္ အရမ္းပင္ပန္းပါတယ္.. ကၽြန္မတို႔ကို အကတိုက္ဖို ့အတြက္ စာမသင္တဲ့ အခန္းတစ္ခန္းေပးထားပါတယ္… တစ္ျဖည္းျဖည္း ဆယ့္တစ္ေယာက္လံုးေပါင္းမိျပီး ခင္သြားတယ္..
တစ္ရက္ အကတိုက္မယ့္ ဆရာမက အဝတ္အစားအတြက္ အျပင္သြားတာကို အခြင့္ေကာင္းယူျပီး အားလံုးအတန္းထဲ ျပန္မဝင္ဘဲ တစ္ခုခု ေဆာ့ႀကမယ္လုိ႔စဥ္းစားရင္း စဥ္းစားရင္းနဲ ့ ေပၚလာတာ သရဲ ေခၚျပီး ေဆာ့မယ္ ေမးႀကမယ္ေပါ့…
(အဲဒီ ကစားနည္းက အလယ္ ေနရာမွာ ေရသန္႔ဗူး အဖံုးေလးထားျပီးေခၚရပါတယ္.. ေပ့ါတဲ့အရာေလးဆုိရင္လည္း ပါတယ္.. အဲဒီအဖံုးေလးမွာ သံုးေယာက္ထက္ ပိုလက္ေထာက္ လို႔မရပါဘူး… )
အဲဒါနဲ ့ဘယ္သူေခၚမလဲေပါ့ေနာ္.. ေႀကာက္တတ္တယ့္သူလည္းပါေတာ့ ေသခ်ာေခၚရဲမွရမွာေလ… အဲဒါနဲ ့ေခၚေနတုန္း ေခၚတဲ့အဖံုးေလးကို ထိထားတဲ့လက္က လႊတ္လိုက္ရင္ ဝင္လာမယ့္ သရဲက စိတ္ဆိုးတတ္တယ္လုိ႔ၾကားဖူးပါတယ္.. အဲဒါနဲ ့ကၽြန္မရယ္ သူငယ္ခ်င္းနွစ္ေယာက္ရယ္ စ ေခၚတယ္…
” ဒီအနီးတ၀ုိ္က္မွာ ရွိတဲ့ ပရေလာကသားမ်ား .. ကၽြန္မတုိ႔နဲ႔ ေဆာ့ခ်င္ရင္ ဒီအဖံုးေလးေရြ႕ၿပီး ေမးတာေလးေတြေျဖေပးပါ.. ”
အဲဒီလုိ အားလံုးရြတ္ျပီး စ ေခၚတယ္.. ျမန္တယ္.. နွစ္မိနစ္ေလာက္ အၾကာမွာပဲ ပုလင္းအဖုံးေလး ေရြ႕လာတယ္… ကိုယ့္လက္က ေတာ့အလိုက္သင့္ေလး လိုက္ေနရတယ္… ပထမဆံုး ၀င္လာတဲ့သရဲက ေယာက်ၤားေလးလား. .မိန္းကေလး သိခ်င္တာနဲ႔..
” အခုကၽြန္မတုိ႔နဲ႔ ပူးေပါင္းၿပီးေဆာ့တာ.. ဘယ္သူလဲ.. မိန္းကေလးလား.. ေယာက်ၤားေလးလား.. ” လို႔ေမးလုိက္တယ္..
GIRL အကြက္ကေလးနဲ႔ BOY အကြက္ကေလးေပးထားပါတယ္.. အဲဒီမွာ သူက GIRL ဆိုတဲ့ စာလံုးေလးစီ ျဖည္းျဖည္းခ်င္း ေရြ႕သြားပါတယ္… ဒါနဲ ့ဆက္ေမးတယ္… နာမည္ ဘယ္လိုေခၚလဲေမးေတာ့ ခ ေကြး ရယ္ ရ ေကာက္ ရယ္ အဲဒီ စာလံုးနွစ္လံုးဆီကုိ ျဖည္းျဖည္းခ်ငး ေရြ ႔သြားတယ္… အဲဒါ ” ငါတို႔နဲ႔ ေဆာ့ခ်င္လား.. မေဆာ့ခ်င္ဘူးလား… ” လို ့ေမးေတာ့ NO ကိုသြားတယ္.. ေနာက္ တစ္ေခါက္ ထပ္ေမးေတာ့လည္း NO မွာပဲ ရပ္ေနေတာ့ သူ ့ကိုျပန္လႊတ္ေပးလိုက္တယ္…
အဲဒါနဲ ့ေနာက္ထပ္တစ္ေယာက္ ထပ္ေခၚမယ္ေပါ့… ခုနကလိုပဲ ျပန္ေခၚတယ္… ဒီတစ္ခါ ဝင္လာတာေတာ္ေတာ္ျမန္တယ္… ေခၚလုိ႔မွမဆံုးေသးဘူး.. ခ်က္ခ်င္းေရာက္လာတာ.. ျပီးေတာ့ ခုနကလို ျဖည္းျဖည္းခ်င္း အဖုံးက မေရြ႕ဘူး… နည္းနည္းျမန္ေနတယ္.. ကၽြန္မတို႔ တစ္ေယာက္ မ်က္နွာ တစ္ေယာက္ ႀကည့္ ေတာ့ မ်က္နွာေတြ ပ်က္ေနၾကၿပီေလ.. အဲဒါနဲ ့နာမည္ ေမးတယ္.. အဂၤလိပ္စာလံုး J ကိုသြားတယ္… ျမန္ျမန္ပဲ.. အဲဒါနဲ႔ အေျခအေန သိပ္မေကာင္းေတာ့ဘူးေလ.. ” ငါတို ့နဲ ့ေဆာ့ခ်င္ လား..” လုိ႔ ေမးေတာ့ YES ကိုသြားတယ္.. အမွန္ ကၽြန္မတုိ႔ေတြက ေႀကာက္ေနျပီ… NO ကိုသြားေစခ်င္တာ.. အဲဒါ သံုးခါေလာက္ ေမးေတာ့ မထူးေတာ့ဘူး… သူလည္းေဆာ့ခ်င္လို႔ေနမွာေပါ့ ဆိုျပီး ေမးခ်င္တဲ့ ေမးခြန္းေတြ ဆက္ေမးတယ္…
အခု ဒီအခန္းထဲမွာ ဘယ္သူေတြရွိလဲ ေမးေတာ့ GIRL ဆီကိုသြားတယ္.. အဲဒါဆက္ေမးတယ္.. ျပီးေတာ့ ဘယ္နွစ္ေယာက္ရွိလဲဆိုေတာ့ 1 ကိုနွစ္ခါသြားတယ္… အဲဒီအခ်ိန္မွာ ေစာေစာက ေၾကာက္တဲ့စိတ္ေတြေပ်ာက္ၿပီး ေပ်ာ္လာတယ္.. ” ေနာင္နွစ္ ဆယ္တန္းတက္ရင္ တစ္နွစ္တည္းနဲ႔ေအာင္မွာလား.. ဂုဏ္ထူးေတြ ပါမွာလား.. ” အစရွိတဲ့ ေမးခြန္းေတြေလွ်ာက္ေမးတယ္.. ေနာက္ ခဏၾကာေတာ့ ကၽြန္မတုိ႔ေဆာ့ေနတဲ့စားပြဲကို တစ္ေယာက္ေယာက္က ေခါက္ေနတဲ့အသံထြက္လာတယ္.. တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ဘယ္သူေခါက္တာလဲေပါ့.. ဘယ္သူမွမေခါက္ဘူး လုိ႔ ေခါင္းခါျပၾကတယ္. ေနာက္ ခဏၾကာေတာ့ ေဘးနားကေန ေလေတြေ၀ွ႔တုိက္သြားသလုိျဖစ္ၿပီး သံုးေယာက္စလံုး ဆံပင္ေတြပါ လြင့္ကုန္တယ္.. အကုန္လံုးက ေၾကာက္လန္႔ေနၾကၿပီ..
အဲဒီအခ်ိန္မွာ ကၽြန္မက သတိရၿပီး..
” အားလံုး လက္ကို မဖယ္ၾကနဲ႔ေနာ္.. သူ႔ကို ျပန္မပုိ႔ရေသးဘူး.. ” လို႔ေျပာတာကို တစ္ေယာက္က လန္႔ၿပီး တင္ထားတဲ့လက္ကို ဖယ္ လိုက္တယ္…က်န္တဲ့သူေတြလည္း မ်က္လံုးေတြျပဴးကုန္ႀကတာေပါ့.. အဲဒါနဲ႔..
” ငါတို႔ ဆက္မေဆာ့ေတာ့ဘူး.. ” လုိ႔ ေျပာတာကို… No ဆိုတဲ့ စာလံုးနားက ဘယ္မွမေရြ႕ေတာ့ဘူး…က်န္တဲ့သူေတြလည္း ေႀကာက္ေပမယ့္ မေအာ္ရဲဘူး… မိသြားရင္ ရံုခန္းေရာက္မွာေလ… အဲဒီအခ်ိန္မွာ ဖိနပ္ကို ရွပ္တုိက္စီးတဲ့အသံေတြ စၾကားရေတာ့တာပဲ..
အဲဒီေနာက္မွာ ျပတင္းေပါက္ တံခါးေတြက ေလမတိုက္ဘဲ တ၀ုန္း၀ုန္း ပိတ္ကုန္တာ… မွန္တစ္ခ်က္ေတာင္ ခြမ္ ကနဲ ကြဲသြားေသးတယ္…ၾကိတ္ငိုတဲ့သူကလည္း ငိုကုန္ၿပီ.. အဲ့ဒါနဲ႔ ျဖစ္ခ်င္ရာျဖစ္ဆိုျပီး နွစ္ေယာက္လံုး အဖံုးေပၚကေန လက္ကို ဖယ္လိုက္တာ ပုလင္းအဖုံးက စာရြက္ေပၚမွာ သူ႔ဟာသူ ေရြ႕ေနတယ္.. အဲဒါနဲ ့ကၽြန္မလည္း အဲဒီပုလင္းအဖုံးကို စာသင္ခံုေတြ ထပ္ျပီးစီ ထားတဲ့ ခံု အထပ္လိုက္ထပ္ထားတဲ့ဘက္ကို ပစ္လိုက္တယ္… ျပီးေတာ့ စာရြက္ကိုလည္း လံုးေျခၿပီး စုတ္ျဖဲပစ္လိုက္တယ္…အားလံုးတိတ္ဆိတ္သြားတယ္.. အဲဒီအခ်ိန္မွာ ကၽြန္မတုိ႔အားလံုးက ေၾကာက္လန္႔ၿပီး ဘုရားစာရြတ္မိလိုက္တာ ခုနက ပစ္လိုက္တဲ့ ပုလင္းအဖံုးေရာက္သြားတဲ့ ေနရာက ခုံ အထပ္လိုက္ႀကီးက ဝုန္း ဆိုျပီး တစ္ခံုမက်န္ အကုန္ျပဳတ္က် တာ တစ္ကယ္ဆို ထြက္ေျပးလို႔ရေနတာကို ဘယ္သူမွမေျပးမိၾကသလုိ ေျခ ေထာက္ေတြလည္း မေရြ႕ဘူး.. ေနာက္တစ္ခုထူးဆန္းတာက ဒီေလာက္ဆူညံၿပီး ျဖစ္ေနတာကို အခန္းအျပင္က ဘယ္သူမွမၾကားၾကဘူးေလ..
ဆယ့္တစ္ေယာက္လံုး ရသမွ် ဘုရားစာေတြ အကုန္ ေအာ္ရြတ္က်ေပမယ့္ ခုနကျပိဳက်တယ့္ ခံုကိုလည္း လူေတြ ေျခ ေထာက္နဲ႔ ၀ုိင္းကန္ေနသလို အသံေတြထြက္တာလည္း တိတ္မသြားဘူး.. ျပီးေတာ့ ေဘးနားမွာ လူေတြ ေျပးျပီးျဖတ္သြားသလို ေလေတြတ၀ူး၀ူးနဲ႔… ေနာက္ အခန္းထဲမွာ ထြန္းထားတဲ့ မီးပါပ်က္ သြားတယ္… ကၽြန္မတုိ႔လည္း အားလံုးစုထုိင္ လက္အုပ္ကေလးေတြခ်ီ.. မ်က္စိကိုမွိတ္ရင္း (မ်က္ရည္ေတြနဲ႔ေပါ့.. ) ဘုရားစာရြတ္ေနလုိက္ၾကတာ.. ဆယ့္ငါးမိနစ္ေက်ာ္ေလာက္လည္းၾကာေရာ ၀ုန္း ဆုိ နံရံကိုပစ္ေဆာင့္လိုက္တဲ့ အသံႀကီးႀကားျပီး ျပတင္း ေပါက္တံခါးေတြေရာ တံခါးမၾကီးေရာ အကုန္ျပန္ပြင့္သြားတယ္.. ေျခ ေထာက္လည္း လႈတ္လို႔ ရသြားတယ္.. အဲဒါ တံခါးေပါက္ကို အလုအယက္ ေျပးထြက္ႀကတာ အ ေပါက္ဝလဲေရာက္ေရာ အေပါက္၀မွာ ေယာက်္ားႀကီးတစ္ေယာက္.. တစ္ကိုယ္လံုးမွာ ေသြးေတြနဲ႔.. အက်ီၤ က အျဖဴေရာင္.. အျဖဴေရာင္ဆုိေပမယ့္ ေသြးေတြေပက်ံေနေတာ့ အနီဘက္ေတာင္ ေတာ္ေတာ္ေရာက္ေနၿပီ.. ပုဆိုးက အျပာ ေရာင္..
သူက အခန္းေပါက္ဝမွာ ရပ္ေနေတာ့ ဒီမွာလည္းဆက္မေနရဲ အေပါက္၀မွာလည္း တစ္ေကာင္ဆုိေတာ့ ေၾကာက္အားလန္႔အားနဲ႔ ျဖစ္ခ်င္ရာျဖစ္ဆုိၿပီး မ်က္လံုးကုိမွိတ္.. သူ႔ကုိဝင္တိုက္ျပီး အကုန္ထြက္ေျပးလာတာ… သူ့ကိုဝင္တိုက္လိုက္တာ ေလဟာနယ္ထဲ ခဏေလးေရာက္သြားသလိုပဲ… အခန္းက ဒုတိယထပ္မွာဆိုေတာ့ ေအာက္ထပ္ ေျပးဆင္းလာၾကတာ.. ေနာက္က်တဲ့ေျခေထာက္ သစၥာေဖာက္ပဲ ဆုိၿပီး ေျပးဆင္းၾကတာ.. ၿပီးေတာ့ ကိုယ့္အခန္းထဲျပန္ေရာက္ေတာ့ အသက္မနည္းရႈၿပီး ေခၽြးသီးေခၽြးေပါက္ေတြ က်လုိ႔.. ေနာက္ရက္ ဆယ့္တစ္ေယာက္လံုးဖ်ားႀကတာ အကလည္းဆက္မတိုက္နိုင္ေတာ့ဘူးေလ..
ဒီအျဖစ္အပ်က္ေလးကကိုးတန္းတုန္းကစူးစမ္းခ်င္စိတ္နဲ ့လုပ္ခဲ့ဖူးတဲ့အမွားေလးတစ္ခုပါပဲရွင္…
ေက်ာင္းနာမည္ေလးကိုေတာ့ ခ်န္လွပ္ထားခဲ့ပါရေစ..
ဒီဇာတ္လမ္ေလးကို ေျပာျပေပးပုိ႔ေသာ မ Shweyi Phyo Zaw ကို အထူးေက်းဇူးတင္ပါတယ္..
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Ma Naing

#Unicode  Version#
ကျောင်းမှာ ဆရာမတွေ၊ အိမ်မှာ မိဘတွေမသိအောင် သရဲခေါ်တဲ့ ဂိမ်းတို့ ၊ဖျာလိပ်နတ်ခေါ်တာတို့ စူးစမ်းချင်တဲ့ မိန်းကလေးတော်တော်များများ လုပ်ဖူးကြမှာပါ.. ကျွန်မတို့လည်း စမ်းသပ်ခဲ့ဖူးပါတယ်.. တစ်သက်မှာ မမေ့နိုင်တဲ့ အဖြစ်အပျက်ကလေးက ကျွန်မတို့ ကိုးတန်းနှစ်မှာ ဖြစ်ခဲ့တာပါ…
တစ်နေ့မှာ စုံညီပွဲတော်နီးလာလို့ လူရွေးကြတော့ ကတဲ့အဖွဲ့ထဲမှာ ကျွန်မပါသွားပါတယ်.. ရွေးလိုက်တာ အားလုံးမိန်းကလေးတွေချည်းပဲ… ကျွန်မအပါအဝင် အားလုံးပေါင်းဆယ့်တစ်ယောက်… စာမသင်ရဘဲ အကပဲတိုက်နေတော့ ကျွန်မတို့လည်း ပျော်နေကြတာပေါ့.. ဒါပေမယ့် အရမ်းပင်ပန်းပါတယ်.. ကျွန်မတို့ကို အကတိုက်ဖို့အတွက် စာမသင်တဲ့ အခန်းတစ်ခန်းပေးထားပါတယ်… တစ်ဖြည်းဖြည်း ဆယ့်တစ်ယောက်လုံးပေါင်းမိပြီး ခင်သွားတယ်..
တစ်ရက် အကတိုက်မယ့် ဆရာမက အဝတ်အစားအတွက် အပြင်သွားတာကို အခွင့်ကောင်းယူပြီး အားလုံးအတန်းထဲ ပြန်မဝင်ဘဲ တစ်ခုခု ဆော့ကြမယ်လို့စဉ်းစားရင်း စဉ်းစားရင်းနဲ့ ပေါ်လာတာ သရဲ ခေါ်ပြီး ဆော့မယ် မေးကြမယ်ပေါ့…
(အဲဒီ ကစားနည်းက အလယ် နေရာမှာ ရေသန့်ဗူး အဖုံးလေးထားပြီးခေါ်ရပါတယ်.. ပေ့ါတဲ့အရာလေးဆိုရင်လည်း ပါတယ်.. အဲဒီအဖုံးလေးမှာ သုံးယောက်ထက် ပိုလက်ထောက် လို့မရပါဘူး… )
အဲဒါနဲ့ဘယ်သူခေါ်မလဲပေါ့နော်.. ကြောက်တတ်တယ့်သူလည်းပါတော့ သေချာခေါ်ရဲမှရမှာလေ… အဲဒါနဲ့ခေါ်နေတုန်း ခေါ်တဲ့အဖုံးလေးကို ထိထားတဲ့လက်က လွှတ်လိုက်ရင် ဝင်လာမယ့် သရဲက စိတ်ဆိုးတတ်တယ်လို့ကြားဖူးပါတယ်.. အဲဒါနဲ့ကျွန်မရယ် သူငယ်ချင်းနှစ်ယောက်ရယ် စ ခေါ်တယ်…
” ဒီအနီးတဝိုက်မှာ ရှိတဲ့ ပရလောကသားများ .. ကျွန်မတို့နဲ့ ဆော့ချင်ရင် ဒီအဖုံးလေးရွေ့ပြီး မေးတာလေးတွေဖြေပေးပါ.. ”
အဲဒီလို အားလုံးရွတ်ပြီး စ ခေါ်တယ်.. မြန်တယ်.. နှစ်မိနစ်လောက် အကြာမှာပဲ ပုလင်းအဖုံးလေး ရွေ့လာတယ်… ကိုယ့်လက်က တော့အလိုက်သင့်လေး လိုက်နေရတယ်… ပထမဆုံး ဝင်လာတဲ့သရဲက ယောင်္ကျားလေးလား. .မိန်းကလေး သိချင်တာနဲ့..
” အခုကျွန်မတို့နဲ့ ပူးပေါင်းပြီးဆော့တာ.. ဘယ်သူလဲ.. မိန်းကလေးလား.. ယောင်္ကျားလေးလား.. ” လို့မေးလိုက်တယ်..
GIRL အကွက်ကလေးနဲ့ BOY အကွက်ကလေးပေးထားပါတယ်.. အဲဒီမှာ သူက GIRL ဆိုတဲ့ စာလုံးလေးစီ ဖြည်းဖြည်းချင်း ရွေ့သွားပါတယ်… ဒါနဲ့ဆက်မေးတယ်… နာမည် ဘယ်လိုခေါ်လဲမေးတော့ ခ ကွေး ရယ် ရ ကောက် ရယ် အဲဒီ စာလုံးနှစ်လုံးဆီကို ဖြည်းဖြည်းချငး ရွေ့သွားတယ်… အဲဒါ ” ငါတို့နဲ့ ဆော့ချင်လား.. မဆော့ချင်ဘူးလား… ” လို့မေးတော့ NO ကိုသွားတယ်.. နောက် တစ်ခေါက် ထပ်မေးတော့လည်း NO မှာပဲ ရပ်နေတော့ သူ့ကိုပြန်လွှတ်ပေးလိုက်တယ်…
အဲဒါနဲ့နောက်ထပ်တစ်ယောက် ထပ်ခေါ်မယ်ပေါ့… ခုနကလိုပဲ ပြန်ခေါ်တယ်… ဒီတစ်ခါ ဝင်လာတာတော်တော်မြန်တယ်… ခေါ်လို့မှမဆုံးသေးဘူး.. ချက်ချင်းရောက်လာတာ.. ပြီးတော့ ခုနကလို ဖြည်းဖြည်းချင်း အဖုံးက မရွေ့ဘူး… နည်းနည်းမြန်နေတယ်.. ကျွန်မတို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် တော့ မျက်နှာတွေ ပျက်နေကြပြီလေ.. အဲဒါနဲ့နာမည် မေးတယ်.. အင်္ဂလိပ်စာလုံး J ကိုသွားတယ်… မြန်မြန်ပဲ.. အဲဒါနဲ့ အခြေအနေ သိပ်မကောင်းတော့ဘူးလေ.. ” ငါတို့နဲ့ဆော့ချင် လား..” လို့ မေးတော့ YES ကိုသွားတယ်.. အမှန် ကျွန်မတို့တွေက ကြောက်နေပြီ… NO ကိုသွားစေချင်တာ.. အဲဒါ သုံးခါလောက် မေးတော့ မထူးတော့ဘူး… သူလည်းဆော့ချင်လို့နေမှာပေါ့ ဆိုပြီး မေးချင်တဲ့ မေးခွန်းတွေ ဆက်မေးတယ်…
အခု ဒီအခန်းထဲမှာ ဘယ်သူတွေရှိလဲ မေးတော့ GIRL ဆီကိုသွားတယ်.. အဲဒါဆက်မေးတယ်.. ပြီးတော့ ဘယ်နှစ်ယောက်ရှိလဲဆိုတော့ 1 ကိုနှစ်ခါသွားတယ်… အဲဒီအချိန်မှာ စောစောက ကြောက်တဲ့စိတ်တွေပျောက်ပြီး ပျော်လာတယ်.. ” နောင်နှစ် ဆယ်တန်းတက်ရင် တစ်နှစ်တည်းနဲ့အောင်မှာလား.. ဂုဏ်ထူးတွေ ပါမှာလား.. ” အစရှိတဲ့ မေးခွန်းတွေလျှောက်မေးတယ်.. နောက် ခဏကြာတော့ ကျွန်မတို့ဆော့နေတဲ့စားပွဲကို တစ်ယောက်ယောက်က ခေါက်နေတဲ့အသံထွက်လာတယ်.. တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘယ်သူခေါက်တာလဲပေါ့.. ဘယ်သူမှမခေါက်ဘူး လို့ ခေါင်းခါပြကြတယ်. နောက် ခဏကြာတော့ ဘေးနားကနေ လေတွေဝှေ့တိုက်သွားသလိုဖြစ်ပြီး သုံးယောက်စလုံး ဆံပင်တွေပါ လွင့်ကုန်တယ်.. အကုန်လုံးက ကြောက်လန့်နေကြပြီ..
အဲဒီအချိန်မှာ ကျွန်မက သတိရပြီး..
” အားလုံး လက်ကို မဖယ်ကြနဲ့နော်.. သူ့ကို ပြန်မပို့ရသေးဘူး.. ” လို့ပြောတာကို တစ်ယောက်က လန့်ပြီး တင်ထားတဲ့လက်ကို ဖယ် လိုက်တယ်…ကျန်တဲ့သူတွေလည်း မျက်လုံးတွေပြူးကုန်ကြတာပေါ့.. အဲဒါနဲ့..
” ငါတို့ ဆက်မဆော့တော့ဘူး.. ” လို့ ပြောတာကို… No ဆိုတဲ့ စာလုံးနားက ဘယ်မှမရွေ့တော့ဘူး…ကျန်တဲ့သူတွေလည်း ကြောက်ပေမယ့် မအော်ရဲဘူး… မိသွားရင် ရုံခန်းရောက်မှာလေ… အဲဒီအချိန်မှာ ဖိနပ်ကို ရှပ်တိုက်စီးတဲ့အသံတွေ စကြားရတော့တာပဲ..
အဲဒီနောက်မှာ ပြတင်းပေါက် တံခါးတွေက လေမတိုက်ဘဲ တဝုန်းဝုန်း ပိတ်ကုန်တာ… မှန်တစ်ချက်တောင် ခွမ် ကနဲ ကွဲသွားသေးတယ်…ကြိတ်ငိုတဲ့သူကလည်း ငိုကုန်ပြီ.. အဲ့ဒါနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး နှစ်ယောက်လုံး အဖုံးပေါ်ကနေ လက်ကို ဖယ်လိုက်တာ ပုလင်းအဖုံးက စာရွက်ပေါ်မှာ သူ့ဟာသူ ရွေ့နေတယ်.. အဲဒါနဲ့ကျွန်မလည်း အဲဒီပုလင်းအဖုံးကို စာသင်ခုံတွေ ထပ်ပြီးစီ ထားတဲ့ ခုံ အထပ်လိုက်ထပ်ထားတဲ့ဘက်ကို ပစ်လိုက်တယ်… ပြီးတော့ စာရွက်ကိုလည်း လုံးခြေပြီး စုတ်ဖြဲပစ်လိုက်တယ်…အားလုံးတိတ်ဆိတ်သွားတယ်.. အဲဒီအချိန်မှာ ကျွန်မတို့အားလုံးက ကြောက်လန့်ပြီး ဘုရားစာရွတ်မိလိုက်တာ ခုနက ပစ်လိုက်တဲ့ ပုလင်းအဖုံးရောက်သွားတဲ့ နေရာက ခုံ အထပ်လိုက်ကြီးက ဝုန်း ဆိုပြီး တစ်ခုံမကျန် အကုန်ပြုတ်ကျ တာ တစ်ကယ်ဆို ထွက်ပြေးလို့ရနေတာကို ဘယ်သူမှမပြေးမိကြသလို ခြေ ထောက်တွေလည်း မရွေ့ဘူး.. နောက်တစ်ခုထူးဆန်းတာက ဒီလောက်ဆူညံပြီး ဖြစ်နေတာကို အခန်းအပြင်က ဘယ်သူမှမကြားကြဘူးလေ..
ဆယ့်တစ်ယောက်လုံး ရသမျှ ဘုရားစာတွေ အကုန် အော်ရွတ်ကျပေမယ့် ခုနကပြိုကျတယ့် ခုံကိုလည်း လူတွေ ခြေ ထောက်နဲ့ ဝိုင်းကန်နေသလို အသံတွေထွက်တာလည်း တိတ်မသွားဘူး.. ပြီးတော့ ဘေးနားမှာ လူတွေ ပြေးပြီးဖြတ်သွားသလို လေတွေတဝူးဝူးနဲ့… နောက် အခန်းထဲမှာ ထွန်းထားတဲ့ မီးပါပျက် သွားတယ်… ကျွန်မတို့လည်း အားလုံးစုထိုင် လက်အုပ်ကလေးတွေချီ.. မျက်စိကိုမှိတ်ရင်း (မျက်ရည်တွေနဲ့ပေါ့.. ) ဘုရားစာရွတ်နေလိုက်ကြတာ.. ဆယ့်ငါးမိနစ်ကျော်လောက်လည်းကြာရော ဝုန်း ဆို နံရံကိုပစ်ဆောင့်လိုက်တဲ့ အသံကြီးကြားပြီး ပြတင်း ပေါက်တံခါးတွေရော တံခါးမကြီးရော အကုန်ပြန်ပွင့်သွားတယ်.. ခြေ ထောက်လည်း လှုတ်လို့ ရသွားတယ်.. အဲဒါ တံခါးပေါက်ကို အလုအယက် ပြေးထွက်ကြတာ အ ပေါက်ဝလဲရောက်ရော အပေါက်ဝမှာ ယောကျ်ားကြီးတစ်ယောက်.. တစ်ကိုယ်လုံးမှာ သွေးတွေနဲ့.. အကျီၤ က အဖြူရောင်.. အဖြူရောင်ဆိုပေမယ့် သွေးတွေပေကျံနေတော့ အနီဘက်တောင် တော်တော်ရောက်နေပြီ.. ပုဆိုးက အပြာ ရောင်..
သူက အခန်းပေါက်ဝမှာ ရပ်နေတော့ ဒီမှာလည်းဆက်မနေရဲ အပေါက်ဝမှာလည်း တစ်ကောင်ဆိုတော့ ကြောက်အားလန့်အားနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်လုံးကိုမှိတ်.. သူ့ကိုဝင်တိုက်ပြီး အကုန်ထွက်ပြေးလာတာ… သူ့ကိုဝင်တိုက်လိုက်တာ လေဟာနယ်ထဲ ခဏလေးရောက်သွားသလိုပဲ… အခန်းက ဒုတိယထပ်မှာဆိုတော့ အောက်ထပ် ပြေးဆင်းလာကြတာ.. နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ ဆိုပြီး ပြေးဆင်းကြတာ.. ပြီးတော့ ကိုယ့်အခန်းထဲပြန်ရောက်တော့ အသက်မနည်းရှုပြီး ချွေးသီးချွေးပေါက်တွေ ကျလို့.. နောက်ရက် ဆယ့်တစ်ယောက်လုံးဖျားကြတာ အကလည်းဆက်မတိုက်နိုင်တော့ဘူးလေ..
ဒီအဖြစ်အပျက်လေးကကိုးတန်းတုန်းကစူးစမ်းချင်စိတ်နဲ့လုပ်ခဲ့ဖူးတဲ့အမှားလေးတစ်ခုပါပဲရှင်…
ကျောင်းနာမည်လေးကိုတော့ ချန်လှပ်ထားခဲ့ပါရစေ..
ဒီဇာတ်လမ်လေးကို ပြောပြပေးပို့သော မ Shweyi Phyo Zaw ကို အထူးကျေးဇူးတင်ပါတယ်..

ဖိုးသူတော် (www.phothutaw.com)
Credit: Min Ma Naing




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top