Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဓာတ္ပုံေမာ္ဒယ္အျဖစ္ ပရိသတ္အားေပးမႈ အျပည့္အ၀ ရရွိေနသည့္ ျမတ္ပုဏၰမီႏုိင္က ဆံေကသာ ထိန္းသိမ္းမႈအ ေၾကာင္း ယခုလိုေျပာသည္။

‘‘ညီမက ဆံပင္ကိုအေရာင္မဆိုးဘူး။ အမည္းေရာင္ပဲထား တယ္။ တစ္ခါမွ အေရာင္မဆိုးဖူး ဘူး။ ေကာက္တာ၊ ေျဖာင့္တာပဲ လုပ္ဖူးတယ္။ ေခါင္းမေလွ်ာ္ခင္ ညဘက္ဆို သံလြင္ဆီလိမ္းၿပီးမွ ေလွ်ာ္ေလ့ရွိတယ္။ ဆံပင္အ ေရာင္ဆိုးဖို႔ အေျပာင္းအလဲျဖစ္ ေအာင္ တခ်ဳိ႕ကေတာ့ ေျပာၾက တယ္။ ဒါေပမဲ့ ညီမကအမည္းပဲ ႀကိဳက္တဲ့အတြက္ ဆိုးဖို႔ေတာ့ အစီအစဥ္မရွိေသးပါဘူး’’ဟု ေျပာသည္။

လြန္ခဲ့သည့္ ခုနစ္လခန္႔က ဆံပင္ညႇပ္လုိက္သျဖင့္ အနည္း ငယ္တုိသြားေသာ္လည္း ယခုျပန္ ရွည္ေနၿပီး ဆံပင္ရွည္ကို ႏွစ္သက္ေသာေၾကာင့္ ဆက္ထားျဖစ္ ေၾကာင္း ေျပာသည္။

‘‘တင္ပါးေလာက္ထိရွိမွ ညီမညႇပ္လုိက္တာ။ အခုျပန္ရွည္ လာတာေတာ့ ခါးေက်ာ္ေက်ာ္ ေလာက္ရွိေနပါၿပီ။ ညီမမ်က္ႏွာ က်နဲ႔ ဆံပင္မတိုမရွည္ခါးလယ္ ေလာက္ ဆိုလုိက္တယ္။ ဒါေပမဲ့ ညီမက ဆံပင္အရွည္ႀကိဳက္ေန တဲ့အတြက္ ဆက္ထားျဖစ္ေနတာ ပါ’’ဟု ျမတ္ပုဏၰမီႏုိင္က ဆုိသည္။

လုံၿခံဳသည့္ အ၀တ္အစားကို ႏွစ္သက္ၿပီး ဖက္ရွင္ကုိလည္း စိတ္၀င္စားသည္ဟု ဆုိသည္။

‘‘ညီမကိုေ၀ဖန္မႈနည္းေအာင္ ေရြး၀တ္တာေတာ့ မဟုတ္ဘူး။ ဆဲြေဆာင္မႈလည္း တစ္မ်ဳိးရွိရ မယ္။ ညီမပဲြတက္ပဲျဖစ္ျဖစ္၊ ႐ုိက္ ကူးေရးပဲျဖစ္ျဖစ္ ဖက္ရွင္ကို ဂ႐ု စုိက္တယ္။ မ်က္ႏွာပိုင္းထက္ ဖက္ရွင္ပိုင္းကို ပိုဦးစားေပးပါ တယ္။ Hot ျဖစ္တာေတြလည္း ၀တ္ ပါတယ္။ အတိုေတြ ဘာေတြ၀တ္ ရမယ္ဆို ညီမညႇိႏႈိင္းၿပီးမွ ၀တ္ စားျဖစ္ပါတယ္’’ဟု ၎က ေျပာ သည္။

Photo Model အလုပ္ကို ၀ါသနာႀကီးေသာေၾကာင့္ ရွစ္တန္းႏွစ္မွစကာ Miss ForeverGems ၿပိဳင္ပဲြ ၀င္ေရာက္ယွဥ္ၿပိဳင္ရင္း ဆုရခဲ့ၿပီး Photo Model ဘက္ကုိ ပိုအား သန္သလို သ႐ုပ္ေဆာင္လုပ္ရန္ အစီအစဥ္မရွိေၾကာင္း ဆုိသည္။

‘‘ညီမကို ဇာတ္ကား႐ုိက္ဖို႔ ကမ္းလွမ္းတာ ေလးကားေလာက္ ရွိပါတယ္။ ဒါေပမဲ့ ညီမသ႐ုပ္ ေဆာင္နဲ႔ ဆက္စပ္မႈမရွိဘူးလို႔ ထင္တာေၾကာင့္ သ႐ုပ္ေဆာင္ လုပ္ဖို႔ေတာ့ အစီအစဥ္မရွိပါဘူး။ ဒါေပမဲ့ အဆုိကေတာ့ ၀ါသနာပါ တယ္’’ ဟု ၎က ေျပာသည္။

အႏုပညာအလုပ္လုပ္ေန ေသာ္လည္း ပညာေရးကို အေလး ထားၿပီး အေ၀းသင္အဂၤလိပ္စာ အဓိကျဖင့္ ပထမႏွစ္တက္ေန ေၾကာင္း၊ မ်ဳိး႐ုိးမရွိေသာ္လည္း မိဘမ်ားက အႏုပညာအလုပ္ကို မတားျမစ္ဘဲ ေထာက္ပံ့ေပး ေၾကာင္း ေျပာသည္။

ေၾကာ္ျငာမ်ား၊ ဖက္ရွင္႐ႈိး မ်ား၊ စိန္နန္းေတာ္ႏွင့္ပတ္သက္ သည့္ Jewellery ႐ႈိးမ်ားႏွင့္ မဂၢဇင္းမ်က္ႏွာဖံုးမ်ား ႐ိုက္ကူးရန္ လက္ခံထားေၾကာင္း ျမတ္ပုဏၰမီ ႏုိင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
ဓာတ်ပုံမော်ဒယ်အဖြစ် ပရိသတ်အားပေးမှု အပြည့်အ၀ ရရှိနေသည့် မြတ်ပုဏ္ဏမီနိုင်က ဆံကေသာ ထိန်းသိမ်းမှုအ ကြောင်း ယခုလိုပြောသည်။

‘‘ညီမက ဆံပင်ကိုအရောင်မဆိုးဘူး။ အမည်းရောင်ပဲထား တယ်။ တစ်ခါမှ အရောင်မဆိုးဖူး ဘူး။ ကောက်တာ၊ ဖြောင့်တာပဲ လုပ်ဖူးတယ်။ ခေါင်းမလျှော်ခင် ညဘက်ဆို သံလွင်ဆီလိမ်းပြီးမှ လျှော်လေ့ရှိတယ်။ ဆံပင်အ ရောင်ဆိုးဖို့ အပြောင်းအလဲဖြစ် အောင် တချို့ကတော့ ပြောကြ တယ်။ ဒါပေမဲ့ ညီမကအမည်းပဲ ကြိုက်တဲ့အတွက် ဆိုးဖို့တော့ အစီအစဉ်မရှိသေးပါဘူး’’ဟု ပြောသည်။

လွန်ခဲ့သည့် ခုနစ်လခန့်က ဆံပင်ညှပ်လိုက်သဖြင့် အနည်း ငယ်တိုသွားသော်လည်း ယခုပြန် ရှည်နေပြီး ဆံပင်ရှည်ကို နှစ်သက်သောကြောင့် ဆက်ထားဖြစ် ကြောင်း ပြောသည်။

‘‘တင်ပါးလောက်ထိရှိမှ ညီမညှပ်လိုက်တာ။ အခုပြန်ရှည် လာတာတော့ ခါးကျော်ကျော် လောက်ရှိနေပါပြီ။ ညီမမျက်နှာ ကျနဲ့ ဆံပင်မတိုမရှည်ခါးလယ် လောက် ဆိုလိုက်တယ်။ ဒါပေမဲ့ ညီမက ဆံပင်အရှည်ကြိုက်နေ တဲ့အတွက် ဆက်ထားဖြစ်နေတာ ပါ’’ဟု မြတ်ပုဏ္ဏမီနိုင်က ဆိုသည်။

လုံခြုံသည့် အဝတ်အစားကို နှစ်သက်ပြီး ဖက်ရှင်ကိုလည်း စိတ်ဝင်စားသည်ဟု ဆိုသည်။

‘‘ညီမကိုဝေဖန်မှုနည်းအောင် ရွေးဝတ်တာတော့ မဟုတ်ဘူး။ ဆွဲဆောင်မှုလည်း တစ်မျိုးရှိရ မယ်။ ညီမပွဲတက်ပဲဖြစ်ဖြစ်၊ ရိုက် ကူးရေးပဲဖြစ်ဖြစ် ဖက်ရှင်ကို ဂရု စိုက်တယ်။ မျက်နှာပိုင်းထက် ဖက်ရှင်ပိုင်းကို ပိုဦးစားပေးပါ တယ်။ Hot ဖြစ်တာတွေလည်း ဝတ် ပါတယ်။ အတိုတွေ ဘာတွေဝတ် ရမယ်ဆို ညီမညှိနှိုင်းပြီးမှ ဝတ် စားဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။

Photo Model အလုပ်ကို ဝါသနာကြီးသောကြောင့် ရှစ် တန်းနှစ်မှစကာ Miss ForeverGems ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရင်း ဆုရခဲ့ပြီး Photo Model ဘက်ကို ပိုအား သန်သလို သရုပ်ဆောင်လုပ်ရန် အစီအစဉ်မရှိကြောင်း ဆိုသည်။

‘‘ညီမကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတာ လေးကားလောက် ရှိပါတယ်။ ဒါပေမဲ့ ညီမသရုပ် ဆောင်နဲ့ ဆက်စပ်မှုမရှိဘူးလို့ ထင်တာကြောင့် သရုပ်ဆောင် လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ အဆိုကတော့ ဝါသနာပါ တယ်’’ ဟု ၎င်းက ပြောသည်။

အနုပညာအလုပ်လုပ်နေ သော်လည်း ပညာရေးကို အလေး ထားပြီး အဝေးသင်အင်္ဂလိပ်စာ အဓိကဖြင့် ပထမနှစ်တက်နေ ကြောင်း၊ မျိုးရိုးမရှိသော်လည်း မိဘများက အနုပညာအလုပ်ကို မတားမြစ်ဘဲ ထောက်ပံ့ပေး ကြောင်း ပြောသည်။

ကြော်ငြာများ၊ ဖက်ရှင်ရှိုး များ၊ စိန်နန်းတော်နှင့်ပတ်သက် သည့် Jewellery ရှိုးများနှင့် မဂ္ဂဇင်းမျက်နှာဖုံးများ ရိုက်ကူးရန် လက်ခံထားကြောင်း မြတ်ပုဏ္ဏမီ နိုင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top