Golden City Promotion
×
Credit: Duwun
#Unicode Version#
သရုပ်ဆောင် ကျော်ဇင်ထွဋ် ကတော့ သမီးလေး အတွက် ဂုဏ်ယူ မဆုံး ဖြစ်နေပါတယ်။ သမီးလေး ကလည်း ပညာရေးမှာ ထူးချွန်သူ တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
သမီးလေး မြတ်ဧကရီကျော် ကတော့ (ဆဋ္ဌမ)တန်းမှာ ပညာသ င်ယူနေတာ ဖြစ်ပါတယ်။
သမီးလေး ကတော့ နှစ်ဝက် စာမေးပွဲ မှာ ဘာသာတိုင်း ကို အဆင့်(A) နဲ့အောင်မြင် ခဲ့တာကြောင့် ကျော်ဇင်ထွဋ်တ စ်ယောက် ပျော်လို့နေပါတယ်။ သူရဲ့ ေ့ဖစ်ဘွတ် မှာလည်း ယခုလို ရေးသားထားတာ တွေ့ရပါတယ်။
’12-10-2017 ❤️❤️❤️ ရေးးးးးးး နှစ်ဝက် စာမေးပွဲ မှာ ဖေချစ်Oh-oလေး All (A) အဆင့် နဲ့ အောင်ပြန်ပြီကွ ရေးးးးးးး ❤️❤️❤️’ ဆိုပြီး ရေးသားထားပါတယ်။
အဲ့ဒီ စာသားလေး နဲ့အတူ သမီးလေး နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံ လေးရယ် ၊ သမီးလေး ရဲ့ အမှတ်စာရင်း စာရွက်လေးကိုပါ ပူးတွဲတင်ထားတာ ဖြစ်ပါတယ်။
သမီးလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံ မှာတော့ ဖေဖေ ကျော်ဇင်ထွဋ် နဲ့ သမီးလေး တို့ မျက်နှာလေးတွေကတော့ အပြုံးလေးတွေနဲ့ ဝေဆာလို့ နေပါတယ်။
ကျော်ဇင်ထွဋ် ကတော့ လက်ရှိမှာ ဇာတ်ကား တွေ ရိုက်ကူးလျက်ရှိပြီး ဒီနေ့မနက်(အောက်တိုဘာ၁၃ရက်)က ပြုလုပ်တဲ့ မြန်မာရုပ်ရှင့်နေ့နဲ့(၅၄)ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ ကို သွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
သက်ကြီး ပူဇော်ပွဲကို သွားပြီး အပြန်မှာတော့ ရှုတင်ကို တန်းသွားနေတယ်ဆိုပြီး ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါသေးတယ်။ လက်ရှိမှာ ဒါရိုက်တာ တင်အောင်ကျော် ရိုက်ကူးပြီး နေဒွေး နဲ့အတူ ဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top