ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မိတ္ကပ္ပမာဏကို ဘယ္ေလာက္ပဲလိမ္းလိမ္း ရပါတယ္။ ဒါေပမဲ့ မိတ္ကပ္မပါဘဲ သဘာဝက်က်ေလး လွေအာင္လိမ္းမၾကည့္ခ်င္ဘူးလား။
မ်က္ႏွာေပၚမွာ တင္းတိပ္၊ မွဲ႔ေျခာက္၊ အမာရြတ္ေလးေတြ ႐ွိေနတဲ့အခါ မိတ္ကပ္အမ်ားႀကီးလိမ္းမွ ဖံုးႏိုင္မယ္လို႔ ထင္ၾကတယ္ေနာ္။ ေအာက္ခံမိတ္ကပ္ (ေဖာင္ေဒး႐ွင္း)ကို ထူထူလိမ္းမယ္လို႔ ထင္ေနၾကတယ္။ ေဖာင္ေဒးရွင္း မလိမ္းဘဲနဲ႔ကို မ်က္ႏွာက ၾကည္ၾကည္လင္လင္ေလးနဲ႔ လွေအာင္ လိမ္းလို႔ရမယ့္နည္းကို မသိခ်င္ဘူးလား။
၁။ မ်က္ႏွာကို အစိုဓာတ္ျဖည့္ေပးဖို႔ moisturizer ေလး လူးေပးပါ။ ၾကည္လင္စိုေျပေနတဲ့ မ်က္ႏွာေလးေၾကာင့္ က်န္းမာႏုပ်ိဳတဲ့အသြင္ ျဖစ္ေစပါတယ္။
၂။ Primer လူးပါ။ အၿမဲတမ္းလူးရမယ္လို႔ေတာ့ မဆိုလိုပါဘူး။ Primer က ကိုယ့္အသားေပၚမွာ ေပါ့ေပါ့ပါးပါးျဖစ္ေနမယ့္ဟာမ်ိဳးကိုပဲေရြးပါ။ လက္နဲ႔ပဲလူးရပါမယ္။ အသားအေရတင္းရင္းသြားၿပီး အဆီျပန္တာေတြကို ထိန္းခ်ဳပ္ႏိုင္တယ္။ မိတ္ကပ္လည္းစြဲၿမဲေစတယ္ေလ။
၃။ Concealer လည္း သံုးရပါမယ္။ သူက အမာ႐ြတ္နဲ႔ အနာအဆာေတြကို ဖံုးဖို႔ေပါ့။ မ်က္တြင္းညိဳေနတယ္ဆုိရင္လည္း မသိသာေအာင္ေလ။ Concealer ကို ဖံုးခ်င္တဲ့ေနရာေပၚ အစက္ေလးခ်ၿပီး လက္ေခ်ာင္းေလးနဲ႔ ျဖည္းျဖည္းခ်င္းပုတ္ေပးရပါမယ္။
၄။ Highlight လုပ္ေပးမယ္ဆုိရင္ မ်က္ႏွာေလးက လင္းလက္သြားမွာ။ အဲ့ဒီလင္းလက္မႈေၾကာင့္ပဲ အနာအဆာေတြကို ေပ်ာက္သြားေအာင္ လွည့္စားပစ္လုိက္ႏိုင္တယ္ေလ။
၅။ မ်က္လံုးေလးနဲ႔ ႏႈတ္ခမ္းေလးကိုလည္း ဂ႐ုစုိက္ေပးရဦးမယ္။ မ်က္ႏွာမွာ အဲ့ဒီႏွစ္မ်ိဳးက ဆြဲေဆာင္မႈအရွိဆံုးမဟုတ္လား။ မ်က္ေတာင္ေလးေကာ့၊ lip balm ေလး ဆိုးေပးလိုက္ရင္ မိတ္ကပ္မပါဘဲနဲ႔ လွေနတဲ့သြင္ျပင္ေလး ျဖစ္ေနမွာ အေသအခ်ာပါပဲေနာ္။ ထပ္ၿပီးလိမ္းခ်င္ရင္ေတာ့ ေပါင္ဒါနည္းနည္းပုတ္လိုက္ရံုပါပဲ။

Source : Lauren Curtis YouTube
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
မိတ်ကပ်ပမာဏကို ဘယ်လောက်ပဲလိမ်းလိမ်း ရပါတယ်။ ဒါပေမဲ့ မိတ်ကပ်မပါဘဲ သဘာဝကျကျလေး လှအောင်လိမ်းမကြည့်ချင်ဘူးလား။
မျက်နှာပေါ်မှာ တင်းတိပ်၊ မှဲ့ခြောက်၊ အမာရွတ်လေးတွေ ရှိနေတဲ့အခါ မိတ်ကပ်အများကြီးလိမ်းမှ ဖုံးနိုင်မယ်လို့ ထင်ကြတယ်နော်။ အောက်ခံမိတ်ကပ် (ဖောင်ဒေးရှင်း)ကို ထူထူလိမ်းမယ်လို့ ထင်နေကြတယ်။ ဖောင်ဒေးရှင်း မလိမ်းဘဲနဲ့ကို မျက်နှာက ကြည်ကြည်လင်လင်လေးနဲ့ လှအောင် လိမ်းလို့ရမယ့်နည်းကို မသိချင်ဘူးလား။
၁။ မျက်နှာကို အစိုဓာတ်ဖြည့်ပေးဖို့ moisturizer လေး လူးပေးပါ။ ကြည်လင်စိုပြေနေတဲ့ မျက်နှာလေးကြောင့် ကျန်းမာနုပျိုတဲ့အသွင် ဖြစ်စေပါတယ်။
၂။ Primer လူးပါ။ အမြဲတမ်းလူးရမယ်လို့တော့ မဆိုလိုပါဘူး။ Primer က ကိုယ့်အသားပေါ်မှာ ပေါ့ပေါ့ပါးပါးဖြစ်နေမယ့်ဟာမျိုးကိုပဲရွေးပါ။ လက်နဲ့ပဲလူးရပါမယ်။ အသားအရေတင်းရင်းသွားပြီး အဆီပြန်တာတွေကို ထိန်းချုပ်နိုင်တယ်။ မိတ်ကပ်လည်းစွဲမြဲစေတယ်လေ။
၃။ Concealer လည်း သုံးရပါမယ်။ သူက အမာရွတ်နဲ့ အနာအဆာတွေကို ဖုံးဖို့ပေါ့။ မျက်တွင်းညိုနေတယ်ဆိုရင်လည်း မသိသာအောင်လေ။ Concealer ကို ဖုံးချင်တဲ့နေရာပေါ် အစက်လေးချပြီး လက်ချောင်းလေးနဲ့ ဖြည်းဖြည်းချင်းပုတ်ပေးရပါမယ်။
၄။ Highlight လုပ်ပေးမယ်ဆိုရင် မျက်နှာလေးက လင်းလက်သွားမှာ။ အဲ့ဒီလင်းလက်မှုကြောင့်ပဲ အနာအဆာတွေကို ပျောက်သွားအောင် လှည့်စားပစ်လိုက်နိုင်တယ်လေ။
၅။ မျက်လုံးလေးနဲ့ နှုတ်ခမ်းလေးကိုလည်း ဂရုစိုက်ပေးရဦးမယ်။ မျက်နှာမှာ အဲ့ဒီနှစ်မျိုးက ဆွဲဆောင်မှုအရှိဆုံးမဟုတ်လား။ မျက်တောင်လေးကော့၊ lip balm လေး ဆိုးပေးလိုက်ရင် မိတ်ကပ်မပါဘဲနဲ့ လှနေတဲ့သွင်ပြင်လေး ဖြစ်နေမှာ အသေအချာပါပဲနော်။ ထပ်ပြီးလိမ်းချင်ရင်တော့ ပေါင်ဒါနည်းနည်းပုတ်လိုက်ရုံပါပဲ။

Source : Lauren Curtis YouTube

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top