Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၀က္ျခံ ေတြဟာ ဆယ္ေက်ာ္သက္ အရြယ္ ေရာ၊ လူၾကီး ဘ၀ မွာပါ ျကံုရအမ်ားဆံုး အေရျပား ျပႆနာ တစ္ခုျဖစ္တယ္။ ၀က္ျခံေတြက ျပင္ပ ပံုပန္းသြင္ျပင္တင္မကဘဲ စိတ္ပိုင္းဆိုင္ရာပါ ထိခိုက္ေစပါတယ္၊ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈနည္းေစတာမ်ိဳးေပါ့။ ၀က္ျခံ ေတြေပ်ာက္သြားသည့္တိုင္ေအာင္ ထို ၀က္ျခံ ေတြေၾကာင့္ အမာရြတ္ ေတြက်န္ခဲ့တာမ်ိဳးျဖစ္တတ္ပါတယ္။
၀က္ျခံ အမာရြတ္ အမ်ိဳးအစား
အမာရြတ္ ေတြဟာ ေရာင္ရမ္းသြားတဲ့ ၀က္ျခံ ေတြေၾကာင့္ ပ်က္စီးသြားတဲ့အေရျပားတစ္သွွ်ဴးေတြကို ျပန္လည္ျပင္ဆင္ရာမွျဖစ္ေပၚလာတာပါ။ ျပည္တည္ေနေသာ ၀က္ျခံဖု မ်ားကသာေရာင္ရမ္းတတ္ျပီး ဆား၀က္ျခံေတြ၊ အမဲစက္ ေတြက မေရာင္ရမ္းတာေၾကာင့္ အမာရြတ္ အျဖစ္က်န္ခဲ့နုိင္ေခ်နည္းပါတယ္။
ပိတ္သြားတဲ့ ေခၽြးေပါက္ ေတြဟာ ေရာင္ရမ္းျပီး ေပါက္ထြက္သြားတဲ့အခါ ဆဲလ္အေသ ေတြ၊ အဆီေတြ၊ ဘတ္တီးရီးယားေတြဟာ အနားပတ္၀န္းက်င္က ဆဲလ္ေတြဆီပ်ံ႕သြားပါေတာ့တယ္။ ထိခိုက္သြားတဲ့ အေရျပား ဆဲလ္ေတြ၊ တစ္သွ်ဴးေတြ ျပန္လည္ျပင္ဆင္ရာမွ ပံုမွန္ အေရျပား တစ္သွ်ဴးနဲ႔ မ်က္နွာျပင္ေရာ၊ အျမင္အရပါ မတူတဲ့ အမာရြတ္တစ္သ်ဴးေတြ ျဖစ္လာေစပါတယ္။
အမာရြတ္ နွစ္မ်ိဳးရွိပါတယ္
ပထမတစ္မ်ိဳးက ပံုမွန္ အေရျပား ထက္ျမင့္တက္ေနေသာ အမာရြတ္မ်ိဳးေတြျဖစ္တယ္။ ရင္ဘတ္၊ ေက်ာဘက္ေတြမွာ အျဖစ္မ်ားျပီး ၀က္ျခံေၾကာင့္ အေရျပား တစ္သ်ွဳး မ်ားျပန္လည္ကုစားရာမွာ ေကာ္လဂ်င္(collagen) အမ်ားအျပားသံုးျခင္းေၾကာင့္ ျဖစ္လာရပါတယ္။
ေနာက္တစ္မ်ိဳးက ပံုမွန္ အေရျပား ထက္ ခ်ိဳင့္ေသာ အမာရြတ္မ်ိဳးျဖစ္ျပီးး မ်က္နွာေပၚမွာအျဖစ္မ်ားပါတယ္။ အေရျပားတစ္သ်ဳးေတြျပန္ျပင္ရာမွာ ဆံုးရွံႈးသြားေသာ တစ္သ်ဳး မ်ားရွိတာေၾကာင့္ ခ်ိဳင့္ေနျခင္းျဖစ္တယ္။ နွစ္မ်ိဳးထပ္ခဲြနုိင္ျပီး icepick scars နွင့္ boxcar scars ဟုေခၚကာ ဆုိသည္မွာ icepick scars အေရျပားမွာ သိသာေသာ အေပါက္ငယ္မ်ားျဖစ္ျပီး boxcar scars ကေတာ့ ေဘးအနားသတ္ႏွင့္ ၀န္း၀ိုင္းေသာအမာရြတ္ငယ္ေလးမ်ားျဖစ္တယ္။
ဘယ္လို ကုသ နုိင္မလဲ
၀က္ျခံ အမာရြတ္ ေတြကိုကုသျခင္းဟာ အမာရြတ္ တည္ေနရာနဲ႔ ဘယ္ေလာက္ဆိုးလဲေပၚမွာမူတည္ပါတယ္။ ဆရာ၀န္က လိမ္းေဆးခရင္မ်ားလိမ္းဖို႔၊ အေရျပားကုသမႈမ်ားလုပ္ဖို႔ အၾကံေပးပါလိမ့္မယ္။
လိမ္းေဆး ခရင္ မ်ား
၀က္ျခံ ေျကာင့္ျဖစ္ေသာ အမာရြတ္ မ်ားကို ကုသရန္ လိမ္းေဆးခရင္မ်ား အမ်ားအျပားရွိပါတယ္။ ဆရာ၀န္က နီရဲေရာင္ရမ္းေနေသာ အမာရြတ္ မ်ားအတြက္ေတာ့ corticosteroids ေဆးတစ္မ်ိဳးေပးပါလိမ့္မယ္။ hydroquinone, kojic acid (မိႈမွရေသာ သဘာ၀ အသားေရာင္ေဖ်ာ့ေဆး) , arbutin(bearberry extract), vitamin C (ascorbic acid). စသည့္ပစၥည္းမ်ားပါေသာ လိမ္းေဆးခရင္မ်ားက အမာရြတ္အေရာင္ေဖ်ာ့ေစပါလိမ့္မယ္။
အေရျပား ကုသမႈ မ်ား
တကယ္လို႔ ၀က္ျခံ ေတြေၾကာင့္ အမာရြတ္ ၾကီးၾကီးမားမား က်န္ေနတယ္ဆုိရင္ေတာ့-
ေလဆာျဖင့္မ်က္ႏွာျပင္အသစ္ျဖစ္ေစျခင္း– ေလဆာသံုးျပီး အေရျပားမ်က္ႏွာျပင္တင္းရင္းေခ်ာေမြ႔နုပ်ိဳေစျခင္း ျဖစ္တယ္။ အမာရြတ္မ်ားကိုျပန္ျဖည့္ဖို႔ အေရျပားအလႊာသစ္ျဖစ္ေပၚလာရန္ ေကာ္လဂ်င္(collagen) မ်ားထုတ္ေပးပါတယ္။ မိနစ္အနည္းငယ္မွ တစ္နာရီခန္႔ထိၾကာနုိင္ျပီး ထံုေဆးျဖင့္ နာက်င္မႈေလွ်ာ့ခ်သက္သာေစပါလိမ့္မယ္။ လံုး၀အရွင္းေပ်ာက္ကင္းဖို႔ ၃ ရက္မွ ၁၀ ခန္႔ၾကာနုိင္ပါတယ္။
ေလဆာ ျဖင့္ကုနည္း – တျခား ေလဆာ နည္းမ်ားထက္ အေရျပားအတြင္းဘက္ ပိုနက္ေအာင္ထိုးေဖာက္နုိင္ေသာ ကုသမႈတစ္မ်ိဳးျဖစ္တယ္။ အေရျပားအေပၚလႊာကိုစားပစ္ျခင္းမဟုတ္ဘဲ ေလဆာျဖင့္ အေရျပားအတြင္းပိုင္းသုိ႔ ထိုးေဖာက္ကာ ေကာ္လဂ်င္ထုတ္လုပ္မႈ တိုးေစျခင္းျဖစ္တယ္။ အႏၲရာယ္နည္းျပီး ကုသခ်ိန္လည္းပိုတိုပါတယ္။
အေရျပား စားပစ္ျခင္း – လည္ေနေသာ ဘရက္ရွ္ တစ္ခုကိုသံုးကာ အေရျပား လႊာမ်ားကိုစားပစ္ျခင္းျဖစ္တယ္။ အေရျပားအလႊာသစ္ျဖစ္ေပၚလာကာ ပိုမိုေခ်ာ့ေမြ႔နုပ်ိဳေသာ အသြင္ကိုေပးပါတယ္။ ျပန္ေကာင္းခ်ိန္ ၁၀ ရက္မွ ၃ ပတ္ထိၾကာနိုင္ပါတယ္။
ေဆးထိုးျခင္း – အမာရြတ္ မ်ားမွာရွိတဲ့ ၾကားမ်ားကိုျဖည့္စြတ္ေပးျခင္းျဖစ္တယ္။ သို႔ေပမယ့္ ျဖည့္စြတ္လိုက္ေသာပစၥည္းကို အေရျပားမွစုပ္ယူဖို႔အတြက္ ၄ လတစ္ၾကိမ္၊ သုိ႔ ၆ လတစ္ၾကိမ္ ထပ္ကာထပ္ကာျပန္လုပ္ဖုိ႔လုိုပါလိမ့္မယ္။
ခဲြစိတ္ျခင္း – အမာရြတ္မ်ားပါကလုပ္တတ္ေသာ ခဲြစိတ္မႈအေသးစားေလးျဖစ္တယ္။ အမာရြတ္အားလံုးမဖယ္ေပးနုိ္င္ေသာ္လည္း မထင္ရွားေအာင္ျပဳလုပ္ေပးနုိင္ပါလိမ့္မယ္။ ဖယ္ရန္က်န္ရွိေနေသာ အမာရြတ္တစ္သွွ်ဴးမ်ားကလည္း အခ်ိန္တစ္ခုအၾကာမွာ တေျဖးေျဖးမွိန္သြား၊ ေပ်ာက္သြားတတ္ပါတယ္။
၀က္ျခံေၾကာင့္ျဖစ္ေသာ အမာရြတ္ မ်ားျပန္ေကာင္းရန္ အဓိကအခ်က္ကေတာ့ စိတ္ရွည္ရန္ျဖစ္တယ္။ ကုသမႈမ်ားပါက ေဘးထြက္ဆိုးက်ိဳးလည္းမ်ားမည္ျဖစ္တယ္။
တစ္ေယာက္ခ်င္းစီရဲ႕ အမာရြတ္ ေတြက တစ္ေယာက္နဲ႔တစ္ေယာက္မတူတာေၾကာင့္ မိမိအတြက္ ျဖစ္နုိင္ေသာကုသမႈမ်ားနဲ႔ပတ္သတ္ျပီး အေရျပား ဆရာ၀န္နဲ႔ ေဆြးေႏြးတုိင္ပင္သင့္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwin pyin
#Unicode Version#
၀က်ခြံ တွေဟာ ဆယ်ကျော်သက် အရွယ် ရော၊ လူကြီး ဘ၀ မှာပါ ကြုံရအများဆုံး အရေပြား ပြဿနာ တစ်ခုဖြစ်တယ်။ ဝက်ခြံတွေက ပြင်ပ ပုံပန်းသွင်ပြင်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါတယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းစေတာမျိုးပေါ့။ ဝက်ခြံ တွေပျောက်သွားသည့်တိုင်အောင် ထို ဝက်ခြံ တွေကြောင့် အမာရွတ် တွေကျန်ခဲ့တာမျိုးဖြစ်တတ်ပါတယ်။

ဝက်ခြံ အမာရွတ် အမျိုးအစား

အမာရွတ် တွေဟာ ရောင်ရမ်းသွားတဲ့ ဝက်ခြံ တွေကြောင့် ပျက်စီးသွားတဲ့အရေပြားတစ်သှျှူးတွေကို ပြန်လည်ပြင်ဆင်ရာမှဖြစ်ပေါ်လာတာပါ။ ပြည်တည်နေသော ဝက်ခြံဖု များကသာရောင်ရမ်းတတ်ပြီး ဆားဝက်ခြံတွေ၊ အမဲစက် တွေက မရောင်ရမ်းတာကြောင့် အမာရွတ် အဖြစ်ကျန်ခဲ့နိုင်ချေနည်းပါတယ်။

ပိတ်သွားတဲ့ ချွေးပေါက် တွေဟာ ရောင်ရမ်းပြီး ပေါက်ထွက်သွားတဲ့အခါ ဆဲလ်အသေ တွေ၊ အဆီတွေ၊ ဘတ်တီးရီးယားတွေဟာ အနားပတ်ဝန်းကျင်က ဆဲလ်တွေဆီပျံ့သွားပါတော့တယ်။ ထိခိုက်သွားတဲ့ အရေပြား ဆဲလ်တွေ၊ တစ်သျှူးတွေ ပြန်လည်ပြင်ဆင်ရာမှ ပုံမှန် အရေပြား တစ်သျှူးနဲ့ မျက်နှာပြင်ရော၊ အမြင်အရပါ မတူတဲ့ အမာရွတ်တစ်သျူးတွေ ဖြစ်လာစေပါတယ်။

အမာရွတ် နှစ်မျိုးရှိပါတယ်

ပထမတစ်မျိုးက ပုံမှန် အရေပြား ထက်မြင့်တက်နေသော အမာရွတ်မျိုးတွေဖြစ်တယ်။ ရင်ဘတ်၊ ကျောဘက်တွေမှာ အဖြစ်များပြီး ဝက်ခြံကြောင့် အရေပြား တစ်သျှုး များပြန်လည်ကုစားရာမှာ ကော်လဂျင်(collagen) အများအပြားသုံးခြင်းကြောင့် ဖြစ်လာရပါတယ်။

နောက်တစ်မျိုးက ပုံမှန် အရေပြား ထက် ချိုင့်သော အမာရွတ်မျိုးဖြစ်ပြီးး မျက်နှာပေါ်မှာအဖြစ်များပါတယ်။ အရေပြားတစ်သျုးတွေပြန်ပြင်ရာမှာ ဆုံးရှှုံးသွားသော တစ်သျုး များရှိတာကြောင့် ချိုင့်နေခြင်းဖြစ်တယ်။ နှစ်မျိုးထပ်ခွဲနိုင်ပြီး icepick scars နှင့် boxcar scars ဟုခေါ်ကာ ဆိုသည်မှာ icepick scars အရေပြားမှာ သိသာသော အပေါက်ငယ်များဖြစ်ပြီး boxcar scars ကတော့ ဘေးအနားသတ်နှင့် ဝန်းဝိုင်းသောအမာရွတ်ငယ်လေးများဖြစ်တယ်။

ဘယ်လို ကုသ နိုင်မလဲ

ဝက်ခြံ အမာရွတ် တွေကိုကုသခြင်းဟာ အမာရွတ် တည်နေရာနဲ့ ဘယ်လောက်ဆိုးလဲပေါ်မှာမူတည်ပါတယ်။ ဆရာဝန်က လိမ်းဆေးခရင်များလိမ်းဖို့၊ အရေပြားကုသမှုများလုပ်ဖို့ အကြံပေးပါလိမ့်မယ်။

လိမ်းဆေး ခရင် များ

ဝက်ခြံ ကြောင့်ဖြစ်သော အမာရွတ် များကို ကုသရန် လိမ်းဆေးခရင်များ အများအပြားရှိပါတယ်။ ဆရာဝန်က နီရဲရောင်ရမ်းနေသော အမာရွတ် များအတွက်တော့ corticosteroids ဆေးတစ်မျိုးပေးပါလိမ့်မယ်။ hydroquinone, kojic acid (မှိုမှရသော သဘာ၀ အသားရောင်ဖျော့ဆေး) , arbutin(bearberry extract), vitamin C (ascorbic acid). စသည့်ပစ္စည်းများပါသော လိမ်းဆေးခရင်များက အမာရွတ်အရောင်ဖျော့စေပါလိမ့်မယ်။

အရေပြား ကုသမှု များ

တကယ်လို့ ဝက်ခြံ တွေကြောင့် အမာရွတ် ကြီးကြီးမားမား ကျန်နေတယ်ဆိုရင်တော့-

လေဆာဖြင့်မျက်နှာပြင်အသစ်ဖြစ်စေခြင်း– လေဆာသုံးပြီး အရေပြားမျက်နှာပြင်တင်းရင်းချောမွေ့နုပျိုစေခြင်း ဖြစ်တယ်။ အမာရွတ်များကိုပြန်ဖြည့်ဖို့ အရေပြားအလွှာသစ်ဖြစ်ပေါ်လာရန် ကော်လဂျင်(collagen) များထုတ်ပေးပါတယ်။ မိနစ်အနည်းငယ်မှ တစ်နာရီခန့်ထိကြာနိုင်ပြီး ထုံဆေးဖြင့် နာကျင်မှုလျှော့ချသက်သာစေပါလိမ့်မယ်။ လုံးဝအရှင်းပျောက်ကင်းဖို့ ၃ ရက်မှ ၁၀ ခန့်ကြာနိုင်ပါတယ်။

လေဆာ ဖြင့်ကုနည်း – တခြား လေဆာ နည်းများထက် အရေပြားအတွင်းဘက် ပိုနက်အောင်ထိုးဖောက်နိုင်သော ကုသမှုတစ်မျိုးဖြစ်တယ်။ အရေပြားအပေါ်လွှာကိုစားပစ်ခြင်းမဟုတ်ဘဲ လေဆာဖြင့် အရေပြားအတွင်းပိုင်းသို့ ထိုးဖောက်ကာ ကော်လဂျင်ထုတ်လုပ်မှု တိုးစေခြင်းဖြစ်တယ်။ အန္တရာယ်နည်းပြီး ကုသချိန်လည်းပိုတိုပါတယ်။

အရေပြား စားပစ်ခြင်း – လည်နေသော ဘရက်ရှ် တစ်ခုကိုသုံးကာ အရေပြား လွှာများကိုစားပစ်ခြင်းဖြစ်တယ်။ အရေပြားအလွှာသစ်ဖြစ်ပေါ်လာကာ ပိုမိုချော့မွေ့နုပျိုသော အသွင်ကိုပေးပါတယ်။ ပြန်ကောင်းချိန် ၁၀ ရက်မှ ၃ ပတ်ထိကြာနိုင်ပါတယ်။

ဆေးထိုးခြင်း – အမာရွတ် များမှာရှိတဲ့ ကြားများကိုဖြည့်စွတ်ပေးခြင်းဖြစ်တယ်။ သို့ပေမယ့် ဖြည့်စွတ်လိုက်သောပစ္စည်းကို အရေပြားမှစုပ်ယူဖို့အတွက် ၄ လတစ်ကြိမ်၊ သို့ ၆ လတစ်ကြိမ် ထပ်ကာထပ်ကာပြန်လုပ်ဖို့လိုပါလိမ့်မယ်။

ခွဲစိတ်ခြင်း – အမာရွတ်များပါကလုပ်တတ်သော ခွဲစိတ်မှုအသေးစားလေးဖြစ်တယ်။ အမာရွတ်အားလုံးမဖယ်ပေးနိုင်သော်လည်း မထင်ရှားအောင်ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။ ဖယ်ရန်ကျန်ရှိနေသော အမာရွတ်တစ်သှျှူးများကလည်း အချိန်တစ်ခုအကြာမှာ တဖြေးဖြေးမှိန်သွား၊ ပျောက်သွားတတ်ပါတယ်။

ဝက်ခြံကြောင့်ဖြစ်သော အမာရွတ် များပြန်ကောင်းရန် အဓိကအချက်ကတော့ စိတ်ရှည်ရန်ဖြစ်တယ်။ ကုသမှုများပါက ဘေးထွက်ဆိုးကျိုးလည်းများမည်ဖြစ်တယ်။

တစ်ယောက်ချင်းစီရဲ့ အမာရွတ် တွေက တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် မိမိအတွက် ဖြစ်နိုင်သောကုသမှုများနဲ့ပတ်သတ်ပြီး အရေပြား ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwin pyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top