ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အဆီမ်ားတဲ႔ငါးေတြရဲ႕ အဆီတစ္ရွဴးကေန ထုတ္ယူထားတဲ႔ ငါးႀကီးဆီမွာ DHA တို႔၊ EPA တို႔လိုမ်ိဳး ခႏၶာကိုယ္အတြက္ အက်ိဳးျပဳႏိုင္တဲ႔ ဓာတုပစၥည္းေတြ ပါဝင္သလို omega 3 ဖက္တီးအက္ဆစ္လည္း ပါဝင္ပါတယ္။

ငါးႀကီးေတြဟာ omega-3 ဖက္တီးအက္ဆစ္ကို ထုတ္လုပ္ဖို႔အတြက္ ငါးေသးေသးေလးေတြ၊ ေရညွိေတြကို စားေသာက္ေပးရတဲ႔အတြက္ ငါးႀကီးဆီထဲမွာ ခႏၶာကိုယ္အတြက္ အက်ိဳးရွိမယ္႔ omega 3 ဖက္တီးအက္ဆစ္ေတြ ပမာဏအမ်ားႀကီး စုေဆာင္းမိေစပါတယ္။ ငါးႀကီးဆီ စားေပးျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကေတာ႔...
၁။ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစႏိုင္

ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ သက္ႀကီးရြယ္အိုေတြကို ငါးႀကီးဆီစားဖို႔ ကြ်မ္းက်င္သူေတြက တိုက္တြန္းေလ႔ရွိၾကပါတယ္။ ဘာလို႔လဲဆိုေတာ႔ ငါးႀကီးဆီက ခႏၶာကိုယ္အတြက္ လိုအပ္တဲ႔ ခြန္အားေတြကို ေပးစြမ္းႏိုင္ရံုသာမက ကိုယ္ဝန္သည္ေတြနဲ႔ သက္ႀကီးရြယ္အိုေတြမွာ အျဖစ္မ်ားတတ္တဲ႔ ဝမ္းခ်ဳပ္ျခင္းေဝဒနာကိုလည္း သက္သာေပ်ာက္ကင္းေစႏိုင္လို႔ပါပဲ။

ငါးႀကီးဆီမွာပါဝင္တဲ႔ အဆီဓာတ္က ခႏၶာကိုယ္ထဲမွာ ေခ်ာဆီတစ္မ်ိဳးလို လုပ္ေဆာင္ေပးၿပီး ဝမ္းခ်ဳပ္ျခင္းေဝဒနာကို သက္သာေစႏိုင္ပါတယ္။ ေနာက္ၿပီး ကာလရွည္ၾကာ ဝမ္းခ်ဳပ္ျခင္းေၾကာင္႔ ျဖစ္ပြားတတ္တဲ႔ အဆစ္အျမစ္နဲ႔ အေရျပား ေရာင္ရမ္းျခင္းကိုလည္း ငါးႀကီးဆီထဲမွာ ပါဝင္တဲ႔ Omega 3 ဖက္တီးအက္ဆစ္က ကူညီကုစားေပးႏိုင္ပါတယ္။
၂။ ဆီးႀကိတ္ကင္ဆာ ကာကြယ္ႏိုင္

ငါးႀကီီးဆီ ပံုမွန္စားေပးျခင္းက အမ်ိဳးသားေတြမွာ ျဖစ္တတ္တဲ႔ ဆီးႀကိတ္ကင္ဆာေရာဂါကို ကာကြယ္ေပးႏိုင္တယ္လို႔ သိရပါတယ္။ Omega-3 ဖက္တီးအက္ဆစ္ ၾကြယ္ဝစြာပါဝင္တဲ႔ အစားအစာ တစ္နပ္ဟာ ဆီးႀကိတ္ကင္ဆာျဖစ္ဖို႔ အလားအလာရွိေနတဲ႔ အမ်ိဳးသားေတြအတြက္ အလြန္အက်ိဳးျပဳႏိုင္တယ္လို႔လည္း ဆိုထားပါတယ္။
၃။ ကိုယ္ဝန္ေဆာင္မိခင္ေတြအတြက္ သင္႔ေတာ္

ငါးႀကီးဆီဟာ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာ ျဖစ္တတ္တဲ႔ ေဟာ္မုန္းေျပာင္းလဲမႈေၾကာင္႔ ျဖစ္တတ္တဲ႔ စိတ္ဓာတ္က်ဆင္းျခင္း ေဝဒနာကိုလည္း သက္သာေစႏိုင္ပါတယ္။ ငါးႀကီးဆီမွာ DHA ၾကြယ္ဝစြာပါဝင္ၿပီး ဆရာဝန္ေတြကလည္း ကိုယ္ဝန္ေဆာင္မိခင္ေတြကို DHA ၾကြယ္ဝတဲ႔႔ အစားအစာေတြ စားေပးဖို႔ တိုက္တြန္းတတ္ၾကပါတယ္။
၄။ မွတ္ဉာဏ္ပိုေကာင္းေစ

ငါးႀကီးဆီမွာ ပါဝင္တဲ႔ omega 3 ဖက္တီးအက္ဆစ္ဟာ မွတ္ဉာဏ္ပိုေကာင္းေစတယ္လို႔ သုေတသနေတြအရ သိရပါတယ္။ အထူးသျဖင္႔ ငယ္ရြယ္တဲ႔ ကေလးငယ္ေတြနဲ႔ လူငယ္လူရြယ္ေတြမွာ အာနိသင္ပိုမို ထိေရာက္ႏိုင္ပါတယ္။
၅။ အျမင္အာရံု ပိုမိုအားေကာင္းေစႏိုင္

ငယ္ရြယ္တဲ႔ ကေလးေတြနဲ႔ သက္ႀကီးရြယ္အိုေတြကို ငါးႀကီးဆီ ပံုမွန္ေသာက္ေပးဖို႔ တုိက္တြန္းမယ္ဆိုရင္ သူတို႔ရဲ႕အျမင္အာရံုကို ႀကီးမားစြာ အက်ိဳးျပဳႏိုင္မွာပါ။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ဂိမ္းအရမ္းေဆာ႔ၿပီး မ်က္မွန္အထူႀကီးေတြ တပ္ေနရတဲ႔ ကေလးငယ္ေတြကို ငါးႀကီးဆီ တိုက္ေပးမယ္ဆိုရင္ သူတို႔ရဲ႕ အျမင္အာရံု သိသိသာသာႀကီး ျပန္လည္ေကာင္းမြန္လာတာကို ေတြ႕ရွိရမွာပါ။ ေနာက္ၿပီး အသက္အရြယ္ႀကီးရင္႔မႈေၾကာင္႔ မ်က္စိမႈန္ေနတဲ႔ သက္ႀကီးရြယ္အိုေတြကိုလည္း ငါးႀကီးဆီ တိုက္ေကြ်းေပးမယ္ဆိုရင္ အျမင္အာရံုျပန္လည္ၾကည္လင္လာတာကို ေတြ႕ရွိရမွာပါ။

Source: Stylecraze

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun
#Unicode Version#
အဆီများတဲ့ငါးတွေရဲ့ အဆီတစ်ရှူးကနေ ထုတ်ယူထားတဲ့ ငါးကြီးဆီမှာ DHA တို့၊ EPA တို့လိုမျိုး ခန္ဓာကိုယ်အတွက် အကျိုးပြုနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်သလို omega 3 ဖက်တီးအက်ဆစ်လည်း ပါဝင်ပါတယ်။

ငါးကြီးတွေဟာ omega-3 ဖက်တီးအက်ဆစ်ကို ထုတ်လုပ်ဖို့အတွက် ငါးသေးသေးလေးတွေ၊ ရေညှိတွေကို စားသောက်ပေးရတဲ့အတွက် ငါးကြီးဆီထဲမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိမယ့် omega 3 ဖက်တီးအက်ဆစ်တွေ ပမာဏအများကြီး စုဆောင်းမိစေပါတယ်။ ငါးကြီးဆီ စားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့...
၁။ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ငါးကြီးဆီစားဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ ငါးကြီးဆီက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်းနိုင်ရုံသာမက ကိုယ်ဝန်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတတ်တဲ့ ဝမ်းချုပ်ခြင်းဝေဒနာကိုလည်း သက်သာပျောက်ကင်းစေနိုင်လို့ပါပဲ။

ငါးကြီးဆီမှာပါဝင်တဲ့ အဆီဓာတ်က ခန္ဓာကိုယ်ထဲမှာ ချောဆီတစ်မျိုးလို လုပ်ဆောင်ပေးပြီး ဝမ်းချုပ်ခြင်းဝေဒနာကို သက်သာစေနိုင်ပါတယ်။ နောက်ပြီး ကာလရှည်ကြာ ဝမ်းချုပ်ခြင်းကြောင့် ဖြစ်ပွားတတ်တဲ့ အဆစ်အမြစ်နဲ့ အရေပြား ရောင်ရမ်းခြင်းကိုလည်း ငါးကြီးဆီထဲမှာ ပါဝင်တဲ့ Omega 3 ဖက်တီးအက်ဆစ်က ကူညီကုစားပေးနိုင်ပါတယ်။
၂။ ဆီးကြိတ်ကင်ဆာ ကာကွယ်နိုင်

ငါးကြီးဆီ ပုံမှန်စားပေးခြင်းက အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ဆီးကြိတ်ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ Omega-3 ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့ အစားအစာ တစ်နပ်ဟာ ဆီးကြိတ်ကင်ဆာဖြစ်ဖို့ အလားအလာရှိနေတဲ့ အမျိုးသားတွေအတွက် အလွန်အကျိုးပြုနိုင်တယ်လို့လည်း ဆိုထားပါတယ်။
၃။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သင့်တော်

ငါးကြီးဆီဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျဆင်းခြင်း ဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။ ငါးကြီးဆီမှာ DHA ကြွယ်ဝစွာပါဝင်ပြီး ဆရာဝန်တွေကလည်း ကိုယ်ဝန်ဆောင်မိခင်တွေကို DHA ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ တိုက်တွန်းတတ်ကြပါတယ်။
၄။ မှတ်ဉာဏ်ပိုကောင်းစေ

ငါးကြီးဆီမှာ ပါဝင်တဲ့ omega 3 ဖက်တီးအက်ဆစ်ဟာ မှတ်ဉာဏ်ပိုကောင်းစေတယ်လို့ သုတေသနတွေအရ သိရပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးငယ်တွေနဲ့ လူငယ်လူရွယ်တွေမှာ အာနိသင်ပိုမို ထိရောက်နိုင်ပါတယ်။
၅။ အမြင်အာရုံ ပိုမိုအားကောင်းစေနိုင်

ငယ်ရွယ်တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ငါးကြီးဆီ ပုံမှန်သောက်ပေးဖို့ တိုက်တွန်းမယ်ဆိုရင် သူတို့ရဲ့အမြင်အာရုံကို ကြီးမားစွာ အကျိုးပြုနိုင်မှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိမ်းအရမ်းဆော့ပြီး မျက်မှန်အထူကြီးတွေ တပ်နေရတဲ့ ကလေးငယ်တွေကို ငါးကြီးဆီ တိုက်ပေးမယ်ဆိုရင် သူတို့ရဲ့ အမြင်အာရုံ သိသိသာသာကြီး ပြန်လည်ကောင်းမွန်လာတာကို တွေ့ရှိရမှာပါ။ နောက်ပြီး အသက်အရွယ်ကြီးရင့်မှုကြောင့် မျက်စိမှုန်နေတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ငါးကြီးဆီ တိုက်ကျွေးပေးမယ်ဆိုရင် အမြင်အာရုံပြန်လည်ကြည်လင်လာတာကို တွေ့ရှိရမှာပါ။

Source: Stylecraze

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top