Golden City Promotion
×

မိတ္ကပ္ဖ်က္ေဆးနဲ႔ မ်က္နွာသစ္ေဆးက မတူပါဘူး။
မ်က္ႏွာကေတာ့ ေန႔တုိင္း သစ္ေနတာပဲ။ အိပ္ရာႏိုးတုိင္း သစ္ေနတာဆုိေတာ့ မ်က္ႏွာသစ္ရင္ ၿပီးၿပီေပါ့လို႔ အလြယ္ေတြးၾကတယ္။ မ်က္ႏွာအသားအေရေလးကို လွပေနေစခ်င္ရင္ေတာ့ ဒီအမွားေလးေတြ မလုပ္ရဘူးေနာ္။
၁။ အိပ္ရာဝင္ခါနီးတိုင္း မ်က္ႏွာသစ္ဖုိ႔ မေမ့ပါနဲ႔။ ပ်င္းလည္း မပ်င္းပါနဲ႔။ ေန႔ခင္းဘက္မွာ မ်က္ႏွာကအဆီျပန္၊ ေခၽြးထြက္ေတာ့ လိမ္းထားတဲ့မိတ္ကပ္ေတြ၊ ဖုန္ေတြ ကပ္ေနတာမို႔ ညမအိပ္ခင္ မ်က္ႏွာသစ္ေပးရပါမယ္။

၂။ ညအိပ္ခါနီး မ်က္နွာသစ္ထားလို႔ မနက္က်ရင္ မ်က္ႏွာမသစ္ခ်င္ဘူးလား။ ေခါင္းအံုးနဲ႔အိပ္ရာမွာ ကပ္ေနတဲ့ ေၾကးေညႇာ္ေတြကိုလည္း မနက္ပိုင္းမွာမ်က္ႏွာသစ္ျခင္းျဖင့္ ဖယ္ရွားရပါတယ္။

၃။ ေရပူလြန္းတာနဲ႔လည္း မ်က္ႏွာမသစ္ရဘူးေနာ္။ ၾကက္သီးေႏြးအဆင့္ထက္ ပိုမပူတဲ့ေရကိုသာ သံုးသင့္တယ္။
၄။ မိတ္ကပ္ဖ်က္ေဆးနဲ႔ မ်က္နွာသစ္ေဆးက မတူပါဘူး။ မိတ္ကပ္ဖ်က္ေဆးသံုးၿပီးမွ မ်က္ႏွာသစ္ေဆးကို သံုးရတာျဖစ္ပါတယ္။

၅။ မိတ္ကပ္ဖ်က္တစ္ရႈးအစို တစ္မ်ိဳးတည္းသံုး႐ံုနဲ႔ မလံုေလာက္ပါဘူး။ မိတ္ကပ္ေတြပ်က္သြားမွ မ်က္ႏွာထပ္သစ္ေပးရမွာ ျဖစ္ပါတယ္။ ဒါမွ မိတ္ကပ္ေတြ စင္သြားမယ္ေလ။
၆။ ကိုယ့္အသားအေရနဲ႔ အလိုက္ဖက္ဆံုးျဖစ္မယ့္ မ်က္နွာသစ္ေဆးမ်ိဳးကို ေ႐ြးခ်ယ္ပါ။ အဆီျပန္တာလား၊ ဝက္ျခံထြက္တာလား၊ sensitive skin လား ၊ ေျခာက္ေသြ႕တဲ့ အသားအေရလားဆုိတာ ကိုယ္က သိေနတာပဲေလ။ အဲ့တာအတြက္ ထုတ္ထားတဲ့ မ်က္ႏွာသစ္ေဆးကိုပဲသံုးေပါ့။

၇။ ခႏၶာကိုယ္ကိုသုတ္ထားတဲ့တဘက္နဲ႔ မ်က္ႏွာကို မသုတ္ရဘူး။ ခႏၶာကိုယ္မွာ ကပ္ေနတဲ့ ဘက္တီးရီးယားေတြ မ်က္ႏွာကို ကပ္သြားႏုိင္တယ္။ မဒီ့အေနနဲ႔ကေတာ့ မ်က္ႏွာသစ္ၿပီးတိုင္း တစ္႐ႈးအသန္႔ေလးနဲ႔ပဲ မ်က္ႏွာကို သုတ္ေစခ်င္ပါတယ္။
၈။ အခ်ိန္အၾကာႀကီး မ်က္ႏွာကို ပြတ္တိုက္တာမ်ိဳးလည္း ေရွာင္ၾကဥ္ပါ။ ဆပ္ျပာေတြနဲ႔ မ်က္ႏွာကို ၾကာၾကာတုိက္ရင္ ေကာင္းက်ိဳးမရဘဲ ဆိုးက်ိဳးပဲျဖစ္ေစတယ္။ စကၠန္႔ ၃၀ ေလာက္ ပြတ္တုိက္ေပးရင္ လံုေလာက္ပါၿပီ။

၉။ Exfoliating လုပ္တာက တစ္ပတ္ကို တစ္ႀကိမ္/ႏွစ္ႀကိမ္ထက္ မပိုရပါဘူး။ အေရျပားအေပၚယံလႊာ ပ်က္စီးၿပီး နီရဲေရာင္ရမ္းတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။
၁၀။ မ်က္ႏွာသစ္ၿပီးသြားရင္ toner နဲ႔ moisturizer လည္း သံုးေပးဖုိ႔ လိုပါတယ္။ Toner က မ်က္ႏွာသစ္တာေတာင္ မေျပာင္ဘဲ က်န္ေနတဲ့ အညစ္အေၾကးေတြကို ဖယ္ရွားေပးတာျဖစ္ၿပီး moisturizer ကေတာ့ မ်က္ႏွာေလးကို စိုေျပႏူးညံ့ေစပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
မိတ်ကပ်ဖျက်ဆေးနဲ့ မျက်နှာသစ်ဆေးက မတူပါဘူး။
မျက်နှာကတော့ နေ့တိုင်း သစ်နေတာပဲ။ အိပ်ရာနိုးတိုင်း သစ်နေတာဆိုတော့ မျက်နှာသစ်ရင် ပြီးပြီပေါ့လို့ အလွယ်တွေးကြတယ်။ မျက်နှာအသားအရေလေးကို လှပနေစေချင်ရင်တော့ ဒီအမှားလေးတွေ မလုပ်ရဘူးနော်။
၁။ အိပ်ရာဝင်ခါနီးတိုင်း မျက်နှာသစ်ဖို့ မမေ့ပါနဲ့။ ပျင်းလည်း မပျင်းပါနဲ့။ နေ့ခင်းဘက်မှာ မျက်နှာကအဆီပြန်၊ ချွေးထွက်တော့ လိမ်းထားတဲ့မိတ်ကပ်တွေ၊ ဖုန်တွေ ကပ်နေတာမို့ ညမအိပ်ခင် မျက်နှာသစ်ပေးရပါမယ်။

၂။ ညအိပ်ခါနီး မျက်နှာသစ်ထားလို့ မနက်ကျရင် မျက်နှာမသစ်ချင်ဘူးလား။ ခေါင်းအုံးနဲ့အိပ်ရာမှာ ကပ်နေတဲ့ ကြေးညှော်တွေကိုလည်း မနက်ပိုင်းမှာမျက်နှာသစ်ခြင်းဖြင့် ဖယ်ရှားရပါတယ်။

၃။ ရေပူလွန်းတာနဲ့လည်း မျက်နှာမသစ်ရဘူးနော်။ ကြက်သီးနွေးအဆင့်ထက် ပိုမပူတဲ့ရေကိုသာ သုံးသင့်တယ်။
၄။ မိတ်ကပ်ဖျက်ဆေးနဲ့ မျက်နှာသစ်ဆေးက မတူပါဘူး။ မိတ်ကပ်ဖျက်ဆေးသုံးပြီးမှ မျက်နှာသစ်ဆေးကို သုံးရတာဖြစ်ပါတယ်။

၅။ မိတ်ကပ်ဖျက်တစ်ရှုးအစို တစ်မျိုးတည်းသုံးရုံနဲ့ မလုံလောက်ပါဘူး။ မိတ်ကပ်တွေပျက်သွားမှ မျက်နှာထပ်သစ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှ မိတ်ကပ်တွေ စင်သွားမယ်လေ။
၆။ ကိုယ့်အသားအရေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် မျက်နှာသစ်ဆေးမျိုးကို ရွေးချယ်ပါ။ အဆီပြန်တာလား၊ ဝက်ခြံထွက်တာလား၊ sensitive skin လား ၊ ခြောက်သွေ့တဲ့ အသားအရေလားဆိုတာ ကိုယ်က သိနေတာပဲလေ။ အဲ့တာအတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကိုပဲသုံးပေါ့။

၇။ ခန္ဓာကိုယ်ကိုသုတ်ထားတဲ့တဘက်နဲ့ မျက်နှာကို မသုတ်ရဘူး။ ခန္ဓာကိုယ်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေ မျက်နှာကို ကပ်သွားနိုင်တယ်။ မဒီ့အနေနဲ့ကတော့ မျက်နှာသစ်ပြီးတိုင်း တစ်ရှုးအသန့်လေးနဲ့ပဲ မျက်နှာကို သုတ်စေချင်ပါတယ်။
၈။ အချိန်အကြာကြီး မျက်နှာကို ပွတ်တိုက်တာမျိုးလည်း ရှောင်ကြဉ်ပါ။ ဆပ်ပြာတွေနဲ့ မျက်နှာကို ကြာကြာတိုက်ရင် ကောင်းကျိုးမရဘဲ ဆိုးကျိုးပဲဖြစ်စေတယ်။ စက္ကန့် ၃၀ လောက် ပွတ်တိုက်ပေးရင် လုံလောက်ပါပြီ။

၉။ Exfoliating လုပ်တာက တစ်ပတ်ကို တစ်ကြိမ်/နှစ်ကြိမ်ထက် မပိုရပါဘူး။ အရေပြားအပေါ်ယံလွှာ ပျက်စီးပြီး နီရဲရောင်ရမ်းတာမျိုး ဖြစ်လာနိုင်ပါတယ်။
၁၀။ မျက်နှာသစ်ပြီးသွားရင် toner နဲ့ moisturizer လည်း သုံးပေးဖို့ လိုပါတယ်။ Toner က မျက်နှာသစ်တာတောင် မပြောင်ဘဲ ကျန်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတာဖြစ်ပြီး moisturizer ကတော့ မျက်နှာလေးကို စိုပြေနူးညံ့စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top