Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

နာမည္ေက်ာ္ သရုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ တစ္ေယာက္ကေတာ့ ဒါကိုပဲ ၾကည့္ရင္ ဒါကိုပဲ ျမင္မွာေလ လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာလိုက္ပါတယ္။

ပရိတ္သတ္ စိတ္ဝင္စားမႈခံရတဲ့ မင္းသမီး ေတြထဲမွာ ထိပ္ဆံုးက တစ္ေယာက္ အပါအဝင္ ျဖစ္တဲ့ မင္းသမီး သင္ဇာဝင့္ေက်ာ္ဟာ မၾကာေသးခင္ကလည္း မိုးေဟကိုနဲ႔ နားလည္မႈလဲြခဲ့ၾကၿပီး အြန္လိုင္းေပၚတြင္ နာမည္ႀကီးခဲ့သည္။

မေန႔ (ေအာက္တိုဘာလ ၁၃ ရက္) က ရုပ္ရွင္ သက္ႀကီး ပူေဇာ္ပဲြ တြင္ 8days TV ႏွင့္ အင္တာဗ်ဴးမွာ သူမက “ကိုယ္ႀကိဳက္လို႔ ကိုယ္တင္တာ၊ ဒါ ကိုယ့္ Creation သေဘာမ်ိဳးေလ၊ အာ့ေၾကာင့္ ။ ဒါကိုပဲၾကည့္ရင္ ဒါကိုပဲ ျမင္မွာပဲေလ၊ ဒါသဘာဝပဲ ဆိုေတာ့ ဘာမွ ေထြေထြ ထူးထူးေတာ့ မေျပာခ်င္ပါဘူး” ဟု ေျပာခဲ့တာ ျဖစ္ပါတယ္။

သင္ဇာဝင့္ေက်ာ္က ခႏၶာကိုယ္ ေျပျပစ္လွပတာေၾကာင့္လည္း ေဖ့စ္ဘြက္ လူမႈကြန္ယက္ေပၚမွာ မၾကာခဏ လူစိတ္ဝင္စားမႈ ခံေနရတာလည္း ျဖစ္ပါတယ္။

ေယာက္်ားေလး ပရိတ္သတ္ ကို ဆဲြေဆာင္ႏိုင္မႈေရာ၊ ဇာတ္ကား မ်ာစြာ သရုပ္ေဆာင္ ထားမႈေရာ ရွိေနတဲ့ သူမက အႏုပညာေလာကမွာ က်င္လည္လာတာ အခ်ိန္အတိုင္းအတာတစ္ခုထိ ရွိလာၿပီျဖစ္သည္။
သင္ဇာဝင့္ေက်ာ္က စုန္းျပဴး ႏွင့္ မိုးညအိပ္မက္ျမဴ ဇာတ္ကားႀကီး မ်ားတြင္ အကယ္ဒမီ ရလိမ့္မည္ဟု ခန္႔မွန္းျခင္း ခံခဲ့ရဖူးသူ ျဖစ္သည္။ သို႔ေသာ္လည္း ခုခ်ိန္ထိ အကယ္ဒမီဆုႏွင့္ ေဝးကြာေနရဆဲျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PannPwint

#Unicode Version#
နာမည်ကျော် သရုပ်ဆောင် သင်ဇာဝင့်ကျော် တစ်ယောက်ကတော့ ဒါကိုပဲ ကြည့်ရင် ဒါကိုပဲ မြင်မှာလေ လို့ အင်တာဗျူးတစ်ခုမှာ ပြောလိုက်ပါတယ်။

ပရိတ်သတ် စိတ်ဝင်စားမှုခံရတဲ့ မင်းသမီး တွေထဲမှာ ထိပ်ဆုံးက တစ်ယောက် အပါအဝင် ဖြစ်တဲ့ မင်းသမီး သင်ဇာဝင့်ကျော်ဟာ မကြာသေးခင်ကလည်း မိုးဟေကိုနဲ့ နားလည်မှုလွဲခဲ့ကြပြီး အွန်လိုင်းပေါ်တွင် နာမည်ကြီးခဲ့သည်။

မနေ့ (အောက်တိုဘာလ ၁၃ ရက်) က ရုပ်ရှင် သက်ကြီး ပူဇော်ပွဲ တွင် 8days TV နှင့် အင်တာဗျူးမှာ သူမက “ကိုယ်ကြိုက်လို့ ကိုယ်တင်တာ၊ ဒါ ကိုယ့် Creation သဘောမျိုးလေ၊ အာ့ကြောင့် ။ ဒါကိုပဲကြည့်ရင် ဒါကိုပဲ မြင်မှာပဲလေ၊ ဒါသဘာဝပဲ ဆိုတော့ ဘာမှ ထွေထွေ ထူးထူးတော့ မပြောချင်ပါဘူး” ဟု ပြောခဲ့တာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က ခန္ဓာကိုယ် ပြေပြစ်လှပတာကြောင့်လည်း ဖေ့စ်ဘွက် လူမှုကွန်ယက်ပေါ်မှာ မကြာခဏ လူစိတ်ဝင်စားမှု ခံနေရတာလည်း ဖြစ်ပါတယ်။

ယောက်ျားလေး ပရိတ်သတ် ကို ဆွဲဆောင်နိုင်မှုရော၊ ဇာတ်ကား မျာစွာ သရုပ်ဆောင် ထားမှုရော ရှိနေတဲ့ သူမက အနုပညာလောကမှာ ကျင်လည်လာတာ အချိန်အတိုင်းအတာတစ်ခုထိ ရှိလာပြီဖြစ်သည်။
သင်ဇာဝင့်ကျော်က စုန်းပြူး နှင့် မိုးညအိပ်မက်မြူ ဇာတ်ကားကြီး များတွင် အကယ်ဒမီ ရလိမ့်မည်ဟု ခန့်မှန်းခြင်း ခံခဲ့ရဖူးသူ ဖြစ်သည်။ သို့သော်လည်း ခုချိန်ထိ အကယ်ဒမီဆုနှင့် ဝေးကွာနေရဆဲဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top