မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

ကြိတ်မှန်းပင်သည် ​သွေးကိုအားရှိ​စေသည်​။ အင်​အားကိုတိုးပွား​စေသည်​။ ကိုက်​ခဲ​ညောင်းညာသူများအတွက်​ ကြိတ်​မှန်​ပင်​သတ္တုရည်​ကို ပျားရည်​အနည်းငယ်​နှင့်​​ရောပြီး​သောက်​ပါ။ ဆီးကိုရွှင်​​စေသည်​။ ကင်​ဆာ​ရောဂါကို ကုသ ကာကွယ်​​ပေးသည်​။ ဆီးချို​ဝေဒနာရှင်​များအတွက်​ ကြိတ်​မှန်​ တစ်ပင်​လုံးကိုအမှုန့်​ပြု၍​ ရေ​နွေးထဲခပ်​၍​ သောက်​​ပေးပါ။










#Unicode Version#

ကိုယ်လက်တုန်ရင်လျှင် ကြိတ်မှန်ရွက်သတ္တုရည်ကိုသောက်ပါ။ ခေါင်းတခြမ်းကိုက်လျှင် သတ္တုရည်ကို နှာခေါင်းအတွင်း အစက်ချပါ။ ခေါင်းမူးခေါင်းကိုက်ခြင်း မူးဝေခြင်း မျက်စိနှင့်ပတ်သက်သော အနာအမျိုးမျိုးတို့အတွက် ကြိတ်မှန်ပင်ပြုတ်ရည်ကို တကြိမ်သောက်တခွက် တနေ့ ၃ ကြိမ်သောက်ပါ။

ကြိတ်မှန်ပင်သည်နားအူခြင်း ပန်းနာရင်ကျပ်နှင့် အသက်ရှူလမ်းကြောင်း အနာတို့ကို ပျောက်ကင်းသက်သာစေသည်။ နှာစေးခြင်းဖြစ်လျှင် သတ္တုရည်ကို
ရေမွှေးနှင့်ရောစပ်၍ ရှူပေးပါ။ ကလေများဖျားလျှင် ကြိတ်မှန်ပင်ပြုတ်ရည်နှင့် ရေချိုးပေးပါ။ ချောင်းဆိုးသွေးပါလျှင် သတ္တုရည်ကိုရေနွေးနှင့်ရော၍သောက်ပါ။

ချောင်းဆိုးခြင်းနှင့် သွေးအန်ခြင်းတို့အတွက် သတ္တုရည်နှင့် ကလေးကျင်ငယ်ရေနှင့် ရော၍သောက်ပါ။ သွားကိုက်လျှင် အရွက်ကိုမီးနှင့်အပူပေးပြီး အမှုန့်ပြုပြီး ကိုက်ခဲသောနေရာတွင် ထည့်ပေးပါ။ သို့မဟုတ် အရွက်ပြုတ်ရည်ကို ငုံပေးပါ။

ကြိတ်မှန်ပင်သည် လည်ချောင်းနာခြင်း ရင်ဘတ်အောင့်ခြင်း ဝမ်းဖောဝမ်းရာင်ဖြစ်ခြင်း လေပွခြင်း ဝမ်းလျှောခြင်းတို့ကို ပျောက်ကင်းသက်သာစေသည်။

ကြိတ်မှန်ရွက်ပြုတ်ရည်သည် သွေးဝမ်းသွားခြင်း အူလမ်းကြောင်းသွေးထွက်ခြင်း အဆုပ်သွေးထွက်ခြင်း အူလမ်းကြောင်း အနာဖြစ်ခြင်း လိပ်ခေါင်းထွက်ခြင်းတို့ကို ပျောက်ကင်းသက်သာစေသည်။ ယောက်ျားမိန်းမ အင်္ဂါတို့အား အားရှိစေသည်။

အဖြူဆင်းများခြင်း ရာသီသွေးမမှန်ခြင်းတို့ဖြစ်လျှင် ကြိတ်မှန်ရွက်နှင့် ဝက်သား သို့မဟုတ် ဘဲသားနှင့်ပြုတ်သောက်ပါ။ ကြိတ်မှန်ပင်သည် အသည်းနှင့်ကျောက်ကပ်ကို အားရှိစေသည်။ ကျောက်ကပ်ရောဂါဖြစ်ခါစ ဝေဒနာရှင်များ ကြိတ်မှန်ပင်သတ္တုရည်ကိုတနေ့ ၃ ခွက်သောက်ပါ။ သို့မဟုတ် ထိုပြုတ်ရည်ကို ရေဆာတိုင်း သောက်ပေးနိုင်သည်။ ကျောက်ကပ်ကိုကျန်းမာစေသည်။

အရွက်ကိုထောင်းထုပြီး အနာကိုအုံပေးလျှင် သွေးကိုတိတ်စေသည် ပိုးမွှားကိုသေစေသည် မီးလောင်အနာနှင့် ရေနွေးပူလောင်ဒဏ်ရာတို့တွင် အရွက်ကိုထောင်း၍ အုံပေးပါ။ ကိုက်ခဲညောင်းညာခြင်းနှင့်ခါးနာခြင်းတို့ကို ပျောက်ကင်းသက်သာစေသည်။

အဆုပ် TB နှင့် ချောင်းဆိုးခြင်းတို့ကို ပျောက်ကင်းသက်သာစေသည်။ နှစ်ခြိုက်စွာ အိပ်ပျော်စေသည် စိတ်သောကကို လျော့ပါးစေသည်။ HIV ဝေဒနာရှင်များအတွက် ခုခံအားကောင်းမွန်စေ၍ HIV ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ပေးနိုင်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  ဆေးကုသိုလ်ပြုသူ စေတနာရှင် ဆောင်းပါးရှင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top